အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 20, 2019
🖍#တရားမပါသောနေ့တစ်နေ့🖍 တရားမပါဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမရှိဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွှန့်တက်တယ်။ အာရုံတစ်ခုခုကိုတရားနဲ့ယှဉ်စပ်သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိနေရင်- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့်ကျူးလွန်မိတတ်ပါတယ်။ မုန်း ငြိုး ပြစ်မှားမှုပေါ်လာပြီး ပြစ်မှား ကျူးလွန်တတ်ပါတယ်။ မသိမှုခံရပြီးတော့လည်း ပြစ်မှားကျူးလွန်မိတတ်ပါတယ်။ သာယာမှုနဲ့ပြစ်မှားနေရင်ဘေးကမသိသော်လည်း မိမိကိုယ်တိုင်တော့သိနေလောက်ပါတယ်။ မုန်းငြိုးမှုနဲ့ပြစ်မှားနေပြန်ရင်တော့ ဘေးက သိလွယ်မြင်လွယ်ပါတယ်။ မသိမှုနဲ့ပြစ်မှားနေရင်တော့ ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်မသိလိုက်ရတော့ပါဘူး။ တရားမပါတဲ့နေ့တစ်နေ့ဟာ ဘယ်လောက်အပြစ်ကြီးနေပြီလဲ။ အယုတ်အလတ်အမြတ်တို့အပေါ် ပြစ်မှားခဲ့သမျှကိန်းဂဏန်းချကြည့်ရင် အကြွေးစာရင်းကကြောက်ဖွယ်လိလိ။ တရားဆိုတဲ့အသိမရမချင်း တစ်သံသရာလုံး ကြွေးဆပ်နေရလိမ့်မယ်နော်။။။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး credit :
via အလင်းရောင် ဓမ္မ https://ift.tt/2JRT30R

မင်္ဂလာပါ 🌷💫🌷 လူတစ်ယောက်မှာ ထိရောက်တဲ့ အလုပ်တစ်ခုခုတော့ ပုံမှန် ရှိနေသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်မရှိတဲ့ လူတစ်ယောက်မှာ မကောင်းတဲ့စိတ်ဝင်ဖို့ သိပ်လွယ်ကူပါတယ်။ ညွှတ်စရာ သီးခြား အလုပ်အာရုံမရှိရင် ပုထုဇဉ်ရဲ့စိတ်ကိုက မကောင်းတဲ့ စိတ်ဆီကိုပဲရောက်ရောက် နေတတ်လို့ပါ။ စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို လုပ်နေခြင်းဟာလည်း မကောင်းတဲ့စိတ်ကို တားတန်သလောက် တားပြီးသားဖြစ်နေတတ်ပါတယ်။ လူဟာ အလုပ်မရှိရင် လူနဲ့အနီးဆုံးဖြစ်တဲ့ မကောင်းတဲ့အတွေးတစ်ခုခုကို တွေးနေတတ်တာ ဟာ လူ့သဘာဝတစ်ခု ဖြစ်နေလေတော့ အလုပ်တစ်ခုခုကို လုပ်နေခြင်းဟာလည်း မကောင်းတဲ့စိတ်ကို တားတန်သလောက် တားထားတယ်ဆိုတာ အထူးသတိပြုဖို့ပါ။ မြတ်စွာဘုရားက အလုပ်လုပ်ပါတဲ့။ ပြီးတော့ ... ရှုပ်ထွေးခြင်းကင်းတဲ့ အလုပ်ကိုလုပ်ပါတဲ့။ ကိုယ်ကိုယ်တိုင်က ရှုပ်ထွေးခြင်းကင်းတဲ့၊ အနှောင့်အယှက်ကင်းတဲ့ အလုပ်လုပ်ဖြစ်ဖို့လိုသလို ၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု အတွက်ကြောင့်လည်း တစ်ဖက်သားမှာ မရှုပ်ထွေးဖို့၊ အနှောင့်အယှက်မဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် ... ကိုယ့်အပြုအမူကြောင့် တစ်ဖက်သားမှာ စိတ်အနှောင့်အယှက် မဖြစ်ဖို့ပါ။ ဒါလည်း အထူးသတိထားရမယ့် အချက်ပါ။ အလုပ်တွေတော့ အများကြီးလုပ်ပါရဲ့။ ဒါပေမယ့် ... ကိုယ်လုပ်တဲ့အလုပ်တွေဟာ သူတစ်ပါးကိုစိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်လည်း