Saturday, December 21, 2019

❝ ဒါလည်း ဆင်းရဲပါပဲ ❞ ================= ဦးစားပေးခံချင်တဲ့ စိတ် အလေးပေးခံချင်တဲ့ စိတ် အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း.. ဆင်းရဲတစ်မျိုးပါပဲ။ သတ္တဝါတွေရဲ့ စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွမ်းတာ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ တောင့်တကြတာ... သဘာဝပါပဲ။ ဒါပေမယ့် .. တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ... ပင်းပန်းတာတွေ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့်... ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှု ခံစားချက်ဟာ လူအတော်များများရဲ့ ဝန်းကျင်အသီးသီးမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက - ကိုယ့်ကို ဦးစားမပေးဘဲ တစ်ခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တစ်ခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တစ်ခြားသူကို အလေးပေးသွားတဲ့ အခါမျိုးမှာ အတူနေကြတဲ့ သူအချင်းချင်းတောင်မှ မကျေမနပ် ခံစားချက်တွေ ဖြစ်နေကြတဲ့... သဘောရှိပါတယ်။ သေချာတွေးကြည့်လိုက်တော့ ဒီလို ခံစားရတာတွေဟာ ကိုယ့်ဘက်က .. သိစိတ်ကရော၊ မသိစိတ်ကပါ လိုလားနေတဲ့ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ မျှော်လင့်တာတွေ ရှိနေတော့ မျှော်ရင်းမျှော်ရင်းနဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်အစဉ် ခံစားချက် ဝေဒနာတွေ တိုးလာကြတော့တာပဲ ဖြစ်ပါတယ်။ မျှော်တာတွေက ချော်သွားတဲ့အခါ မတော်တာတွေတွေးပြီး မလျော်တာတွေပါ လိုက်ခံစားမိတော့ ဝေဒနာတွေက .. တက်လာကြတော့တာပဲပေါ့။ ဒီတော့ကား .... တစ်ယောက်ယောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ .. ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ပေးရတဲ့အခါ ဦးစားပေးခံချင်၊ အသိအမှတ်ပြု ခံချင်၊ အလေးပေးခံချင်တဲ့ မျှော်လင့်ချက်အတွေးကို ဘေးဖယ်ပြီး ... ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု၊ ဘယ်သူ ဦးစားပေးပေး မပေးပေး၊ ဘယ်သူ အလေးပေးပေး မပေးပေး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး ကိုယ်လုပ်ရပ် ကိုယ်ကျေနပ်နေ အပြစ်ကင်းနေအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ် ...။ စစ်မှန်တဲ့ အတွေး၊ စစ်မှန်တဲ့ လုပ်ဆောင်ချက်နဲ့ လုပ်တဲ့ အပြစ်ကင်းတဲ့ အလုပ်တွေဟာ .. သူများ အသိအမှတ်ပြုဖို့၊ သူများအလေးပေးဖို့ မလိုပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ကိုယ့်ကိုကိုယ် အလေးဂရုပြုဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ မနာပဒါယီ_�အရှင်ဝိစိတ္တ🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2SdGiU9

via အလင်းရောင် ဓမ္မ https://ift.tt/35LKAWH

via အလင်းရောင် ဓမ္မ https://ift.tt/2Q5i3oB

via အလင်းရောင် ဓမ္မ https://ift.tt/2tFYHyP

via အလင်းရောင် ဓမ္မ https://ift.tt/2MfwlSz

via အလင်းရောင် ဓမ္မ https://ift.tt/2PKvmvN

via အလင်းရောင် ဓမ္မ https://ift.tt/2Mwmzvx

via အလင်းရောင် ဓမ္မ https://ift.tt/36XVtVS

via အလင်းရောင် ဓမ္မ https://ift.tt/2MiwJzH

via အလင်းရောင် ဓမ္မ https://ift.tt/2EFOYL9

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ ************************** ''အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်ပါသလားဘုရား" ''နိမ့်တယ်ထင်ရင် နိမ့်ပါတယ်၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး'' ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ''ထင်''ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ။ ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စတစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး ''ဘုန်းနိမ့်ပြီဟဲ့'' ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်။ စိတ်ကိုနောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ'' ''ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား'' ''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာမရှိပါဘူး'' ''သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.'' ''သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါဒကာ။ ''ဘာရည်ရွယ်ချက်မို့လို့လဲဘုရား'' ''ရောင့်ရဲ ခြိုးခြံလိုခြင်း'' ''တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမအောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား'' ''ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ …… ဘုန်းဆိုတာအကျိုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။ အားသာချက်လည်းဖြစ်တယ်ဒကာ။ အကျိုးသဘောတရားပေါ့။ ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကို မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့ ဖြစ်လာတယ်။ အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိုးကိုရမယ်။ သန်မာခြင်းဟာ ဘုန်းပဲ။ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ်လူခင်များခြင်း အကျိုးကိုရမယ်။ ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။ ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့် ဘယ်အကျိုးများ ထိခိုက်စေသလဲ။ ဒကာတွေးကြည့်ပါ။ ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့'' ''ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို'' ''ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။ စိတ်မသက်မသာခံစားရတယ်မဟုတ်လား... ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့ စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား'' ''ကောင်းပါတယ်ဘုရား'' ''မိမိပိုင်ဆ်ိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ'' ''ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ'' ''ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း အမှန်မယူလေနဲ့တဲ့" ''ရှေးထုံးကပယ်သင့်သလားဘုရား'' ''ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး အမှန်အမှားပေါ်သာမူတည်ပါတယ် မှန်ရင်ယူမယ် မှားရင်ပယ်မယ် အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဥာဏ်ရည်ရှိတယ်၊ ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်၊ သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ'' ''မရှင်းတာတွေမေးဦးမယ်ဘုရား'' ''မေးပါ ဒကာ'' ''တပည့်တော် တစ်နေ့ကားစီးတော့ ဘုန်းကြီးတစ်ပါးဘေးမှာ ထိုင်ဖြစ်တယ်၊ အဖွားအိုတစ်ယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊ ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ဘုရား'' ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့ အရှင်ဘုရားမြင်မိလား'' ''ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ ထခြင်းဟာ ပို အားစိုက်ရတယ် ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်။ ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်။ အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒပိုထိန်းရသူကို ဦးစားပေးမယ်။ ကားအလှုပ်မှာ ယိုင်ထိုးနေမယ်ဆိုရင်အိနြေ္ဒထိပါတယ်။ သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်။ ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်'' ''ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့'' ''အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်။ အားလုံးဟာ ဆင်ခြင်တုံတရားနဲ့တွေးရင် အဖြေထွက်ပါတယ်ဒကာ'' ''ဘုန်းကြီးပုံစံက ရှေးရိုးစွဲဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ'' ''ကွဲဖို့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာရယ်လို့မခေါ်ပါဘူး၊ ဘာကိုမှ စွဲနေလို့မရဘူးဒကာ ဘုန်းဘုန်းတိုက ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်။ ဒကာက ဘုန်းဘုန်းလို့ခေါ်တယ် ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို့မလိုလို့ ဒီအတိုင်း လက်ခံထားတယ်။ ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့ တွေသင်ကြားရတယ်။ ''ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့ လာပြောလို့မရဘူး။ အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ် သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ယူပါတယ်။ မဟာဇနက တကယ်လက်ပစ်ကူးခဲ့မကူးခဲ့ ဆိုတာကို ဘုန်းကြီးမတွေးဘူး ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ် ''မသေမချင်း အလျှော့မပေးနဲ့ ''ဆိုတဲ့ message .... ဝမ်းဝအောင်စားတယ်။ ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလိုလုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့ကြိုးစားတယ် မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား survival ရနိုင်သမျှ ရအောင်ရှင်သန်ရဲရမယ်။ သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ။ အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ'' ''ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကားတာဝန်မကြီးဘူးလားဘုရား'' ''ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ ……… ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး ယုံခြင်း၏ကောင်းကျိုးလည်း မိမိစံ ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ ဒါမျှတပါတယ် ……… လေ့လာကြည့်ပါ ……… ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ကိုယ်ကြည်ညိုရာကို သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။ ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်းဖြစ်မယ်။ ဒါမှမဟုတ် ကောင်းရာသို့အကြံပြုလိုတဲ့ မေတ္တာလည်းဖြစ်မယ်...… အတ္တာဟိအတ္တနောနာထော သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။ ဒါသင့်အပေါ်ပဲမူတည်တယ်'' ''တင်ပါ့ဘုရား'' နားလည်ပါပြီ ဘုရား... ။ သာဓု သာဓု သာဓု.......... ။ တက္ကသိုလ်ဘုန်းပညာ acc မှ credit :

