Saturday, September 28, 2019

ပိုက်ဆံရှိတဲ့သူတိုင်းဟာ လူချမ်းသာ အစစ်မဟုတ်ကြပါဘူး🍀 ရတနာသုံးပါး ကံကံ၏အကျိုးတရားတွေကို ယုံကြည်မှုသဒ္ဓါတရားရှိကြတဲ့ လူတွေကသာ လူချမ်းသာ အစစ်တွေပါ...🍀 ဘာဖြစ်လို့လဲဆိုရင် သဒ္ဓါတရားရှိကြတဲ့သူတွေမှာ သံသရာ ချမ်းသာစေမယ့် ကုသိုလ်ကောင်းမှုတွေကို များစွာပြုလုပ်နိုင်တာဖြစ်လို့ လူနတ်နိဗ္ဗာန်သုံးတန်းသော ချမ်းသာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်တာဖြစ်လို့ အနေဆင်းရဲပေမယ်လည်း ကုသိုလ်ကံတွေ ချမ်းသာကြတဲ့အတွက် လူချမ်းသာအစစ်တွေပါပဲ🍀 ရတနာသုံးပါးရဲ့အပေါ်မှာ ယုံကြည်မှုရှိတဲ့သူတွေဟာ ဖြစ်လေရာဘဝတွေမှာ ဘုန်းကံကြီးမားကြပြီးတော့ အထက်တန်းကျကျနဲ့ပဲ နေကြရပါတယ်...🍀🍀🍀 ဒါကြောင့်... အနေဆင်းရဲပေမယ့်လည်း သဒ္ဓါမမွဲအောင်ကြိုးစားပါ🍀 အလှူဝတ္ထုပစ္စည်းတွေဟာ တန်ဖိုးကြီးပြီးတော့ ခမ်းနားထည်ဝါဖို့ဆိုတာထက် စေတနာသဒ္ဓါတရားတွေ ဖြူစင်မွန်မြတ်ကြီးကျယ်ဖို့က ပိုအရေးကြီးပါတယ်🍀🍀 စေတနာကြီးကျယ်သန့်ရှင်းရင် အကျိုးပေးလည်းထက်သန် ကြီးကျယ်ကြပါတယ်.🍀🍀 (သာရ ဂ ဝေ သီ)


via အလင်းရောင် ဓမ္မ https://ift.tt/2mxQYj8