Friday, September 27, 2019

အဖေမေကိုချစ်တယ်ဆိုရင် ❤❤❤❤❤❤❤ သား။ အဖေမုန့်ဖိုး တစ်သိန်းလောက်ပေးပါဗျာ အဖေ။ ဟေ များလှကြီးလှသားရေ၊ဘာလုပ်ဖို့လည်းပြောပါဦး။ သား။ သားသူငယ်ချင်းဟိုနေ့က သားကို စားသောက်ဆိုင်မှာ စေတနာပါပါနဲ့ စပါယ်ရှယ်တစ်ဝိုင်းအဝကျွေးထားတာ ပြန်ကျွေးချင်လို့ပါအဖေ။ ဖေ။ဘာဖြစ်လို့ပြန်ကျွေးချင်ရတာလဲ သားရေ။ သား။ သားကတစ်ခါကျွေးထားတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ပြန်ကျွေးချင်တာပါဖေဖေ။ ဖေ။ အေး ဟုတ်ပြီသားရေ သားသူငယ်ချင်းကို မကျွေးရဘူးလို့မပြောလိုဘူးသား ကျွေးပါ သားရဲ့ကျေးဇူးဆပ်ချင်တဲ့စိတ်ကိုလည်း အသိမှတ်ပြုပါတယ် သားသိထားရမှာက သားရဲ့ဘဝမှာ သားသူငယ်ချင်းက စေတနာပါပါနဲ့တစ်ဝိုင်းတစ်နပ်ပဲကျွေးခဲ့တာပါ ဖေဖေနေဲ့မေမေက မင်းကိုမွေးကတည်းက စေတနာပါပါနဲ့ နေ့ပေါင်းများစွာဝိုင်းပေါင်းများစွာ ကျွေးခဲ့မွေးခဲ့တယ်ဆိုတာပဲသားရယ်။ ကြားဖူးတာလေးပြန်တင်ပြခြင်းပါ ကိုယ့်ရဲ့အဖေနဲ့အမေကိုချစ်တယ်ဆိုရင် စေတနာပါပါလေး တစ်ဝိုင်းလေးတော့ကျွေးနိုင်ကြပါစေ ❤❤❤❤❤❤❤❤❤


via အလင်းရောင် ဓမ္မ https://ift.tt/2mhnR3q