via အလင်းရောင် ဓမ္မ https://ift.tt/34J60CH

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2Mhyzki

Friday, December 20, 2019

သောကကင်းသူ မရှိ 🙏🙏🙏🙏🙏 တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားတယ်။ စီးပွားရေနဲ့ ရုန်းကန်နေကြတယ်၊ လူမှုရေးနဲ့ ရုန်းကန်နေကြတယ်၊ ပညာရေးနဲ့ ရုန်းကန်နေကြတယ်၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်။ ထိုရုန်းကန်နေရတဲ့ အခါမှာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတဲ့ အခါလည်း ရှိတယ်။ အမြဲတမ်း အဆင်ပြေနေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့ အခါမှာ လူတွေမှာ စိတ်ဖိစီးမှု ဒဏ်တွေကို ခံစားကြရတယ်။ အဲဒီ စိတ်ဖိစီးမှုဒဏ်တွေကိုပဲ ပါဠိစာပေမှာ “သောက, ဒေါမနဿ” လို့ ဒီလိုဟောတာ။ ‘သောက’ ဆိုတာ ကိုယ် မဖြစ်စေချင်တာ တစ်ခုခု ဖြစ်လာတော့မယ် ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက် ဖြစ်ပြီး ပူတဲ့သဘော၊ မဖြစ်ချင်တာတွေ ဖြစ်တော့မယ် ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ၊ ဒါကို “သောက” လို့ ခေါ်တယ်၊ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီ ဆိုရင်လည်း သောကဆိုတာ ပေါ်လာတယ်။ “ဒေါမနဿ” ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်လာတာ၊ မိမိ စိတ်တိုင်းကျ မဖြစ်ဘူး။ အလိုမကျ ဖြစ်လာတယ်ဆိုရင် ခံစားမှုတစ်ခု ဖြစ်ပေါ်လာတာ၊ အဲဒီ ခံစားမှုကို ဒေါမနဿ စိတ်ဆင်းရဲမှုလို့ ပြောတာ။ အဲဒီ သောကတို့ ဒေါမနဿတို့ ဆိုတာတွေက လူတွေရဲ့ စိတ်ထဲမှာ ထင်ရှားပေါ်လာတတ်ပြီး လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်။ အဲဒီ သောကဆိုတာ ဘာကြောင့် ဖြစ်သလဲ၊ ဒေါမနဿဆိုတာ ဘာကြောင့် ဖြစ်တာလဲ၊ အကြောင်းတရားကို မရှာနိုင်ဘူး။ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူးဆိုရင် ဒီ သောက ဟာ ဆက်ပြီး လာနေမှာပဲ၊ ဒေါမနဿဆိုတာလည်း ဆက်ပြီး ဖြစ်နေမှာပဲ။ ဘယ်အရာပဲ ဖြစ်ဖြစ် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေကို မှီပြီး ဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။ လောကလူသားတွေဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကို မသိတဲ့ အတွက် သောက ပြေပျောက်ရာ ပြေပျောက်ကြောင်း၊ စိတ်ဆင်းရဲမှုတွေ ပြေပျောက်ရာ ပြေပျောက်ကြောင်း ဆိုပြီး မမှန်ကန်တဲ့ နည်းမျိုးစုံကို အသုံးပြုကြတယ်ပေါ့။ နည်းမျိုးစုံ သုံးကြသော်လည်း အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံး၀ မေ့ပစ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေ အကူအညီ ယူတုန်းဆိုတော့ မူးယစ်ဆေးဝါး အကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတယ်ပေါ့။ နောက် တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။ တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး။ အကြောင်းတရားက ကိုယ့်သန္တာန်မှာ ရှိနေသည့်အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွားသလို ဖြစ်ပေမယ့် ဒုက္ခတစ်ခု ပြဿနာတစ်ခု ထပ်တိုးလာတတ်တယ်။ အဲဒါမျိုးဟာ အဖြေမဟုတ်ဘူး။ ဘုရားပေးသော နည်းကသာလျှင် မြတ်စွာဘုရားဟောတဲ့ တရားကတော့ ဒီလိုမဟုတ်ဘူး။ “နောက်ထပ် ပြဿနာတစ်ခု ထပ်မတက်ဘဲ လက်ရှိ အနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး Stress လို့ခေါ်တဲ့ ဒီစိတ်ရဲ့ ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းစနစ်” ဖြစ်တယ်။ ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ။ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း Stress က ရှိတာပဲ။ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။ ဒီကနေ့ခေတ်မှာ ပိုပြီး ထင်ရှားတယ်ပေါ့။ အားလုံးဟာ ယှဉ်ပြိုင်ပြီး ပြေးလွှားနေကြရတယ်။ ဟို တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ Stress တွေ များတယ်။ ဒီ Stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်း ဖြစ်နိုင်သော် လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာ၀ရ ငြိမ်းချမ်းသွားတဲ့အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ နည်းစန်စကသာလျှင် အစဉ်ထာ၀ရ လျော့ချနိုင်တဲ့ နည်းစနစ်မျိုးဆိုတာ သေချာတယ်။ ဆရာတော်အရှင်နန္ဒမာလာဘိဝံသ #AshinNandamalabhivamsa “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” တရားဒေသနာတော်မှ။ Thistsar Shin

via အလင်းရောင် ဓမ္မ https://ift.tt/38YCJqY

မအိပ်ခင်လေးစဥ်းစားလို့ ဒါန သီလ ဘာဝနာတိုးဖို့ ဘုရားရှစ်ခိုးကြပါစို့ 🙏🙏🙏🙏🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2MeecVa

