အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 27, 2019
ပတ္တမြားမျက်ရှင်ဘုရား 🙏🙏🙏🙏🙏🙏 🙏 ပတ္တမြားမျက်ရှင် ဆိုတာက မျက်လုံးအရှင်လို အရောင်တွေဝင်းဝင်းတောက်တဲ့ ဒဏ္ဍာရီထဲက ပတ္တမြားလုံးလို့ ထင်မြင်ခဲ့ဘူးပါတယ် ။ သို့သော် နောက်ပိုင်း လေ့လာရင်း ကိုယ်ထင်တာနဲ့ လွဲနေတာ သွားတွေ့ရပါတယ် ။ 🙏 မြန်မာပြည်မှာက ပတ္တမြားမျက်ရှင်ဘုရား သုံးဆူရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် လေ့လာသိရှိရပါတယ်။အဲဒါကတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားရဲ့ အထက်ပစ္စယံက ပတ္တမြားမျက်ရှင်ဘုရား ၊ ပြည်မြို့က ပတ္တမြားမျက်ရှင်ဘုရား ၊ နောက်တစ်ဆူက နေပြည်တော်ကလို့ ထင်ပါတယ် ။ လူသိအများဆုံးက ရွှေတိဂုံဘုရားရဲ့အထက်ပစ္စယံမှာ ရှိတဲ့ ပတ္တမြားမျက်ရှင်ဘုရားပါ ။ ဒီဘုရားက ဆုတောင်းပြည့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ကြောင်း ထင်ရှားကျော်ကြားခဲ့ပါတယ် ။ အထူးသဖြင့် လောကီသိဒ္ဓိလမ်းလိုက်စားသူတွေ အထူးအဓိဋ္ဌာန်ဝင်ကြတဲ့ ဘုရားတစ်ဆူလည်း ဖြစ်ပါတယ် ။ 🙏 အဲဒီမှာ ပတ္တမြားမျက်ရှင် ဆိုတဲ့ အသုံးအနှုန်းကို နားလည်ဖို့ လိုလာပါတယ်။ ဘာကြောင့် ပတ္တမြားမျက်ရှင်လို့ ခေါ်သလဲ ။ ပတ္တမြားမျက်ရှင်ဆိုတဲ့ ဝေါဟာရက ပတ္တမြားရှင်လုံးကို ဋ္ဌာပနာပြု ထားလို့ ပတ္တမြားမျက်ရှင်လို့ ခေါ်တာ မဟုတ်ပါဘူး။ လောကီလမ်းစဉ်မှာ ပါရဒခေါ်တဲ့ တစ်ဘက်ကမ်းရောက် သိဒ္ဓိပြီးမြောက်တဲ့ ပြဒါးရှင်လုံးကို ဋ္ဌာပနာထားလို့ ပါရဒမျက်ရှင် လို့ ခေါ်ရာကနေ ကြာမြင့်လာတဲ့အခါ ပတ္တမြားမျက်ရှင်လို့ ပြောင်းလဲ ခေါ်ဝေါ်ခြဲ့ခင်း ဖြစ်ပါတယ် ။ ဒီအကြောင်းအရာကို ဓာတ်ဆရာ ဆရာဣန္ဒာစရိယက အခုလို မိန့်ကြားသွားခဲ့ပါတယ် ။ အခုအကြောင်းအရာကို မဟာဘူတဋီကာကျမ်းအား မှီငြမ်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ပြဒါး သုံးမျိုး ရှိပါတယ် ။ အဲဒါက ၁။ အရည်အားဖြင့် ဆေးဝါးလုံ့လ မပြု ရသေး ၊ ဖြူ ဖွေးသော အဆင်းရှိတဲ့ ရသ လို့ခေါ်တဲ့ ပြဒါး ။ ၂။ လုံ့လကြိုးကုတ် အားထုတ်ပြီးသဖြင့် အပြစ်ဒေါသ သန့်စင်ပြီးသော သုတ လို့ခေါ်တဲ့ ပြဒါး ။ ၃။ ထပ်ခါတလဲလဲ ကြိုးစားအားထုတ်ပြီးနောက် သိဒ္ဓိကိုးပါးပြီးမြောက်၍ တစ်ဘက်ကမ်းသို့ရောက်အောင် အစွမ်းအာနုဘော်ကြီးမား ပါရဒ လို့ခေါ်တဲ့ ပြဒါး ။ ဆိုပြီး သုံးမျိုး ရှိပါတယ် ။ ပြဒါးလမ်းစဉ်ကို နည်းမှန် လမ်းမှန်နဲ့ အားထုတ်ပြီးတဲ့အခါ အခက်အခဲ အတားအဆီး အမျိုးမျိုးတွေကို ကျော်ဖြတ်ပြီးနောက် ပြဒါးရှင်လုံးဟာ စွမ်းအင်သတ္တိတွေ ရှိလာပါတယ် ။ အဲဒီအခါ ပြဒါးရှင်လုံးကို ခံယူနိုင်ဖို့အတွက် ပြဒါးရှင်လုံးနဲ့အတူ ယောဂီဟာ အဓိဋ္ဌာန်ဝင်ခြင်း ၊ မေတ္တာပို့ခြင်း ၊ မန္တာန်ရွတ်ရခြင်း စသည်ဖြင့် ကြိုးစားအားထုတ်ရပါတယ်။ ပြဒါးရှင်လုံးရဲ့ အစွမ်းအာနုဘော်က အလွန် ကြီးမားလာတတ်ပါတယ် ။အဲဒီလို အားထုတ်ပြီးတာနဲ့ မိမိနဲ့ဓာတ်၊ ဓာတ်နဲ့ မိမိက တသားတည်း ဖြစ်လာပါတယ်။ ဓာတ်လုံးက အစွမ်းကြီးပြီး မိမိက စွမ်းအင်အားနည်းရင် ဓာတ်လုံးပျောက်ကွယ်သွားတတ်ပါတယ်။ နောက်ပြီး ရှေးပညာရှင်တွေက နောင်လာနောင်သားတွေကို ပညာတူ ယူစတမ်း ဆိုပြီး နည်းလမ်းတွေကို လျှို့ဝှက်သင်္ကေတစကားနဲ့ ထားခဲ့တာတွေ ရှိပါတယ် ။ ဓာတ်လမ်းစဉ် အသုံးအနှုန်းတွေဟာ ပါရမီရှင်တွေ သိလွယ်အောင် လောကုတ္တရာအသုံးအနှုန်းနဲ့ သုံးလေ့ ရှိပါတယ် ။ ပါရမီအားလျော်စွာ စွမ်းအင်ပြည့်ဝသွားတဲ့ ပြဒါးရှင်လုံးဟာ နောက်ဆုံး အရည်အသွေးသတ္တိအပြည့်ဝဆုံး လောကိယသိဒ္ဓိ သဗ္ဗညုတအဆင့်အထိ ပေါက်မြောက်သွားပါတယ် ။ အဲဒီပြဒါးရှင်လုံးကို ပါရဒ လို့ခေါ်ပါတယ် ။ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အလွန်ခက်ခဲတဲ့ အတွက် ဒီလမ်းကို လိုက်စားသူ အယောက်တစ်သိန်းမှ တစ်ယောက် ထွန်းပေါက်တတ်ကြပါတယ် ။ ပါရ ဆိုတဲ့ တစ်ဘက်ကမ်းရောက်ပြီးတဲ့ အဲဒီ ပါရဒ ပြဒါးရှင်လုံးဟာ ပတ္တမြားမျက်ရှင်ကဲ့သို့ ဖြူ နီ ရွှေ ၀ါ အရောင်လေးပါးထွက်ပြီး တက်သစ်ဝ နေလုလင်လို အရောင်အသွေး လှပတဲ့ အဆင်းရှိတယ် ။ ပြဒါးရှင်လုံးအစွမ်းနဲ့ ပေါက်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဟာလည်း အလိုခပ်သိမ်း ပြီးမြောက်စေနိုင်ခြင်း ၊ သက်ပြောင်းကိုယ်ခွာနိုင်ခြင်း ၊တေဇောဓာတ်ပိုင်နိုင်ပြီး မြေရှိုး မိုးပျံ နိုင်ခြင်း ၊ အနီးကို အဝေး ၊ အဝေးကို အနီး ပြု လုပ်နိုင်ခြင်း ၊ အဆင်းလှပခြင်း ၊ အားအင်ကြီးမားခြင်း ၊ အနာရောဂါကင်းဝေးခြင်း ၊ အသက်တမ်းအလွန်ရှည်လျားစွာ နေနိုင်ခြင်း ၊ နတ်ပြည် ဗြဟ္မာ့ပြည် တခဏချင်း သွားလာနိုင်ခြင်း ၊ ကာမ ရူပနတ်တွေထက် တန်ခိုးကြီးမားခြင်းစတဲ့ တန်ခိုး သိဒ္ဓိအမျိုးမျိုးပေါက်မြောက်သွားပါတယ် ။ သို့သော် ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခဲယင်းတဲ့အတွက် ပြဒါးရှင်လုံးအောင်မြင်တဲ့သူ ရှားပါးလှပါတယ်။ အောင်မြင်ပေါက်မြောက်တဲ့သူတွေကလည်း ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ ပါးစပ်ရာဇ၀င်နဲ့တင် ကျန်ခဲ့ပါတော့တယ် ။ အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ဉာဏ်ပညာကြီးမားကြတဲ့အတွက် သမာဓိကျင့်စဉ်တုန်းက ဖြည့်ဆည်းခဲ့တဲ့ ဗုဒ္ဓါနုဿ တိဘာဝနာအစွမ်းကြောင့် သိဒ္ဓိအသွယ်သွယ်နဲ့ သဗ္ဗညုတအဆင့်အထိ အောင်မြင်ပေါက်မြောက်လာတဲ့ မိမိတို့ ဓာတ်လုံးကို သဗ္ဗညုတဉာဏ်ပိုင်ရှင် မြတ်စွာဘုရားနဲ့သာ ထိုက်တန်တယ်ဆိုပြီး ဘုရားတည်ပြီး ဘုရားဋ္ဌာပနာထည့်သွင်းပူဇော်ကြလေ့ ရှိပါတယ်။ အဲဒီဘုရားတွေကို တန်ခိုးကြီးဘုရားဆိုပြီး ခေါ်ဝေါ်ကြပါတယ် ။ ( တန်ခိုးကြီးဘုရား ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး မှတ်သားစရာပါ ) ။ သူတော်စင်အစဉ်အဆက်တွေက အဲဒီဘုရားတွေမှာ အဓိဋ္ဌာန်ဝင်ကြတဲ့အခါ ထူးခြားသော အသိအမြင်တွေ ကြုံတွေ့ရတတ်ပါတယ် ။ ဒါကြောင့် အများသိမြင်နေကြတဲ့ ပတ္တမြားမျက်ရှင်ဆိုတာက ရဲရဲတောက်ပတ္တမြားလုံးကြီးကို ပြောတာ မဟုတ်ပါဘူး။ ဓာတ်ပြဒါးလုံးစခန်း ပြီးမြောက်တဲ့အခါ ပတ္တမြားကျောက်ကဲ့သို့ ဖြစ်ပြီး သိဒ္ဓိပြီးမြောက်တဲ့ ပါရဒမျက်ရှင်လို့ ခေါ်တဲ့ ပြဒါးရှင်လုံးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ် ။ တစ်ဆင့်ကြားဘူးတာက ရွှေတိဂုံအထက်ပစ္စယံမှာ တည်ရှိနေတဲ့ ပတ္တမြားမျက်ရှင်ဘုရားဟာ ထူးခြားစွာ မျက်လုံးတစ်လုံးနဲ့ နဖူးမှာ ပြဒါးရှင်လုံးနှစ်လုံး ဋ္ဌာပနာခဲ့လို့ ပတ္တမြားမျက်ရှင်ဘုရားလို့ ခေါ်ဝေါ်ခဲ့ကြောင်း မှတ်သားဘူးပါတယ် ။ ကျမ်းကိုး - #မဟာဘူတဋီကာကျမ်း Credit -
via အလင်းရောင် ဓမ္မ https://ift.tt/2nEvwcl
Newer Post
Older Post
Home