Saturday, September 28, 2019

ကျေဇူးသိခြင်းအကျိုး (၁၀) ပါး ================= (၁) အစားအစာ ပေါများခြင်း။ (၂) ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။ (၃) သူခိုး ဓားပြတို့ အနှိပ်စက် မခံရခြင်း။ (၄) လူများက နှစ်သက်လိုလားခြင်း။ (၅) ဂုဏ်ကျေးဇူးသတင်း ကျော်ဇောခြင်း။ (၆) အခြံအရံ ပေါများခြင်း။ (၇) ဘုန်းကျက်သရေ တိုးပွားခြင်း။ (၈) အမြင့်မှကျသော်လည်း မှီရာတည်ရာရခြင်း။ (၉) ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လယ်ယာ၊ စပါး တိုးပွားခြင်း။ (၁၀) ရန်သူ မထိပါးနိုင်ခြင်း။ ( တေမိယဇာတ်) တစ်လုပ်စားဖူး သူကျေးဇူး =============== © ကျေးဇူးမသိ၊ လူတုံးတိ၊ များဘိဒုက္ခသာ © အရိပ်ခိုကိုး၊ သစ်ပင်မျိုး၊ မချိုးမခုတ်ရာ © အရိပ်ခိုကိုး၊ အခက်ချိုး၊ ပျက်ရိုးထိုသူသာ © တစ်လုပ်စားဖူး၊ သူ့ကျေးဇူး၊ ကျုးကာမဖျက်ရာ © ကျေးဇူးသိက၊ အဝဝ၊ ချမ်းသာကြမည်သာ © ယခုမျက်မှောက်၊ ချမ်းသာရောက်၊ မြားမြောက်ပုံစံလာ။ (စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး) #crdဓမ္မရေချမ်းစင်


via အလင်းရောင် ဓမ္မ https://ift.tt/2nqdsCR