Saturday, December 7, 2019
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/350bYA4
မေတ္တာ ♣♣♣♣♣♣♣♣ ♦ မေတ္တာဟာ မျက်နှာကို ကျက်သရေရှိစေတယ်၊ လှပစေတယ်၊ ချစ်စရာ ကောင်းစေတယ်။ ♦ မေတ္တာဟာ power အစစ်ပဲ။ ကျန်တဲ့ power တွေက power အတုတွေ။ မြတ်စွာဘုရားရဲ့ မေတ္တာဟာ အခုအချိန်ထိ power ကြီးတုန်းပဲ။ သူများ ကိုယ့်ကို ကြောက်တာဟာ Power အစစ် မဟုတ်ဘူး။ ♦ တကယ့်စစ်မှန်တဲ့ မေတ္တာဟာ သူ့ဘက်က တုံ့ပြန်မှုမရှိလည်းပဲ ကိုယ့်မေတ္တာက ဆက်လက်ပြီးတော့ ရှိနေဦးမှာပဲ၊ တည်တံ့နေဦးမှာပဲ။ စစ်မှန်တဲ့ မေတ္တာကို ပြန်ယူလိုက်လို့ မရပါဘူး။ ပြန်ရုပ်သိမ်းလို့ မရပါဘူး။ အကယ်၍ ပြန်ယူလိုက်လို့ရရင် အဲဒါ မေတ္တာစစ် မဟုတ်ပါဘူး။ ♦ တကယ့်မေတ္တာဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိတဲ့လူတစ်ယောက် ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး။ ♦ တကယ့်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက် မရှိဘူး။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) (တွေးမိတိုင်း ပျော်တယ် စာအုပ်မှ)-ထုတ်နူတ်ပူဇော်ပါသည်...
via အလင်းရောင် ဓမ္မ https://ift.tt/33ScG0U
ကိုယ့်ကိုယ်ကို ကောင်းတယ်လို့တော့ မပြောပါဘူး....။ ကောင်းအောင်တော့ ကြိုးစားနေပါတယ် ။ ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်လို့တော့ မပြောပါဘူး...။ အပြစ်နည်းအောင်တော့ ကြိုးစားနေပါတယ် ။ ကိုယ့်ကိုယ်ကို မကောင်းတာတွေ မလုပ်မိဘူးလို့တော့မပြောဘူး ။ မကောင်းတာတွေကို ရပ်တန့်သွားအောင်တော့ ကြိုးစားနေပါတယ် ။ ကိုယ့်ကိုယ်ကို အဆင်ပြေတယ်လို့တော့ မပြောပါဘူး ။ အဆင်ပြေအောင်တော့ ကြိုးစားနေပါတယ် ။ ကိုယ့်ကိုယ့်ကို အမုန်းကင်းပါတယ်လို့တော့ မပြောပါဘူး...။ မမုန်းမိအောင်တော့ ကြိုးစားနေပါတယ် ။ ကိုယ့်ကိုယ်ကို မာနမရှိဘူးလိုတော့ မပြောပါဘူး...။ မာနမထားမိအောင်တော့ ကြိုးစားနေပါတယ် ။ (သာရ ဂေဝသီ) 🙏🙏🙏 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားကြပါစေ🙏
via အလင်းရောင် ဓမ္မ https://ift.tt/340LSvg
ဘဝမလှတဲ့ မယ်သီလပါ အမေ ************************ ဖတ်ကြည့်နော်… ဆံပင်မပါ ကတုံးမို့ လူတကာပြုံးလို့ မစာနာ နွမ်းကျေကာ ဖာတရာစုပ် တစ်ကျပ်တစ်ပြားထုတ်ဖို့ တုန်လှုပ်ကြတာ လူသဘော သမီးမမက်မောပါဘူး အမေ။ မယ်သီလဘဝ အစစ မပြည့်စုံ လှူကြဖုံဖုံ မျက်နှာချိုသွေး လူတကာအရေးမပေးလည်း နေရာတစ်ခုအတွက် သာသနာပြုနေသူပါ အမေ။ ပေတစ်ရာဆိုတာ မယူတတ်သူအတွက် နွမ်းပူကာ ဒေါသပုန်ထ မောကြမှာပေါ့ အမေရယ်။ သောကခြေရာ ဖြည့်ကာမိုး ဒုက္ခဆိုးတွေ ပြေပျောက်ဖို့ ဘုရားရှင် ဒီအရိပ်အောက် သမီးဝင်ရောက်ခဲ့တယ် အမေ။ ကိုယ့်ဝမ်းပူစာ မနေသာအရေး မောင်းထောင်ခွက်ကလေး ရင်မှာပိုက် တပတ်မှာနှစ်ရက် ပေတရာထက်က နွေကမ္ဘာထက် ပူသလို မိုးရွာတဲ့ရက်တွေမှာလည်း ဆွမ်းခံထွက်ရင်း ရေကစို ဟိုဂျောင်ဝင် ဒီတိုးကပ် မကြည်လင်တဲ့ မျက်နှာ ပြုံးဟန်လုပ်ကာလည်း ဖုံးခဲ့ရတယ် အမေ။ တစ်ဇွန်းဆန်အတွက် ဂျွမ်းပျံကာပြေးလွှား ခြေပူကာ ခေါင်းပြောင်လျှက် ဝမ်းဟာချက် မနေသာရင်ဖြင့် ရေဆာကာ အပူဖျောက်ဖို့ အရိပ်ကောင်းတဲ့ အပင်အိုမှာ ခဏခို ရင်ဆိုင်မနှေး ယိုင်နှဲ့မပြိုတဲ့ ရေအိုးစင်ကလေးကို အပြေးတိုးလို့ ဖွေရှာရ အမောဖြေ သမီးတို့ ဘဝမလှပပါဘူး အမေ။ လောကဓံ ဆိုတာ… တစ်ခါတစ်လေ အခွင့်ပေးလို့ ငါးခြောက်ကလေးတပြား ဆန်ဖြူဖြူဖွေးများရရင် လမ်းလျှောက်ရတာ မြေမထိ ပြုံးစိစိနဲ့ ပီတိဖြာ သာဓုခေါ်ရတာ အကြိမ်ကြိမ် ကျောင်းပြန်ချိန် စန်းတွေထ တပတ်စာအတွက် ရင်တွေတုန် စားကြုံလို့ ပျားအုံဆွဲ သမီးမမောတဲ့ အခါလည်း ရှိခဲ့ဘူးတယ် အမေ။ တစ်ခါတစ်လေ ဆွမ်းခံရင်း ငှတ်တော့မသင့် ခွေးမချစ်တော့ အပြစ်မြင် ထိုးဟောင်ခြင်းရှေ့ကာဆွဲ ပြေးပေါက်လွဲလို့ လမ်းပျောက် နောက်ကျတဲ့ ခြေထောက် ခွေးဆွဲမှာ ကြောက်လို့ ဖနောင့်နဲ့ တင်ပါး တသားထဲဖြစ်တဲ့အခါတွေလည်း ရှိခဲ့ဘူးတယ် အမေ။ စတိုးဆိုင်က ဟီးဟီးထ ဆိုင်ကြီးက ကျယ်ကျယ် လွယ်တယ်ကွယ် လက်မနှေး သူဌေးကြီး ဂိုက်ကိုဖမ်း သဒ္ဓါစွမ်းက လွန်စွာမွဲ မှိုတတ်ဆဲ မုန့်တွေထုပ် ကိတ်မုန့်တွေက ပျော့စိတွဲ ဒိတ်လွန်ကဲတဲ့ အချိုရည် မငြီးယူလာ အလှူပေး လမ်းဘေးမှာ အသာပြစ် စိတ်ညစ်ခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့ဘူးတယ် အမေ။ ပြောတော့ ဆန်ပွဲစား လောင်းတာက အညံ့ဆန် ရေဆိုပြန် ဝါဝါတမ်း ဆန်ကြမ်းကို ဇကွဲနဲ့ရော မမောပဲ အိတ်လိုက်ချ စားမရတဲ့ ဒီလိုဆန် အလှူခံရတာလည်း ရှိတယ်။ ဒါနရှင်တေးကိုဆို သဒ္ဓါပိုအောင် သံကုန်ဟစ် မြင်သူချစ်အောင်နေရတာ သမီးတို့ဘဝ မလွယ်လှပါဘူး အမေ။ ကျောင်းမပြန်ခင် စျေးကိုဝင် လိုချင်တာရှိတော့ ဆိုင်ရှေ့ရပ် မျက်နှာပေါက်က ခပ်ဆိုးဆိုး မျက်နှာသိုးလို့ မမြင်ဟန် လှည့်မပြန်ရင် ကန်တော့ဆွမ်း မျက်နှာပန်း တကယ်မလှ ပြန်ကြွရတာလည်း ရှိခဲ့ဘူးတယ် အမေ။ ကန်စွန်းရွက် ချဉ်ပေါင် မငြီးအောင်နေ့စဉ်ချက် ကျောင်းနောက်ဖက်က မကျီးပင် သူအရင်ငါတက် ခူးရတဲ့ရက်တွေလည်း ရှိခဲ့ဘူးတယ် အမေ။ မြတ်ဘုရား သာသနာ ဒေါက်တိုင် ကျောက်တိုင်ပမာ အုတ်တချပ် မဖြစ်ရင်နေပါစေ ကျရာတာဝန်ထမ်းပြီး မပင်ပန်းတဲ့ ဘုရားသမီးအဖြစ် သဲပွင့်ကြီးကြီးတော့ ဖြစ်ချင်တယ် အမေရယ်။ ဘာပဲဖြစ်ဖြစ်ပေါ့… လောကီနယ်တခွင် သံယောဇဉ်တွေကို ဖယ်ခွါ သီလတွယ်ကာ ဘဝကြမ်းကြမ်း အလှတွေ ဘယ်လိုနွမ်းပါစေ ဓမ္မစာပေကျမ်းစာတွေနဲ့ အမတနန်းကို ဖွေရှာလို့ သမီးပျော်အောင် နေပါ့မယ် တမလွန်ဘဝကနေ ဂုဏ်ယူဝမ်းသာလိုက်ပါ မေမေရယ်။ Credit : မေတ္တာဖြင့်…ပြန်လည်မျှဝေပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2YrmfCS
အသပြာတစ်ထောင်ပုံမှန်လှူသူ ………………………………………………… တရားစစ်သူကြီး အရှင်သာရိပုတ္တရာရဲ့ မျိုးရိုး ဟာ ဘုရားရှင်ကို ကိုးကွယ်တဲ့ မျိုးရိုးမဟုတ်ပါဘူး " နိဂဏ္ဌ"တွေကို ကိုးကွယ်တဲ့ သူတွေ ဖြစ်ပါတယ်၊ ဒါကို အရှင်သာရိပုတ္တရာမထေရ်မြတ်က တစ်ဦး ချင်းစီ သာသနာတော်အတွင်း ရောက်အောင် လုပ် ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်တဲ့အထဲမှာ အရှင်မြတ်ရဲ့ ဦးလေးတစ်ယောက်လည်း ပါဝင်ပါတယ်။ သူက ဗြဟ္မာပြည်ရောက်အောင် ဆိုပြီး နိဂဏ္ဌ တွေကို လစဉ်လတိုင်း အသပြာတစ်ထောင် လှူဒါန်းနေ ပါတယ်။ ဒီလုပ်ရပ် အကျိုးရှိ၊ မရှိ သိရအောင်ဆိုပြီး အရှင်မြတ်ကြီးက သူ့ဦးလေးကို ဘုရားရှင်ထံ ခေါ်လာခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က ဒီလို အနှစ်တစ်ရာပေးလှူနေတာထက် ကြည်ညိုသော သဒ္ဓါတရားဖြင့် သံဃာတော်များကို ဖူးရခြင်း၊အနည်းငယ်မျှ လှူဒါန်းရခြင်းက ပို၍ အကျိုးကြီး မားတယ်ဟု ဟော်တော်မူပါတယ်။ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြား ပြီးတဲ့နောက်မှာတော့ ပုဏ္ဏားကြီးလည်း သောတာ ပန်တည်သွားပါတယ်။ အရှင်သာရိပုတ္တရာအရှင် မြတ်ရဲ့ ဦးလေးကို အကြောင်းပြုပြီးတော့ ဘုရား ရှင်ကိုယ်တော်မြတ်ကြီးက အောက်ပါဂါထာကို ဟောကြားတော်မူပါတယ်။ မာသေ မာသေ သဟေဿန၊ ယော ယဇေထ သတံ သမံ။ ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။ သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။ အနက်အဓိပ္ပာယ် လစဉ် လတိုင်း အသပြာတစ်ထောင် တစ်ထောင် အကုန်ခံလျက် သီလမရှိသူတို့အား အနှစ်တရာ ပတ်လုံး လှူခြင်းထက်၊ သီလ သမာဓိရှိသူအရိယာ တစ်ယောက်အား တန်ဖိုးအနည်းငယ် မျှရှိသော လှူဖွယ်ဝတ္ထုတို့ကို တစ်ကြိမ်တစ်ခါမျှ လှူရခြင်း ဟူသော အလှူ (၂)မျိုး တို့တွင် အရိယာပုဂ္ဂိုလ် အား အနည်းငယ်မျှ တစ်ကြိမ်တစ်ခါမျှ လှူဒါန်းရ သော ကုသိုလ်ကောင်းမှုသည် သာလွန်၍ မွန်မြတ် လှပေ၏။ (သဟဿဝ်၊ သာရိပုတ္တတ္ထေရသ မာတုလဗြာဟ္မဏ ဝတ္ထု) သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ Credit: to ဘဝလမ်းပြ ဓမ္မပဒ အရှင်သောဘိတ (ဓမ္မရတနာ) တရားစာအုပ်မှ ရေးသားပူဇော်ပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/34YPMGx