🍂 နေမာတႆ ဘဂဝေတာ အရဟေတာ🍂 🍂🌺🍂❗ သမ္မာသမ္ဗုဒ္ဓဿ❗🍂🌺🍂 🍂🌺🍂💙❤💚💛💜🖤🍂🌺🍂 !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! * သဗ္ဗေ တန္တိ ဒဏ္ဍာဿ၊ သဗ္ဗေ (သာယန္တိမစ္စုနော)။ * (ဇီဝိတံ ပိယံ) ။အတ္တာနံ ဥပမံကတွာ၊ နံ ဟနေယျ * န ဃတေယ ။.................................. ‼️♦🔸♦🔸♦♦♦🔸♦🔸♦‼️ 🐱🐈🦊🐇 " ဥ ပ မာ ပြု ပါ " 🐇🐹🦊🐈 💚 အလုံးစုံသော..သတ္တဝါတို့သည်..ဒဏ်မှ ထိတ်လန့် ❤ ကုန်ကြ၏..အလုံးစုံသော..သတ္တဝါတို့သည်...... 💜 ( သေခြင်းမှ..ကြောက်လန့်ကုန်ကြ၏ ).......... 💛 ( မိမိတို့ အသက်ကို..ချစ်ကြကုန်၏)..{ထို့ကြောင့်} 🧡 " မိမိ ကိုယ်ကို "ဥပမာ ပြု၍."".သတ္တဝါ " တို့ကို.. 🖤 " မသတ်ဖြတ်..မညှဉ်း ဆဲ ရာ......တည်း.....။ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ ⭕❗⭕❗[ ဒဏ္ဍဝဂ္ဂ ၊ ဓမ္မပဒ ]❗⭕❗⭕ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ 🎀 { လူနှင့်အသိဉာဏ်နည်းသော..အဟိတ်....}🎀 🎀 တိရစ္ဆာန် များအား..ညှဉ်းပန်း,နိပ်စက်,သတ် ဖြတ်🎀 🎀 ခြင်းတို့မှ..ကင်းဝေးနိုင်ကြပါစေ.................🎀 🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀 🦊🐹 " ရုပ် နာမ် ခန္ဓာ ရှိ ကြ ကုန် သော "🐱🦊 💚 သတ္တဝါအပေါင်း..ဘေးအန္တရာယ်အပေါင်းမှ....💚 💛 ကင်းဝေးနိုင်ကြပါစေ.......................... 💛 💙❤💜♥💚💛💜❤💙♥💛💚💜❤ ❤💜💚💙♥💛💗🧡❤💜♥💚💛💙 ❗♦🔸❗♦🔸❗♦🔸❗♦🔸❗🔸 {}[]{}[]{}[]{}[]{}<>[]{}[]{}[]{}[]{}[]} ~~••~~••~~••~~••~~••~~••~~••~ 🍂 နမောတဿ ဘဂဝတော အရဟတော🍂 🍂🌺🍂❗ သမ်မာသမ်ဗုဒ်ဓူ❗🍂🌺🍂 🍂🌺🍂💙❤💚💛💜🖤🍂🌺🍂 !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! * သဗ်ဗေ တန်တိ ဒဏ်ဍာူ၊ သဗ်ဗေ (သာယန်တိမစ်စုနော)။ * (ဇီဝိတံ ပိယံ) ။အတ်တာနံ ဥပမံကတှာ၊ နံ ဟနယြေ * န ဃတယေ ။.................................. ‼️♦🔸♦🔸♦♦♦🔸♦🔸♦‼️ 🐱🐈🦊🐇 " ဥ ပ မာ ပွု ပါ " 🐇🐹🦊🐈 💚 အလုံးစုံသော..သတ်တဝါတို့သညျ..ဒဏျမှ ထိတျလနျ့ ❤ ကုနျကွ၏..အလုံးစုံသော..သတ်တဝါတို့သညျ...... 💜 ( သခွေငျးမှ..ကွောကျလနျ့ကုနျကွ၏ ).......... 💛 ( မိမိတို့ အသကျကို..ခစြျကွကုနျ၏)..{ထို့ကွောငျ့} 🧡 " မိမိ ကိုယျကို "ဥပမာ ပွု၍."".သတ်တဝါ " တို့ကို.. 🖤 " မသတျဖွတျ..မညှဉျး ဆဲ ရာ......တညျး.....။ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ ⭕❗⭕❗[ ဒဏ်ဍဝဂ်ဂ ၊ ဓမ်မပဒ ]❗⭕❗⭕ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ 🎀 { လူနှငျ့အသိဉာဏျနညျးသော..အဟိတျ....}🎀 🎀 တိရစ်ဆာနျ မြားအား..ညှဉျးပနျး,နိပျစကျ,သတျ ဖွတျ🎀 🎀 ခွငျးတို့မှ..ကငျးဝေးနိုငျကွပါစေ.................🎀 🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀 🦊🐹 " ရုပျ နာမျ ခန်ဓာ ရှိ ကွ ကုနျ သော "🐱🦊 💚 သတ်တဝါအပေါငျး..ဘေးအန်တရာယျအပေါငျးမှ....💚 💛 ကငျးဝေးနိုငျကွပါစေ.......................... 💛 💙❤💜♥💚💛💜❤💙♥💛💚💜❤ ❤💜💚💙♥💛💗🧡❤💜♥💚💛💙 ❗♦🔸❗♦🔸❗♦🔸❗♦🔸❗🔸 {}[]{}[]{}[]{}[]{}<>[]{}[]{}[]{}[]{}[]} ~~••~~••~~••~~••~~••~~••~~••~

via အလင်းရောင် ဓမ္မ https://ift.tt/2EBNvoW

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/35HKmQB

ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင် သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိ ဖြစ်သွားနိုင်တဲ့ အတွက်ကြောင့် ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ ကျိန်းသေတဲ့ကံ ဆိုတာကတော့... ဂရုကံ အကုသိုလ်အရာမှာလည်း ကျိန်းသေနေတဲ့ကံ ရှိတယ်။ ကုသိုလ်အရာမှာလည်း ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။ အကုသိုလ်အရာမှာ ကျိန်းသေတဲ့ကံကတော့ အမိကိုသတ်ခြင်း အဖကို သတ်ခြင်း ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း သံဃာသင်းခွဲခြင်း ဆိုတဲ့ ကံကြီးငါးခု တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့ သေသည်၏အခြားမဲ့၌ ငရဲ ပြည်သို့ ရောက်သွားတယ် ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။ ကုသိုလ်ဂရုကံ မိမိတို့က အားထုတ်လိုက်တော့ စျာန်သမာဓိတွေ ကို ရရှိပြီ။ အာနာပါနစျာန်ပဲဖြစ်ဖြစ် မေတ္တာစျာန်ပဲဖြစ်ဖြစ် ကသိုဏ်းစျာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့ စျာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် ဒီစျာန်တွေကလည်း သေသည့်တိုင်အောင် မလျှောကျခဲ့ဘူး ဆိုလျှင်တော့ အကျိုးပေးမြဲပါတယ်။ အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက် ပြောတာပါ၊ ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် ဒီစျာန်တရား တွေက အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။ အကုသိုလ်ဘက်မှာ ကျိန်းသေတာ နောက်တစ်ခု ရှိနေသေးတယ်၊ ကံ-ကံ၏အကျိုးကို လက်မခံတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။ ‘‘ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှမရှိပါဘူး’‘ ဆိုပြီးတော့ သူတို့က ဒီလို ပြောကြတယ်။ ဒီအယူဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် ဒီကံက အကျိုးပေး မြဲပါတယ်။ အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။ ဝိပဿနာကံ နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊ အကြောင်းတရားတွေ အကျိုး တရားတွေကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီ၊ ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းအတွက် သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာတည်ရာကို ရရှိသွားပြီ၊ နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ သောတာပန် အငယ်စား စူဠသောတာပန် ဖြစ်ပြီ ဆိုပြီး ဒီလိုဖွင့်ဆိုထားပါတယ်။ ဝိပဿနာကံ ကျိုးကို ပစ်ပယ်နေတဲ့ နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည် သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်တယ်။ ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့တဲ့အတွက် ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် ပစ်ပယ်မိခဲ့တဲ့ အတွက်ကြောင့် ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ မိမိတို့ကလက်ခံချင်တဲ့ စိတ်ထားများ ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အဆင့်ထိ ရောက်အောင်တော့- ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။ (ဖားအောက်တောရဆရာတော်ဘုရားကြီး) Credit •• thandar swe oo

