Thursday, September 26, 2019

ကိုယ့်ကိုကိုယ်ပြန်မေး ----------------------- သာသနာတော်ထွန်းကားတယ်ဆိုတာလည်း အချိန်တိုင်းမဟုတ်ပါဘူး ခေတ်တခေတ်ကို နှစ်ပေါင်း ငါးရာရှိပါတယ် ပထမ ခေတ်က ဝိမုတ္တိယုဂခေတ် တဲ့ မဂ်ဖိုလ် ရနိုင်တဲံ့အချိန်လို့  ပြောတာပါ အဲဒီကနေ ဆုတ်ယုတ်လာလိုက်တာ သာသနာ နှစ်နှစ်ထောင့်ငါးရာအထိကို ဒါနခေတ် သီလခေတ် သမထ ခေတ် ဆိုပြီး သတ်မှတ်ကြတယ် လူတွေဟာ ဒါန နဲ့ သီလလောက်ကိုသာ ဖြည့်ဆည်းနိုင်ကြပြီး ဝိပဿနာဆိုတာ မရှိသလောက်ရှားပါတယ် ကပ်ဆိုက်လို့ သာသနာပျက်ခါနီးအချိန်တွေဟာ မကြာခဏ ကြုံတွေ့ ရသလို ဝိပဿနာတရားကို ထိတွေ့ သူဟာ မရှိသလောက်နည်းပါးလွန်းလှပါတယ် လယ်တီ မဟာစည် မိုးကုတ် ဆရာတော်ဘုရားကြီးတွေ ရဲ့ ရှေ့ခေတ်လောက်ကဆိုရင် လူတွေဟာ ဒါနပြု သီလဆောက်တည် လောက်နဲ့ ပဲ တွေ့ ကြုံခဲ့ကြရတယ် တရားလိုချင်တဲ့ ဆရာတော်ဘုရားကြီးများဟာဆိုရင် တရားရဖို့ ကို ပြင်းပြင်းထန်ထန် ကြိုးစားရှာဖွေ ခဲ့ကြရတယ် ဝိပဿနာတရားပြနိုင်သူဟာ မရှိသလောက်နည်းပါးခဲ့တယ် သာသနာ ၂၅၀၀ ကျော်လာတာနဲ့ အမျှ ဘုရားရှင်ပရိနိဗ္ဗါန် ပြုပြီးနောက် သာသနာတော် နှစ် ငါးရာအတွင်းကလိုပဲ ဝိမုတ္တိယုဂ ခေတ်ကို ပြန်ရောက်လာပါပြီ မဂ် ဖိုလ် နိဗ္ဗါန်ကို လှိုင်လှိုင် ရကြလိမ့်ဦး မယ်ဆိုပြီး အဋ္ဌ ကထာဆရာတော်တွေက မှတ်ချက်ပြုထားပါတယ် ဟော... အခု ဝိပဿနာတရားတော်တွေ ပြန်လည်ထွန်းကားလာပြီး တရားထူးရတဲ့ ဆရာတော်ဘုရားကြီးများလည်း ဒုနဲ့ ဒေး ပါပဲ ဒါဟာ ဘုရားရှင်သာသနာတော် တကျော့ပြန်ထွန်းကားလာပြီဆိုတဲ့ အချိန်အခါပါပဲ အခု ဝိပဿနာတရားတွေတွေကို ဟောပြောနိုင်တဲ့ ဆရာတော်တွေ ရိပ်သာ တွေဟာ အများကြီးပဲ ဝိပဿနာရှု့မှတ်နည်းကို အခွေတွေကပဲဖြစ်ဖြစ် မကြားချင်တာတောင် နာယူနေရတာ ဒီအချိန်မှာ လူဖြစ်လာသူတွေဟာ သာမန်ဘုန်းကံနဲ့ မဟုတ်ဘူးဆိုတာ နားလည်ထားကြပါ တကမ္ဘာလုံးကတောင် ဝိပဿနာတရားတော်တွေကို ကျင့်သုံးခွင့်ရနေကြပြီ သာသနာတော်နဲ့ ကြုံတွေတာတောင် ဒါနခေတ် သီလခေတ်ကို ကျော်လွန်ပြီး ဝိပဿနာထွန်းကားချိန်မှာ လူဖြစ်နေကြရတဲ့ ကျွန်တော်တို့ တတွေကရော ဒါနပြုယုံ သီလဆောက်တည်ယုံနဲ့ ပဲ ကျေနပ်နေကြမယ်ဆိုရင် မဟာအခွင့်အရေးကြီးကနေ လက်လွတိဆုံးရှုံးနေကြပြီလို့ ယုံလိုက်တော့ ဒါန သီလ သမထ ဟာ ဘုရားရှင်မပွင့်တဲ့ သာသနာပမှာလည်း ထိတွေ့ နိုင်ပါတယ် ဝိပဿနာ တခုတည်းကသာ သာသနာတွင်းမှာ ရနိုင်တာပါ ကဲ....မိတ်ဆွေတို့ ရော သာသနာတွင်းလား..သာသနာပလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြပါဦးလို့  ဦးမြင့်ခိုင် -------- share


via အလင်းရောင် ဓမ္မ https://ift.tt/2lSfWJw