Wednesday, September 25, 2019

အရဟံ နှင့် အရဟံသိဒ္ဓိ 🙏🙏🙏🙏🙏🙏🙏 မဟာဗောဓိမြိုင်ဆရာတော်ကြီးသည်၊ မိမိ တောင်တန်းသာသနာပြုနေစဉ်အခါက အရဟံသိဒ္ဓိကို ပုတီးစိပ်ခိုင်းလေသည်၊၊ ပရိယတ်သမားဖြစ်သော မိမိသည်၊ အရဟံဆိုပြည့်စုံ နေပြီဖြစ်ပါလျှက်၊ သိဒ္ဓိထည့်စိပ်ခိုင်းတာ စိတ်ထဲက၊ သိပ်မကြိုက်ချေ။ (အတွေးဝင်နေတုန်း) ဆရာတော်ကြီးက မိမိအားသိဒ္ဓိအကြောင်းကိုအောက်ပါအတိုင်း ရှင်းပြတော်မူသည်။။ အရဟံ အရ ဟံ အ ရဟံ (၃)မျီုး ရှိပါသည်။ **အရဟံ ** လူ နတ် ဗြဟ္မာ သက်ရှိသတ္တဝါအပေါင်း၏ ကိုးကွယ်ရာ မြတ်စွာဘုရား။ ** အရ ဟံ ** ကိလေသာ မြူမှုံတစ်စက်တောင်မရှိသော ကိလေသာကင်းစင်သောမြတ်စွာဘုရား။ ****အ ရဟံ *** မကောင်းမှုကို စိတ်ကွယ်ရာအရပ်မှာ မပြုသောမြတ်စွာဘုရား ။ ဂုဏ်တော်(၉) ပါး၏ ထိပ်ဆုံး ဂုဏ်တော် အရဟံ တစ်မျီုးထဲပွားများနေရင်တောင် အပါယ်တံခါးပိတ်ယုံမကဘူး ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင် နိဗ္ဗာန်လမ်းအထိ အရောက်ပို့ ပေးနိုင်စွမ်းရှိသည်။ ကုသိုလ်ကလည်း အနှိုင်းမဲ့ကုသိုလ်မျိုးဖြစ်သည်။ **-စံပယ်ပန်းဆောင်ရင် စံပယ်ပန်းရနံ့လေး သင့်ခန္ဓာမွှေးနေသလို ပဲ *** ***အရဟံဂုဏ်ကိုဆောင်ရင်လည်း အရဟံရဲ့ဂုဏ်ရနံ့လေး သင့်ခန္ဓာမွှေးနေလိမ့်မယ်။**** လူတွေ နတ်တွေ ဗြဟ္မာတွေက သင့်ကိုလေးစားလာမယ် ။ ဒါကြောင့် လူနတ်ဗြဟ္မာသင့်ကိုချစ်မယ် အရဟံဂုဏ်တွေ အပြည့်ရလာရင် လိုချင်တဲ့ဆန္ဒတွေလည်း ပြည့်ဝလာမယ် အောင်မြင်လာမယ်။ အရဟံ မှ အရဟံသိဒ္ဓိအဆင့်ရောက်လာတဲ့သဘောက အရဟံဂုဏ်ကို အကြိမ်ကြိမ်ပွားများအားထုတ်တာ အင်အားကြီးမားလာရင် သိဒ္ဓိမြောက်လာတယ်။ သိဒ္ဓိမြောက်ပြီးရင် သိဒ္ဓိပေါက်လာမယ် အရဟံသိဒ္ဓိ ကို အကြိမ်ကြိမ်ပွားရင် သမ္မာသမာဓိ စိတ်တည်ငြိမ်မှု့ ၊စွမ်းအားကြီးလာပြီး တန်ခိုးထက်မြတ်လာမယ်။ ဒါကြောင့် ထွက်ရပ်လမ်းပေါက်ခဲ့တဲ့ပုဂ္ဂိုလ်ထူးတွေက အရဟံတစ်လုံးကိုကြိမ်ဖန်များစွာပွားလို့  ဝိဇ္ဇာတွေဖြစ်ကုန်ကြတယ် ။ ဝိဇ္ဇာတစ်ယောက်က မိစ္ဆာတစ်ထောင်ကို နိုင်တယ်။ ဒါကြောင့် **အရဟံ**ပုတီးစိပ်တာ ပြဿနာမရှိဘူးကုသိုလ်ရတယ် စိတ်ကိုစင်ကြယ်စေတယ်။ **အရဟံသိဒ္ဓိ**ဆို ရင် သင်ဟာတန်ခိုးရှိလာမယ် ဝိဇ္ဇာစွမ်းအင်တွေရလာမယ့် အောင်မြင်သူဖြစ်လာမယ်ဆိုတော့  ပြဿနာက မိစ္ဆာ အဖြတ်သမားများနှင့် ရင်ဆိုင်ရခြင်းပဲ။ အောင်မြင်သူတိုင်းမှာ ကြီးမားတဲ့ အခက်အခဲရှိတယ် သဘာဝ၏နိယာမတစ်ခုပေါ့ ဝိဇ္ဇာက တန်ခိုးရှင်လိုင်း မေတ္တာအလုပ်သမား အရဟံသိဒ္ဓိပုတီးကို လက်မှာဆောင်ထားတယ်။ မိစ္ဆာက အာဏာရှင်လိုင်း မလိုမုန်းတီးသမား လူသတ်လက်နက်ကို လက်မှာဆောင်တယ်။ ဝိဇ္ဇာတန်ခိုးရှင်က လူတွေအသက်ကို တန်းဖိုးထားတယ် ဒုက္ခရောက်နေသူကို ငါးပါးသီလလုံခြုံရင် သရဏဂုံမြဲရင် ကူညီစောင့်ရှောက်ပေးတယ်။ မိစ္ဆာအာဏာရှင်ကတော့ အာဏာတည်မြဲရေးအတွက် အာဏာရူးတဲ့စိတ်နဲ့ လူအများကို ညင်းပန်းနှိပ်စက် အရှင်လတ်လတ်မြေမြုပ်ပြီးသတ်တယ်။ သေနတ်နဲ့ပစ်သတ်တယ် ။ ဗုံးထောင်မိုင်ခွဲလည်းသတ်တယ် လူသတ်သမားဌားပြီးလဲသတ်တယ်။ သတ်နည်းအမျီုးမျီုးနဲ့ သတ်ပြီး မိစ္ဆာကျင့်စဉ်ကို ပြန့်ပွားအောင် စည်ရုံးလှုပ်စော်တတ်ကြတယ်။ ဒါကြောင့် အရဟံသိဒ္ဓိပုတီးစိပ်ရင် သမ္မာသတိ အမြဲသတိထားရမှာက မိစ္ဆာအာဏာရှင်ပဲ အဘဘိုးဘိုးအောင် သဒ္ဓိပေါက်အောင်မြင်သွားတော့ သူငယ်ချင်းဖြစ်သူ ဦးဝိုင်းက ဘုရင်ဆိုတော့ အာဏာရူးပြီး မိစ္ဆာအကျင့်နဲ့ အရှင်လတ်လတ်မြေမြုပ်သတ်ဖို့ ကြံစည်ပြီး အကြိမ်ကြိမ်သတ်ဖို့ ကြံပေမယ့် သူယုတ်မာအုပ်စုမိစ္ဆာတွေက ဝိဇ္ဇာသူတော်ကောင်းကို ဘယ်သောခါမှ နိုင်ရိုးထုံးစံမရှီ တဲ့အတွက် အာဏာရှင်ဘုရင်ဦးဝိုင်း အဘဘိုးဘိုးအောင်ရဲ့ **ဝ***တစ်လုံးကိုတောင်မဖျက်နိုင်ခဲ့ဘူး။ ဆိုလိုတာက အဘဘိုးဘိုးအောင်လို သိဒ္ဓိပေါက်မြောက်သူမှာတောင် မိစ္ဆာအဖျက်အာဏာရှင်ရှိသလို ပဲ အခုမှ အရဟံသိဒ္ဓိ ကျင့်ကြံနေသူ မှာ မိစ္ဆာအဖျက်ပို များလိမ့်မယ်။ သိဒ္ဓိ နဲ့ မဟိဒ္ဓိ မဟိဒ္ဓိ နဲ့ ဣဒ္ဓိ အချင်းချင်းအပြန်အလန်အကျိုးဆက်တွေရှိတယ်။ သိဒ္ဓိ မိမိရည်ရွယ်ထားတဲ့အတိုင်းအလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းကို သိဒ္ဓိမြောက်သွားလိုခေါ်တယ်။ အရဟံသိဒ္ဓိ ပုတီးကို ကို ၄၅ ရက် အဓိဋ္ဌာန်ဝင်ပြီး ပုတီးစိပ်လို့ အတိုင်းတစ်ခုအထိ အလို့ ဆန္ဒပြည့်ဝခြင်းဟာ သိဒ္ဓိမြောက်ခြင်းအောင်မြင်သွားခြင်းပေါ့ ထပ်တလဲလဲ သိဒ္ဓိပြီးမြောက်လာရင် သိဒ္ဓိထက်မြင့်တဲ့ မဟိဒ္ဓိ အဆင့်ကို ရောက်လာမယ် သိဒ္ဓိက တန်ခိုးကြီးလာတာ မဟိဒ္ဓိက ပိုမို၍ တန်ခိုးကြီးလာတာ မဟိဒ္ဓိကာ ကြီးမားတဲ့တန်ခိုးစွမ်းအင်က မြေကိုလျှိုး၍ မိုးကိုပျံနိုင်တယ် ဈန်အဘိဥာဏ်ရ တပသီ ရသေ့,ရဟန်း မဟိဒ္ဓိရှင်တွေဖြစ်လာကြတယ်။ ပုတီးစိပ်ခြင်း သီလဆောက်တည်ခြင်း ပရိတ်ပဋ္ဌာန်းရွတ်ဆိုခြင်းတွေက အကြိမ်အရေအတွက်များလာရင် အဲ့ဒီလူဟာ သိဒ္ဓိဓာတ်ရလာတယ်။ သိဒ္ဓိဓာတ်တွေ မြင့်မားလာရင် မဟိဒ္ဓိဓာတ်အဖြစ် ပိုမို အစွမ်းထက်တဲ့တန်ခိုးတွေပိုင်ဆိုင်လာမယ်။ ဒါကြောင့် သိဒ္ဓိကြောင့်မဟိဒ္ဓိဖြစ်လာတာက အကျိုးနဲ့အကြောင်း ပဲ သိဒ္ဓိဓာတ်မဟိဒ္ဓိဓာတ်တွေရလာရင် ဣဒ္ဓိဓာတ်လို့ ခေါ်တဲ့ အလိုဆန္ဒတွေ ပြီးပြည့်စုံလာတယ်။ ဣဒ္ဓိဓာတ်သည် သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေထက် ပိုမိုလေးနက်တန်ခိုးကြီးတယ်။ ဗုဒ္ဓစာပေအနက်အဓိပ္ပာယ်မှာ ဣ ဒ္ဓိ ဟူသည် အလိုရှိရာ ပြီးပြည့်စုံလာခြင်း ပြီးမြောက်အောင်မြင်ခြင်းလို့  ဝိသုဒ္ဓိမဂ်၌ ဖော်ပြထားတယ်။ ဣဒ္ဓိဓာတ် (၁၀)ပါးရှီတယ်။ ၁။အဓိဋ္ဌာနဣဒ္ဓိ အကျင့်စာရဏ သမာဓိစွမ်းအားရှိသူမှ မိမိအလိုရှိရာပို ဖြစ်ပါစေ ရပါစေဟု အဓိဋ္ဌာန်ပြုလိုက်လျှင် ပြုလုပ်သည့်အတိုင်း ဖြစ်လာခြင်းအလိုရှိရာ ရလာခြင်း။ ၂။ဝိကုဗ္ဗနဣဒ္ဓိ အကျင့်စရဏ သမာဓိစွမ်းအားရှသူမှ မိမိလက်ရှိရုပ်ကို နဂါး ဂ ဋ္ဌုန် ဂမ္ဘန် စသော မိမိအလိုရှိရာပုံသဏ္ဍန်ကို ဖန်ဆင်းနိုင်ခြင်း ။ ၃။ မနောမယဣဒ္ဓိ အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည် မိမိ၏ပုံတူရုပ်သဏ္ဍန်ကို အလိုရှိတိုင်း ဖန်ဆင်းပြုလုပ်နိုင်ခြင်း။ ၄။ဥာဏဝိပ္ဖါရဣဒ္ဓိ အကျင့်စာရဏ သမာဓိစွမ်းအားရှိသူသည် ထူးခြားသောဥာဏ်အစွမ်းကြောင့် လိုရာခရီးသို့  အန္တရာယ်ကင်းစွာ လျှင်မြန်စွာရောက်ရှိခြင်း မဂ်ဥာဏ်ဖိုပေါက်ပြီးမြောက်အောင်မြင်ရသည်အထိ အသက်ဘေးကင်းစွာ ဆောင်ရွက်နိုင်ခြင်း ။ ၅။သမာဓိဝိပ္ဖါရဣဒ္ဓိ အကျင့်စာရဏရှီသော