via အလင်းရောင် ဓမ္မ https://ift.tt/2EEDis8

နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာ အကျင့်သီလ 🙏🙏🙏🙏🙏🙏🙏🙏 တောရဆောက်တည်ကာ တောထဲ သီတင်းသုံးတော်မူသည့် နဘူးကျင်းဆရာတော်ကြီး၏ စားပွဲတင်နာရီကို သူခိုး ခိုးခံခဲ့ရသည့် ကာလ၌ ယနေ့ခေတ်ကဲ့သို့ အိမ်တိုင်းစေ့ နာရီများ မရှိကြသေးပါ။ ထို့နေ့ညနေတွင် နွားကျောင်းသား လက်ထဲမှ နာရီကို ရွာသွားများ မြင်သောခဏ၌ ဧကန်မုချ နွားကျောင်းသားပိုင် နာရီမဟုတ်မှန်း သိလိုက်ကြလေပြီ။ သို့သော် မရှေးမနှောင်းမှာပင် နဘူးကျင်းဆရာတော်ကြီး၏ စားပွဲတင်နာရီ ပျောက်ဆုံးသွားကြောင်း သတင်းလည်း ရွာထဲရောက်လာပါသည်။ "မဟုတ်မှလွဲရော နွားကျောင်းသား လက်ထဲက နာရီကတော့ ဆရာတော်ကြီး နာရီပဲ ဖြစ်ရမယ်" ဟု ရွာသားများက အတတ် စွပ်စွဲလိုက်ကြတော့သည်။ ဆရာတော်ကြီးနှုတ်မှ ဘာမှ မမိန့်ပါ။ သို့သော် နွားကျောင်းသား ငိုနေပြီ။ လူကြီးမိဘတို့က ကြိမ်းမောင်း ရိုက်ပုတ်၍လော မသိ။ နွားကျောင်းသားကလည်း - "ဆရာတော်ကြီး မရှိခိုက် ဒီနာရီကို ကျောင်းထဲဝင်ပြီး စားပွဲပေါ်က ခိုးလာတာ" ဟု ဖြောင့်ချက်ပေးတော့သည်။ ရွာသူရွာသားများရင်ဝယ် မီးတောက်ကုန်ပြီ။ မလိမ်မိုး မလိမ္မာ ရွာသားလေးက မလုပ်သင့်တာ လုပ်ခဲ့ပြီဖြစ်၍ မဖြစ်သင့်တာ ဖြစ်လာမှာကို ကြောက်ရွံ့နေကြတော့သည်။ ထို့ကြောင့် နံနက်မိုးလင်းလျှင် လင်းခြင်း၊ ရွာမှ တတ်သိလိမ္မာသည့် လူကြီးတစ်ယောက်က နွားကျောင်းသားထံမှ နာရီကိုယူပြီး ဆရာတော်ထံ သွားကပ်ရန် တာဝန်ပေးကြပါသည်။ ရွာသားများ စိုးရိမ်တကြီး စောင့်မျှော်နေကြစဉ် နေထန်းတဖျားခန့်၌ ထိုလူကြီးသည် လက်ထဲနာရီယူပြီး ရွာထဲ ပြန်ဝင်လာပါသည်။ "ဆရာတော်ကြီးက ဒီပစ္စည်းက ဒကာ့ပစ္စည်းလား" လို့ မိန့်တယ်။ ကျွန်တော်လည်း "နွားကျောင်းသားဆီက တွေ့လို့ ဆရာတော်ဆီ ပြန်လာပေးတာပါဘုရား" လို့ လျှောက်လိုက်တော့ "ဒီပစ္စည်း တို့ပစ္စည်း မဟုတ်တော့ဘူး။ နွားကျောင်းသားရဲ့ ပစ္စည်းဖြစ်သွားပြီ။" ဟု မိန့်တော်မူပြီး "လက်မခံဘူးဗျာ။ ကျွန်တော်လည်း ကြောက်လို့ ပြန်ယူလာတယ်။ ဆရာတော်ကြီးက နာရီမရှိတော့ နေကိုပဲ မော့မော့ကြည့်နေတာ တွေ့ခဲ့တယ်။" ဟု ပြောပါသည်။ ကြားရသည့် ရွာသားများပါ စိတ်မချမ်းမသာ ဖြစ်ရတော့သည်။ ထိုစဉ် အတန်အသင့် ဗဟုသုတ ကြွယ်ဝသည့် ရွာသားတစ်ယောက်က- "ဒါဆိုရင်လည်းဗျာ ဆရာတော်ကြီး မိန့်တော်မူသလို နွားကျောင်းသားရဲ့ ပစ္စည်းဆိုတော့ သူ့ကိုပဲ သွားကပ်ခိုင်းရင်ကော ဘယ့်နှယ်လဲ။" ဟု မေးရာ ရွာသားများအားလုံး သဘောတူသဖြင့် နွားကျောင်းသား၏ မိဘများနှင့်အတူ တောကျောင်းကို သွားကြပြီး "ဒါဟာ တပည့်တော်တို့ရဲ့ နာရီပါဘုရား။ တပည့်တော်တို့ကို ချီးမြောက်သောအားဖြင့် ဒီနာရီလေးကို အလှူခံ ပေးသနားတော်မူပါ ဘုရား" လို့ လက်အုပ်ချီလျှောက်မှ ဆရာတော်ကြီးက နာရီ အလှူခံတော်မူပါသည်။ သူခိုးလက်ထဲ ပါသွားသည့် ပစ္စည်းနှင့် စပ်လျဉ်း၍မူ ပါစိတ်အဋ္ဌကထာ ဘိက္ခုနီဝိဘင်း၌ ဘိက္ခုနီတို့၏ ကျောင်းသို့ အမူးသမားများ ရွာသားငယ်များ လာရောက်ကာ သီးပင်၊ သစ်ပင်စသည်ကို ဖျက်ဆီးပြီး ပရိက္ခရာတို့ကို လုယက် ယူဆောင်သည်ရှိသော် ရွာသူကြီးထံ တိုင်ကြားနိုင်သည်။ သို့သော် ဤမည်သောသူက ဤသို့ ဤသို့ ပြုသည်ဟု ပုဂ္ဂိုလ်ရည်ညွှန်းကာ တိုင်ကြားမိပြီး ထိုသူတို့ ဒဏ်ထမ်းရလျှင်မူ ဘိက္ခုနီတို့၌ ဘဏ္ဍာစား ထိုက်ပေမည်။ (ဘဏ္ဍာငွေ အစားပေးရမည် ဟူလို) ဤမည်သော ပုဂ္ဂိုလ်ဟု မပြောဆိုဘဲ ရပ်ရွာလူကြီးတို့အား ဤအနှောင့်အယှက်အတွက် ဘိက္ခုနီကျောင်း၌ အစောင့်အရှောက် ပေးရန်နှင့် သူတို့ ယူဆောင်သွားသည့် ပရိက္ခရာ ပစ္စည်းကို ပြန်ရလျှင် သင့်တော်ပြီဟူ၍မူ ပြောကောင်းသည်။ သက်ဆိုင်ရာမှ ဒဏ်တပ်၍ သူတို့ပိုင်သည့် ဘဏ္ဍာပစ္စည်းအားလုံး သိမ်းစေကာမူ ဘိက္ခုနီတို့၌ အပြစ်မဖြစ်ပေဟု လာရှိပါသည်။ နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာ အကျင့်သီလ - အရှင်ခေမာနန္ဒ (ရန်ကင်းတောရ - သပြေပင်) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ #CREDIT, ထန်းတပင်တောရ- နေပြည်တော်..

