အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 28, 2019
သူဆင်းရဲမလေးမှ ဥမ္မာဒန္တီ 🌷 ဥမ္မာဒန္တီ မှ ဥပ္ပလဝဏ်ထေရီမ 🙏 🙏🌷🙏🌷🙏🌷🙏🌷🙏 ကဿပဘုရားရှင်လက်ထက်၌ ဗာရာဏသီပြည် တွင်ဆင်းရဲသောအမျိုးသမီးတစ်ယောက် သည် နက္ခတ် သဘင်ပွဲ၌ သူဋ္ဌေးသူကြွယ်အမျိုးသား/ အမျိုးသမီးတို့ ဝတ်ဆင်သော ဝတ်ပန်းပုဆိုးကိုမြင်၍ မိမိလည်းဝတ် ချင်ကြောင်း မိဘများအား ပူဆာတောင်းခံသည်။ မိဘများကဆင်းရဲလှ၍လိုချင်လျှင် သူဋ္ဌေးတစ်ဦး ထံတွင်အစေခံလုပ်ချေဟုပြောလေသည်။သမီးလုပ်သူ ဟာဆင်းရဲရမည်ကိုမကြောက်ဘဲ ဝတ်ပန်းလုံချည်ရရှိဖို့အရေး အစေခံအလုပ်ကို လုပ်ကိုင်လေ၏။ အလုပ်ကျိုးစားမှုကြောင့် သူဋ္ဌေး လင်မယားသည် သုံးနှစ်မပြည့်မီမှာပင် ဝတ်ပန်းလုံချည်ကိုပေး၍ ပြန်လွတ်လိုက်၏။နှစ်သက်ကြည်နူးစွာဖြင့် ပြန်လာခဲ့ပြီး လမ်းတွင်ရေကန်တွေ့၍ရေချိုးပြီးမှ ဝတ်ပန်းလုံချည်ကို ဝတ်ဆင်မည်ဟု ရေချိုးရန်ပြင်ဆင်နေခိုက် ဘုရားရှင်၏ တစ်ပည့်ရဟန်းတစ်ပါးကိုတွေ့မြင်လေ၏။ ရဟန်းမှာ ဆွမ်းခံလာရင်း သူခိုးများက သင်္ကန်းကို ယူသွားသည့်အတွက် ဖက်သစ်ရွက်များကို ဝတ်ဆင်ထား၏။ "အမျိုးသမီးက စဉ်းစား၏" "ငါသည် ရှေးအခါက ဒါနနည်းမှုကြောင့်လူ့ဘဝရလာ သော်လည်းဆင်းရဲစွာနေရ၏ "သုံးနှစ်ကျွန်ခံရလာသော ဤဝတ်ပန်းလုံချည်ကို မဝတ်တော့။အစဉ် ချမ်းသာခြင်း ငှာအဆင်သင့်တုန်း လှူဒါန်းတော့မည်ဟု ကြံ၍ သဒ္ဒါတရားထက်သန်စွာဖြင့် ဆက်ကပ်လေ သည်။ မထေရ်မြတ်ဝတ်ဆင်မြန်းပြီး ဒါယိကာမလေး ဖူးတွေ့ရသည့်အခါကြည်ညိုမဆုံး ဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။ "ဒါယိကာမလေးမှ"ဤ သင်္ကန်းဒါနကြောင့် နိဗ္ဗာန် မဝင်မီ လူ့ပြည်နတ်ပြည်ဘုံဘဝတို့၌ ၁။ ရွှေအဆင်းမျှဝင်းပတင့်တယ်သည့် ပါရမီ ဥာဏ်ရောင်ထွန်းပြောင်တင့်ဆန်းအကျင့်စခန်းဖြင့် ရွှင်ပျော်မြူးဆွတ်ခူး ပုံသေဖြစ်ရပါစေသား" ၂။ ယောင်္ကျားဟူသမျှမူးမေ့ဖောက်ပြန်သိဥာဏ်ချို့ယွင်း သတိကင်းလျှက် ရူးသွပ်ကြပါကုန်သတည်း။ ထိုအမျိုးသမီးသက်တမ်းစေ့၍ သေလွန်သော် နတ်ပြည်၌ တစ်ကြိမ်ဖြစ်၏။နတ်ပြည်မှ စုတေသော် သိဝိတိုင်းအရိဋ္ဌပူရမြို့ဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဋ္ဌေးသမီးဖြစ်လေသည်။ ငယ်စဉ်ကပင် မြင်မြင်သမျှမိန်းမ ယောင်္ကျား ရူးမတတ်ဖြစ်လေ၏။တင့်တယ်သော အဆင်းအဝါ ရှိသည်ဖြစ်၍ "ဥမ္မာဒန္တီ"ဟူသောအမည် မှည့်ခေါ်ကြ လေသည်။တစ်ဆယ့်ခြောက်နှစ်ရောက်သောအခါ လူထက်မကနတ်တမျှလှပသော သူမ၏ရုပ်အဆင်း ဒဏ်ကိုမခံနိုင်၍ရူးသွပ်ကြလေသည်။ အဆိုပါဘဝတွင် အဘိရစစ်သူကြီးနှင့် ထိမ်းမြားပြီးး ချမ်းစွာနေထိုင် လေသည်။ သေလွန်သည့်အခါ လူ့ပြည်နတ်ပြည်တွင် ချမ်းသာသုခအဆင့်ဆင့်ခံစားပြီး ဂေါတမဘုရားရှင် လက်ထက်သာဝတ္တိပြည်၌ ကုဋေတစ်ရာ့ခြောက်ဆယ် ကြွယ်ဝသောသူဋ္ဌေးအိမ်မှာဖြစ်ရသည်။ "ကြာညိုပန်းပွင့်အဆင်းနှင့်တူသောကိုယ်အဆင်း ရှိ၍"*ဥပ္ပလဝဏ်*ဟူသောနာမည်ထူးဖြင့်မှည့်ခေါ် လေသည်။ အရွယ်ရောက်သည့်အခါရုပ်ဆင်းသတင်းဂုဏ်ထူး သည် ဇမ္ဗူဒိပ်ကျွန်းလုံးပျံ့နှံ့ကျော်ကြားလေသည်။ ဖခင်ထံတောင်းရမ်းသူများသဖြင့် တစ်ဦးကို ပေးလျှင်တစ်ဦးကမကျေနပ်မည့်အကြောင်းကြောင့် မည်သူ့ကိုမျှမပေးဘဲရဟန်းပြုစေလျှင် လွတ်ကင်းတော့မည်ဟုတွေးကာ သမီး အားနားချ ပြောဆိုလေရာ သမီးကလည်း ပါရမီရှင် ဖြစ်သည့်အတွက် လက်ခံလေသည်။ ဘိက္ခုနီများထံရဟန်းဝတ်၍မကြာမီပင် ရဟန္တာ ဖြစ်တော်မူလေသည်။ တန်ခိုးအရာတွင်ဧတဒဂ်ရာထူးနှင့် တကြ လက်ဝဲတော်ရံအဂ္ဂသာဝိကာမ အဖြစ်ကိုပါ လက်ခံရရှိကာ"ဥပ္ပလဝဏ်"ထေရီမ ဟူသောအမည်ဖြင့်ထင်ရှားလေသည်။ ဤအကြောင်းအရာအားလေ့လာခြင်းဖြင့် ၁။ ဆင်းရဲလှသောအမျိုးသမီး၏ ဒါနကောင်းမှုသည် လိုအပ်ချိန်မှာလှူဒါန်းခြင်း။ သဒ္ဒါတရားကောင်းခြင်း ၂။ သူမအကြောင်းအရာအားလေ့လာခြင်းဖြင့်သူမ သည်ရုပ်ဆိုးမည်ဟုယူဆမိပါသည်။ရုပ်ဆိုး သောကြောင့် သူ့အားမည်သူမျှအဖက်မလုပ်ကျ။ ဤသို့ အဖက်မလုပ်သောကြောင့် သူမလှူဒါန်း ပြီးသောအခါ ယောင်္ကျား မိန်းမ သူမအား မြင်တွေ့လျှင် ရူးသွပ်ပါစေဟု ဆုတောင်းခဲ့ခြင်း။ ၃။ အဆိုပါဆုတောင်းကြောင့် ဥမ္မာဒန္တီဘဝ ဥပ္ပလဝဏ် ဘဝတို့တွင် ယောင်္ကျားများရူးသွပ်ရခြင်း ***** (မိန်းကလေးများ အဲလိုတော့ဆုမတောင်းကြပါနဲ့)***** ၄။ ဝတ်ပန်းလုံချည်တစ်ထည်၏ ဒါနကုသိုလ်အစွမ်း သည် လူ့စည်းစိမ် နတ်စည်းစိမ်သာမက နိဗ္ဗာန်သို့တိုင် ပို့နိုင်စွမ်းရှိပါကြောင်းနှင့် ဒါန သီလ ဘာဝနာများပိုမို ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။ ................................ #Credit- " မဟာတော်ဝင်မှ့ပြန်လည်ကူးယူ ပူဇော်ပါ၏ဘုရား'' 👱♀️👱♀️👱♀️ ........
via အလင်းရောင် ဓမ္မ https://ift.tt/2nltAFy
Newer Post
Older Post
Home