ဘုရားအလိုကျ မဟုတ်ပြန်ပါဘူး။ ဒီတော့ ညအိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ "ဒီနေ့ ငါလုပ်ရမယ့် အလုပ်တွေ အကုန်လုပ်ဖြစ်ရဲ့လား။ ငါ့အတွက် အနှောင့်အယှက်ကင်းတဲ့ အလုပ်တွေ ဖြစ်ရဲ့လား။ ပြီးတော့ ငါလုပ်ခဲ့တဲ့အလုပ်တွေဟာ သူတစ်ဖက်သား အတွက်ကော အနှောင့်အယှက်ကင်းရဲ့လား"ဆိုတာပါ။ လုပ်ဖြစ်ခဲ့တယ်ဆိုရင်တော့ အနာကုလာစ ကမ္မန္တာမင်္ဂလာနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့အဖြစ်နဲ့ပဲ နှစ်ခြိုက်စွာ အိပ်လိုက်ပါတော့။ ရဝေနွယ်(အင်းမ) 💥💥💥 မေတ္တာဖြင့် #LaWarSo
via အလင်းရောင် ဓမ္မ https://ift.tt/2Z3nJT8

လူယုတ်မာတွေအသက်ရှည်ပါစေ *********************** တစ်ခါတုန်းက ဘုန်းကြီးတစ်ပါး တောရ ဆောက်တည်နေ၏၊ နေ့စဉ်နေ့တိုင်း တရားအားထုတ်မေတ္တာပွား၍သာ အများအားဖြင့် နေလေ၏၊ တစ်နေ့တွင် အာရုဏ်ရောင်သန်း၍ လင်းဘက်ရောက်သော် မေတ္တာပို့လေသည်။ မေတ္တာပို့ပုံက... "လူယုတ်မာတွေ အသက်ရှည်ကြပါစေ.... သူတော်ကောင်းတွေ အသက်တိုကြပါစေ.." -ဟု မေတ္တာပို့လေသည်..။ " ဆရာတော်ကြီး မေတ္တာပို့နေချိန်ဝယ် သူခိုးမိုးမှောင် က ကျောင်းအောက်မှာ ခိုးဖို့ရောက်နေ၏၊ 'ဆရာတော်...မေတ္တာပို့ပုံက ဆန်းကြယ်လှ၏၊ လွဲများ နေရောသလား...၊ တကယ်ဆို သူတော်ကောင်း တွေ အသက်ရှည်ကပါစေ..'သာဖြစ်သင့်တယ်၊ ကဲလေ. ..ငါလည်း ဘုန်းကြီးကျောင်း ခိုးဖို့လာတာ၊ ကြုံတုန်း ဆရာတော်ကို တက်လျှာက်ဦးမှ" -ကြံကာ ကျောင်းပေါ် တက်သွားလေသည်။ ကျောင်းပေါ်တက်၍တံခါးကို ခေါက်လိုက်၏၊ တံခါးခေါက်သံ ကြားသော် ဆရာတော်ကြီးက တံခါး- ဖွင့်ပေး၍... " ဟဲ့.ဒကာ..ဘာကိစ္စနဲ့ လာသလဲ "ဟု မေးလေ၏၊ သူခိုးက... "မှန်လှပါဘုရား..ဆရာတော် မေတ္တာပို့သံ ကြားလို့ ထူးခြားနေ၍ လာပါသည် ဘုရား" -ဟု လျှောက်ထား၏။ "ဟဲ့ဒကာ... ဘာထူးလို့တုန်း"-ဟု မေး၏၊ သူခိုးက... "မှန်လှပါ .'လူယုတ်မာတွေ အသက်ရှည်ကြပါစေ... သူတော်ကောင်းတွေ အသက်တိုကြပါစေ- လို့ ဆရာတော်မေတ္တာပို့တာ မှားများ နေသလားလို့ ပါ ဘုရား.." ဟုဆိုလေသည်။ ထိုအခါ ဆရာတော်ကြီးက... "ဟဲ့ဒကာ.. ဆရာတော် မမှားပါဘူးကွယ်. .'သူယုတ်မာများ အသက်ရှည်ကြပါစေ'ဆိုတာက လူယုတ်မာများဆိုတာ 'လူ့ပြည်တစ်ခါရောက်က တစ်ခေါက်မပြန်' ဆိုတဲ့ အမျိုးမို့လူပြည်ရောက်တုန်း ရောက်ခိုက် ဝဝလင်လင် နေသွားကြပါစေ'လို့ မေတ္တာ ပို့ပါတယ်။ 'သူတော်ကောင်းတွေ အသက်တိုကြပါစေ' ဆိုတာက သူတော်ကောင်းများမှာ 'အသက်တိုလေ နိဗ္ဗာန်နှင့် နီးလေ' ဖြစ်၍ ဆုတောင်းမေတ္တာပို့တာ" -ဟု ဆိုလေသည်။ သူခိုးမိုးမှောင်က... " သြော် ဒီလိုဆိုတော့ ဆရာတော်မေတ္တာအမှန်သား" -ဟု ဆိုကာ ... "တပည့်တော်.. ညလူဆိုးသူခိုးပါဘုရား၊ဒီကနေ့ကပြီး ဆရာတော် မေတ္တာရိပ်ကို ခိုလှုံတဲ့အနေနဲ့ သူခိုးဘဝကို အကျိုးမရ၍ စွန့်လွှတ်ပါပြီဘုရား.." ဟု -လျောက်ထားကာ ပြန်သွားလေသည်။... သာယာချမ်းမြ့ကြပါစေ သစ္စာနီ Crd(ဧဝံမေ သုတံ) ဓမ္မနဒီ .