via အလင်းရောင် ဓမ္မ https://ift.tt/2sK3MWk

သဒ္ဓါနှင့် စရဏ 🙏🙏🙏🙏🙏 "သဒ္ဓါ"ဆိုတာ ယုံကြည်ချက် "စရဏ"ဆိုတာ အကျင့်ပါပဲ။ သဒ္ဓါနှင့် စရဏဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒါကြောင့် " သဒ္ဓါရှိရင် စရဏရှိသလို စရဏရှိရင်လည်း သဒ္ဓါဟာ ပိုအား ကောင်းသွားတယ်" လို့ မှတ်ရမယ်။ လူဆိုသည်မှာ သူယုံကြည်သည့်အတိုင်း တွေးခေါ်ပြီး သူတွေးခေါ်သည့်အတိုင်း ပြုလုပ်လေ့ ရှိတယ်တဲ့။ ဘာသာတရားတို့ အယူဝါဒတို့ဆိုတာ လူ့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ယုံကြည်မှု ဘာသာတရားပေါ်မှာ အခြေခံပြီး အလုပ်လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်မှု မှန်ကန်ဖို့ အရေးကြီးတယ်။ သဒ္ဓါရှိမှ အတွေးမှန်တယ်။ အတွေးမှန်မှ လုပ်ရပ်မှန်တယ်။ လုပ်ရပ်မှန်မှ ဒုက္ခငြိမ်းမယ်။ မယုံကြည်ခြင်းဟာ ဘဝပြဿနာ ••••••••••••••••••••••••••••••••• ဘုရားလက်ထက်က တောဒေယျ ပုဏ္ဏားကြီးကို ကြည့်လိုက်ပါ။ ပစ္စည်းတော့ ချမ်းသာတယ်။ ဒါပေမဲ့ သဒ္ဓါက အလွန်မွဲတယ်။ ဒီတော့ ဘာပြောလဲ။ " ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာ ကံနှင့်မဆိုင်ဘူး။ ကြိုက်တာ လုပ် ပျော်သလိုနေ ဘာကောင်းမှုမှ လုပ်စရာမလိုဘူး"တဲ့။ ဒီတော့ ပုဏ္ဏားကြီးဟာ ဘာကောင်းမှုမှ မလုပ်တော့ဘူး။ အဲဒါ ဘာကြောင့်လဲ။ သဒ္ဓါ မရှိလို့။ ဒါကြောင့် သေတော့ ခွေးဖြစ်သွားတယ်။ ဒါကြောင့် မယုံကြည်ခြင်းဟာ ဘာသာရေး ပြဿနာမဟုတ်ဘူး။ ဘဝပြဿနာပဲ။ ဘဝမှာ အရေးကြီးဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ မုသားမပါ လင်္ကာမချော •••••••••••••••••••••••• တချို့လူတွေ ဗုဒ္ဓဘာသာပဲ။ ဒါပေမဲ့ ဘာသာတရားကို အလေးအနက်မထားဘူး။ အလေးအနက် မထားခြင်းဟာ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် ပြောကြတယ်။ "မုသားမပါ လင်္ကာမချော၊ နောင်ခါလာ နောင်စျေး"တဲ့။ စဉ်းစားကြည့်ပါ။"မုသားမပါ လင်္ကာမချော"တဲ့။ လောကကြီးဟာ လိမ်မှ အဆင်ပြေတယ်၊ မလိမ်ရင် အဆင်မပြေဘူး။ ဒါကြောင့် လိမ်သင့်ရင် လိမ်ရမှာပဲတဲ့။ ဒီလို ဖြစ်သွားတယ်။ မြတ်စွာဘုရားက "မုသားစကားဆိုရင် ရီစရာတောင် မပြောရဘူး"လို့ မိန့်ခဲ့တယ်။ အဲဒါကို "မုသားမပါ လင်္ကာမချော" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဒါ"သဒ္ဓါ" မရှိလို့ပါ။ ပြီးတော့ "နောင်ခါလာနောင်စျေး" တဲ့။ ဒါလည်း ဘုရားစကားကို ပစ်ပယ်တာပဲ။ ဒီတော့ နောက်ပြဿနာ နောက်မှရှင်းမယ်။ ကြောက်စရာမလိုဘူး။ လုပ်ချင်ရာလုပ် ဒီလိုဖြစ်သွားတယ်။ တကယ်တော့ နောက်ပြဿနာကို နောက်မှ ရှင်းလို့ မရတော့ဘူး။ အခုထဲက စရှင်းထား ရမယ်။ "အခု ရေတွင်းတူး အခု ရေကြည် သောက်လို့မရဘူး" လေ။ ရေကြည်သောက်ချင်ရင် အခုကထဲက စတူးထားရမယ်လေ။ ဆိုလိုတာက နောက်ပြဿနာကို အခုကထဲက စရှင်းထားရမယ်။ အဲဒါကို "နောင်ခါလာ နောင်စျေး" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဘုရားစကားကို ပစ်ပယ်တယ် ဆိုမှတော့ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် သဒ္ဓါ မရှိရင် နောက်ကြောင်း ပြန်လှည့်ရမှာပဲ။ နောက်ကြောင်းပြန်လှည့် ဆိုတာ အပါယ်လေးဘုံကို ပြန်သွားရလိမ့် မယ်လို့ ဆိုလိုတယ်။ ယုံမှကျင့် ကျင့်မှယုံ •••••••••••••••••••• သဒ္ဓါနှင့် စရဏသည် အပြန်အလှန် အထောက်အကူ ပြုနေကြတယ်။ ဆိုလိုတာက " ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်"ပေါ့။ ဘုရားလက်ထက်က ဝေသာလီမြို့မှာ သီဟစစ်သူကြီး ဆိုတာ ရှိခဲ့ဖူးတယ်။ သူ့ဆရာက တိတ္ထိဆရာကြီး။ ဘုရားမြတ်စွာကို ဆန့်ကျင်ဘက် လုပ်နေတဲ့ တိတ္ထိဆရာကြီး။ စစ်သူကြီးဟာ ဘုရားရဲ့ဂုဏ်သတင်းတွေ ကြားရတော့ "ငါ တရားသွားနာမယ်" ဆိုပြီး ဘုရားထံ ရောက်သွားတယ်။ ဘုရားမြတ်စွာက နှုတ်ဆက်ပြီး အခြေခံတရား ကနေ သစ္စာတရားထိ ဟောလိုက်တယ်။ အဲဒီတရားတွေ နာယူပြီး "ကောင်းလိုက်တဲ့ တရား" ဆိုပြီး သဘောကျသွားတယ်။ အဲဒီနောက် ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ ဒါ စရဏပဲ။ အဲဒီလို အားထုတ်လိုက်သည့်အတွက် သောတာပန် ဖြစ်သွားတယ်။ "ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်" ဆိုတာ အဲဒါပါပဲ။ ယနေ့ခေတ်မှာလည်း ဝိပဿနာအားထုတ် လိုက်တဲ့အတွက် ဘာသာခြားကနေ ဗုဒ္ဓ ဘာသာ ဖြစ်လာတဲ့သူတွေ အများကြီးပဲ။ အဲဒါ စရဏကြောင့် သဒ္ဓါ ဖြစ်လာတာပါပဲ။ ဒီတော့ စရဏအားကောင်းဖို့ သဒ္ဓါ လိုအပ် သလို သဒ္ဓါအားကောင်းဖို့ အတွက်လည်း စရဏ လိုအပ်တယ်။ ဒါကြောင့် သဒ္ဓါနှင့် စရဏကို ဟန်ချက်ညီညီ အားထုတ်ရမယ်။ ဒါမှ ငြိမ်းချမ်းတဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် 🙏🙏🙏သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/35Iomov

