Tuesday, September 24, 2019

မကြိုက်ပေမဲ့ လက်ခံရမယ် ********************** ဖတ်ကြည့်နော်… သူများက ကိုယ့်ကို အိုသွားတယ်နော် လို့ ပြောရင် မကြိုက်ကြဘူး။ မကြိုက်ပေမဲ့ လက်ခံရမှာပဲ။ အိုခြင်းတရားကို လွန်ဆန်လို့မှ မရတာ။ ကြာလေ အိုလေဖြစ်မှာပဲ မဟုတ်လား။ စိတ်မအိုဖို့ပဲ ကြိုးစားပေါ့။ သူများက ကိုယ့်ကို ဝလာတယ်နော် ဝိတ်လေး ဘာလေးချဦးလို့ ပြောရင် မကြိုက်ချင်ဘူး။ မကြိုက်ပေမဲ့ လက်ခံရမှာပဲ။ အရှိတရားကို ငြင်းဆန်လို့မှ မရတာ။ မဝချင်ရင် ဝိတ်ချပေါ့။ ပိန်သွားရင်လည်း ပြောဦးမှာပဲ။ ဝတာ ပိန်တာထက် ကျန်းမာဖို့ပဲ ကြိုးစားပေါ့။ အဓိကကတော့ စိတ်ကျန်းမာဖို့ပဲ။ သူများက ကိုယ့်ကို ချိုးနှိမ်ပြောလာရင်လည်း မကြိုက်ကြဘူး။ မကြိုက်ပေမဲ့ လက်ခံရမှာပဲ။ ကိုယ့်မှာ အားနည်းချက် ရှိနေလို့ ဖြစ်မှာပေါ့။ ကိုယ်အားရှိလာရင် သူတို့ တအားဖိတာမျိုး ရှိမှာမဟုတ်ဘူးလေ။ အမှားမရှိအောင်တော့ ကြိုးစားပေါ့။ သူများက ကိုယ့်ကို အရေးတယူ မလုပ်ရင်လည်း မကြိုက်ကြဘူး။ မကြိုက်ပေမဲ့ လက်ခံရမှာပဲ။ ကိုယ်က အရာမရောက်သေးလို့ နေမှာပေါ့။ အရာရောက်လာရင် အရေးပေးချင်တဲ့သူတွေက အများသား မဟုတ်လား။ သူများက ကိုယ့်ကို လိုတစ်မျိုး မလိုတစ်မျိုး လုပ်ရင်လည်း မကြိုက်ကြဘူး။ မကြိုက်ပေမဲ့ လက်ခံရမှာပဲ။ ဒါဟာ လောကသဘော၊ လူ့သဘောပဲလေ။ ကောင်းခြင်း ဆိုးခြင်း ချစ်ခြင်း မုန်းခြင်း ဆိုတာ…လူ့စိတ်ရဲ့ အပြောင်းအလဲပဲ။ အဆင်ပြေနေလို့ အကောင်းပြောတဲ့အပေါ် သာယာနေဖို့ မရှိသလို မပြေတဲ့အခါ အဆိုးပြောလာရင်လည်း ခံစားနေဖို့ မရှိဘူး။ အချိန်တန်တော့လည်း ပြီးသွားတာပဲ မဟုတ်လား။ အချိန်လေးပဲ စောင့်လိုက်ပါ။ မနာပဒါယီ ဆရာတော်အရှင်ဝိစိတ္တ ( ဒိုက်ဦး ) Credit


via အလင်းရောင် ဓမ္မ https://ift.tt/2mFO7nR