အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 27, 2019
#နှိုးဆော်သူနဲ့လှူဒါန်းသူ ÷•÷•÷•÷•÷•÷•÷•÷•÷•÷ ★ နှိုးဆော်တဲ့ ပုဂ္ဂိုလ်ဟာ စိတ်နေသဘောထား အင်မတန်မှ အရေးကြီးတယ်။ ဒီနေရာမှာ မှတ်သားရမှာက များများလှူတုန်းက ကျေနပ်သလို နည်းနည်းလှူရင်လည်း ကျေနပ်ရမယ် နှိုးဆော်တဲ့ သူဆိုတာ... သူပြောတုန်းက တတ်နိုင်သလောက် လုပ်ကြပါလို့ သူပြောတာ မဟုတ်လား။ ယနေ့ခေတ်ဆိုရင် အဲလိုလှူရင် ရန်ဖြစ်လိမ့်မယ်ထင်တယ်။ နှိုးဆော်သူဆိုတာ ရန်မဖြစ်ရဘူး။ … ★ နှိုးဆော်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ စိတ်နေသဘောထား အလွန်ကောင်းရမယ်။ မိမိနှိုးဆော်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ သဒ္ဓါတရားအလျောက်လှူကြမှာ ဖြစ်သည့်အတွက်ကြောင့် 🔺နည်းရင်လည်း ပြစ်တင်ကဲ့ရဲ့တာ မလုပ်နဲ့၊ 🔺များရင်လည်း ပိုပြီးဝမ်းသာတယ် မဖြစ်စေနဲ့။ 🔺ညီတူ ညီမျှ အားလုံးဟာ ကောင်းကျိုးချမ်းသာတွေ ရကြပါဆိုတဲ့ စိတ်ဓာတ်ထားဖို့ အင်မတန်မှ အရေးကြီးးတယ်။ ★ နှိုးဆော်သူနဲ့ လှူဒါန်းသူ ....., မြတ်စွာဘုရားက ကုသိုလ်ကောင်းမှုဆိုတာ အထင် မသေးရဘူးဆိုတာ ဟောတယ်။ လောကလူတွေက နည်းနည်းလှူရင် နည်းနည်းပဲ အကျိုးရတယ်လို့ ထင်ကြတယ်။ များများလှူမှ များများ အကျိုးရတယ်လို့ ထင်ကြတယ်။ ကောင်းတာလှူမှ ပိုကောင်းတာရမယ်လို့ ထင်တယ်၊ ညံ့တာလှူရင် ညံ့တာပဲ ရလိမ့်မယ်လို့ ထင်တယ်။ အဲဒီ အထင်ဟာ မှန်ကန်မှု မရှိဘူး။ ★ ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားက....., ဘယ်လိုဟောတုန်းဆိုရင် အလှူဝတ္ထုဟာ.. ကောင်းသည်ဖြစ်စေ ညံ့သည်ဖြစ်စေ အဓိက မဟုတ်ဘူးတဲ့။ နည်းတာများတာကလည်း အဓိက မဟုတ်ဘူးတဲ့။ နည်းချင်နည်းပစေ နည်းလို့ နည်းနည်းပဲ ကုသိုလ်ရတယ်လို့ မရှိဘူး။ များလို့ကုသိုလ်တွေ အများကြီးရတယ်လို့လည်း မရှိဘူးတဲ့။ 🔺 လှူပြီးဆိုလို့ ရှိရင် အရေးကြီးဆုံးက ဘာတုန်းလို့ဆိုရင်... 🍃 သက္ကစ္စံ ဒါနံ ဒေတိ - ကိုယ်လှူတဲ့ အလှူလေးပေါ်မှာ အာရုံစိုက်ပြီး တလေးတစား လှူဖို့က အရေးကြီးတယ်။ နည်းနည်းများများ ကောင်းကောင်းညံ့ညံ့ ကိုယ်ရှိတာ ကိုယ် လှူတယ်။ ★ အဲဒီမှာ ဘာပဲ လှူလှူ စိတ်စေတနာ ကိုယ်လှူတဲ့ ကုသိုလ်ကောင်းမှု အပေါ်မှာ အာရုံ စိုက်ပြီးတော့ တလေးတစားလှူရမယ်တဲ့။ ဒါက အကျိုးပေးခြင်းရဲ့ အကြောင်းတစ်ခုပဲနော်။ အကျိုးပေးတဲ့အခါမှာ မညံ့ဖို့။ နောက်တစ်ခုက 🍃 စိတ္တီကတွာ ဒါနံ ဒေတိ - ပူဇော်လိုတဲ့ စိတ် ချီးမြှောက်လိုတဲ့ စိတ်၊ ကိုယ့်ထက် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် ပူဇော်လိုတဲ့ စိတ်နဲ့ လှူရမယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ ပုဂ္ဂိုလ်ဆိုရင် သူကို ချီးမြှောက်တဲ့ စိတ် နဲ့ လှူတဲ့။ ★ ဘယ်သူ့ပဲ ဖြစ်ဖြစ် .... #တိရစ္ဆာန်လေးတစ်ကောင်ကျွေးတယ်ဆို သြော်... စားရှာပါစေ ဆာနေရှာမှာပဲ မေတ္တာနဲ့ ကျွေးတယ်။ သပ်သပ်ရပ်ရပ်ကျွေးတယ် #စိတ္တီကတွာ တလေးတစားကျွေးတယ်။ အဲဒါ အရေးကြီးတယ် ဒီလို ဆိုလိုတယ်နော်။ ★ ကိုယ့်ထ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် သူ့ ရဲ့ သီလဂုဏ် သမာဓိဂုဏ် အရည်အချင်းတစ်ခုကို ပူဇော်တယ် ဂုဏ်ပြုတဲ့ အနေနဲ့ လှူမယ်။ 🍃 သဟတ္ထာ ဒါနံ ဒေတိ - လှူပြီး ဆိုရင် ကိုယ်တိုင် ပါဝင်ပြီးတော့ လှူတယ်၊ ကိုယ့်လက် နဲ့ လှူတယ်။ 🍃 အနပ၀ိဒ္ဓံ ဒါနံ ဒေတိ - ကိုယ်လှူတဲ့ ပစ္စည်းသည် အနပ၀ိဒ္ဓံ ဒါနံဒေတိဆိုတဲ့အတိုင်း စွန့်ပစ်တဲ့ ပစ္စည်းမျိုးမဟုတ်ဘူး ကိုယ်သုံးတဲ့ပစ္စည်းမျိုးဖြစ်တယ်။ 🍃 အာဂမနဒိဋ္ဌိကော - လှူပြီ ဆိုလို့ ရှိရင် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကုသိုလ်ကောင်းမှုဟာ အကျိုးအနေနဲ့ ရောက်လာမှာပဲ။ လူတွေဟာယုံကြည်ချက်ရှိတယ်လေ။ သရက်စေ့ကိုစိုက်ရင် သရက်ပင်ပေါက်လိမ့်မယ် သရက်သီးသီးမယ်ဆိုတာ ယုံကြည်လို့ စိုက်ကြတာပေါ့။ ★ ဒါန ကောင်းမှုပြုရင်လည်း ထို့အတူပဲ ဒီဒါနကောင်းမှုရဲ့ အကျိုးကျေးဇူးဟာ ရမှာဆိုတာ သေချာတယ်၊ ယုံကြည်တယ် ယုံကြည်လို့ လုပ်တယ်။ အဲဒါလိုပဲ ကုသိုလ် ကောင်းမှုဆိုတာ အာဂမနဒိဋ္ဌိကော သူ့ အမြင်ထဲမှာ အခုလှူလိုက်တာဟာပျောက်သွားတာဖြစ်သော်လည်း အဲဒီက တုန့်ပြန်လာတဲ့ အကျိုးရမှာပဲ။ ★ သရက်ပင်စိုက်တယ်ဆိုရင် ကိုယ်စိုက်လိုက်တဲ့ သရက်စေ့လေးဟာ ပုတ်သွားမှာပဲလေ။ အမြစ်ထွက် အညှောင့်ထွက်ပြီး ပုတ်သွားတာပဲ။ အဲဒီ သရက်စေ့ကိုတော့ ပြန် မရတော့ဘူးပေါ့။ သို့သော် အဲသရက်စေ့က ပေါက်လာတဲ့ အပင်က သီးတဲ့ အခါကျတော့ အဆများစွာရလာတယ် ဒီလို... ဆိုလိုတယ်။ ★ ကုသိုလ်ကောင်းမှုဆိုတာ ဒီလိုပဲ လှူလိုက်တဲ့ အချိန်တော့ ကုန်သွားတာပဲ အဲဒီ ကုန်သွားတာတွေဟာ မျိုးစေ့ကို စိုက်လိုက်သလိုပဲ တချိန်ကျတော့ အပင် ပေါက်လာမယ်။ ပေါက်လာတဲ့ အကျိုးကျေးဇူးတွေကျတော့ ကိုယ်ရမှာဖြစ်တယ်။ ဒီအဓိပ္ပါယ်မျိုးဆိုလိုတယ်။ ★ အဲလိုမြတ်စွာဘုရားက #ဝေလာမသုတ္တန်မှာ ဒီလိုဟောတော့ လူတိုင်းလူတိုင်း လှူသူတွေဟာ လှူပြီ တန်းပြီဆိုတဲ့အခါမှာ အခုပြောတဲ့ စိတ်နေသဘောထားတွေကို ပြင်ဆင်ပြီးတော့ လှူရမယ်။ ဒါကြောင့်မို့ ခုအလှူပွဲတွေ ကျင်းပတဲ့အခါမှာ မြန်မာနိုင်ငံမှာ ပထမဆုံး သီလဆောက်တည်ကြတယ်။ ★ သီလ ဆောက်တည်ခြင်းအားဖြင့် အလှူရှင်တွေအတွက် ကောင်းကျိုးချမ်းသာ ပိုပြီးတော့ ပေးနိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးတာပဲ ဖြစ်တယ်ပေါ့။ #ငါးပါးသီလဆောက်တည်ပြီးလှူလိုက်လို့ ရှိရင် သီလ မရှိဘဲ လှူတာနဲ့ သီလရှိ ပြီး #လှူတာပိုမြတ်တယ်လို့ ဆိုတယ်။ { ပါမောက္ခချုပ် ဆရာတော် အရှင်နန္ဒမာလာဘိဝံသ } နှိုးဆော်သူ နဲ့ လှူဒါန်းသူ (၁၃•၉•၂၀၁၈) တရားတော် မှ ကောက်နှုတ် ရေးသားပူဇော် မျှဝေပါသည်။ #credit
via အလင်းရောင် ဓမ္မ https://ift.tt/2m6AUVu
Newer Post
Older Post
Home