➡ သီလဝီမံသဇာတ် ⭐⭐⭐⭐⭐ သီလကို စုံစမ်းလို၍ ရွှေပန်းထိပ်သည်အိမ်မှ ဆက်ကာ ဆက်ကာ အသပြာ ခိုးယူသော ပုရောဟိတ် ပုဏ္ဏားအကြောင်း။ ပစ္စုပ္ပန်၀တ္ထု သီလကြောင်းပြု စုံစမ်းမှု နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသော ပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်၊ အတိတ်၀တ္ထုတို့သည် အောက်၌ဆိုအပ်ပြီးသော ဇာတ်တို့နှင့် တူကုန်ပြီ။] အတိတ်၀တ္ထု ပုဏ္ဏားစုံစမ်း သီလစွမ်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၀ယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည် တစ်နေ့သ၌ သီလကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရက်၊ သုံးရက်တို့ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်ပြားမှ အသပြာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကို သူခိုးဟု ဖမ်း၍ မင်းကြီးအား ပြကြကုန်၏။ မင်းကြီးထံသို့ရောက်လျှင် ပုရောဟိတ်ပုဏ္ဏားသည် - “အချင်းတို့ … လောက၌ သီလသည်သာ ကောင်းသတတ်၊ သီလသည်သည် မွန်မြတ်သတတ်၊ ကြည့်ရှုကြကုန်၊ အဆိပ်ပြင်းသော မြွေကိုပင် သီလရှိသော မြွေဟူ၍ မညှဉ်းဆဲအပ်” –ဟု သီလ၏ ဂုဏ်ကကျေးဇူးကို ချီးမွမ်းပြီးလျှင် မင်းကြီးကို ရဟန်းပြုရန် ခွင့်ပန်ကာ သွားလေ၏။ သားတစ်ပမာ ယင်းတဏှာ ထိုအခါ တစ်နေ့သ၌ စွန်တစ်ကောင်သည် အမဲစျေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံလေ၏။ အခြား စွန့်တို့သည် ၀န်းရံကာ ထိုးဆိတ်ကြကုန်၏။ ထိုသားတစ်ချီ၍ ပျံသော စွန်သည် သည်းမခံနိုင်သဖြင့် သားတစ်ကို စွန့်ချလေ၏။ စွန်တစ်ကောင်သည် ထိုသားတစ်ကိုချီ၍ ပျံပြန်၏။ အခြားစွန်တို့ ထိုးဆိတ်ကြပြန်လျှင် သည်းမခံနိုင်သဖြင့် စွန့်ချပြန်၏။ အခြားစွန်သည် ချီ၍ပျံပြန်၏။ ထိုးဆ်ိတ်ကြပြန်သဖြင့် စွန့်ချရပြန်၏။ ဤသို့လျှင် သားတစ်ရှိသော ငှက်သည် ဆင်းရဲ၏။ သားတစ် မရှိသော ငှက်သည် ချမ်းသာ၏။ ဤကာမသည်ကား သားတစ်နှင့်တူ၏။ ထိုကာမကို ယူဆောင်သူတို့သည် ဆင်းရဲကုန်၏။ စွန့်ပစ်သူတို့သည် ချမ်းသာကုန်၏။ “အချင်းတို့ … လောက၌ စွန်အား နှုတ်သီးဖြင့် ချီ၍ထားသော သားတစ်ရှိသမျှ ကာလပတ်လုံး ထိုစွန်ကို အခြား စွန်အပေါင်းတို့သည် ချဉ်းကပ်ကာ ထိုးဆိတ်ကုန်၏။ သားတစ်မရှိသော စွန်ကို အခြားစွန်အပေါင်းတို့သည် မထိုးဆိတ်ကြကုန်” –ဟု ကြံစည်တွေးတောလျက် သွားရာခရီးအကြား၀ယ် ရွယ်ငယ်သို့ ညချမ်းသာအခါရောက်၍ အိမ်တစ်အိမ်တွင် အိပ်လေ၏။ ထိုအိမ်၌လည်း ပိင်္ဂလာမည်သော ကျွန်မသည် ညဉ့်အခါလာရန် ယောက်ျားတစ်ယောက်နှင့် အချိန်းအချက်ပြုပြီးလျှင် အရှင်တို့ကို ၀တ်ကြီး၀တ်ငယ်ကိုပြု၍ အရှင်တို့ အိပ်လတ်သော် ထိုချိန်းချက်သော ယောက်ျား လာလိမ့်မည်ဟု မျှော်မှန်းကာ တံခါးခုံ၌ မအိပ်ဘဲ ထိုင်လျက် စောင့်နေခဲ့ရာ မိုးလင်းသောအခါရောက်မှ မလာမှန်းသိ၍ လျောင်းကာ အိပ်ပျော်လေ၏။ အာသာစွန့်မှ ချမ်းသာရ ထိုအခါ ပုရောဟိတ်သည် ထိုအကြောင်းကိုမြင်၍ ဤကျွန်မသည် ချိန်းချက်ထားသောယောက်ျား လာလိမ့်မည်ဟူသော အမှတ်ဖြင့် ဤမျှလောက် ကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ ထိုယောက်ျား မလာမှန်းသိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်ရလေ၏။ ထိုကြောင့် ကိလေသာတို့၌ တောင့်တခြင်း အာသာရှိသောသူသည် ဆင်းရဲ၏၊ အာသာမရှိသောသူသည် ချမ်းသာ၏။ “အချင်တို့ … အာသာပြတ်ခြင်းကြောင့် ချမ်းသာသွာ အိပ်ရ၏၊ အာသာအကျိုးကို ရခြင်းသည် ချမ်းသာ၏၊ ပိင်္ဂလာ မည်သော ကျွန်မသည် အာသာပြတ်ချင်းကိုပြု၍ ချမ်းသာသွာ အိပ်ရ၏” –ဟု ကြံစည်ပြန်၏။ ပုဏ္ဏားသည် နက်ဖြန် ထိုရွာမှထွက်၍ တောသို့၀င်လတ်သော် စျာန်၀င်စားနေသော ရသေ့တစ်ပါးကို မြင်ပြန်လျှင် - “အချင်တို့ … ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော လောက၌ သမာဓိထက် လွန်မြတ်သော သုခတရား မရှိ၊ တည်ကြည်သူကား သူတစ်ပါးကို လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း မညှဉ်းဆဲပေ” –ဟု ကြံစည်ပြန်၏။ ဤသို့ ကြံစည်ပြီးလျှင် ပုရောဟိတ်သည် တော်သို့၀င်၍ ရသေ့ရဟန်း ပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေလျက် မယုတ်သောစျာန် ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားလေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - · ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ကာမယူသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။ (၂) အာသာရှိသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။ (၃) သမာဓိသာ၊ မွန်မြတ်စွာ၊ ချမ်းသာယုခမည်။ (၄) ကိုယ်, သူတစ်ပါး၊ မညှဉ်းငြား၊ မှတ်သားတည်သူမည်။ သီလဝီမံသဇာတ် ပြီး၏။ အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 ကောက်နုတ်ချက် မဟာပညာဗလပဌမကျော်ဦးကြီးဖေ ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၅၈၃ - ၅၈၄) ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ page မှ ကူးယူဖော်ပြပါသည်။ အရှင်ဣန္ဒောဘာသ (ဓမ္မသုတ)🙏🙏🙏 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏 ➡ သီလဝီမံသဇာတျ ⭐⭐⭐⭐⭐ သီလကို စုံစမျးလို၍ ရှှပေနျးထိပျသညျအိမျမှ ဆကျကာ ဆကျကာ အသပွာ ခိုးယူသော ပုရောဟိတျ ပုဏ်ဏားအကွောငျး။ ပစ်စုပ်ပနျ၀တ်ထု သီလကွောငျးပွု စုံစမျးမှု နတျလူတို့ဆရာဖွဈတောျမူသော မွတျစှာဘုရားသညျ ဇတေ၀နျကြောငျး၌ သီတငျးသုံးတောျမူစဉျ သီလကို စုံစမျးသော ပုဏ်ဏားကို အကွောငျးပွု၍ အောကျပါအတိတျဇာတျကို ဆောငျတောျမူသတညျး။ ။ [ပစ်စုပ်ပနျ၊ အတိတျ၀တ်ထုတို့သညျ အောကျ၌ဆိုအပျပွီးသော ဇာတျတို့နှင့ျ တူကုနျပွီ။] အတိတျ၀တ်ထု ပုဏ်ဏားစုံစမျး သီလစှမျး လှနျလပွေီးသောအခါ ဗာရာဏသီပွညျ၀ယျ ဗွဟ်မဒတျမငျး မငျးပွုသညျရှိသောျ ဘုရားအလောငျးသညျ ထိုဗွဟ်မဒတျမငျး၏ ပုရောဟိတျပုဏ်ဏား ဖွဈလေ၏။ ထိုပုရောဟိတျပုဏ်ဏားသညျ တဈနေ့သ၌ သီလကို စုံစမျးလိုသညျဖွဈ၍ နှဈရကျ၊ သုံးရကျတို့ပတျလုံး ရှှပေနျးထိမျသညျ၏ ပဉြျပွားမှ အသပွာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတျပုဏ်ဏားကို သူခိုးဟု ဖမျး၍ မငျးကွီးအား ပွကွကုနျ၏။ မငျးကွီးထံသို့ရောကျလြှငျ ပုရောဟိတျပုဏ်ဏားသညျ - “အခငြျးတို့ … လောက၌ သီလသညျသာ ကောငျးသတတျ၊ သီလသညျသညျ မှနျမွတျသတတျ၊ ကွည့ျရှုကွကုနျ၊ အဆိပျပွငျးသော မွှကေိုပငျ သီလရှိသော မွှဟေူ၍ မညှဉျးဆဲအပျ” –ဟု သီလ၏ ဂုဏျကကြေးဇူးကို ခြီးမှမျးပွီးလြှငျ မငျးကွီးကို ရဟနျးပွုရနျ ခှငျ့ပနျကာ သှားလေ၏။ သားတဈပမာ ယငျးတဏှာ ထိုအခါ တဈနေ့သ၌ စှနျတဈကောငျသညျ အမဲစြေးမှ သားတဈကိုခြီ၍ ကောငျးကငျ၌ ပြံလေ၏။ အခွား စှနျ့တို့သညျ ၀နျးရံကာ ထိုးဆိတျကွကုနျ၏။ ထိုသားတဈခြီ၍ ပြံသော စှနျသညျ သညျးမခံနိုငျသဖွငျ့ သားတဈကို စှနျ့ခလြေ၏။ စှနျတဈကောငျသညျ ထိုသားတဈကိုခြီ၍ ပြံပွနျ၏။ အခွားစှနျတို့ ထိုးဆိတျကွပွနျလြှငျ သညျးမခံနိုငျသဖွငျ့ စှနျ့ခပြွနျ၏။ အခွားစှနျသညျ ခြီ၍ပြံပွနျ၏။ ထိုးဆျိတျကွပွနျသဖွင့ျ စှနျ့ခရြပွနျ၏။ ဤသို့လြှငျ သားတဈရှိသော ငှကျသညျ ဆငျးရဲ၏။ သားတဈ မရှိသော ငှကျသညျ ခမြျးသာ၏။ ဤကာမသညျကား သားတဈနှင့ျတူ၏။ ထိုကာမကို ယူဆောငျသူတို့သညျ ဆငျးရဲကုနျ၏။ စှနျ့ပဈသူတို့သညျ ခမြျးသာကုနျ၏။ “အခငြျးတို့ … လောက၌ စှနျအား နှုတျသီးဖွင့ျ ခြီ၍ထားသော သားတဈရှိသမြှ ကာလပတျလုံး ထိုစှနျကို အခွား စှနျအပေါငျးတို့သညျ ခဉြျးကပျကာ ထိုးဆိတျကုနျ၏။ သားတဈမရှိသော စှနျကို အခွားစှနျအပေါငျးတို့သညျ မထိုးဆိတျကွကုနျ” –ဟု ကွံစညျတှေးတောလကြျ သှားရာခရီးအကွား၀ယျ ရှယျငယျသို့ ညခမြျးသာအခါရောကျ၍ အိမျတဈအိမျတှငျ အိပျလေ၏။ ထိုအိမျ၌လညျး ပိငျ်ဂလာမညျသော ကြှနျမသညျ ညဉျ့အခါလာရနျ ယောကျြားတဈယောကျနှင့ျ အခြိနျးအခကြျပွုပွီးလြှငျ အရှငျတို့ကို ၀တျကွီး၀တျငယျကိုပွု၍ အရှငျတို့ အိပျလတျသောျ ထိုခြိနျးခကြျသော ယောကျြား လာလိမျ့မညျဟု မြှောျမှနျးကာ တံခါးခုံ၌ မအိပျဘဲ ထိုငျလကြျ စောငျ့နခေဲ့ရာ မိုးလငျးသောအခါရောကျမှ မလာမှနျးသိ၍ လြောငျးကာ အိပျပြောျလေ၏။ အာသာစှနျ့မှ ခမြျးသာရ ထိုအခါ ပုရောဟိတျသညျ ထိုအကွောငျးကိုမွငျ၍ ဤကြှနျမသညျ ခြိနျးခကြျထားသောယောကျြား လာလိမျ့မညျဟူသော အမှတျဖွငျ့ ဤမြှလောကျ ကာလပတျလုံး ထိုငျလကြျနေ၏။ ယခုအခါ ထိုယောကျြား မလာမှနျးသိ၍ အာသာပွတျရကား ခမြျးသာစှာ အိပျရလေ၏။ ထိုကွောငျ့ ကိလသောတို့၌ တောငျ့တခွငျး အာသာရှိသောသူသညျ ဆငျးရဲ၏၊ အာသာမရှိသောသူသညျ ခမြျးသာ၏။ “အခငြျတို့ … အာသာပွတျခွငျးကွောင့ျ ခမြျးသာသှာ အိပျရ၏၊ အာသာအကြိုးကို ရခွငျးသညျ ခမြျးသာ၏၊ ပိငျ်ဂလာ မညျသော ကြှနျမသညျ အာသာပွတျခငြျးကိုပွု၍ ခမြျးသာသှာ အိပျရ၏” –ဟု ကွံစညျပွနျ၏။ ပုဏ်ဏားသညျ နကျဖွနျ ထိုရှာမှထှကျ၍ တောသို့၀ငျလတျသောျ စြာနျ၀ငျစားနသေော ရသေ့တဈပါးကို မွငျပွနျလြှငျ - “အခငြျတို့ … ပစ်စုပ်ပနျ၊ တမလှနျ နှဈတနျသော လောက၌ သမာဓိထကျ လှနျမွတျသော သုခတရား မရှိ၊ တညျကွညျသူကား သူတဈပါးကို လညျးကောငျး၊ မိမိကိုယျကို လညျးကောငျး မညှဉျးဆဲပေ” –ဟု ကွံစညျပွနျ၏။ ဤသို့ ကွံစညျပွီးလြှငျ ပုရောဟိတျသညျ တောျသို့၀ငျ၍ ရသေ့ရဟနျး ပွုပွီးလြှငျ စြာနျအဘိညာဉျကို ဖွဈစလေကြျ မယုတျသောစြာနျ ရှိသညျဖွဈ၍ သလှေနျသောအခါ ဗွဟ်မာပွညျသို့ လားလေ၏။ ဇာတျပေါငျး ဤသို့လြှငျ မွတျစှာဘုရားသညျ အတိတျ၊ ပစ်စုပ်ပနျ နှဈတနျသော ဝတ်ထုတို့ကို အနုသန်ဓေ ဆကျစပျတောျမူလကြျ - ရဟနျးတို့ - · ထိုအခါ ပုရောဟိတျပုဏ်ဏားသညျ - ယခုအခါ ငါဘုရားဖွဈလာပွီ - ဟု ဇာတျကို ပေါငျးတောျမူသတညျး။ ဆောငျပုဒျ (၁) ကာမယူသူ၊ ဆငျးရဲပူ၊ စှနျ့သူ ခမြျးသာသညျ။ (၂) အာသာရှိသူ၊ ဆငျးရဲပူ၊ စှန့ျသူ ခမြျးသာသညျ။ (၃) သမာဓိသာ၊ မှနျမွတျစှာ၊ ခမြျးသာယုခမညျ။ (၄) ကိုယျ, သူတဈပါး၊ မညှဉျးငွား၊ မှတျသားတညျသူမညျ။ သီလဝီမံသဇာတျ ပွီး၏။ အားလုံးပဲ့ မငျ်ဂလာပါ 🙏🙏🙏 ကောကျနုတျခကြျ မဟာပညာဗလပဌမကြောျဦးကွီးဖေ ငါးရာ့ငါးဆယျနိပါတျတောျစကားပွေ (နှာ ၅၈၃ - ၅၈၄) ငါးရာ့ငါးဆယျနိပါတျတောျစကားပွေ page မှ ကူးယူဖောျပွပါသညျ။ အရှငျဣန်ဒောဘာသ (ဓမ်မသုတ)🙏🙏🙏 🙏ခရီး သညျ မြားအားလုံးပဲ့ မငျ်ဂလာပါ ခငျဗြာ 🙏 🙏ပွနျလညျမြှဝသေူ ခရီး သညျ 🙏
