Saturday, September 28, 2019

စေတနာက လောဘနဲ့ယှဉ်တွဲရင် ငါရဖို့ချည်း ဖြစ်လာတတ်တယ်။ နောက် အဲဒီစေတနာပဲ ဒေါသနဲ့ ယှဉ်တွဲလိုက်ရင် သတ်ဖြတ်ညှဉ်းဆဲဖို့ မနာလိုဝန်တိုဖို့ဖြစ်လာတတ်တယ်။ မောဟနဲ့ ယှဉ်တွဲလိုက်ပြန်တော့ ပညာမဲ့လုပ်တာတွေ ဖြစ်လာတယ်။ မကောင်းတာတွေ ဘာကြောင့်ဖြစ်လာလဲ မေးရင် စေတနာနဲ့ မကောင်းတဲ့ အကြောင်း သုံးပါးတွဲမိလို့ … ဒါပဲ။ လောဘနည်းအောင် ကျင့်ရင် သူများ အတွက် ဆောင်ရွက်တတ်လာတယ်။ ဒေါသနည်းအောင် ကျင့်သုံးရင် ငြိမ်းချမ်းရေး ဖြစ်လာတယ်။ မောဟနည်းအောင် ကျင့်ရင်တော့ ပညာတတ်တွေ ဖြစ်လာကြမယ်။ ကောင်းတာတွေ ဘာကြောင့်ဖြစ်ဆိုရင် စေတနာနဲ့ ကောင်းတဲ့ အကြောင်းသုံးပါး ပေါင်းမိလို့ … ဒါပဲ။ သီတဂူဆရာတော်ဘုရားကြီး Via - Paral Lel >>> thank Via.ဓမ္မရေချမ်းစင်


via အလင်းရောင် ဓမ္မ https://ift.tt/2nrIfz2