Wednesday, September 25, 2019

ပြည့်​ဝခြင်းဆိုတာ ✏ ✏ ✏ ✏ ✏ ဖိုးဖိုး သူတို့ မိသားစုက ချမ်းသာတယ်​​နော်​ အားကျစရာ​ကောင်းလိုက်​တာ လူဖြစ်​ရကျိုးနပ်​လိုက်​တာ ဘာလို့လဲ ​မြေး​လေး ​မြေး​လေးလည်​လူပဲ​လေ သူတို့လို လက်​​တွေ ​ခြေ​တွေ ပါတယ်​​လေ ဒါ​ပေမယ့်​ ​မြေး​တို့က သူတို့​လောက်​လူရာမဝင်​သလိုပဲ ​ ​မြေးထင်​လို့ပါ လူရယ်​လို့ ဖြစ်​လာရင်​ ချမ်းသာချင်​တယ်​ ​အောင်​မြင်​ချင်​တယ်​ ပိုင်​ဆိုင်​ချင်​ကြတယ်​ ဘာလို့လဲ သိလား​မြေး​လေး သူတို့လိုတာရရင်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​လို့ ပုံ​သေတွက်​ထားကြလို့ပဲ ဟိုမှာ​တွေ့ လား ​မြေး​လေး အဲ့ ​ရေစည်​ထဲက ​ရေ​တွေကို ဒီအိုးထဲ အကုန်​ဝင်​​အောင်​ထည့်​ ဟာ ဘိုးဘိုးက ​ရေစည်​က အကြီးကြီး အိုးက​သေး​သေးလည်း ​ရေစည်​ထဲ​ရေ​တွေအားလုံး ဘယ်​ဆန့်​ပါမလဲ အဘိုးအိုက အိုး​အောက်​​ခြေကို ခဲ​တစ်​လုံး​ကောက်​ပြီး ဆက်​ကနဲ့ ခွဲ​ပေါက်​လိုက်​တယ်​ ​မြေး ပြည့်​​အောင်​ထည့်​ ဒီလိုဆို ဘယ်​ပြည့်​ပါ​တော့မလဲ ဘိုးဘိုးရဲ့ လူ​တွေရဲ့ လိုအပ်​ဆန္ဒဟာလည်း ​ပေါက်​​နေတဲ့ အိုးလိုပဲ​မြေး ​ရေပြည့်​တဲ့အိုးတိုင်း လျှံတတ်​သလို ​ရေမရှိတဲ့အိုးကလည်း ​ခြောက်​​သွေ့ အက်​ကွဲတတ်​တယ်​​မြေး​လေး လူ ဖြစ်​ရကျိုး နပ်​တယ်​ မနပ်​ဘူးဆိုတာက ဒီလိုရှိတယ်​ ​မြေး စား​နေတဲ့ ထမင်း အင်း ဆန်​​ပေါ့ကွာ အ​ကောင်းစား ဆန်းတစ်​လုံးတည်​မယ်​ အညံ့စား ဆန်​ တစ်​လုံးတည်​မယ်​ ​မြေးဘယ်​ဆန်​စားမလဲ ဘိုးဘိုးကလည်း ​အ​ကောင်းစားပဲစားမှာ​ပေါ့ အဲ့ ​မြေးစားမယ်​ဆိုတဲ့ အ​ကောင်းစားဆန်​က ​ပျော့တူးမနပ်​ ဖြစ်​​နေပြီး အညံ့စားဆန်​က စားလို့ရ​တဲ့အ​နေ​တော်​ဆိုရင်​​ရော စားလို့ရတာပဲ စားမယ်​ အဖိုး လူဆိုတာလည်း ဒီလိုပဲ ဘယ်​​လောက်​ပြည့်​စုံပါ​စေ စာနာစိတ်​ ၊ ခွင့်​လွှတ်​စိတ်​ ၊သူ့ဘက်​ကိုယ်​ဖက်​မကြည့်​တတ်​ရင်​ အိုးထဲမှာထဲမှာ မနပ်​ခဲ့တဲ့ ထမင်းလိုပဲ ပန်းကန်​​ထဲ​ရောက်​မှ နပ်​​အောင်​နှပ်​မရ​တော့ဘူး​မြေး အဲ့လိုပဲ​မြေး မပြည့်​စုံ​ပေမယ့်​ စာနာစိတ်​ပြည့်​ရှိတဲ့သူ ခွင့်​လွှတ်​နားလည်​တတ်​သူ သူ့ဘက်​ကိုယ်​ဘက်​ကို အတိုင်းအတာနဲ့ကြည့်​တတ်​သူဟာလည်း လူဖြစ်​ရကျိုးနပ်​ပါတယ်​ ​မြေးရဲ့ ​ရေပြည့်​တိုင်း မသန့်​ဘူး​မြေး​လေးရဲ့ ခု​မြေး​ရှေ့က ကန်​ကြီး​တွေလား အမှိုက်​​သရိုက်​​ပေါင်းစုံနဲ့ပြည့်​​နေတယ်​ ​မြေး​သောက်​မလား ​ရေချိုးမလား ရွံစရာ ကြီး ဖိုးဖိုးရယ်​ ဒါဆို ဟို​ရေစည်​ထဲက ​ရေ​နည်းနည်း​လေးကို​ရော ​သောက်​လည်း​သောက်​လို့ရတယ်​ ချိုးလည်းချိုးလို့ရတယ်​ ​မြေး လူဖြစ်​ရကျိုးဆိုတာဒါပဲ ပြည့်​​ဝတယ်​ဆိုတာ သ​ဘောထားပြည့်​ဝခြင်း ခွင့်​လွှတ်​သည်းခံ ခြင်း​တွေ ပြည့်​​နေဖို့နဲ့ ကိုယ်​ချင်းစာနာစိတ်​​တွေ အမြဲ ပြည့်​ဝ​နေရင်​ လူ ဖြစ်​ရကျိုးနပ်​တာပါပဲ ​မြေးရယ်​။ ​ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ။ ဘာမထီဘွား...အ​တွေးစာစု​လေးများ CR :###


via အလင်းရောင် ဓမ္မ https://ift.tt/2mw2tqT