အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 25, 2019
ပြည့်ဝခြင်းဆိုတာ ✏ ✏ ✏ ✏ ✏ ဖိုးဖိုး သူတို့ မိသားစုက ချမ်းသာတယ်နော် အားကျစရာကောင်းလိုက်တာ လူဖြစ်ရကျိုးနပ်လိုက်တာ ဘာလို့လဲ မြေးလေး မြေးလေးလည်လူပဲလေ သူတို့လို လက်တွေ ခြေတွေ ပါတယ်လေ ဒါပေမယ့် မြေးတို့က သူတို့လောက်လူရာမဝင်သလိုပဲ မြေးထင်လို့ပါ လူရယ်လို့ ဖြစ်လာရင် ချမ်းသာချင်တယ် အောင်မြင်ချင်တယ် ပိုင်ဆိုင်ချင်ကြတယ် ဘာလို့လဲ သိလားမြေးလေး သူတို့လိုတာရရင် ပျော်ရွှင်ရလိမ့်မယ်လို့ ပုံသေတွက်ထားကြလို့ပဲ ဟိုမှာတွေ့ လား မြေးလေး အဲ့ ရေစည်ထဲက ရေတွေကို ဒီအိုးထဲ အကုန်ဝင်အောင်ထည့် ဟာ ဘိုးဘိုးက ရေစည်က အကြီးကြီး အိုးကသေးသေးလည်း ရေစည်ထဲရေတွေအားလုံး ဘယ်ဆန့်ပါမလဲ အဘိုးအိုက အိုးအောက်ခြေကို ခဲတစ်လုံးကောက်ပြီး ဆက်ကနဲ့ ခွဲပေါက်လိုက်တယ် မြေး ပြည့်အောင်ထည့် ဒီလိုဆို ဘယ်ပြည့်ပါတော့မလဲ ဘိုးဘိုးရဲ့ လူတွေရဲ့ လိုအပ်ဆန္ဒဟာလည်း ပေါက်နေတဲ့ အိုးလိုပဲမြေး ရေပြည့်တဲ့အိုးတိုင်း လျှံတတ်သလို ရေမရှိတဲ့အိုးကလည်း ခြောက်သွေ့ အက်ကွဲတတ်တယ်မြေးလေး လူ ဖြစ်ရကျိုး နပ်တယ် မနပ်ဘူးဆိုတာက ဒီလိုရှိတယ် မြေး စားနေတဲ့ ထမင်း အင်း ဆန်ပေါ့ကွာ အကောင်းစား ဆန်းတစ်လုံးတည်မယ် အညံ့စား ဆန် တစ်လုံးတည်မယ် မြေးဘယ်ဆန်စားမလဲ ဘိုးဘိုးကလည်း အကောင်းစားပဲစားမှာပေါ့ အဲ့ မြေးစားမယ်ဆိုတဲ့ အကောင်းစားဆန်က ပျော့တူးမနပ် ဖြစ်နေပြီး အညံ့စားဆန်က စားလို့ရတဲ့အနေတော်ဆိုရင်ရော စားလို့ရတာပဲ စားမယ် အဖိုး လူဆိုတာလည်း ဒီလိုပဲ ဘယ်လောက်ပြည့်စုံပါစေ စာနာစိတ် ၊ ခွင့်လွှတ်စိတ် ၊သူ့ဘက်ကိုယ်ဖက်မကြည့်တတ်ရင် အိုးထဲမှာထဲမှာ မနပ်ခဲ့တဲ့ ထမင်းလိုပဲ ပန်းကန်ထဲရောက်မှ နပ်အောင်နှပ်မရတော့ဘူးမြေး အဲ့လိုပဲမြေး မပြည့်စုံပေမယ့် စာနာစိတ်ပြည့်ရှိတဲ့သူ ခွင့်လွှတ်နားလည်တတ်သူ သူ့ဘက်ကိုယ်ဘက်ကို အတိုင်းအတာနဲ့ကြည့်တတ်သူဟာလည်း လူဖြစ်ရကျိုးနပ်ပါတယ် မြေးရဲ့ ရေပြည့်တိုင်း မသန့်ဘူးမြေးလေးရဲ့ ခုမြေးရှေ့က ကန်ကြီးတွေလား အမှိုက်သရိုက်ပေါင်းစုံနဲ့ပြည့်နေတယ် မြေးသောက်မလား ရေချိုးမလား ရွံစရာ ကြီး ဖိုးဖိုးရယ် ဒါဆို ဟိုရေစည်ထဲက ရေနည်းနည်းလေးကိုရော သောက်လည်းသောက်လို့ရတယ် ချိုးလည်းချိုးလို့ရတယ် မြေး လူဖြစ်ရကျိုးဆိုတာဒါပဲ ပြည့်ဝတယ်ဆိုတာ သဘောထားပြည့်ဝခြင်း ခွင့်လွှတ်သည်းခံ ခြင်းတွေ ပြည့်နေဖို့နဲ့ ကိုယ်ချင်းစာနာစိတ်တွေ အမြဲ ပြည့်ဝနေရင် လူ ဖြစ်ရကျိုးနပ်တာပါပဲ မြေးရယ်။ ရွေးချယ်မှုသည်မိမိအတွက်ဖြစ်ပါစေ။ ဘာမထီဘွား...အတွေးစာစုလေးများ CR :###
via အလင်းရောင် ဓမ္မ https://ift.tt/2mw2tqT
Newer Post
Older Post
Home