via အလင်းရောင် ဓမ္မ https://ift.tt/2Lvo4cu
#သင်္ခါရတရားပျက်တယ်လို့သိအောင်လုပ် •••• ➖➖➖➖➖➖➖➖➖➖➖➖ #မိုးကုတ်ဆရာတော်ဘုရားကြီး ➖➖➖➖➖➖➖➖➖ 🔵 အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာ သင်္ခါရ ၊ မပိုင်မဆိုင်လို့ ပျက်သွားတာ သင်္ခါရ ၊ အဲဒီလို ဥာဏ်နဲ့ သိရတယ် ၊ အဲဒီလို သိတော့ ••• ငါ ၊ သူတစ်ပါး ၊ ယောက်ျား ၊ မိန်းမလို့ စွဲနေတဲ့ သက္ကာယ ဒိဋ္ဌိပြုတ်သွားတာပဲ ၊ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးတယ် ၊ #သင်္ခါရပျက်တာမမြင်ရင်_ဒိဋ္ဌိမကွာဘူး ••• ငါစွဲ ၊ ငါ့ဥစ္စာစွဲ မပျောက်ဘူး ၊ ဒီအစွဲမပျောက်ရင် ••• ဒကာတို့ သေရင် လိုက်မပို့နဲ့တော့ ••• အပါယ်တန်း သွားမယ်ဆိုတာ မှတ်ကြတော့ ။ 🔵 " ဘယ်စိတ်ပေါ်ပေါ် ကြည့်ပေးရမယ် ၊ ပေါ်လာတာ သင်္ခါရ ၊ ပျက်သွားတာ အနိစ္စ ၊ ဒါကို ဥာဏ်နဲ့ မြင်ဖို့ အရေးကြီးတယ် ၊ ဒွါရခြောက်ခုက ပေါ်လာသမျှ ဒီအတိုင်း မြင်အောင် ကြည့်ပေးကြ ၊ ⏩ ကြားစိတ်ကလေး ပေါ်လာလည်း ဖြစ်ပြီး ပျက်သွားတာ မြင်အောင် ဥာဏ်နဲ့သာ ကြည့်ပေးကြ ၊ နှာခေါင်းက နံစိတ် ၊ လျှာက စားသိစိတ် ၊ ကိုယ်ကလည်း တွေ့သိစိတ် ၊ မနောကလည်း ကြံစည်စိတ် ၊ တွေးတောစိတ် တစ်ခုခုတော့ ပေါ်မှာပဲ ၊ ပေါ်ရာကို မလွတ်အောင် ကြည့်ကြ ။ ⏩ ပေါ်လာတဲ့ တရားက သင်္ခါရ ၊ ပျက်သွားတာက အနိစ္စ ၊ ဥာဏ်နဲ့ ကြည့်တဲ့အခါ မရှိတာကို သိရမယ် ၊ တစ်ခုမပေါ်ရင် တစ်ခုပေါ်မှာပဲ ၊ ပေါ်ရာကို မလွတ်တမ်း ကြည့်ပေး ၊ လွတ်သွားတာနဲ့ တပြိုင်နက် ကိလေသာ တောထတာနဲ့ တချက်ထဲပဲ ဆိုတာ မှတ်ကြ ၊ ဒီလို ဥာဏ်နဲ့ ကြည့်တော့ ဒါဟာ ငါမဟုတ်ဘူး ၊ သင်္ခါရတရားပဲလို့ သိရမယ် ၊ ဒီသင်္ခါရလေးရဲ့ အဖြစ်ကို သိတော့ အပျက်ကိုလည်း သိတော့တာပဲ ၊ ရှုတဲ့ ဥာဏ်က နောက်ကနေ ဒီအတိုင်းသိ သိနေဖို့ပါ ၊ ဒီလို နောက်ဥာဏ်က တွေးတော သိမြင်တာဟာ ဝိပဿနာ သမ္မာဒိဋ္ဌိ အမြင်ပဲလို့ မှတ်လိုက်ကြ ။ 🔵 " #ဝိပဿနာရှုတယ်ဆိုတာ •••• #သင်္ခါရတရားပျက်တယ်လို့_သိအောင်••• #လုပ်နေရတဲ့အလုပ်ပဲဆိုတာမှတ်ကြ " ⏩ အဆင်းကြောင့် ပေါ်လာတဲ့စိတ် ၊ အသံကြောင့် ပေါ်လာတဲ့စိတ် ၊ အနံ့ကြောင့် ပေါ်လာတဲ့စိတ် ၊ အချို အချဉ်ကြောင့် ပေါ်လာတဲ့စိတ် ၊ အတွေ့ကြောင့် ပေါ်လာတဲ့စိတ် ၊ တစ်ခုခုကြောင့် ပေါ်လာတဲ့ ဓမ္မလေးဟာ သင်္ခါရလေးပဲ ဆိုတာမှတ် ၊ အကြောင်းကြောင့် ပေါ်လာတဲ့ဟာ သင်္ခါရချည်းပဲ ၊ ဒီလို ပေါ်လာသမျှ ပျက်တာချည်းပဲလို့ မှတ်ကြတော့ ။ 🔵 ဒါကြောင့် " သဗ္ဗေသင်္ခါရာ••• ဒကာတို့ သန္တာန် ပေါ်လာကြတဲ့ သင်္ခါရဟူသမျှတွေသည် အနိစ္စာ ••• အပျက်ချည်းမှာသာ လမ်းဆုံးကြရပေကုန်၏လို့ ဘုရားဟောတော်မူတာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ ၊ ဒီအခါ ဒကာတို့က " ယဒါပညာယ ပဿတိ " ••• ဖြစ်အောင် လုပ်ကြရမယ်တဲ့ ၊ " ယဒါ ••• သင်္ခါရတရားက အပျက်ချည်းသာ ပြနေသည် ၊ အကြင်အခါ၌ ပညာယ ••• ဝိပဿနာ ရှုဥာဏ်ဖြင့် ပဿတိ ••• ရှုမြင်ရ၏ " သူ့သဘာဝ အမှန်ကို မြင်အောင် ကြည့်ပေးကြရမယ်တဲ့ " " ဝိပဿနာ ဖြစ်ပျက်ကို ကြိုးစားရှုကြ ၊ ဖြစ်တာ ပျက်တာ မြင်အောင်ကြည့် ၊ ဖြစ်ပြီး မရှိဘူးဆိုတာ မြင်ရင် တော်ပြီ ၊ ရှေ့ဆက်ပြီး ကြိုးစားသာ ရှုကြတော့ " ⏩ ဝိပဿနာ တရားမှသာ ဒိဋ္ဌိကိလေသာကို နိုင်နိုင်တယ် ၊ ဝိပဿနာမှသာ သာသနာတွင်း တရားအစစ်မှန်တယ် ၊ ဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိသည် အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိအမိုက်အမှားကို စင်ကြယ်စေတတ်တယ် ဆိုတာ မှတ်ရမယ် ၊ ဒီတော့ ဝိပဿနာ ရှုတဲ့နေ့ဟာ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိအမိုက်အမှား စင်တဲ့နေ့ပဲ ဆိုတာ မှတ်ကြ ၊ သဘောပါကြရဲ့လား ၊ ကိုင်း ကြိုးစားကြ •••• ။ #စေတနာမေတ္တာများစွာဖြင့် #ဦးကြည်စံ
via အလင်းရောင် ဓမ္မ https://ift.tt/2Pqx6su
နှလုံးသားလှသူနှင့် နှလုံးသားညစ်သူ ••••••••••••••••••••••••••••••••••• နှလုံးသားလှသူက အရာရာကို လှတယ်လို့ မြင်ပေမဲ့ နှလုံးသားညစ်သူကတော့ အရာရာ အကျည်းတန်နေလိမ့်မယ်။ နှလုံးသားလှသူက အရာရာကို နားလည် ပေးနိုင်စွမ်းပေမဲ့ နှလုံးသားညစ်သူကတော့ အရာရာကို အပြစ်မြင်နေလိမ့်မယ်။ နှလုံးသားလှသူက အရာရာကို ကွက်လပ် ဖြည့်တွေးပေမဲ့ နှလုံးသားညစ်သူကတော့ အရာရာ အပေါက်တွေ မြင်လိမ့်မယ်။ နှလုံးသားလှသူက အရာရာနဲ့ လိုက်လျော ညီထွေနေနိုင်ပေမဲ့ နှလုံးသားညစ်သူကတော့ အရာရာနဲ့ ဆန့်ကျင်နေလိမ့်မယ်။ နှလုံးသားလှသူအတွက် လေမုန်တိုင်းဟာ ညင်သာနေတတ်ပြီး နှလုံးသားညစ်သူ အတွက်တော့ လေပြေဟာလည်း မုန်တိုင်း ထန်နေလိမ့်မယ်။ နှလုံးသားလှသူအတွက် ခွင့်လွှတ်ခြင်းဟာ လက်နက်ဖြစ်ပေမဲ့ နှလုံးသားညစ်သူအတွက် တော့ လက်စားခြေခြင်းက လက်နက်ဖြစ်နေ လိမ့်မယ်။ နှလုံးသားလှသူအတွက် အပြုံးဟာ အဆောင် ဖြစ်ပေမဲ့ နှလုံးသားညစ်သူအတွက်တော့ မျက်စောင်းဟာ အဆောင်ဖြစ်နေလိမ့်မယ်။ နှလုံးသားလှသူက ကလေးကိုလည်း တန်ဘိုးထားပေမဲ့ နှလုံးသားညစ်သူကတော့ လူကြီးကိုတောင် စော်ကားလိမ့်မယ်။ နှလုံးသားလှသူက သူများခံစားချက်ကို ထည့်တွက်ပေမဲ့ နှလုံးသားညစ်သူကတော့ ကိုယ့်ခံစားချက်သာ ဦးစားပေးလိမ့်မယ်။ နှလုံးသားလှသူက စည်းကမ်းဆို လိုက်နာ တတ်ပေမဲ့ နှလုံးသားညစ်သူကတော့ စည်းကမ်းကို မုန်းလိမ့်မယ်။ နှလုံးသားလှသူက တရားဆိုကြည်ညို တတ်ပေမဲ့ နှလုံးသားညစ်သူကတော့ တရားဆို နားခါးနေလိမ့်မယ်။ နှလုံးသားလှသူက ရင်ထဲမှာတောင် ဘုရားတည်ပေမဲ့ နှလုံးသားညစ်သူက ဘုရားစင်တောင် ဖျက်ဆီးပစ်လိမ့်မယ်။ သင့်နှလုံးလှဖြင့် လောကကို အလှဆင်နိုင်ပါစေ။ အရှင်သုစိတ္တ (မော်ကျွန်း) Via : Parallel
via အလင်းရောင် ဓမ္မ https://ift.tt/33YZszr
စရိုက်ကြမ်းရင် မိုက်ကန်းတတ်တယ် ----------------------------------------- ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ အတွက် နောက်အရည်အသွေး တစ်ခုကတော့ … “ကိုယ် နှုတ် စိတ် မကြမ်းတမ်းခြင်း ကိုယ် နှုတ် စိတ် သိမ်မွေ့ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။ “ကိုယ်ကြမ်း နှုတ်ကြမ်း စိတ်ကြမ်း” ဆိုတဲ့ အကြမ်းသုံးမျိုးဟာ လူသားတွေရဲ့ ဘဝကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အလှဖျက် တရားတွေ ဖြစ်ပါတယ်။ ရုပ်ရည် ဘယ်လောက်ပဲလှလှ… အသားအရေဘယ်လောက်ပဲနုနု… ကိုယ် နှုတ် စိတ်အမူအရာ ကြမ်းနေပြီဆိုရင် အဲဒီလူဟာ ကျက်သရေ လုံးဝမရှိတော့ပါဘူး။ သူ့စိတ် သူ့ဘဝဟာလည်း ဘယ်တော့မှ မငြိမ်းအေးနိုင်ပါဘူး။ ကိုယ်အမူအရာနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေကိုလုပ်ရင် ကိုယ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အပြုအမူတွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေပါ။ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိုယ်အပြုအမူတွေကို ရှောင်ကြဉ်ပြီး… လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ ကာယကံပိုင်းဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေနဲ့ အညီ… အခြေအနေ အချိန်အခါအားလျော်စွာ ပုဂ္ဂိုလ် အနေအထား အားလျော်စွာ ပြုမူနေထိုင်တတ် မယ်ဆိုရင် ကိုယ်သိမ်မွေ့တယ်လို့ ခေါ်ပါတယ်။ နှုတ်အမူအရာနဲ့ မပြောသင့် မပြောထိုက်တဲ့ စကားတွေကိုပြောရင် နှုတ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့်စကားတွေဟာ မပြောသင့် မပြောထိုက်တဲ့ စကားတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ရိုင်းပျပျ စကားတွေဟာ မပြောသင့် မပြောထိုက်တဲ့ စကားတွေပါ။ မပြောသင့်မပြောထိုက်တဲ့ စကားတွေကို ရှောင်ကြဉ်ပြီး… လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ၀စီကံပိုင်းဆိုင်ရာ ကျင့်၀တ်စည်းကမ်းတွေနဲ့အညီ အခြေအနေ အချိန်အခါ အားလျော်စွာ ပုဂ္ဂိုလ် အနေအထားအားလျော်စွာ ပြောဆိုဆက်ဆံ တတ်မယ်ဆိုရင် နှုတ်သိမ်မွေ့တယ် လို့ ခေါ်ပါတယ်။ စိတ်အမူအရာနဲ့ မကြံစည်သင့် မကြံစည်ထိုက် တဲ့ အတွေးအကြံတွေကို ကြံစည်ရင် စိတ်ကြမ်းတယ် လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး သို့မဟုတ် မိမိသူတစ်ပါး နှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အတွေးအကြံတွေဟာ… မကြံစည်သင့် မကြံစည်ထိုက်တဲ့ အတွေးအကြံတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ရိုင်းပျပျ အတွေးအကြံတွေဟာ မကြံစည်ထိုက်တဲ့ အတွေးအကြံ တွေပါ။ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အတွေးအကြံတွေကို ရှောင်ကြဉ်ပြီး လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ မနောကံပိုင်းဆိုင်ရာကျင့်၀တ်စည်းကမ်းတွေ နဲ့အညီ … အခြေအနေအချိန်အခါ အားလျော်စွာ ပုဂ္ဂိုလ်အနေအထား အားလျော်စွာ ကြံစည် တွေးတောတတ်မယ်ဆိုရင် စိတ်သိမ်မွေ့တယ် လို့ ခေါ်ပါတယ်။ ရှေးလူကြီးသူမတွေက လူတစ်ယောက် ကိုယ်အမူအရာကြမ်းရင် သူ့အဖေကြမ်းလို့ လူတစ်ယောက်နှုတ်အမူအရာကြမ်းရင် သူ့အမေကြမ်းလို့ လို့ပြောဆိုလေ့ရှိကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကြမ်း နှုတ်ကြမ်းမှုကြောင့် ကိုယ့်အဖေ ကိုယ့်အမေမှာ ဂုဏ်သိက္ခာ ထိခိုက်ရပါတယ်။ လူတစ်ယောက် ကိုယ်ကြမ်းတာဟာ သူ့အဖေကြမ်းလို့ကြောင့်မှ မဟုတ်ဘဲ အမေကြမ်းလို့ကြောင့်လည်း ဖြစ်နိုင် သလို… လူတစ်ယောက် နှုတ်ကြမ်းတာဟာ သူ့အမေကြမ်းလို့ကြောင့်မှ မဟုတ်ဘဲ အဖေကြမ်းလို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မိဘကြမ်းတိုင်း သားသမီးကြမ်းတာ မဟုတ်ပါဘူး။ မိဘကြမ်းပေမယ့် သားသမီး သိမ်မွေ့နိုင်သလို… မိဘ သိမ်မွေ့ပေမယ့်လည်း သားသမီး ကြမ်းနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်နှုတ်စိတ် ကြမ်းတမ်းပြီ ဆိုရင်တော့ မိမိရဲ့ မိဘ ဆွေမျိုး ဆရာသမား ပတ်ဝန်းကျင်ရဲ့ဂုဏ်သိက္ခာ အနည်းနဲ့အများ ထိခိုက်ညှိုးနွမ်းရမှာ သေချာပါတယ်။ အဓိကကတော့ မိမိရဲ့ ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းခြင်းပါပဲ။ စိတ်ရင်း ဘယ်လောက်ကောင်းကောင်း သူများကို ဘယ်လောက် ကူညီ ကူညီ ကိုယ်ကြမ်း နှုတ်ကြမ်း စိတ်ကြမ်း ဖြစ်နေမယ်ဆိုရင် … သူ့ရဲ့ဂုဏ်သိက္ခာဟာ အပြည့်အဝ မပေါ်လွင်တော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ပေါ်လွင်ပါတော့တယ်။ သူ့ရဲ့ ကျေးဇူးတရားဟာလည်း အပြည့်အဝ မထင်ရှားတော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ထင်ရှားပါတော့တယ်။ “တို့က ဝုန်းဝုန်းဒိုင်းဒိုင်း အလုပ်အကိုင် ကြမ်း ပေမယ့် စိတ်ထားက နူးညံ့ပါတယ် ” “တို့က ဘွင်းဘွင်းရှင်းရှင်း အပြောအဆို ကြမ်းပေမယ့် စိတ်ရင်းက ကောင်းပါတယ်” ဆိုတဲ့ ဂုဏ်ယူစကားတွေဟာ တကယ်တော့ “မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ” ဆိုတဲ့ စာရင်းထဲ သွင်းရမယ့် နှစ်ထစ်ခွစကား တွေပါပဲ။ ကံကောင်းထောက်မလို့ စိတ်ထားနူးညံတယ်။ စိတ်ရင်းကောင်းတယ်ပဲထား။ ကိုယ့်ရဲ့ ကိုယ်ကြမ်း နှုတ်ကြမ်းမှုကြောင့် တစ်ဖက်သားမှာ စိတ်ချမ်းသာမှု မရနိုင်တာ ကတော့ သေချာပါတယ်။ ကိုယ်နှုတ်ကြမ်းသလောက် စိတ်ပါကြမ်းပြီ ဆိုရင်တော့ ကိုယ်နဲ့ပတ်သက်ဆက်ဆံရသူ အားလုံး အကြီးအကျယ် စိတ်ဆင်းရဲနေရ တော့မှာပါပဲ။ ကိုယ်ကြမ်း နှုတ်ကြမ်းသူဟာ သူ့စိတ်နဲ့မတည့် တဲ့တစ်နေ့မှာ သူတစ်ပါးအကျိုး ပျက်စီးလောက် အောင် စိတ်မကြမ်းဘူးလို့ ဘယ်သူအာမခံ နိုင်ပါ့မလဲ။ ကိုယ် နှုတ်ဆိုတာ စိတ်ရဲ့ ပုံရိပ်တွေဖြစ်လို့ ကိုယ်ကြမ်း နှုတ်ကြမ်း သူရဲ့စိတ်ကို နူးညံ့ပါ တယ်လို့ ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ။ စိတ်ကြမ်းရင် ကိုယ်နှုတ်ကြမ်းပါတယ်။ စိတ်သိမ်မွေ့ရင် ကိုယ်နှုတ် သိမ်မွေ့ပါတယ်။ စိတ်ကို သိမ်မွေ့စေတဲ့ တရားတွေထဲမှာ သတိပဋ္ဌာန်တရားဟာ အစွမ်းအထက်ဆုံးပါပဲ။ သတိပဋ္ဌာန်ပွားသူရဲ့ စိတ်မှာ ကိလေသာ အကြမ်းအတမ်းတွေ ကင်းရှင်းနေလို့ စိတ်လည်း သိမ်မွေ့ပါတယ်။ ပြောသင့် မပြောသင့် စဉ်းစားပြီးမှပြောတယ်။ ပြောတော့လည်း အမှတ်သတိနဲ့ ရှုမှတ်ပြီး ပြောတယ်ဆိုတော့ နှုတ်လည်း သိမ်မွေ့ပါတယ်။ လုပ်သင့် မလုပ်သင့် စဉ်းစားပြီးမှလုပ်တယ်။ လုပ်တော့လည်း အမှတ်သတိနဲ့ လုပ်တယ် ဆိုတော့ ကိုယ်လည်း သိမ်မွေ့ပါတယ်။ ကိုယ်နှုတ်စိတ် သိမ်မွေ့သူဟာ ကိုယ်ကိုယ်တိုင် လည်း အလိုလိုနေရင်း စိတ်ချမ်းသာသလို… ကိုယ့်ကြောင့် စိတ်ချမ်းသာသွားတဲ့ ပတ်၀န်း ကျင်ရဲ့ မေတ္တာတုံ့ပြန်မှုကိုလည်း ရတဲ့အတွက် ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ရပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) CRD ~
via အလင်းရောင် ဓမ္မ https://ift.tt/358IdgF
❝ဘုရားလောင်း အလုပ်/လုပ်နည်းလမ်း ၅မျိုး ❞ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ✪ ပြည့်စုံတဲ့ဘဝတစ်ခုသို့ " ဘုန်းကြီးတို့အသက်(၈၀)ကျမှ တော်တော်များများ ပြည့်စုံတာဗျာ။ ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။ ဘုရားအလောင်းနည်းလမ်း(၅)မျိုးနဲ့ လုပ်တယ်။ ➊• စိရကာလ ဘာဝနာ … ✧လုပ်ငန်းတစ်ခုကို ကြီးကြီးကျယ်ကျယ်တွေးကြံ အောင်မြင်ဖို့ဆိုတာဟာ အကြာကြီးလုပ်ရတာ။ ခဏတစ်ဖြုတ်လေး လုပ် တော်ကြာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။ ➋• နိရန္တရ ဘာဝနာ …… ✧မရပ်မနားကို လုပ်ရတာ။ ဘုရားအလောင်းသိဒ္ဓတ္ထ ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက အနားယူ အပန်းဖြေတယ်ဆိုတာ စာထဲတွေ့ဖူးလား။ ဥပုသ်နေ့လည်းနားဦးမယ် ရှိလား။ အခုတော့ ဥပုသ်နေ့ဆိုတာနဲ့ စာတွေနားပြီးနေကြတယ်။ ဘုရားအလောင်း ဥပုသ်နေ့နားတယ်ဆိုတာ မရှိပါဘူး။ ဒို့ မနားဘူး။အနားမရှိဘူး အခုထိလုပ်တယ်။ ➌• နိရဝသေသ ဘာဝနာ …… ✧ ကောင်းတယ် ဆိုတဲ့အလုပ် ကောင်းမှု ဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ ဘုရားပန်းကပ်မယ် / ပန်းတော်ကပ်မယ်/ ရေမလဲဘဲ အလုပ်မသွားနဲ့။ ပန်းတော့ ကပ်တယ် ဘုရားခန်း တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ ဆွမ်းတော့ ကပ်တယ်။ ဆွမ်းနဲ့ ထန်းလျှက်ခဲလေးတင် မကပ်နဲ့။ ဟင်းလေးလည်းထည့်။ ကောင်းမှု မှန်သမျှ ဘာမှမကျန်စေနဲ့။ ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။ ✧ အများကြီးပဲ။ ဆေးရုံတွေရော ရေတွေရော ငတ်ပြတ်နေတယ်ဆိုရင်လည်း သွားကျွေးတာပဲ။ ရေနစ်ဆိုလည်း သွားကူတာပဲ။ မီးလောင်လည်း သွားပေးတာပဲ။ ကောင်းမှု မှန်သမျှ အကုန်လုပ်။ အဲ့ဒါ ဘာခေါ်သလဲ- နိရဝသေသ ဘာဝနာ။ ဒို့ကတော့ ဒါလေးပဲ ဆိုရင် အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ ထူးချွန်သွားလိမ့်မယ်။ ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။ ➍• သက္ကစ္စ ဘာဝနာ …… ✧ ရိုရိုသေသေ လေးလေးစားစား လုပ်ကြ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ✧ မင်္ဂလာသုတ်ဖတ်လိုက်ရင် ဘဂဝါ သာဝတ္ထိယံ ဝိဟာရတိ ဇေတဝနေ အနာထပိဏ္ဍိကဿအာရာမေ။ ဘယ်သုတ္တံ ဖတ်ဖတ် အနာထပိဏ္ဍိကဿအာရာမေတွေ များဘူးလား။ ✧ ပုညလက္ခဏဒေဝီအာရာမေ -- ဆိုတာ တစ်သုတ်မှ မရှိဘူး။ ပုညလက္ခဏဒေဝီက အနာထပိဏ်ရဲ့ ဇနီးလေ။ကောင်းမှု နှစ်ယောက်လုပ်တာ တစ်ယောက်ထဲ နာမည်ထွက်တယ်။ တစ်ယောက်က နာမည်ပျောက်နေတယ်။ ✧ ဘာဖြစ်လိုလဲ မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မကျော်ကြားဘူး။ သက္ကစ္စဒါန- လုပ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်လဲ ကျော်ကြားတယ်။ ဒါ့ကြောင့် သက္ကစ္စဘာဝနာ ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်ကြပါ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ✪#နံပါတ်(၅)က #အဘိရတိ ဘာဝနာ …… ✧ ပျော်ပျော်ပါးပါးလုပ်။ ဆရာလေးတွေ သိတာပေါ့ သီတဂူဆိုတာ ရေပေးတာ။ ဆေးရုံဆောက်တာ ဘာလုပ်တာ တရားဟော ဘယ်လောက်ပျော်သလဲ မေးရင် အခုထိ ပျော်တုန်းပဲ။ ပျင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။ ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။ မကောင်းမှုကတော့ ခပ်မြန်မြန် ငြီးငွေ့မှအဆင်ပြေမယ်။ ✧ အဲ့ဒီတော့ တစ်စုံတစ်ခုသော အလုပ်ကို လုပ်မယ်ဆိုရင် ထိပ်တန်းတစ်နေရာ ရောက်ချင်ရင် နည်းငါးပါးနဲ့ ဘုရားအလောင်း လုပ်သလို လုပ်ကြ။ 【ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး】 ❁ အပ္ပမာဒေန သမ္မာဒေထ ❁ ✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦
via အလင်းရောင် ဓမ္မ https://ift.tt/2rdORn4
မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2RrNRWY
Friday, December 6, 2019
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2sPvDEx
via အလင်းရောင် ဓမ္မ https://ift.tt/2rXo923
ဉာဏ်အတက်ခရီးမှ ရန်အဖျက်အဆီးများ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 တစ်ခုသောရေကန်သည် ရှိ၏။ ထိုရေကန်မှ ရေတို့သည် အလွန်ကြည်လင်၏။ အလွန်ငြိမ်သက်၏။ အလွန်သန့်ရှင်း၏။ အလွန်စိမ်းလန်း၏။ လောကကို အလင်းရောင် ဟပ်သောအခါ ထိုကန်ရေပြင်ဝယ် လောကအရိပ်သည် ကောင်းစွာထင်၏။ ထင်သောထိုအရိပ်သည် ကောင်းစွာပေါ်လွင်၏။ ပေါ်လွင်သော ထိုအရိပ်သည် လွန်စွာနက်ရှိုင်း၏။ နက်ရှိူင်း သောထိုအရိပ်သည် လောကသဘာဝကို မှန်ကန်စွာ ပြလေ၏။ တစ်ခုသောရေကန်သည်လည်းရှိ၏။ ထိုရေကန်မှ ရေတို့သည် အလွန်နောက်ကျိ၏။ အလွန်ဆူပွက်လှုပ်ရှား၏။ အလွန်အမှိုက်ပြည့်လျှက် ညစ်ပတ်၏ အလွန် ပုပ်သိုး၏။ လောကကို အလင်းရောင်ဟပ်သော အခါ ထိုကန်ရေပြင်ဝယ် လောကအရိပ်သည် ကောင်းစွာမထင် ထင်သောအရိပ်သည် လွန်စွာမှုန်ဝါး၏။ မှုန်ဝါးသောထိုအရိပ်သည်လည်း ပျက်စီး၏။ ပျက်စီးသော ထိုအရိပ်သည်လည်း ဖောက်ပြန်၏။ ဖောက်ပြန်သော ထိုအရိပ်သည် လောကသဘာဝကို မှားယွင်းစွာသာ ပြလေသည် ။ ဤကား ဥပမာ ဖွစျ၏။ ဉာဏ် ဒဿနကို အလိုရှိ၍ ရှာဖွေရန်အားထုတ်သော ပုဂ္ဂိုလ်သည် ဦးစွာမိမိ၏ စိတ်ကို ပထမ ရေကန်နှင့် တူစွာ ပြုအပ်၏။ စိတ်ကိုကြည်လင်စေအပ်၏။ စိတ်ကိုငြိမ်သက်စေအပ်၏။ စိတ်ကိုသန့်ရှင်းစေအပ်၏။ စိတ်ကို လတ်ဆတ်စေအပ်၏။ သို့မှသာ ပထမ ရေကန်သည် လောကအရိပ်ကို ဟုတ်တိုင်းမှန်စွာ ထင်ဟပ်သကဲ့သို့ ထိုသူ၏ စိတ်သည်လည်း လောကကို ကောင်းစွာ ထင်ဟပ်နိုင်သော ဉာဏ်အလင်းကို ဖြစ်ပေါ်စေသည် ဖြစ်လတ္တံ့ ။ ဉာဏ် ဒဿန စခန်းသို့ တက်လှမ်းသော ခရီးဟူသည် အမြင့်သို့ သွားသော ခရီးဖြစ်၏။ အဆန်သို့ သွားသော ခရီးဖြစ်၏။ သမ္ပတ္တိ { တိုးပွား ပြည့်စုံကြောင်း } ခရီး ဖြစ်၏။ ထိုခရီးသည် ခက်ခဲ၏ ပင်ပန်း၏။ ရန်အန္တရာယ်များ၏ အတားအဆီး များ၏။ ထို့ကြောင့် ဆန့်ကျင်ဘက် ရန်သူတို့နှင့် ကြုံလျှင် မတုန်လှုပ်ဘဲ အခြေမြဲစွာ ရပ်တည်ရန် " ဗိုလျငါးပါး " တရားကို အားကိုးရ၏ ။ ဗိုလျငါးပါး ဟူသညျကား သဒ္ဓါလည်း ဗိုလ်တစ်ပါး ၊ ဝီရိယလည်း ဗိုလ် တစ်ပါး သတိလည်း ဗိုလ်တစ်ပါး ၊ သမာဓိလည်း ဗိုလ် တစ်ပါး၊ ပညာလည်း ဗိုလ် တစ်ပါး ၊ ဤတွင် ဗိုလ် ဆိုသည်မှာ ဆန်ကျင့်ဘက် ရန်သူကို ဖျက်ဆီး ချေမှုန်းနိုင်သော စွမ်းအား သတ္တိပင် တည်း ၊ တစ်နည်းဆိုသော် ရန် အဖျက်အဆီး များသော ဉာဏ်အတက် ခရီးသွားသော အကြင် အရိယာ နွယ်ဝင် ကလျှာဏ ပုထုဇဉ် အဖို့ ယုံကြည်ချက် (သဒ္ဓါ ) သည် ဗိုလ် ဖြစ်၏။ အားထုတ်မှု ( ဝီရိယ ) သည် ဗိုလ် ဖြစ်၏။ စိတ် မြဲမြံမှု ( သတိ ) သည် ဗိုလ် ဖြစ်၏။ စိတ် တည်ငြိမ်မှု ( သမာဓိ ) သည် ဗိုလ် ဖြစ်၏။ စိတ် အမြင်လင်းမှု ( ပညာ ) သည် ဗိုလ် ဖြစ်၏။ ဤကား အပြော ဖြစ်၏။ အပြောကား လွယ်ယောင် ရှိ၏။ အလုပ်ကား လွယ်သည် မဟုတ် အလုပ်စခန်းသို့ ရောက်သောသူအား ယုံကြည်ချက် ( သဒ္ဓါ )ကို၊ တပ်မက်မှု သာယာမှု(တဏှာ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ အားထုတ်မှု(ဝီရိယ)ကို ပျင်းရိမှု ဆုတ်နစ်မှု(ကောသဇ္ဇ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ်မြဲမြံမှု (သတိ)ကို မေ့လျှော့မှု ပေါ့မှု(မုဋ္ဌသစ္စ)က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ် တည်ကြည်မှု (သမာဓိ)ကို၊ ပျံ ့လွင့်မှု ၊ မငြိမ်သက်မှု (ဝိက္ခေပ )က မပျက် ပျက်အောင် ဖျက်လိမ့်မည်။ စိတ် အမြင်လင်းမှု ( ပညာ )ကို လွန်စွာ တွေဝေမှု မှုန်မှိုင်းမှု ( သမ္မောဟ )က မပျက် ပျက်အောင် ဖျက်လိမ့်မည် ။ လောကနိယာမမှာ ရေများလျှင် ရေနိုင်ပါသည်။ မီးများလျှင် မီးနိုင်ပါသည် ။ အကောင်း နှင့် အဆိုး ၊ အယုတ် နှင့် အမြတ် အကျိုး နှင့် အပြစ် ၊ အတက် နှင့် အကျ အဟောင်း နှင့် အသစ် ၊ အဖြစ် နှင့် အပျက် အချစ် နှင့် အမုန်း ၊ ကုသိုလ် နှင့် အကုသိုလ် စသော ဆန့်ကျင်ဘက် တရားတို့ကလည်း နေရာတိုင်း အချိန်တိုင်းမှာ အားပြိုင်၍ နေကြပါသည်။ အားပြိုင်ပွဲ၏ သဘောကား အရှုံးအနိုင်ကို ဆုံးဖြတ်မြဲဖြစ်၏။ အနိုင်၏ အဆုံး အဖြတ်ကားအာသာမှုပင် မဟုတ်လား။ ရန် အဖျက်အစီးများသော ဉာဏ် အတက်ခရီးသွား ယောက်ျားအား အနိုင်ကို လိုသော် အားသာမှုကို မွေးမြူအပ်သည် မဟုတ်လား ။ နောက်ကျုခြင်း လှုပ်ရှား ဆူပွက်ခြင်း ဒိုက် အမှိုက် ဖုံးလွမ်းခြင်းတို့ဖြင့် သိမ်းဆည်းအပ်သော ကန်ရေပြင်၌ လောက အရိပ်သည် မထင်ရှားသကဲ့သို့ လောဘ ဒေါသ မောဟ ဆိုသော အကုသိုလ် စေတသိက်တို့ဖြင့် သိမ်းဆည်းအပ်သော စိတ်မှာလည်း ကြည်လင်ခြင်း မရှိနိုင် အေးမြခြင်းမရှိနိုင် သန့်ရှင်းခြင်း မရှိနိုင်ရကား ထိုစိတ်ရေပြင်ပေါ်တွင်လည်း ဉာဏ် အရိပ်သည် ကောင်းစွာ ထင်ဟပ်နိုင်ခြင်း မရှိသေး။ အတက်ခရီးသို့ သွားသော ဉာဏ ဝါဒီအား လမ်း ထက်ဝက်က ဆီး၍ဖျက်မည့်ရန်သူတို့သည် ရုတ်တရက် ပေါ်လာဦးမည် မုချ ဖြစ်၏။ တခြား ပြင်ပ ရန်သူတွေ မဟုတ် အကြင် ပုဂ္ဂိုလ်၏ ကိုယ်တွင်းက ဖြစ်လာသော နီးကပ်သော ရန်သူများသာ ဖြစ်ကြကုန်၏။ ထို ရန်သူ များကို ရေတွက်သော်ကား ဥပါယာသ ဟူသော ရန်သူလည်း တစ်ပါး၊ ဣဿာ ဟူသော ရန်သူ လည်း တစ်ပါး၊ မစ္ဆရိယ ဟူသော ရန်သူ လည်း တစ်ပါး၊ ကုက္ကုစ္စ ဟူသော ရန်သူ လည်း တစ်ပါး၊ ထိနမိဒ္ဓ ဟူသော ရန်သူ လည်း တစ်ပါး၊ ဝိစိကိစ္ဆာ ဟူသော ရန်သူ လည်း တစ်ပါး၊ ရှင်းဦးအံ့ ။ ဥပါယာသ ကား ပြင်းစွာ စိတ်ဆင်းရဲ ပူဆွေးခြင်းတည်းယူကျုံးမရသော ခံစားမှုတည်း၊ ဆုတ်နစ်သော ဒေါသတည်း၊ ရန်ငြိုးသိုဖွဲ့မှု၏ အခြေ အမြစ်တည်း၊ ကြေကွဲသော ဝေဒနာ တည်း၊ ဆောက်တည်ရာမဲ့ ဖြစ်ခြင်းတည်း၊ တရား ဓမ္မ အမြင် ကင်းမှုတည်း ၊ ဥပါယာသ အားကြီးသူအား ဉာဏ်အလင်းသည် မဖြစ်နိုင်တော့ ။ ဣဿာကား မနာလိုခြင်း ငြူစူခြင်းတည်း၊ သူတစ်ပါး ကြီးပွား ကောင်းစားကြောင်းကို မကြားလို မနာလို မနှစ်သက်ခြင်းတည်း၊ မိမိ ကိုယ်ကို အထင်ကြီးခြင်း မာန တည်း၊ သူတစ်ပါးကို အထင်သေးခြင်း ရှုတ်ချခြင်းတည်း၊ လောဘနှင့် ဒေါသ ရှုပ်ထွေးသော ခံစားမှု တည်း၊ ဣဿာ အားကြီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ မစ္ဆရိယ ကား ဝန်တို ပိတ်ပင်ခြင်း တည်း၊ လောဘကြောင့် ဖြစ်သော စိတ်ယုတ်တည်း၊ သူတစ်ပါး မရစေချင်ခြင်း၊ သူတစ်ပါးမှာ ချို့တဲ့စေချင်ခြင်း၊ သူတစ်ပါး မပြည့်စုံသည်ကိုသာ မြင်လိုခြင်း၊ ကိုယ့်ထက် သာသူအား ပျက်စီးစေလိုခြင်း၊ သူတစ်ပါး၏ အခွင့်အရေးကိုပိတ်ပင်လိုခြင်းတည်း၊ မစ်ဆရိယ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ကုက္ကုစ္စ ကား ၊ နောင်တ ရခြင်းတည်း၊ နောင်တကား အဖန်တလဲလဲ ပူပန်ခြင်းတည်း၊ မိမိ စိတ်က မိမိကိုယ်ကို ညှဉ်းဆဲခြင်းတည်း၊ စိတ် ၏ အကျဉ်းအနှောင် ခံရ မှု တည်း၊ ကျူးလွန်ပြီး အပြစ်ကို တွေးကြောက်ခြင်းတည်း၊ လုပ်ရဲပြီး မခံရဲ ခြင်းတည်း သူရဲဘောကြောင် သူတို့၏ သိမ်ငယ် စိတ်တည်း ၊ ကုက်ကုစ်စ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ထိနမိဒ္ဓ ကား ၊ စိတ် ထိုင်းမှိုင်းမှုတည်း၊ ထကြွ လုံ့လ၏ အတား အဆီးတည်း၊ ပျင်းရိခြင်း၏ အပေါင်းအသင်းတည်း ၊ ဆုတ်နစ်သော စေတသိက် တည်း၊ ခြေလက် လေးလံခြင်း အကြောင်းတည်း၊ အလုပ်၌ စိတ်မပါခြင်း တည်း၊ ထိနမိဒ္ဓ အားကြီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ဝိစိကိစ္ဆာ ကား၊ ယုံမှား သံသယ ဖြစ်မှု တည်း၊ ယုံကြည် မှု သဒ္ဓါ၏ အတား အဆီး တည်း၊ ဘဝင်မကျ စိတ် တစ်လစ် ဖြစ်မှု တည်း၊ လှေနံ နှစ်ဖက် နင်းမှုတည်း ယတိပြတ် အဖြေမရကြံမှုတည်း၊ ပိုင်းပြတ်သော စိတ် ကင်းခြင်းတည်း ၊ ဝိစိကိစ်ဆာ အားကွီးသူအား ဉာဏ် အလင်းသည် မဖြစ်နိုင်တော့ ချေ ။ ဉာဏ် အတက်ခရီး သို့ သွားသော သူသည် ရန် အဖျက်အစီး ကြုံလာသမျှကို သဒ္ဓါ ၊ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ငါးဖြာ ဗလ အင်အားပြ၍ တိုက်ဖျက် နိုင်မှ တော်လိမ့်မည် ။ ဆရာဆန်းလွင် { အရှင် အာဒိစ္စရံသီ }
