Thursday, September 26, 2019

" နိဗ္ဗာန်၏ အမည်များ " 🌷💫💫💫💫💫🌷 ဗုဒ္ဓဘာသာဝင်​တို့ ရည်​မှန်း​သော နိဗ္ဗာန်ကို ဝေါဟာရပေါင်း ၄၆ မျိုး ဖြင့် ခေါ်ဝေါ်ထားပါသည် ။ ၁ ။ မောက္ခ - လွတ်မြောက်ခြင်း ၊ ၂ ။ နိရောဓ - ချုပ်ငြိမ်းခြင်း ၊ ၃ ။ နိဗ္ဗာန - တဏှာ မရှိခြင်း ၊ ၄ ။ ဒီပ - အလင်း ထွန်းပခြင်း ၊ ၅ ။ တဏှက္ခယ - တဏှာ ကုန်ခြင်း ၊ ၆ ။ ပရံ - အခြား တစ်ပါး ဖြစ်ခြင်း ၊ ၇ ။ တာဏ - စောင့်ရှောက်ခြင်း ၊ ၈ ။ လေဏ - ပုန်းအောင်း မှီခိုခြင်း ၊ ၉ ။ အရူပ - နာမ်တရားဖြစ်ခြင်း ၊ ၁၀ ။ သန္တ - ငြိမ်းအေးခြင်း ၊ ၁၁ ။ သစ္စ - မှန်ကန်ခြင်း ၊ ၁၂ ။ အနာလယ - တွယ်တာမှု မရှိခြင်း ၊ ၁၃ ။ အသင်္ခတ - ပြုပြင်မှု မရှိခြင်း ၊ ၁၄ ။ သိဝ - အေးချမ်းခြင်း ၊ ၁၅ ။ အမတ - သေဆုံးမှု ကင်းခြင်း ၊ ၁၆ ။ သုဒုဒ္ဒသ - မြင်နိုင်ခဲခြင်း ၊ ၁၇ ။ ပရာယန - လဲလျောင်းရာ ၊ ၁၈ ။ သရဏ - ကိုးကွယ်ရာ ၊ ၁၉ ။ အနိတိက - ဘေးရန် ကင်းခြင်း ၊ ၂၀ ။ အနာသဝ - အာသဝေါ ကင်းခြင်း ၊ ၂၁ ။ ဓုဝ - မြဲ မြံခြင်း ၊ ၂၂ ။ အနိဒဿ န - ညွှန်ပြမှု ကင်းခြင်း ၊ ၂၃ ။ အကတ - ပြုလုပ်လို့ မရခြင်း ၊ ၂၄ ။ အပလောကိတ - ကြည့်လို့ မမြင်နိုင်ခြင်း ၊ ၂၅ ။ နိပုဏ - သိမ်မွေ့ခြင်း ၊ ၂၆ ။ အနန္တ - အဆုံးမရှိခြင်း ၊ ၂၇ ။ အက္ခရ - ကြမ်းတမ်းမှု မရှိခြင်း ၊ ၂၈ ။ ဒုက္ခက္ခယ - ဒုက္ခ ကုန်ခမ်းခြင်း ၊ ၂၉ ။ အဗျာမဇ္ဈ - ပူပန်မှု မရှိခြင်း ၊ ၃၀ ။ ဝိဝဋ်ဋ - ဝဋ်မှ လွတ်မြောက်ခြင်း ၊ ၃၁ ။ ခေမ - ဘေး မရှိခြင်း ၊ ၃၂ ။ ကေဝလ - ချမ်းသာခြင်း ၊ ၃၃ ။ အပဝဂ္ဂေါ - အဖို့ အစု ကင်းခြင်း ၃၄ ။ ဝိရာဂ - ရာဂ ကင်းခြင်း ၊ ၃၅ ။ ပဏိတ - မွန်မြတ်ခြင်း ၊ ၃၆ ။ အစ္စုတ - စုတိ မရှိ ခြင်း ၊ ၃၇ ။ ပဒ - ချမ်းသာခြင်း ၊ ၃၈ ။ ယောဂက္ခေမ - ယောဂ ကင်းခြင်း ၊ ၃၉ ။ ပါရ - တစ်ဖက်ကမ်း ဖြစ်ခြင်း ၊ ၄၀ ။ မုတ္တိ - လွတ်မြောက်ခြင်း ၊ ၄၁ ။ သန္တိ - အေးငြိမ်းခြင်း ၊ ၄၂ ။ ဝိသုဒ္ဓိ - အထူးစင်ကြယ်ခြင်း ၊ ၄၃ ။ ဝိမုတ္တိ - အထူးလွတ်မြောက်ခြင်း ၊ ၄၄ ။ အသင်္ခတဓာတု - ပြုစီရင်မှု ကင်းတဲ့ဓာတ် ၊ ၄၅ ။ သုဒ္ဓိ - စင်ကြယ်ခြင်း ၊ ၄၆ ။ နိဗ္ဗုတ - ငြိမ်းအေး ချမ်းသာခြင်းတို့ ဖြစ်ပါသည် ။ အမည် ဝေါဟာရ အမျိုးမျိုး ရှိနေ သော်လည်း နိဗ္ဗာန်၏ ပင်ကိုယ် သဘာဝ မှာ ` သန္တိသုခ ၊ ဝိမုတ္တိရသ ´ သာ ရှိပါသည် ။ အရှင်ဥတ္တမသာရ . 💥💥💥 ​မေတ္တာဖြင့်​ #LaWarSo ➖➖➖➖➖➖➖➖➖➖ တစ်ဘဝတည်းသာ သည်းခံပါ ➖➖➖➖➖➖➖➖➖➖ မစဉ်းစားမိလျှင် လောကကြီးသည် ပျော်စရာ ကောင်း၏ … ဉာဏ်နှင့် စဉ်းစားကြည့်ပါက မှိတ်ထားသည့် မျက်စိ မဖွင့်ရဲအောင် ကြောက်စရာ ကောင်းလှပါသည် … ဖွင့်ထားသည့် မျက်စိ ပြန်မမှိတ်ရဲအောင် ကြက်သီးထဖွယ် ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ် ကောင်းလှပါသည် … အဝိဇ္ဇာ နှင့် တဏှာ၏ ဖိအားကြောင့် ပျော်စရာအတု နှင့်သာ အချိန်ဖြုန်းနေကြ၏ … ချမ်းသာစစ် ချမ်းသာမှန်ကို ရှာဖို့ စိတ်မကူးကြ … ချမ်းသာစစ် ချမ်းသာမှန်သို့ ပို့ဆောင်ပေးသော တရားသည် တိမ်ယောင်ယောင်နှင့် နက်သည် … လွယ်ယောင်ယောင်နှင့် ခက်သည် … သဒ္ဓါ ဝီရိယ စသော ဗိုလ်ငါးပါးနှင့် ရှေ့တန်းတင်ပြီးအားထုတ်နိုင်ဖို့ လိုလေသည် … ကံလမ်းနှင့် သွား၍ မရ ဉာဏ်လမ်းစခန်း ဖြစ်၏ … ရှေးက အရိယာ သူတော်ကောင်းကြီးများက သူမတူအောင် စွန့်..သူမတူအောင် ကျင့်မှ သူမတူသည့် တရားထူးတွေ ရကြောင်း အလုပ်နှင့် သက်သေပြသွားကြ၏ … တစ်ဘဝတည်း သည်းခံပြီး စွန့်စွန့်စားစား အားထုတ်သွားမည် ဆိုလျှင် … သံသရာ တစ်လျှောက်လုံး မည်သည့်အခါမှ ဒုဂ္ဂိဘဝ မကျရောက်တော့ဘဲ သုဂတိ ဘဝကိုသာရောက်မည် ဖြစ်သည် … အိုရမည့် ခန္ဓာ နာရမည့် ခန္ဓာ သေရမည့် ခန္ဓာဆိုးကြီးများနှင့် မတွေ့မကြုံ မဆုံတော့ဘဲ ၁၅၀၀ ကိလေသာအပူဓါတ် အလောင်ဓါတ် ချုပ်ငြိမ်းသည့်နိဗ္ဗာန်သို့ မျက်မှောက်ပြုရမည် ဖြစ်လေသည် … #မြောက်ဦး_ဆရာတော်_ဘုရားကြီး Credit , Original Uploader


via အလင်းရောင် ဓမ္မ https://ift.tt/2lbtQWW