via အလင်းရောင် ဓမ္မ https://ift.tt/30Jro9i

အညစ်အကြေး(၈)မျိုး 🖤🖤🖤🖤🖤🖤 ၁။ မသရဇ္ဈာယ်ခြင်းသည် အတက်ပညာ၏အညစ်အကြေး ၂။ လုံလမရှိခြင်းသည် အိမ်၏အညစ်အကြေး ၃။ ပျင်းရိခြင်းသည် ရုပ်အဆင်း၏အညစ်အကြေး ၄။ မေ့လျော့ခြင်းသည် ဥစ္စာဆောင့်ရှောက်သူ၏အညစ်အကြေး ၅။ အကျင့်စာရိတ္တမကောင်းခြင်းသည် မိန်းမ၏အညစ်အကြေး (မိန်းမတို့သည် အဆင်းလှဖို့ထက် အချင်းလှဖို့လိုကြောင်းဆို) ၆။ နှမြောဝန်တိုခြင်းသည် ပေးကမ်းလှူဒါန်းခြင်း၏အညစ်အကြေး ၇။ အကုသိုလ်အယုတ်တရားသည် မျက်မှောက်တမလွန်နှစ်တန်သော ဘဝ၏ အညစ်အကြေး ၈။ မသိမိုက်မဲမှု အဝိဇ္ဇာသည် ဆိုခဲ့သောအထက်ပါ အညစ်ကြေးတို့ထက် လွန်ကဲသောအညစ်အကြေးမည်၏။ အညစ်ကြေးများသိ၍ ပယ်ရှားနိုင်ကြပါစေ သတည်း 🙏🙏🙏 (အဋ္ဌကအဂုင်္တ္တုရ်) (ဗုဒ္ဓ၏ သြဝါဒအမြုတေ၊ဒဂုန်ဦးထွန်းမြင့်)
via အလင်းရောင် ဓမ္မ https://ift.tt/2xZVFEw

မုဒိတာ၏စွမ်းအား ◽◾◽◾◽ မုဒိတာဆိုတာက မုဒိတာပွားနိုင်ရင် ဘဝမှာရှိတဲ့ ပစ္စည်းတွေ အဆပေါင်းမြောက်မြားစွာ တန်ဖိုးတက်သွားတယ်။ မုဒိတာမပွားနိုင်ဘူးဆိုရင် မိမိလက်ထဲမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေက အဆပေါင်းမြောက်များစွာ တန်ဖိုးကျသွားတယ်။ နောက် မုဒိတာ ပွားတဲ့နေရာမှာလည်းပဲ ကိုယ့်အတွက်ပဲ မုဒိတာ ဖြစ်ပြီးတော့ … သူများ ဘယ်လောက်ပဲ အောင်မြင် အောင်မြင် ဂရုမစိုက်ဘူး။ အဲဒီလိုလုပ် ရင်လေ ဒီမုဒိတာက ကြာကြာမခံနိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အတ္တ အခြေခံ နေလို့တဲ့။ ဒီအတ္တကပဲ အတ္တအမြင်ကပဲ ဒီမုဒိတာကို ဖျက်စီးသွားမယ်။ ဒါကြောင့် မုဒိတာ ပွားတယ်ဆိုတာ ကိုယ်ကောင်းတာလည်း ပြန်တွေး သူများကောင်းတာလည်း ပြန်တွေး ကိုယ်အောင်မြင်မှု ပြန်တွေး။ သူများအောင်မြင်မှု ပြန်တွေး။ ကိုယ်ရှိတာလည်းတွေး။ သူများရှိတာလည်း တွေး။ အဲဒီလိုတွေးပြီးတော့ မုဒိတာပွားနိုင်ရင်တဲ့ တခြားအောင်မြင်တဲ့ပုဂ္ဂိုလ် တခြားကြိုးစားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ရဲ့ပြိုင်ဖက် ကိုယ်ရဲ့ရန်သူလို မမြင်တော့ဘူး။ မမြင်တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ နေရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ တချို့သူတွေက ရန်သူမဟုတ်ပါဘူး။ လူအများစု ရန်သူမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ်ကကို လုံလုံခြုံခြုံမရှိလို့ သူတို့ကို ရန်သူအနေနဲ့ သွားမြင်တာ။ ရန်သူအနေနဲ့ မမြင်တော့ဘူးဆိုရင် အဲလူ တွေက ကိုယ့်ရန်သူ မဟုတ်တော့ဘူး။ ရန်သူလို့မြင်တာနဲ့ ချက်ချင်း ရန်သူ ဖြစ်လာတယ်။ စိတ်က လုပ်တာလေ။ "မနောမယာ" ဆိုတာ "မနေသေဋ္ဌော မနောမယာ" စိတ်က ဦးဆောင်တယ်။ စိတ်က အကြီးအကဲဖြစ်တယ်။ စိတ်က လုပ်တာ။ ဒီမုဒိတာ အားကောင်းအောင်ဆိုရင်… တခြားလူတွေရဲ့ ကြိုးစားမှု တခြားလူတွေရဲ့ စေတနာ သဒ္ဓါတရား တခြားလူတွေရဲ့ ကိုယ်ကျိုးအနစ်နာခံမှု သူတို့ရဲ့ contribution … အဲဒါတွေကိုလည်းပဲ အသိအမှတ်ပြုပြီးတော့ ပြန်တွေးပြီးတော့ မုဒိတာဖြစ်ရမယ်တဲ့။ မိမိနဲ့သူတစ်ပါးနဲ့ ခွဲခြားလို့မရဘူး။ သူတို့ မုဒိတာနဲ့ ကိုယ့်မုဒိတာ ခွဲခြားလို့မရဘူး။ ကျန်တဲ့လူတွေ ရှုံ့မဲ့ရှုံ့မဲ့ဖြစ်နေချိန်မှာ ကိုယ်က မုဒိတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ environment မကောင်းဘူး။ ကိုယ်လုပ်နိုင်တာလုပ်ပြီးတော့ ကိုယ့်ဟာကိုယ် မုဒိတာဖြစ်ပါ။ မုဒိတာဖြစ်အောင် ခဏခဏ ပြန်တွေးပါ။ သူအထင်သေးတာကို ကိုယ်ရဲ့စိတ်က လက်မခံဘူး ကိုယ်ရဲ့စိတ်က အားမငယ်ဘူးဆိုရင် သူအထင်သေးတဲ့ဟာက အရာမရောက်ပါဘူး။ သူအထင်သေးတာ ကိုယ်လက်မခံဘူးဆိုရင် သူအထင်သေးတာ အရာမရောက်ဘူး။ ကိုယ့်ဟာကိုယ် confidence ဖြစ်တယ်။ ဒါကြောင့် မုဒိတာက confidence ဖြစ်ဖို့ သိပ်အရေးကြီးတယ်။ ကိုယ်အလုပ်ကြိုးစားတာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားပြီးတော့ မုဒိတာ ဖြစ်ရမယ်။ တခြားလူတွေ ကြိုးစားတာ မုဒိတာဖြစ်ရမယ်။ အဆင့်လေးဆင့် ထိုင်မယ်နော်။ နံပါတ်(၁) မိမိကိုယ်ကို နံပါတ်(၂) မိမိနဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ မိသားစု ပါမယ်။ အချစ်ဆုံး သူငယ်ချင်းတွေပါမယ်။ တစ်ဦးစီတစ်ဦးစီရဲ့ ၀မ်းမြောက်စရာ ဂုဏ်ယူစရာတွေ တွေးပြီးတော့ မုဒိတာဖြစ်မယ်။ နံပါတ်(၃)ကျတော့ အလယ်အလတ်ပုဂ္ဂိုလ် သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မှုကို တွေးပြီး တော့ မုဒိတာ ဖြစ်ပါ။ နံပါတ် (၄) ကျတော့ ကိုယ်နဲ့ပြိုင်ဖက် ဒါမှမဟုတ် ကိုယ့်ကို ဝေဖန်ဖူးတဲ့လူ … ကိုယ်နဲ့ စကားများဖူးတဲ့လူ … ကိုယ်နဲ့အယူအဆချင်း