သမာဓိစွမ်းအားရှီသည့် ဓျန်သမာပတ်ဝင်စားနေခြင်းဖြင့် ကာမစ္ဆန္ဒဝရဏ အစရှီသော နီဝရဏတရားငါးပါးကိုဖယ်ရှားနိုင်ခြင်း ရေဘေး မီးဘေး စသောအန္တရာယ်များမကျရောက်စေ နိုင်ခြင်း။ ၆။အရိယဣဒ္ဓိ အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည် အရိယာမဂ်သို့ ကူးပြောင်းရောက်ရှီပြီး စက်ဆုပ်ဖွယ်ရာ မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်ရာနှလုံးသွင်းနိုင်ခြင်း အလွန်မုန်တီးစရာကောင်းသောပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ်ပွားနိုင်ခြင်း စသည့်မိမိစိတ်ကိုနိုင်နင်းသော အရိယာတို့ ၏ အစွမ်းသတ္တိထူးနှင့် ပြည့်စုံခြင်း။ ၇။ ကမ္မဝိပါကဇဣဒ္ဓိ ကံ၏ အရှိန်အစော်အာနုဘော်ကြောင့် အလိုရှိရာတန်ခိုးနှင့်ပြည့်စုံနိုင်ခြင်း။ ၈ ။ပုညဣဒ္ဓိ အကျင်စရဏ သမာဓိစိတ်စွမ်းအားရှိသူသည် မိမိ၏ ထူးခြားသော ကောင်းမှုကုသိုလ်အစွမ်းအားဖြင့် ကိလေသာကင်းပြီး ချမ်းသာအစစ်ကို ရရှိစေနိုင်ခြင်း။ ၉။ဝိဇ္ဇာမယဣဒ္ဓိ အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည် လောကီဂန္ဓာရီ ဝိဇ္ဇာအတက်ဖြင့် မြေလျှိုးမိုးပျံလိုရာ ခရီးသို သွာရောက်နိုင်ခြင်း။ ၁၀။ ပယောဂပစ္စယဣဒ္ဓိ စနစ်တကျနည်းအားဖြင့် နည်းမှန် လမ်းမှန် စည်းကမ်းတကျနည်းလမ်းရရှိ၍ မိမိအလိုရှိရာကို ပြီးမြောက်စေခြင်း။ ဣဒ္ဓိ (၁၀)မျီုး ရှီရာတွင် လောကီဣဒ္ဓိ နှင့် လောကုတ္တရာဣဒ္ဓိ နှစ်မျီုးစလုံးကို မိမိ ဆန္ဒ ဝိရီယ စိတ္တ ဝိမံသ လေးပါးတွင် တစ်ပါး အခြေခံရှိရင် ဣဒ္ဓိဓာတ် အကျိုးက နိဗ္ဗာန်အထိ အရောက်သွားနိုင်ပါလိမ့်မည်။ အရဟံ ဂုဏ်တော် အစွမ်းက မိမိစိတ်စွမ်းအင်ကို တန်ခိုးထက်စေယုံမကဘူး သိဒ္ဓိ ပေါက်နိုင်တယ် မဟိဒ္ဓိမြောက်နိုင်တယ် ဣဒ္ဓိ ရောက်နိုင်တယ်။ အရဟံပုတီးစိတ်ခြင်းသည် ကုသိုလ်စိတ်ကိုဖြစ်စေတယ်။ အရဟံသိဒ္ဓိကတော့ ကုသိုလ်လည်းရတယ် စွမ်းအားလည်းရတယ် တန်ခိုးလည်းကြီးတယ် အလိုဆန္ဒလည်း ပြည့်ဝတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏။ ( ၂၇/ ၃/၂၀၀၉) မဟာမြိုင် ခေါင်နန်း ဩဝါဒ။။ Crd - Ashin Khemar


via အလင်းရောင် ဓမ္မ https://ift.tt/2mzEyXq