ဘဝဆိုတာဒီတစ်ခုတည်းရှိတာမဟုတ်ဘူး (သို့မဟုတ်)ဘဝလွတ်မြောက်ရေး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဘဝဆိုတာ ချမ်းသာဆင်းရဲ ဒွန်တွဲနေတယ်။ ဒါက အရှိတရား။ အရှိတရားကို သိအောင် ကြိုးစားခြင်းဟာ ဉာဏ်ပညာပဲ။ ဒါပေမဲ့ တချို့က ချမ်းသာသက်သက်ကို ရှာကြတယ်။ အဲဒါ ဉာဏ် မရှိလို့ပါ။ ချမ်းသာသက်သက်ကို ရှာခြင်းဟာ ကျောက်ခဲကို ဆီထွက်အောင် ကြိတ်သလိုပါပဲ။ ဒါကြောင့် ချမ်းသာဆင်ရဲ ဒွန်တွဲနေတဲ့ ဘဝမှာ ချမ်းသာသက်သက် ဆိုတာ ဘယ်နည်းနှင့်မှ မရနိုင်ဘူးလို့ မှတ်ပါ။ ဉာဏ်ရှိသူတွေကတော့ ချမ်းသာသက်သက် မရှာတော့ဘူး။ ဘဝမှ လွတ်မြောက်ဖို့ ကြိုးစားကြတယ်။ ဘဝမှ လွတ်မြောက်ဖို့အတွက် ဘာလိုအပ်လဲ၊ သစ္စာတရားပဲ။ သစ္စာသိရင် ဒုက္ခငြိမ်းပြီပေါ့။ တစ်ရက်နှင့် တစ်ရာ ----------------- ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ။ ဧကာဟံ ဇီဝိတံ သေယျော။ ပဿတော ဓမ္မမုတ္တမံ။ တရားမသိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ ရှင်ရခြင်းထက် တရားသိတဲ့ ပုဂ္ဂိုလ် တစ်ရက် အသက်ရှင်ခြင်းက ပိုမြတ်တယ်တဲ့။ တရားမသိတဲ့ ပုဂ္ဂိုလ်မှာ " လောကကြီးမှာ ချမ်းသာဖို့ အရေးကြီးတယ်၊ ဒီတော့ နောင်ခါလာ နောင်ဈေး" ဆိုပြီး ကာယဒုစရိုက်လည်း လွန်ကျူးတယ်။ ဝစီဒုစရိုက်လည်း လွန်ကျူးတယ်။ ဒီတော့ သူရဲ့ သံသရာ ခရီးဟာ ကွေ့ကောက်သွားပြီပေါ့။ နိဗ္ဗာန်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားတယ်။ ဒီတော့ သူ့ရဲ့ အသက်ရှင်ခြင်းဟာ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပါပဲ။ တရားသိတဲ့ပုဂ္ဂိုလ်ကျတော့ ဘာဒုစရိုက်မှ မလုပ်တော့ဘူး။ "ဘဝဆိုတာ ဒီတစ်ခုထဲ ရှိတာ မဟုတ်ဘူး၊ နောက်ဘဝဆိုတာ ရှိသေးတယ်၊ ဒီတော့ မချမ်းသာရင် နေပါစေ, ဒုစရိုက်တော့ မလုပ်နိုင်ဘူး" ဒီလိုကိုး ဖြစ်သွားတယ်။ ဒီတော့ သူ့ရဲ့ သံသရာ ခရီးဟာ ဖြောင့်ဖြူးသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက "တရားမသိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ ရှင်ရခြင်းထက် တရားသိတဲ့ ပုဂ္ဂိုလ် တစ်ရက် အသက်ရှင်ခြင်းက ပိုမြတ်တယ်" လို့ မိန့်တော်မူခဲ့တာ။ လောကကြီးမှာ ချမ်းသာသက်သက်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘဝလွတ်မြောက်ရေးတရားကိုသာ ကြိုးစားအားထုတ်ရမယ်။ ဘဝလွတ်မြောက်ရေးတရားဆိုတာ အခြားမဟုတ်ပါဘူး။ သစ္စာတရားပဲ ဖြစ်ပါတယ်။ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ။ _________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2EDMPPY

" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍ သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း " ************************ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ အဲဒီကုသိုလ် ၅မျိုးကတော့... ၁။ ဒါန ၂။ သီလ ၃။ ဂုဏ်တော် ၄။ မတ်ေတာ ၅။ ဝိပဿနာ တို့ ဖြစ်ပါတယ်။ အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။ ၁။ ဒါန ------------- ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်၀န် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။ ၂။ သီလ ------------------ ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။ ၃။ ဂုဏ်တော် --------------- တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။ အရဟံဂုဏ်တော်ကိုပဲ … အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊ အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊ လို့ ပွားများရပါတယ်။ အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။ ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။ ၄။ မတ်ေတာ ------------------- စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။ မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။ ၅။ ဝိပဿနာ ------------------ နောက်ဆုံးက ဝိပဿနာပါ။ ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။ (မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်၀ယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီး၀သို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ ) ကုသိုလ်-၅မျိုး တစ်နေ့တာ ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။ ၁။ အိပ်ရာထ ---------------------- မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန) ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ) အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် ) မတ်ေတာကို ၅-မိနစျ ပှားပါ။ ( မတ်ေတာ ) ပြီးရင် ဝိပဿနာ ၅-မိနစ် ပွားများပါ။ ( ဝိပဿနာ ) အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီ၀က်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီ၀က် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာ၀စ္စတွေကို ပြုလုပ်ပါ။ ၂။ နေ့လည် --------------- အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။ ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။ ၃။ ညပိုင်း ----------------- တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။ နေ့စဉ်ပြုအပ်သည် ------------------------ ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။ ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။ ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။ ------------------------------------------- ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။ ဒုက္ခကြံရင် သစ္စာဆို။ ----------------------------- ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်၀တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။ ” ကျွန်ှုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ….. သံသရာကပင် ကျွတ်နိုင်ရဲ့ ------------------------------------- ကုသိုလ် ၅-မျိုးထဲမှာ ဝိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာ၀ဋ်က ကျွတ်သွားနိုင်ပါသေးတယ်။ ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာ၀င်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံး၀မပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် … ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။ အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ )

via အလင်းရောင် ဓမ္မ https://ift.tt/2ZeWq9C

ရွှေကိုးပိဿာချမ်းသာသောဘုန်းကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏 သူငယ်ချင်း မင်းရဲ့ကျောင်းမှာ ကိုရင်ဘယ်နှစ်ပါးရှိလဲ.? သူငယ်ချင်း ဒေါက်တာကုမာရ သီတင်းသုံးတဲ့ နွယ်ခွေကျောင်းကို ရောက်တော့ မေးမိပါတယ် ကိုရင်ကိုးပါးရှိတယ် ဟာ မိုက်သကွာ ဒီခေတ်မှာ ကိုရင်ဆိုတာ ရွှေထက် ရှားတယ်ကွ ရွှေက ဝယ်လို့ရတယ် တကျပ်သား ကိုးသိန်းကျပ် တပိဿာ သိန်းကိုးရာ အေး ကိုရင်က ဝယ်လို့မရဘူးဟေ့ အားက်သကြာလို့ ပြောမိပါတယ် ... သီရိလင်္ကာကို စာသင်သွားတုန်းက ဌာနေ သီရိလင်္ကာဘုန်းကြီးကျောင်းတွေမှာ နေခွင့်ပေးပါဘုရားလို့ သွားရောက် လျှောက်ထားတဲ့အခါ ငါ့ရှင်တို့ရေ ငါကတော့ ကိစ္စမရှိဘူး ဒီမှာ ငါ့ရှင်တို့စိတ်ကြိုက် နေလို့ရပါတယ် ဒါပေမဲ့ ပေါတိ ကိုတော့ စ်ိတ်ချမ်းသာအောင် ထားရမယ်ကွဲ့လို့ သီရိလင်္ကာဘုန်းတော်ကြီးက မိန့်ပါတယ် ပေါတိ ဆိုတာ ညီငယ်လေး လို့ အဓိပ္ပါယ်ရပါတယ် ကိုရင်ကို ပြောတာပါ အဲဒီ အချိန်တုန်းက ကိုရင်တပါးရဲ့တန်ဘိုးကို သတိမထားမိခဲ့ပါ ခုတော့ မြန်မာသံဃာတွေ ​ အထူးသဖြင့် ကျောင်းထိုင် ကိုယ်တော်တွေ ကိုရင်တပါးရဲ့ တန်ဖိုးကို သတိရလောက်ပြီ ထင်မိတယ် ကိုရင်ဆိုတာ ရွှေထက် ရှားပြီလေ ... ကိုရင်မရှိရင် ရဟန်းမရှိ ရဟန်းမရှိရင် သာသနာ အဆက် ပြတ်တော့မယ် ... သြော် ရတနာပုံခေတ်က ကျောင်း မီးလောင်တော့ တန်ဖိုးရှိတဲ့ ပေစာတွေ ပရပိုဒ်တွေ တန်ဖိုးကြီး ပစ္စည်းတွေ ဘာတခုမှ မယူပဲ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်လေးကို ထမ်းပြေးတာ ဒါကြောင့်ကိုး ... ကိုရင်လေးသာ စာတတ်ပေတတ် ဆရာတော်ကြီးတပါး ဖြစ်လာခဲ့ရင် မီးလောင်သွားတဲ့ ပေစာ ပရပိုဒ်တွေထက် အဆတစ်ရာ သာအောင် ရေးစွမ်းနိုင်မယ် ကိုရင် မီးလောင်ခံရလို့ ပျံတော်မူခဲ့ရင် သာသနာအဆကျက ပြတ်မှာမို့လား ... သူငယ်ချင်းရေ မင်းရဲ့ကျောင်းက ရွှေအစစ်တွေကို တန်ဖိုးထားပါကြာတဲ့..။ Credit from.. Ashin Tikkhanyanalinkara #Asoeson လေးမြတ်စွာမျှဝေပါသည်ဘုရား %%%% crd အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/36OGRru