via အလင်းရောင် ဓမ္မ https://ift.tt/2YojeTQ
via အလင်းရောင် ဓမ္မ https://ift.tt/340O3PO
via အလင်းရောင် ဓမ္မ https://ift.tt/2sRRMCf
via အလင်းရောင် ဓမ္မ https://ift.tt/2sJy9fs
"မသေခင်ပြုလုပ်ရမည့် အရာ" ➖➖➖➖➖➖➖➖➖ ၁.. ကတ်တဗ်ဗံ ကုသလံ။ ကုသိုလ်ကောင်းမှု့ပြုရမည်။ ၂... စရိတဗ်ဗံ ဗွဟ်မစရိယံ ။ မြတ်သောအကျင့်ကို ကျင့်ရမယ် ။ #ကုသိုလ်ကောင်းမှု့ပြုရမယ်... ဆိုတာက ဒါနကောင်းမှု့ သီလကောင်းမှု့ .. သမထကောင်းမှု့လို့ခေါ်တဲ့ ကုသိုလ်ကောင်းမှု့ သုံးမ်ျုးကို ပြုလုပ်ရမယ်လို့ ဆိုလိုပါတယ်။ #မြတ်သောအကျင့်ကျင့်ရမယ်... ဆိုတာက သံသရာ၀ဋ်ဆင်းရဲ မှ အပြီးတိုင် လွတ်မြောက်သွားစေတဲ့ ဝိပဿ နာအကျင့်ကို ကျင့်ကြံအားထုတ်ရမယ်.. လို့ဆိုလိုပါတယ်..။ အနှစ်ချုပ်ကတော့ ဒါနအလုပ်.. သီလအလုပ်.. သမထအလုပ် .. ဝိပဿ နာ အလုပ်လေးမျိုးကို မဖြစ်မနေ လုပ်ကြရမယ်...။ လုပ်တဲ့နေရာမှာ ခေါင်းမီးတောက်တဲ့ ပုဂ္ဂိုလ် ကို နမူနာထားပြီး လုပ်ကြရပါမယ်။ ခေါင်းမှာမီးလောင်နေတဲ့ ပုဂ္ဂိုလ်... တစ်နေရာကနေ မီးစလေး ပစ်လိုက်လို့ ခေါင်းမှာမီးလောင်နေတဲ့ ပုဂ္ဂိုလ် ဟာ #ဒီမီးစ ဘယ်သူပစ်လိုက်တာလ #။ဲ်အရပ်မျက်နှာကလာတာလဲ #မီးကရောဘာမီးလဲ #ရှားမီးလား ဖယောင်းတိုင် မီးလား ရေနံ ဆီ မီးလား ...... စသည်အားဖြင့် ... မီးလာတဲ့အရပ်ကိုလဲကြည့်နေစရာ .. ရှာနေစရာ မလိုဘူး..။ ဘာမီးလဲဆိုတာကိုလည်း စုံစမ်းနေစရာ မလိုဘူး.. #လောင်နေတဲ့မီးကို ငြိမ်းအောင် ငြိမ်းဖို့ပဲလိုတယ် ။ #မီးငြိမ်းတဲ့အလုပ်ဟာ မီးလောင်နေသူ တစ်ယောက်အတွက် အရေးအကြီးဆုံး အလုပ်ပဲ..။ အဲ့ဒီလောင်နေတဲ့မီး ငြိမ်းအောင်ငြိမ်းတဲ့နေရာမှာ လာ်း အေးအေးဆေးဆေးလေး ငြိမ်းနေလို့မရဘူး..။ လျင်လျင်မြန်မြန် သွက်သွက်လက်လက် ခပ်သုတ်သုတ်လေးငြိမ်းမှ ငြိမ်းနိုင်မယ်...။ အမြန်ဆုံး.. အသွက်ဆုံး ငြိမ်းနိုင်မှ ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်တယ်.. ခေါင်းမီးကနေတစ်ဆင့် တစ်ကိုယ်လုံး မီးလောင်တဲ့ဘေး.. သေရမယ့်ဘေး... ကလွတ်မြောက်နိုင်မယ်...။ အဲ့ဒီလိုပဲ ဒါန သီလ သမထနဲ့တကွ ဝိပဿ နာအလုပ်ကို အားထုတ်တဲ့နေရာမှာလဲ မြန်မြန် အားထုတ်ရမှာပါ. ။ ခပ်သုတ်သုတ်လေးအားထုတ်ရပါမယ် မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2OUjfMd
လောဘအရှိန် ထိန်းလိုက်ပါ
via အလင်းရောင် ဓမ္မ https://ift.tt/2Pm5sgr
"ကံမေးပွဲ" သေခါနီးမှာ ကံတရားက မေးခွန်းလေးခု မေးလေ့ရှိပါတယ်။ ကံတရားမေးတဲ့ မေးခွန်းတွေထဲမှာ - - ဆယ်တန်းအောင်ခဲ့သလား၊ အကြီးတန်းအောင်ခဲ့သလား၊ ဓမ္မာစရိယအောင်ခဲ့သလား၊ ဘာဘွဲ့တွေရခဲ့သလဲ ဆိုတာမျိုးတွေ မပါပါဘူး။ - တိုက်ဘယ်နှစ်လုံးရှိသလဲ၊ ကားဘယ်နှစ်စီးရှိသလဲ၊ ဘယ်ကျောင်းတိုက်တွေကို ထူထောင်ခဲ့သလဲ ဆိုတာမျိုးတွေ မပါပါဘူး။ - လူပျိုကြီးလား၊ အပျိုကြီးလား၊ အိမ်ထောင်ရှိခဲ့လား၊ ဘုန်းကြီးလား၊ သီလရှင်လား၊ ဗုဒ္ဓဘာသာဝင်လား၊ ခရစ်ယာန်ဘာသာဝင်လား၊ မွတ်စလင်ဘာသာဝင်လား၊ ဟိန္ဒူဘာသာဝင်လား၊ ဘာသာမဲ့လား၊ ဆိုတာမျိုးတွေ မပါပါဘူး။ - သမ္မတဖြစ်ခဲ့သလား၊ ဝန်ကြီးဖြစ်ခဲ့သလား၊ အမတ်လား၊ အရာရှိလား၊ ကုမ္ပဏီပိုင်ရှင်လား၊ မန်နေဂျာလား၊ ရိုးရိုးဝန်ထမ်းလား၊ ကျောင်းထိုင်ဘုန်းကြီးလား၊ တိုက်အုပ်လား၊ စာချလား ဆိုတာမျိုးတွေ မပါပါဘူး။ ......................... သေခါနီးမှာ ကံတရားကမေးတဲ့ မေးခွန်းတွေကတော့၊ နံပါတ်စဉ်အလိုက်ဆိုပါရင် ... ၁။ အမေကိုသတ်ခဲ့သလား၊ အဖေကိုသတ်ခဲ့သလား၊ ရဟန္တာကိုသတ်ခဲ့သလား၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်ခဲ့သလား၊ သံဃာကို သင်းခွဲခဲ့သလား။ စျာန်ရခဲ့သလား။ ၂။ ဒီမတိုင်ခင်လေးမှာ သူများပျက်စီးရာပျက်စီးကြောင်းကြံခဲ့သလား၊ ပြောခဲ့သလား၊ လုပ်ခဲ့သလား၊ သူများအကျိုးရှိရာရှိကြောင်းကြံခဲ့သလား၊ ပြောခဲ့သလား၊ လုပ်ခဲ့သလား။ ၃။ သူများအပေါ် မလိုမုန်းထားတဲ့စိတ်တွေ ထားလေ့ရှိခဲ့သလား၊ သူများအသက်ကို သတ်ဖြတ်ပြီး အသက်မွေးလေ့ရှိခဲ့သလား၊ သူများဥစ္စာကို မတရားရယူပြီး အသက်မွေးလေ့ရှိခဲ့သလား၊ သူများကို လိမ်ညာလှည့်ပတ်ပြီး အသက်မွေးလေ့ရှိခဲ့သလား၊ သူများအကျိုးစီးပွားပျက်စီးအောင် ဂုန်းချောလေ့ရှိခဲ့သလား၊ တဖက်သားနာကျင်ခံခက်အောင် ဆဲဆိုကြိမ်းမောင်းလေ့ရှိခဲ့သလား၊ တဖက်သားကို ညှင်းဆဲနှိပ်စက်လေ့ရှိခဲ့သလား။ တရားသဖြင့် အသက်မွေးလေ့ရှိခဲ့သလား၊ အလှူဒါနလုပ်လေ့ရှိခဲ့သလား၊ သီတင်းသီလဆောက်တည်လေ့ရှိခဲ့သလား၊ စိတ်ကိုတည်ငြိမ်အေးချမ်းအောင် ထားလေ့ရှိခဲ့သလား၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘာဝတရားတွေကို သိမြင်အောင် ကြိုးစားလေ့ရှိခဲ့သလား။ ၄။ အမှတ်တမဲ့လုပ်ခဲ့ဖူးတဲ့ မကောင်းတာ၊ ကောင်းတာ ဘာတွေရှိခဲ့သလဲ။ စတဲ့ မေးခွန်းတွေကိုပဲ မေးပါတယ်။ ........................................ အဲဒီမေးခွန်းလေးခုမှာ - - ပထမမေးခွန်းက အားကြီးတဲ့ ဂရုကံရှိ/မရှိမေးတာပါ။ ရှိခဲ့ရင်၊ နောက်မေးခွန်း ဆက်မမေးတော့ပါဘူး။ - ဒုတိယမေးခွန်းက သေခါနီးမှာ ကပ်ပြီးသတိရတဲ့ကံ၊ ကပ်ပြီးလုပ်ခဲ့တဲ့ အာသန္နကံ ရှိ/ မရှိ မေးတာပါ။ ရှိခဲ့ရင်၊ နောက်မေးခွန်း ဆက်မမေးတော့ပါဘူး။ - တတိယမေးခွန်းက ဒီဘဝမှာ လုပ်လေ့လုပ်ထရှိတဲ့ အာစိဏ္ဏကံ ရှိ/ မရှိ မေးတာပါ။ ရှိခဲ့ရင် နောက်မေးခွန်း ဆက်မမေးတော့ပါဘူး။ - စတုတ္ထမေးခွန်းကတော့ အတိတ်ဘဝတွေကလုပ်ခဲ့တာတွေထဲကရော၊ ဒီဘဝမှာ (အထက်ကမေးခွန်းသုံးခဲ့ထဲမှာ အကျုံးမဝင်ခဲ့တဲ့) လုပ်ခဲ့ဖူးတာတွေထဲကရော အမှတ်မထင် လုပ်ခဲ့ဖူးတဲ့ ကဋတ္တာကံ ရှိ/မရှိ သူ့ဘာသာတူးဆွပြီး မေးတာပါ။ များသောအားဖြင့် အထက်မေးခွန်း သုံးခုမှာတင် ကိစ္စပြတ်သွားလေ့ရှိပါတယ်။ ........................ ဒီမေးခွန်းတွေကို ဘယ်သူကမေးတာလဲဆိုရင် ကံတရားကပဲ မေးတာပါ။ ကံတရားကမေးလာပြီဆိုတဲ့အခါ လိမ်လို့လည်းမရ၊ ညာလို့လည်းမရ၊ ခိုးဖြေလို့လည်းမရ၊ သူများကူဖြေပေးလို့လည်းမရပါဘူး၊ ကိုယ်တိုင်ပဲဖြေကြရပါတယ်။ ရှင်းရှင်းပြောရရင် ကံတရားသည်ပင် မေးခွန်းထုတ်ပြီး ကံတရားကိုယ်တိုင်ပဲဖြေပါတယ်။ ကံတရားကိုယ်တိုင်ပဲ အမှတ် အနည်းအများ သတ်မှတ်ပါတယ်။ ကံတရားကိုယ်တိုင်ကပဲ ဆိုင်ရာဆိုင်ရာ ဆုပေးဒဏ်ပေးလုပ်ပါတယ်။ ဘယ်သူမှ ဝင်စွက်လို့မရပါဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုရော စာဖတ်သူမိတ်ဆွေများကိုပါ သေချာပေါက် ဖြေဆိုကြရဦးမယ့် ကံမေးပွဲတစ်ခု ရှိသေးကြောင်း အောက်ပါကဗျာကလေးနဲ့ သတိပေးနှိုးဆော်လိုက်ရပါတယ်။ "ကံမေးပွဲ" သေခါနီး ကံကြီးရယ်တဲ့ မေးတဲ့ခါ၊ ဘယ်ဟာက ငါပိုင်တာ ဘယ်ဟာက ငါ့ရာထူး ဘယ်ဘာသာ ငါနေခဲ့တယ် ဖြေမရဘူး။ ရည်စူးတဲ့ စိတ်စေတနာ ဆိုပြောတာ ဘယ်ပုံပန်း လုပ်ကိုင်ပုံ ဘယ်စခန်းရယ်လို့ မညာတမ်း ဖြေနွှဲရတယ် ကံမေးပွဲထူး။ အထူးပန်ခြွေ ဖြူပါလေ စိတ်ထား၊ အကုသိုလ်ရှောင်ကာရှားလို့ ကောင်းမှုဆောင် အောင်ကြရမယ် အောင်ဓာတ်ထုံကူး။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ပါကဒါနပရိယာယစတုက္ကကို မှီးပါသည်။) မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ) 21/ 03/ 2018 Via-ယောပနဘိက္ခု
via အလင်းရောင် ဓမ္မ https://ift.tt/2OTCuFx
