Thursday, September 26, 2019

📚တကယ်တော့... ​ဒေါသထွက်တယ်ဆိုတာ အဆိပ်ကို ကိုယ်ကသောက်ပြီး သူတစ်ပါး ​သေသွားဖို့ကို မျှော်လင့်နေသလိုပါပဲတဲ့။ 📚ဒေါသကြီးတဲ့သူတွေကို တွေ့တဲ့အခါ ​ပြောတယ်...ဒေါသကိုထိန်း ဟာ ထိန်းလို့မရဘူး တဲ့။ 📚မရတော့လည်း မရနဲ့ပေါ့ ဘယ်သူပဲထိခိုက်သလဲဆိုတော့ သူပဲ ထိတာ၊ သူပဲ ပူလောင်နေရတာ သူပဲ စကားတွေကျွံပြီး သူချစ်တဲ့သူတွေ သူလိုအပ်တဲ့သူတွေကို ဆုံးရှုံးရတာ ကျန်တဲ့လူက အနည်းအပါး စိတ်ရှုပ်ရတာလောက် ရှိတာလေ။ 📚ဒါကြောင့်... ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ဒေါသကိုလျှော့ပါ။ 📚ပြောင်းပြန်တွေးကြည့်တယ် တချို့တွေ သိပ်အကောင်းမြင်တတ်တယ် သည်းခံတယ်၊ ခွင့်လွှတ်တယ်၊ တော်ရုံစိတ်မဆိုးဘူး၊ အကောင်းမြင်တတ်သူဆိုတော့ တခါတလေ သူ့တိုက်ခိုက်နေတာတောင် တိုက်ခိုက်မှန်းမသိဘူး။ 📚ဒီတော့ ဘာဖြစ်လဲ ? တခြားလူတွေ အဆင်ပြေတာ ခဏထား အရင်ဆုံးက သူ အေးချမ်းတယ်၊ ပျော်ရွှင်ရတယ် တက်ကြွတယ်၊၊ 📚လူတွေဟာကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးလို့ပြောရင် မှားမယ်မထင်ဘူး။ တကယ်တော့ ဘဝမှာ အောင်မြင်နေကြသူတွေ ​ပျော်ရွှင်နေကြသူတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တဲ့သူတွေပဲ။ 📚အလုပ်ကြမ်းတွေ၊ ကိုယ်ခန္ဓာကို အပင်ပန်းခံပြီးလုပ်ရမှာတွေ မလုပ်ချင်ဘူး ပညာနဲ့ သက်သက်သာသာ လုပ်ချင်တော့ ပညာကြိုးစားတယ်။ 📚သူများခိုင်းတာ၊ အထက်ကလူကြောင့် စိတ်ညစ်ရတာတွေ မဖြစ်ချင်တော့ ဘာလုပ်လဲ အလုပ်မှာ အောင်မြင်အောင် ကြိုးစားတယ်။ 📚အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေချင်တော့ ဘာလုပ်လဲ၊အားကစားလုပ်တယ်၊ အစားအသောက်၊ အနေအထိုင် ထိန်းသိမ်းတယ်။ 📚စိတ်ချမ်းသာစွာ ပျော်ပျော်ရွှင်ရွှင် နေချင်တော့ ​ဒေါသကိုထိန်းတယ်၊ အကောင်းမြင်စိတ် မွေးတယ်၊၊ 📚လူရယ်လို့ဖြစ်လာရင် ကိုယ် ဒီလောကကြီးထဲမှာ​ရောက်ခဲ့ဖူးကြောင်း ​ကောင်းမွန်တဲ့ အမှတ်အသားတစ်ခုတော့ ချန်ခဲ့မှတန်မယ်။ 📚အဲဒီလို ချန်ထားခဲ့ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ရတယ်။ သူများကို တခုခုပေးချင်တယ်ဆို ကိုယ့်မှာ ​ပေးစရာတခုခုတော့ ရှိဖို့လိုတယ်လေ။ 📚ဒါကြောင့် အများအကျိုးပြုချင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုတယ် ချစ်နည်းလည်း မှန်ဖို့လိုတယ်။ 📚နေချင်သလိုနေမယ်ဆိုပြီး စိတ်ကို လွှတ်ထားပေးတာ ကိုယ့်ကိုယ်ကိုယ်ချစ်တယ် မမည်ဘူး၊ နှစ်နေတာသာလျှင် ဖြစ်တယ်။ သီတဂူဆရာတော်................ crd..............................


via အလင်းရောင် ဓမ္မ https://ift.tt/2mKcQaT