ဝိပဿနာအားထုတ်လျှင် ခံစားရရှိမည့် အကျိုးထူးများ ══════════════════ ၁။ ဤဘ၀တွင် ယခင်က မကြုံတွေ့ခဲ့ဖူး သည့် အလွန်ထူးခြား ချမ်းသာသော အတွေ့အကြုံများကို တွေ့ဆုံခံစားရသည်။ . ၂။ ကိုယ်စိတ်၂ပါး အထူးကြည်လင်ပေါ့ ပါး၍ အေးငြိမ်းချမ်းသာ နေခြင်းကို ခံစားရသည်။ . ၃။ ဉာဏ်အမြင် ကြည်လင်၍ စိတ်ကူးကြံ ဆနိုင်သောစွမ်းအား မြင့်မားတိုးတက်လာသည်။ . ၄။ စိတ်တည်ကြည်လာသည့်အတွက် စာ ကြည့်စာဖတ်သည့်အခါ မှတ်ဉာဏ် တိုးတက် ကောင်းမွန်လာသည်။ . ၅။ ဘုရား၊ တရား၊ သံဃာတို့၌ ယုံမှား သံသယကင်း၍ သဒ္ဓါတရား အထူးကြည်လင် ကောင်းမွန်လာသည်။ . ၆။ မိဘ၊ဆရာ လူကြီးသူမများအပေါ် ပို၍ ရိုသေလေးစားလာသည်။ . ၇။ အပေါင်းအဖော်များအား မိမိ၏ ကိုယ် နှင့်တူစွာ စာနာမှုတိုးတက် လာသည်။ . ၈။ လောဘ ၊ဒေါသ ၊မာန ၊ ဣဿာ ၊ မစ္ဆရိယ စသည့် တရားဆိုးများကို အတော်အ တန် ထိန်းချုပ်လာနိုင်ပြီး အပြောအဆိုအမူအရာ ပိုမိုယဉ်ကျေး သိမ်မွေ့လာသည်။ . ၉။ ရသမျှနှင့် တင်းတိမ်နိုင်သော စွမ်းရည် နှင့် သည်းခံမှု စွမ်းအားတို့ တိုးမြင့်လာ ကြသည်။ . ၁၀။ လောကဓံ တရားများနှင့် ဆုံဆည်းရ သောအခါ ပို၍ ကြံကြံခံနိုင်စွမ်း ရှိလာသည်။ . ၁၁။ ပူပန်သောကများကို အထိုက်အ လျောက် ငြိမ်းသတ်နိုင်ပြီဖြစ်၍ စိတ် အေးချမ်းသာကာ ကောင်းမွန်စွာ အိပ်စက်နိုင်သည်။ နုပျိုလန်းဆန်း လာသည်။ . ၁၂။ ဝိပဿနာ တရားအားထုတ်သည့် အ လေ့အထ ရခဲ့ပြီးဖြစ်၍ ခရီးသွားရင်း နားနေရင်း အတွင်း၌ပင် ဝိပဿနာတရားကို ရှုမှတ်သွားနိုင်မည် ဖြစ်သောကြောင့် ဝိပဿနာကုသိုလ်မှာ ကြီးထွားသထက် ကြီးထွားလာသည်။ . ၁၃။ ကိုယ် စိတ် ၂ပါးတို့၏ နာမ်၊ ရုပ်သဘော အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့၏ သဘောလက္ခဏာကို ပိုမိုထင်ရှားစွာ သိမြင်လာပြီး အတ္တဆန်သောစိတ်ထား လျော့နည်းလာသည်။ . ၁၄။ အကျင့်စာရိတ္တ ခိုင်မာရင့်ကျက် တိုး တက်လာသည်။ . ၁၅။ စိတ်ဓာတ် ကြံခိုင် တည်ကြည် တိုး တက်လာသည်။ . ၁၆။ ဤဘ၀တွင် အကောင်းဆုံးအလုပ် အကျိုးအရှိဆုံး အလုပ်ကို ငါလုပ်ခဲ့ရပြီဟု ကျေနပ်၀မ်းသာရသည်။ . . ရခဲလှတဲ့ ဘ၀ကလေးမှာ အချိန်ကို အလကားနေရင်း မဖြုန်းသင့်ပါ။ ဝိပဿနာ အားထုတ်ရခြင်းရဲ့ အကျိုးထူးများကို သိရပြီးတဲ့နောက်မှာ ဝိပဿနာကို သတိရတိုင်း အားထုတ်သင့်ပါတယ်။ အသေဘက် ဦးတည်သွာနေတဲ့ ဒီခန္ဓာကြီး အသေမဦးခင် ဝိပဿနာ အလုပ်ကို အားထုတ်သင့်ပါတယ်။ ဝိပဿနာ အားထုတ်တဲ့ အခါမှာလည်း ကိလသောကို ကွားမခိုစပေါနဲ့။ မိမိအကျိုး မနည်းချင်ရင်ဖြင့် သက်တမ်း ခပ်တိုတိုလေးမှာ ဝိပဿနာ အလုပ်ကို ခပ်ပိုပိုလေး လုပ်ကြပါ။ သတ္တဝါမှန်သရွေ့ တရားတွေ့ အေးငြိမ်းချမ်းသာ ရှိပါစေ.....။ . Thanks; #HsuMyatDhammagyi 🤔 ဝိပူနာအားထုတျလြှငျ ခံစားရရှိမည့ျ အကြိုးထူးမြား ═════════════════════════════ ၁။ ဤဘ၀တှငျ ယခငျက မကွုံတှေ့ခဲ့ဖူး သည့ျ အလှနျထူးခွား ခမြျးသာသော အတှေ့အကွုံမြားကို တှေ့ဆုံခံစားရသညျ။ . ၂။ ကိုယျစိတျ၂ပါး အထူးကွညျလငျပေါ့ ပါး၍ အေးငွိမျးခမြျးသာ နခွေငျးကို ခံစားရသညျ။ . ၃။ ဉာဏျအမွငျ ကွညျလငျ၍ စိတျကူးကွံ ဆနိုငျသောစှမျးအား မွင့ျမားတိုးတကျလာသညျ။ . ၄။ စိတျတညျကွညျလာသည့ျအတှကျ စာ ကွည့ျစာဖတျသည့ျအခါ မှတျဉာဏျ တိုးတကျ ကောငျးမှနျလာသညျ။ . ၅။ ဘုရား၊ တရား၊ သံဃာတို့၌ ယုံမှား သံသယကငျး၍ သဒ်ဓါတရား အထူးကွညျလငျ ကောငျးမှနျလာသညျ။ . ၆။ မိဘ၊ဆရာ လူကွီးသူမမြားအပေါျ ပို၍ ရိုသလေေးစားလာသညျ။ . ၇။ အပေါငျးအဖောျမြားအား မိမိ၏ ကိုယျ နှငျ့တူစှာ စာနာမှုတိုးတကျ လာသညျ။ . ၈။ လောဘ ၊ဒေါသ ၊မာန ၊ ဣူာ ၊ မစ်ဆရိယ စသည့ျ တရားဆိုးမြားကို အတောျအ တနျ ထိနျးခြုပျလာနိုငျပွီး အပွောအဆိုအမူအရာ ပိုမိုယဉျကြေး သိမျမှေ့လာသညျ။ . ၉။ ရသမြှနှင့ျ တငျးတိမျနိုငျသော စှမျးရညျ နှင့ျ သညျးခံမှု စှမျးအားတို့ တိုးမွင့ျလာ ကွသညျ။ . ၁၀။ လောကဓံ တရားမြားနှင့ျ ဆုံဆညျးရ သောအခါ ပို၍ ကွံကွံခံနိုငျစှမျး ရှိလာသညျ။ . ၁၁။ ပူပနျသောကမြားကို အထိုကျအ လြောကျ ငွိမျးသတျနိုငျပွီဖွဈ၍ စိတျ အေးခမြျးသာကာ ကောငျးမှနျစှာ အိပျစကျနိုငျသညျ။ နုပြိုလနျးဆနျး လာသညျ။ . ၁၂။ ဝိပူနာ တရားအားထုတျသည့ျ အ လေ့အထ ရခဲ့ပွီးဖွဈ၍ ခရီးသှားရငျး နားနရေငျး အတှငျး၌ပငျ ဝိပူနာတရားကို ရှုမှတျသှားနိုငျမညျ ဖွဈသောကွောင့ျ ဝိပူနာကုသိုလျမှာ ကွီးထှားသထကျ ကွီးထှားလာသညျ။ . ၁၃။ ကိုယျ စိတျ ၂ပါးတို့၏ နာမျ၊ ရုပျသဘော အနိစ်စ၊ ဒုက်ခ၊ အနတ်တတို့၏ သဘောလက်ခဏာကို ပိုမိုထငျရှားစှာ သိမွငျလာပွီး အတ်တဆနျသောစိတျထား လြော့နညျးလာသညျ။ . ၁၄။ အကငြ့ျစာရိတ်တ ခိုငျမာရင့ျကကြျ တိုး တကျလာသညျ။ . ၁၅။ စိတျဓာတျ ကွံခိုငျ တညျကွညျ တိုး တကျလာသညျ။ . ၁၆။ ဤဘ၀တှငျ အကောငျးဆုံးအလုပျ အကြိုးအရှိဆုံး အလုပျကို ငါလုပျခဲ့ရပွီဟု ကြနေပျ၀မျးသာရသညျ။ . . ရခဲလှတဲ့ ဘ၀ကလေးမှာ အခြိနျကို အလကားနရေငျး မဖွုနျးသင့ျပါ။ ဝိပူနာ အားထုတျရခွငျးရဲ့ အကြိုးထူးမြားကို သိရပွီးတဲ့နောကျမှာ ဝိပူနာကို သတိရတိုငျး အားထုတျသင့ျပါတယျ။ အသဘေကျ ဦးတညျသှာနတေဲ့ ဒီခန်ဓာကွီး အသမေဦးခငျ ဝိပူနာ အလုပျကို အားထုတျသင့ျပါတယျ။ ဝိပူနာ အားထုတျတဲ့ အခါမှာလညျး ကိလသောကို ကှားမခိုစပေါနဲ့။ မိမိအကြိုး မနညျးခငြျရငျဖွင့ျ သကျတမျး ခပျတိုတိုလေးမှာ ဝိပူနာ အလုပျကို ခပျပိုပိုလေး လုပျကွပါ။ သတ်တဝါမှနျသရှေ့ တရားတှေ့ အေးငွိမျးခမြျးသာ ရှိပါစေ.....။ . Thanks; #HsuMyatDhammagyi #Creditး🖋🖋🖋🖋🖋 #Creditး🖋🖋🖋🖋🖋