❝ သူ့နေရာနဲ့ သူ့တန်ဖိုး ❞ မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ မီးရထားလမ်းဖောက်လုပ်ဖို့အတွက် မာန်လည်ဆရာတော်ဘုရားကြီးကို လျှောက်ထားခဲ့ဖူးပါတယ် …။ ဖောက်လုပ်မယ့် မီးရထားလမ်းဟာ ကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို ရွှေ့ပေးဖို့ ကိစ္စပါ။ ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်း မိန့်တော်မူတဲ့အခါမှာ… အရေးပိုင်မင်းက ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ ဆိုပါတယ် …။ အဲဒီတော့ ဆရာတော်ဘုရားကြီးက - "တကာတော်ရဲ့ မိခင်က တကာတော်ရဲ့ ဖခင်ကို မချစ်မနှစ်သက်တော့လို့ တရုတ်ကို ယူလိုက်တယ် ဆိုပါစို့" "တကာတော့် မိခင်ဟာ တရုတ်ဖြစ်သွားပါသလား ?" "မဖြစ်ပါဘူး ဆရာတော် အမေကတော့ အမေပါပဲ" "ဒါဆိုရင် တရုတ်ကလည်း ဝက်သားစားလွန်းလို့ ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့ ရော တကာတော့်မိခင်ဟာ ကုလားဖြစ်သွားရောလား ?" "မဖြစ်ပါဘူး ဆရာတော် အမေကတော့ အမေပါပဲ" "အေး… အဲဒီလိုပဲ တကာတော် ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက် သာသနာ့ နယ်မြေဟာ သာသနာ့ နယ်မြေသာ ဖြစ်တယ်" ကျောင်းကပြန်အဆင်းမှာ စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက ဆရာတော်ကြီးကို လျှောက်တယ် …။ "အရှင်ဘုရား … ဒီအုတ်လှေကားထစ်တွေကိုလည်း အုတ်နဲ့ လုပ်တာပါပဲ, ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့ လုပ်တာပါပဲ, ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့ လုပ်တာပဲဖြစ်လို့… အုတ်နဲ့ လုပ်ထားတဲ့ လှေကားထစ်တွေ အိမ်သာတွေကို ရှိခိုးကန်တော့ရင်ရော အတူတူပဲ မဟုတ်ဘူးလား ဘုရား" "အေး… တကာတော် တကာတော့်မှာ အမေရှိလား" "ရှိပါတယ် ဆရာတော်" "အမ နှမတွေရော ရှိလား" "ရှိပါတယ် ဆရာတော်" "ဇနီးမယားရော ရှိလား" " ရှိပါတယ် ဆရာတော် " "အေး… ဒါဆိုရင် အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား" "အဲဒီလိုတော့ မရပါဘူး ဆရာတော်" "အမကေို အမလေို, အမကို အမလို နှမကို နှမလို သူ့နေရာနဲ့ သူ ဆက်ဆံရပါတယ်" "အေး… အဲဒီလိုပါပဲ တကာတော် အုတ်ချင်းတူပေမယ့်… ဘုရားအုတ် သိမ်အုတ်နဲ့ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ် တကာတော်" … မာန်လည်ဆရာတော်ဘုရားကြီး (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/350KTgg
🌳🌳ဘယ်သူ့အတွက်အသက်ရှင်မလဲ🌳🌳 🌳လူရယ်လို့ ဖြစ်လာရင်….. သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။ သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား.. လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊ ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့… သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။ 🌳သိထားဖို့ က သူများပါးစပါဖျားပေါ်က ”သင်” ဟာ… ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင်အစစ်အမှန် မဟုတ်ပါဘူး။☂☂☂ 🌳လူဆိုတာ မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊ နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊ ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊ ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊ လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊☂☂☂ 🌳ဒီအတွက်ကြောင့် သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ… သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ.. သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ.. သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…☂☂☂ 🌳နောက်ဆုံးတော့ သိတာလည်း အားလုံးမပြောနဲ့… မြင်တာလည်း အားလုံးမယုံနဲ့…. သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ☂☂ Credit Mts
via အလင်းရောင် ဓမ္မ https://ift.tt/2DSmDAV
Thursday, December 5, 2019
ဝမ္မိကသုတ္တန် ~~~~~~~~ ၁။ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုရှိတယ်။ ၂။ညအခါမှာ မီးခိုးထွက်တယ်။ ၃။ နေ့အခါမှာ မီးတောက်မီးလျှံတွေ တဟုန်းဟုန်း ထွက်နေတယ်။ တစ်နေ့သောအခါမှာ ၄။ဆရာ ၅။တပည့် ၂-ဦး အဲ့ဒီတောင်ပို့ကိုတွေ့တော့၊ ဆရာက တပည့်ကိုပြောတယ် "အဲ့ဒီတောင်ပို့ကြီးကို တူးကြည့်စမ်းကွာ" ဆိုတော့ တပည့် ဖြစ်သူက ၆။ လက်နက်နဲ့ ၇။တူးတယ်။ တူးကြည့်တဲ့အခါ ၈။တံခါး မင်းတုံးကို တွေ့တယ် ဆရာကပြောတယ် ၊ ဖယ်ပစ်လိုက်။ ၉။ ဖားတစ်ကောင်တွေ့တယ် ဖယ်ပစ်။ ၁၀။လမ်းနှစ်သွယ်တွေ့-ဖယ်။ ၁၁။ဆပ်ပြာ ရေစစ်တွေ့-ဖယ်ပါ။ ၁၂။လိပ်တစ်ကောင်တွေ့တယ် - ဖယ် ၁၃။ဓားနဲ့ စဉ်းတီတုံး တွေ့- ဖယ်ပါ။ ၁၄။ သားတစ် တွေ့ဖယ်ပါ။ ၁၅။ နဂါးကိုတွေ့တယ် ဆိုရင် ရတနာတွေ ရပြီ။ ဝမ္မိကသုတ် (သို့မဟုတ်) နိဗ္ဗာန်ပို့မည့်စကားထာ "တောင်ပို့ထဲကရတနာ ရှာဖွေအားထုတ်နည်း" ဇာတ်လမ်းအစ - --------------- "ကဿပ ဘုရားရှင် သာသနာတော်နှောင်းပိုင်းမှာ သံသရာမှ လွတ်လိုတဲ့ သံဃာတော် ခုနစ်ပါးဟာ မတ်စောက်တဲ့ တောင်ထိပ်ပေါ်တက်ကာ တောင်တက်လှေကား ကို ဖြုတ်ချလိုက်ပြီး တရားထူးရအောင် အသက်ပင်သေသေ ••• ကျင့်ကြံခဲ့ရာ တစ်ပါးမှာ ရဟန်းကိစ္စပြီး၍ တစ်ပါးမှာ အနာဂါမ် တည်ကာ သုဒ္ဓါဝါသဗြဟ္မာ့ ဘုံမှာ ဗြဟ္မာကြီးဖြစ်သည်။ ကျန်ငါးပါးမှာ ••• တရားထူးမရဘဲပျံလွန်ပြီးနောက် ဂေါတမမြတ်စွာဘုရား သာသနာတွင် အသီးသီး တရားထူးရခဲ့သည်။ ဝမ္မိကသုတ်- တောင်ပို့တရားနာယူကာ အားထုတ်ပြီးတရားထူးရခဲ့သူ မှာ ထိုငါးပါးထဲမှ တစ်ပါးဖြစ်သော ရှင်ကုမာရကဿပ ဖြစ်သည်။ ရှင်ကုမာရကဿပ ----------------- ရှင်ကုမာရ ကဿပမှာ ရဟန်းဖြစ်ပြီးနောက် တရားကိုကြိုးကြိုးစားစားအားထုတ်ငြားသော်လည်း တရားထူး မရဖြစ်နေသဖြင့် ကဿပ ဘုရားရှင်လက်ထက်က တောင်ထိပ်တက်၍ တရားအားထုတ်ကြသူ သူငယ်ချင်းခုနစ်ဦးထဲမှ အနာဂါမ်တည်ခဲ့သော ဗြဟ္မာကြီးက ကူညီသော အနေဖြင့် ညသန်းခေါင်အချိန်တွင် အထက်ပါမေးခွန်းပုစ္ဆာ တို့ကိုမေးကာ အဖြေကို ဘုရားထံသွားမေးရန် တိုက်တွန်းခဲ့သည်။ အရှင် ကုမာရကဿပကား ကိုယ်တိုင်စဉ်းစား၍ အဖြေမပေါ်သဖြင့် မြတ်စွာဘုရားထံ မေးလျှောက်ရာ ဘုရားရှင်က အဖြေကို ရှင်းလင်းဟောပြလေရာ ဒေသနာအဆုံး၌ တရားထူးတရားမြတ်ကိုရရှိလေ၏။ - အဖြေအနှစ်ချုပ် - ၁။ တောင်ပို့ဆိုတာ သူသူငါငါ ရထားတဲ့ -ခန္ဓာကိုယ်ပါ ။ အဲဒီတောင်ပို့ကြီးထဲက ၂။ ညအခါမီးခိုးတွေလွှတ်နေတယ်ဆိုတာက လူတွေဟာ အိပ်ရာဝင်ခါနီးမှာ နေ့ဘက်တုန်းက လုပ်ခဲ့တဲ့ အလုပ်အကြောင်း ပြန်တွေး မနက်ဖြန်လုပ်ရမှာတွေ ကြိုတွေးရင်း သောက၊ဒေါသ၊လောဘ မီးခိုးတွေနဲ့ တချို့မအိပ်နိုင်မစားနိုင်ဖြစ်လောက်အောင်ကိုပဲ အတွေးတွေများနေတာကို မီးခိုးတလူလူ ထွက်နေတယ်လို့ ဆိုတာပါ။ ၃။ နေ့အခါမီးလျှံတွေနဲ့တဟုန်းဟုန်းတောက် နေတယ်ဆိုတာက နေ့အခါမှာကျတော့ လူတွေဟာ အလုပ်တွေ များပြီး ပူပင်သောကဗျာပါဒ ၊ လောဘ ၊ဒေါသ ၊ မောဟ တွေ တန်းလန်းနဲ့ အလုပ်တွေ လုပ်နေကြရပါတယ်။ အဲ့ဒါကို မီးဟုန်းဟုန်းထနေတယ်လို့ပြောတာပါ။ ၄။ ဆရာ ဆိုတာက မြတ်စွာဘုရား ၅ ။တပည့် တပည့်ဆိုတာ (ပညာရှိတပည့်) ကမ္မဋ္ဌာန်းဆရာကောင်း ညွှန်ပြသလို လိုက်နာအားထုတ်တဲ့ ယောဂီပါ။ ၆။ လက်နက် တောင်ပို့ကို တူးရမယ့် လက်နက်က အသိဉာဏ်ပညာ wisdomပါ ပဲ။ သမ္မာဒိဋ္ဌိ right understanding။ ၇။ တူးတယ် တောင်ပို့ထဲက ရတနာကို ရှာဖွေဖို့အတွက် တူးဖော်တယ်ဆိုတာက ဒီခန္ဓာကိုယ်ကြီးကို သတိ ဥာဏ်နဲ့ စောင့်ကြည့်ပြီး ကြိုးစားအားထုတ်မှုဝီရိယနဲ့ တရားရှုမှတ်နေတာပါ ၈။ တံခါးမင်းတုပ်ပိတ်နေတယ် ဆိုတာက ဒုက္ခ ကို သုခ ထင်နေတဲ့ မသိမှု ဒုက္ခသမုဒယ ကို မမြင်မှု အဝိဇ္ဇာ ပါပဲ။ တံခါးမင်းတုပ်နဲ့တူတဲ့အဝိဇ္ဇာကြီး ဖယ်လိုက်ပါ။ ၉။' ဖား ' တရားအားထုတ်ရာမှာ ဝေဒနာ အပေါ် မခံမရပ်နိုင်တော့ ဖောင်းကားအုံကြွ ထောင်းကနဲထလာတဲ့ ဒေါသတည်းဟူသော ဖား ကို မြင်အောင်ရှု သည်းခံဖယ်ထုတ်ပါ။ ၁၀။ လမ်းနှစ်သွယ် ဆိုတာ လမ်းနှစ်သွယ် ဆိုတာ နမိတ်အခြေခံတဲ့ သမထ ယာနိက နဲ့ နမိတ်မပါတဲ့ ဝိပဿနာယာနိက ကြိုက်တဲ့တစ်လမ်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ၁၁။ ဆပ်ပြာ ရေစစ် ဆိုတာ နီဝရဏ တရားငါးပါး။ ၁) သက်သာမှုကို လိုချင်နေခြင်း ကာမအာရုံတွေအပေါ် စိတ်ရောက်နေခြင်းဆိုတဲ့ -ကာမစ်ဆန်ဒ ၂) တရားအားထုတ်လို့ အဆင်မပြေရင် စိတ်အလိုမကျဖြစ်လာတဲ့- ဗျာပါဒ. . ၃) အိပ်ချင်ငိုက်မြည်း ထိနမိဒ္ဓ. . . ၄) တရားကိုအာရုံစိုက်မရတဲ့ပျံ့လွင့်နေတဲ့ ဥဒ္ဓစ္စ ဟိုတွေးဒီတွေး နောင်တတစ်ဖန်ပူ ကုက္ကုစ္စ. . . ၅) သံသယတွေ ဝင်လာရင် ဝိစိကိစ္ဆာ. . . ။ အဲ့ဒါတွေ ဖြစ်လာရင် ဖယ်လိုက်ပါ။ ၁၂။လိပ် ခေါင်း လက် ခြေထောက် တွေနဲ့လိပ်အလား ခန္ဓာငါးပါး အပေါ်မှာ တွယ်ငြိနေတာတွေကို ဖယ်လိုက်ပါဦး။ ၁၃။ ဓား၊ စဉ်းတီတုံး အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ သတ္တဝါတွေကို တတောက်တောက်နဲ့ သံသရာထဲလှီးဖြတ် ခုတ်ထစ်နေပါတယ် ၊ တရားအားထုတ်နေတဲ့ အခါမှာ သံယောဇဉ်ကို စွန့်ထားပါ၊ ကာမအာရုံစတွေကို မတွေးရပါဘူး။ ဖယ်ပါ။ ၁၄။ သားတစ် ဆိုတာ အာရုံတွေကို တွေ့တိုင်းတွေ့တိုင်း သွားသွား ကပ်ငြိတတ်တဲ့ နန္ဒီ ရာဂ တည်း ဟူသော တဏှာ။ တရားထိုင်ရင်း အရှိန်ရလာတဲ့ သမာဓိအပေါ် တပ်မက်ကပ်ငြိတာလည်း နန္ဒီရာဂ ပဲ။ ဖယ်ပါ။ ၁၅။ နဂါးကိုတွေ့ရင် ရတနာကိုရှာဖွေ့တွေ့ပြီ ဆိုတာကတော့ အဲ့ဒါ ရဟန္တာကိုပြောတာပါ။ ၁ ကနေ ၁၄ အထိ ကြိုးစား အားထုတ်ရင် တရားထူး ရသူ ဖြစ်လာမှာ မလွဲမသွေပါ။ ❁ ❁ ❁ ❁ ❁ ❁ ဝမ္မိကသုတ္တန် အနှစ်ချုပ် ပရိတ်သတ်ကြီးတို့ အင်းလေးမည်ခေါ် ဆရာတော် ဦးပညာဝံသာဘိဝံသ ဟောကြားဘူးတဲ့ တရားလေးတွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်၊ အင်းလေးဆရာတော်ဟောထားတာ ၁၀ ပုဒ်တွဲပါ။ Credit: Parami Sayadaw ဝမ်မိကသုတ်တနျ ~~~~~~~~ ၁။ ထူးဆနျးတဲ့ တောငျပို့ကွီးတဈခုရှိတယျ။ ၂။ညအခါမှာ မီးခိုးထှကျတယျ။ ၃။ နေ့အခါမှာ မီးတောကျမီးလြှံတှေ တဟုနျးဟုနျး ထှကျနတေယျ။ တဈနေ့သောအခါမှာ ၄။ဆရာ ၅။တပညျ့ ၂-ဦး အဲ့ဒီတောငျပို့ကိုတှေ့တော့၊ ဆရာက တပညျ့ကိုပွောတယျ "အဲ့ဒီတောငျပို့ကွီးကို တူးကွညျ့စမျးကှာ" ဆိုတော့ တပညျ့ ဖွဈသူက ၆။ လကျနကျနဲ့ ၇။တူးတယျ။ တူးကွညျ့တဲ့အခါ ၈။တံခါး မငျးတုံးကို တှေ့တယျ ဆရာကပွောတယျ ၊ ဖယျပဈလိုကျ။ ၉။ ဖားတဈကောငျတှေ့တယျ ဖယျပဈ။ ၁၀။လမျးနှဈသှယျတှေ့-ဖယျ။ ၁၁။ဆပျပွာ ရစေဈတှေ့-ဖယျပါ။ ၁၂။လိပျတဈကောငျတှေ့တယျ - ဖယျ ၁၃။ဓားနဲ့ စဉျးတီတုံး တှေ့- ဖယျပါ။ ၁၄။ သားတဈ တှေ့ဖယျပါ။ ၁၅။ နဂါးကိုတှေ့တယျ ဆိုရငျ ရတနာတှေ ရပွီ။ ဝမ်မိကသုတျ (သို့မဟုတျ) နိဗ်ဗာနျပို့မညျ့စကားထာ "တောငျပို့ထဲကရတနာ ရှာဖှအေားထုတျနညျး" ဇာတျလမျးအစ - --------------- "ကူပ ဘုရားရှငျ သာသနာတောျနှောငျးပိုငျးမှာ သံသရာမှ လှတျလိုတဲ့ သံဃာတောျ ခုနဈပါးဟာ မတျစောကျတဲ့ တောငျထိပျပေါျတကျကာ တောငျတကျလှကေား ကို ဖွုတျခလြိုကျပွီး တရားထူးရအောငျ အသကျပငျသသေေ ••• ကငြျ့ကွံခဲ့ရာ တဈပါးမှာ ရဟနျးကိစ်စပွီး၍ တဈပါးမှာ အနာဂါမျ တညျကာ သုဒ်ဓါဝါသဗွဟ်မာ့ ဘုံမှာ ဗွဟ်မာကွီးဖွဈသညျ။ ကနြျငါးပါးမှာ ••• တရားထူးမရဘဲပြံလှနျပွီးနောကျ ဂေါတမမွတျစှာဘုရား သာသနာတှငျ အသီးသီး တရားထူးရခဲ့သညျ။ ဝမ်မိကသုတျ- တောငျပို့တရားနာယူကာ အားထုတျပွီးတရားထူးရခဲ့သူ မှာ ထိုငါးပါးထဲမှ တဈပါးဖွဈသော ရှငျကုမာရကူပ ဖွဈသညျ။ ရှငျကုမာရကူပ ----------------- ရှငျကုမာရ ကူပမှာ ရဟနျးဖွဈပွီးနောကျ တရားကိုကွိုးကွိုးစားစားအားထုတျငွားသောျလညျး တရားထူး မရဖွဈနသေဖွငျ့ ကူပ ဘုရားရှငျလကျထကျက တောငျထိပျတကျ၍ တရားအားထုတျကွသူ သူငယျခငြျးခုနဈဦးထဲမှ အနာဂါမျတညျခဲ့သော ဗွဟ်မာကွီးက ကူညီသော အနဖွေငျ့ ညသနျးခေါငျအခြိနျတှငျ အထကျပါမေးခှနျးပုစ်ဆာ တို့ကိုမေးကာ အဖွကေို ဘုရားထံသှားမေးရနျ တိုကျတှနျးခဲ့သညျ။ အရှငျ ကုမာရကူပကား ကိုယျတိုငျစဉျးစား၍ အဖွမေပေါျသဖွငျ့ မွတျစှာဘုရားထံ မေးလြှောကျရာ ဘုရားရှငျက အဖွကေို ရှငျးလငျးဟောပွလရော ဒသေနာအဆုံး၌ တရားထူးတရားမွတျကိုရရှိလေ၏။ - အဖွအေနှဈခြုပျ - ၁။ တောငျပို့ဆိုတာ သူသူငါငါ ရထားတဲ့ -ခန်ဓာကိုယျပါ ။ အဲဒီတောငျပို့ကွီးထဲက ၂။ ညအခါမီးခိုးတှလှေှတျနတေယျဆိုတာက လူတှဟော အိပျရာဝငျခါနီးမှာ နေ့ဘကျတုနျးက လုပျခဲ့တဲ့ အလုပျအကွောငျး ပွနျတှေး မနကျဖွနျလုပျရမှာတှေ ကွိုတှေးရငျး သောက၊ဒေါသ၊လောဘ မီးခိုးတှနေဲ့ တခြို့မအိပျနိုငျမစားနိုငျဖွဈလောကျအောငျကိုပဲ အတှေးတှမြေားနတောကို မီးခိုးတလူလူ ထှကျနတေယျလို့ ဆိုတာပါ။ ၃။ နေ့အခါမီးလြှံတှနေဲ့တဟုနျးဟုနျးတောကျ နတေယျဆိုတာက နေ့အခါမှာကတြော့ လူတှဟော အလုပျတှေ မြားပွီး ပူပငျသောကဗြာပါဒ ၊ လောဘ ၊ဒေါသ ၊ မောဟ တှေ တနျးလနျးနဲ့ အလုပျတှေ လုပျနကွေရပါတယျ။ အဲ့ဒါကို မီးဟုနျးဟုနျးထနတေယျလို့ပွောတာပါ။ ၄။ ဆရာ ဆိုတာက မွတျစှာဘုရား ၅ ။တပညျ့ တပညျ့ဆိုတာ (ပညာရှိတပညျ့) ကမ်မဋ်ဌာနျးဆရာကောငျး ညှှနျပွသလို လိုကျနာအားထုတျတဲ့ ယောဂီပါ။ ၆။ လကျနကျ တောငျပို့ကို တူးရမယျ့ လကျနကျက အသိဉာဏျပညာ wisdomပါ ပဲ။ သမ်မာဒိဋ်ဌိ right understanding။ ၇။ တူးတယျ တောငျပို့ထဲက ရတနာကို ရှာဖှဖေို့အတှကျ တူးဖောျတယျဆိုတာက ဒီခန်ဓာကိုယျကွီးကို သတိ ဉာဏျနဲ့ စောငျ့ကွညျ့ပွီး ကွိုးစားအားထုတျမှုဝီရိယနဲ့ တရားရှုမှတျနတောပါ ၈။ တံခါးမငျးတုပျပိတျနတေယျ ဆိုတာက ဒုက်ခ ကို သုခ ထငျနတေဲ့ မသိမှု ဒုက်ခသမုဒယ ကို မမွငျမှု အဝိဇ်ဇာ ပါပဲ။ တံခါးမငျးတုပျနဲ့တူတဲ့အဝိဇ်ဇာကွီး ဖယျလိုကျပါ။ ၉။' ဖား ' တရားအားထုတျရာမှာ ဝဒေနာ အပေါျ မခံမရပျနိုငျတော့ ဖောငျးကားအုံကွှ ထောငျးကနဲထလာတဲ့ ဒေါသတညျးဟူသော ဖား ကို မွငျအောငျရှု သညျးခံဖယျထုတျပါ။ ၁၀။ လမျးနှဈသှယျ ဆိုတာ လမျးနှဈသှယျ ဆိုတာ နမိတျအခွခေံတဲ့ သမထ ယာနိက နဲ့ နမိတျမပါတဲ့ ဝိပူနာယာနိက ကွိုကျတဲ့တဈလမျးကိုရှေးခယြျရမှာဖွဈပါတယျ။ ၁၁။ ဆပျပွာ ရစေဈ ဆိုတာ နီဝရဏ တရားငါးပါး။ ၁) သကျသာမှုကို လိုခငြျနခွေငျး ကာမအာရုံတှအေပေါျ စိတျရောကျနခွေငျးဆိုတဲ့ -ကာမဈဆနျဒ ၂) တရားအားထုတျလို့ အဆငျမပွရေငျ စိတျအလိုမကဖြွဈလာတဲ့- ဗြာပါဒ. . ၃) အိပျခငြျငိုကျမွညျး ထိနမိဒ်ဓ. . . ၄) တရားကိုအာရုံစိုကျမရတဲ့ပြံ့လှငျ့နတေဲ့ ဥဒ်ဓစ်စ ဟိုတှေးဒီတှေး နောငျတတဈဖနျပူ ကုက်ကုစ်စ. . . ၅) သံသယတှေ ဝငျလာရငျ ဝိစိကိစ်ဆာ. . . ။ အဲ့ဒါတှေ ဖွဈလာရငျ ဖယျလိုကျပါ။ ၁၂။လိပျ ခေါငျး လကျ ခွထေောကျ တှနေဲ့လိပျအလား ခန်ဓာငါးပါး အပေါျမှာ တှယျငွိနတောတှကေို ဖယျလိုကျပါဦး။ ၁၃။ ဓား၊ စဉျးတီတုံး အာရုံငါးပါး ကာမဂုဏျတရားတှဟော သတ်တဝါတှကေို တတောကျတောကျနဲ့ သံသရာထဲလှီးဖွတျ ခုတျထဈနပေါတယျ ၊ တရားအားထုတျနတေဲ့ အခါမှာ သံယောဇဉျကို စှနျ့ထားပါ၊ ကာမအာရုံစတှကေို မတှေးရပါဘူး။ ဖယျပါ။ ၁၄။ သားတဈ ဆိုတာ အာရုံတှကေို တှေ့တိုငျးတှေ့တိုငျး သှားသှား ကပျငွိတတျတဲ့ နန်ဒီ ရာဂ တညျး ဟူသော တဏှာ။ တရားထိုငျရငျး အရှိနျရလာတဲ့ သမာဓိအပေါျ တပျမကျကပျငွိတာလညျး နန်ဒီရာဂ ပဲ။ ဖယျပါ။ ၁၅။ နဂါးကိုတှေ့ရငျ ရတနာကိုရှာဖှေ့တှေ့ပွီ ဆိုတာကတော့ အဲ့ဒါ ရဟန်တာကိုပွောတာပါ။ ၁ ကနေ ၁၄ အထိ ကွိုးစား အားထုတျရငျ တရားထူး ရသူ ဖွဈလာမှာ မလှဲမသှပေါ။ ❁ ❁ ❁ ❁ ❁ ❁ ဝမ်မိကသုတ်တနျ အနှဈခြုပျ ပရိတျသတျကွီးတို့ အငျးလေးမညျခေါျ ဆရာတောျ ဦးပညာဝံသာဘိဝံသ ဟောကွားဘူးတဲ့ တရားလေးတှေ့ ပွနျတငျပေးလိုကျပါတယျ၊ အငျးလေးဆရာတောျဟောထားတာ ၁၀ ပုဒျတှဲပါ။ Credit: Parami Sayadaw
via အလင်းရောင် ဓမ္မ https://ift.tt/2LqmI34
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2LkRev5
`' ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ '´ 🙏🙏🙏🙏🙏🙏🙏🙏🙏 သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ ရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ သင်မရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ မရှိခဏ တမ်းတကြတုန်း သင့်ထက်ပို ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့တွေ့ရင် သင်ဆိုတာ သတင်းစာ တစ်စောင်ရဲ့ နာရေးကြော်ငြာ တစ်ပိုဒ်စာပဲ ။ ပြီးနောက် ..နောက် အပတ်စဉ်မှာတော့ ဘယ်သူမှ သင်ကို အမှတ်ရ မနေကြဘူး။ သင့်ကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်း သင်မရှိရင် သူတို့ လိုအပ်ချက်တွေ ရနိုင်မယ့်နေရာတစ်ခုဆီကို ရွေ့လျားသွားကြမှာပဲ ။ သင်ရှိတုန်းတော့ သူတို့ ရနိုင်သမျှကို ကုန်စင်အောင် စုပ်ယူသောက်သုံးကြမှာပဲ... သစ်ပင်တစ်ပင်လိုပေါ့ အသီးချိုရင် အသီးရာသီမှာ သင့်ဆီရောက်လာမယ် ။ အပွင့်လှရင် အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်။ အမြစ်ပါချိုရင် သင့်ကိုအမြစ်ပါလှန်ဖို့ စောင့်နေကြမှာပဲ။ သင်သေဆုံးသွားတဲ့တစ်နေ့ မသီးမပွင့်တော့တဲ့တစ်နေ့ နောက်တစ်ပင်ကို ကူးပြောင်းသွားမယ့် ငှက်တွေပဲပေါ့ ။ သင့်ကို တန်ဖိုးထားပါတယ်ဆိုတဲ့ လူတွေလည်း သင့်နေရာမှာ တစ်ခြားတစ်ယောက် ရောက်လာရင် သင်ဟာ သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲ ကျန်ခဲ့မယ့် ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပဲ...။ သင်ရှိတုန်းကသာ သင့်ကို အတိုင်းအတာ တစ်ခုလောက်ပဲ ။ ပြုံးပြနှုတ်ဆက်ပြတာ သင်မရှိတော့တဲ့တစ်နေ့ သင်ကောင်းခဲ့သမျှတွေ ဆယ်ခုထဲမှာ မကောင်းတာ တစ်ခုရှိရင် အဲဒီအရာကို…… ပုံကြီးချဲ့ပြီး ပြောကြအုံးမှာပဲ...။ ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့။ နောက်ကြော်ငြာခေတ်ထရင် ရှေ့ကြော်ငြာကို အလိုလိုဖြုတ်ချပြီး ဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ ။ `ဒီအတွက် သင်လည်း ဘာမှစိတ်ပူမနေနဲ့´ `သင်မရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေ´ ` နေကြတာပဲ ဒါတွေကို သင်သိဖို့လိုတယ်´ `' ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ '´ ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ Credit to Original Writer Share by Bwltp 📱
via အလင်းရောင် ဓမ္မ https://ift.tt/2Yj7stO