via အလင်းရောင် ဓမ္မ https://ift.tt/38VpozF

via အလင်းရောင် ဓမ္မ https://ift.tt/2S8Nz7O

Thursday, December 19, 2019

"ဘုရားတောင် မျက်နှာလွဲရမဲ့သူ" *********************** ဗုဒ္ဓရဲ့ တရားတော်တွေကိုပြန်လည်ဖြန့်ဝေတဲ့အခါ အာသာငမ်းငမ်း လိုချင်သူတွေရှိသလို ဖာသိဖာသာတွေလည်း ရှိတယ် မုန်းတီးတဲ့သူတွေရှိသလို ရန်လိုတဲ့သူတွေလည်း တွေ့ရတယ် တရားကို အာသာငမ်းငမ်းလိုချင်သူတွေထဲမှာ ကိုယ့်ညီအကိုမောင်နှမတွေနဲ့ ကိုယ်နဲ့ပါတ်သတ်တဲ့သူတွေ တယောက်မှ မပါတော့ သံဝေဂရမိတယ် သြော် - - - ဘုရားရဲ့ ယောက်ဖတော်သူ ဒေဝဒတ် မြေမြိုပြီး အရှင်သာရိပုတြာရဲ့ မယ်တော်ကြီး မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာ ဒါ့ကြောင့်ထင်တယ် တရားမှာညီအကိုမောင်နှမမရှိဘူး အနီးဆုံးသူတွေကတရားနဲ့ဝေးပြီး အဝေးဆုံးသူတွေကတရားလိုချင်သူတွေ ဖြစ်တတ်တာပါပဲ..,သံဝေဂ ရစရာကောင်းပါတယ် ဓမ်မဟဝရေက်ခတိ ဓမ်မစာရိ ံ တဲ့ တရားဆောင်တဲ့သူကို တရားကပြန်စောင့်ရှောက်တယ် တဲ့ ♥ဆွေမျိုးနဲ့မဆိုင်ဘူး ♥မိဘနဲ့မဆိုင်ဘူး ♥ညီအကိုမောင်နှမနဲ့မဆိုင်ဘူး ♥အပေါင်းအသင်းနဲ့မဆိုင်ဘူး တရားဆိုတာကျင့်သုံး သူကိုသာ ချမ်းသာစေတာပါ အားကိုး မမှားကြပါစေနဲ့ ဦးမြင့်ခိုင်

via အလင်းရောင် ဓမ္မ https://ift.tt/2sFcfdw

"ဘုရားတောင် မျက်နှာလွဲရမဲ့သူ" *********************** ဗုဒ္ဓရဲ့ တရားတော်တွေကိုပြန်လည်ဖြန့်ဝေတဲ့အခါ အာသာငမ်းငမ်း လိုချင်သူတွေရှိသလို ဖာသိဖာသာတွေလည်း ရှိတယ် မုန်းတီးတဲ့သူတွေရှိသလို ရန်လိုတဲ့သူတွေလည်း တွေ့ရတယ် တရားကို အာသာငမ်းငမ်းလိုချင်သူတွေထဲမှာ ကိုယ့်ညီအကိုမောင်နှမတွေနဲ့ ကိုယ်နဲ့ပါတ်သတ်တဲ့သူတွေ တယောက်မှ မပါတော့ သံဝေဂရမိတယ် သြော် - - - ဘုရားရဲ့ ယောက်ဖတော်သူ ဒေဝဒတ် မြေမြိုပြီး အရှင်သာရိပုတြာရဲ့ မယ်တော်ကြီး မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာ ဒါ့ကြောင့်ထင်တယ် တရားမှာညီအကိုမောင်နှမမရှိဘူး အနီးဆုံးသူတွေကတရားနဲ့ဝေးပြီး အဝေးဆုံးသူတွေကတရားလိုချင်သူတွေ ဖြစ်တတ်တာပါပဲ..,သံဝေဂ ရစရာကောင်းပါတယ် ဓမ်မဟဝရေက်ခတိ ဓမ်မစာရိ ံ တဲ့ တရားဆောင်တဲ့သူကို တရားကပြန်စောင့်ရှောက်တယ် တဲ့ ♥ဆွေမျိုးနဲ့မဆိုင်ဘူး ♥မိဘနဲ့မဆိုင်ဘူး ♥ညီအကိုမောင်နှမနဲ့မဆိုင်ဘူး ♥အပေါင်းအသင်းနဲ့မဆိုင်ဘူး တရားဆိုတာကျင့်သုံး သူကိုသာ ချမ်းသာစေတာပါ အားကိုး မမှားကြပါစေနဲ့ ဦးမြင့်ခိုင်

via အလင်းရောင် ဓမ္မ https://ift.tt/2sFcfdw

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2ra00VV