မတူတဲ့လူ … အယူအဆဆိုတဲ့အထဲမှာ ဘာသာရေး အယူအဆ လူမူရေးအယူအဆ နိုင်ငံရေး အယူအဆ မတူတဲ့လူ… အဲလူတွေရဲ့ ကြိုစားမှု အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာဖြစ်ပါ။ အားငယ်တဲ့စိတ်ဖြစ်ပြီးတော့ ကိုယ်က စိတ်ထဲမှာ မလုံမခြုံဖြစ်ပြီးတော့ … သူများကို မကောင်းကြောင်း ပြောဖြစ်အောင် ပြောပြီးတော့ အတင်းပြောတဲ့ဟာတွေပေါ့နော် အဲဒါမျိုးတွေ မလုပ်တော့ဘူး။ သူများကို အတင်းပြောတယ်ဆိုတာက သူများ ကိုယ့်ထက်သာတယ်ဆိုတဲ့ အထင်မျိုး မရှိအောင် … သူတို့ရဲ့အားနည်းချက်တွေ အဲဒါ ရွေးပြီးတော့ပြောတာ။ အဲဒါကို အတင်းပြောတယ်ပေါ့။ အတင်းပြောတဲ့ဟာက သူများ ကောင်းကြောင်း တစ်ခါမှ မပြောဘူး။ ဒါကြောင့် ကိုယ်နဲ့ ပြိုင်ဖက်ပုဂ္ဂိုလ်တွေ အတင်းပြောတဲ့သူတွေ… သူတို့ရဲ့ကောင်းကြောင်းကို မြင်နိုင်တဲ့ ပုဂ္ဂိုလ်က … သူရဲ့ဘ၀မှာ အကောင်းမြင်ဝါဒနဲ့ အမြဲတမ်း ပြည့်နေပြီးတော့ စိတ်ဓာတ်ကျတယ်ဆိုတာ ရှိမှာ မဟုတ်ဘူး။ စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ဘဝ ထဲမှာ ကောင်းတာတွေကို မမြင်နိုင်တော့လို့။ အဆိုးတွေပဲ စိတ်ထဲမှာ တ၀ဲလည်လည်ဖြစ် နေတယ်။ ဒါကြောင့် မုဒိတာ များများပွားပါ။ မုဒိတာကို တစ်နည်းအားဖြင့် "ပါမောဇ္ဇ" လို့လည်း ခေါ်တယ်။ "ပါမောဇ္ဇ"ဆိုတာ အဲဒါပွားများနိုင်တယ်။ သမာဓိဖြစ်တယ်တဲ့။ နောက် quality တစ်ခုက ပီတိနဲ့တူတယ်။ ဗောဇ္ဈင် ၇-ပါးထဲမှာ ပါတယ်။ ဒီ "ပီတိသမ္ဗောဇ္ဈင်" ပွားနိုင်မှ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ရနိုင်တယ်။ သိပ်အရေးကြီးပါတယ်။ Emotion improvement မှာ Emotion management မှာ သိပ်အရေးကြီးတဲ့ မုဒိတာပါ။ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ 🙏🙏🙏🙏🙏🙏 © April
via အလင်းရောင် ဓမ္မ https://ift.tt/2LWGS5I

🍀 တစ်နေ့ တစ်နေ့ ... စစ်နော် 🍀 ဒို့ ဗုဒ္ဓဘာသာ သားသမီးအားလုံးကတော့ အထက်တက်ချင်တယ် အထက်တန်းစားဖြစ်ချင်တယ် ပြောမှာပဲ။ သို့သော် ဒို့လုပ်တဲ့ ကံတွေကို ပြန်ကြည့်ပါ။ တစ်နေကုန်လေ။ ကံ ဆိုတာ ... စိတ်နဲ့ ကြံစည်တာတွေ နှုတ်နဲ့ ပြောဆိုတာတွေ ကိုယ်ထိလက်ရောက် လုပ်တာတွေ ဒို့ လောဘဆိုတာ ခင်မင်တဲ့ဟာတွေအပေါ်မှာ ငြိတာကိုပြောတာ။ ဒို့ ခင်မင်မှု လောဘအားကြီးရင် ဘာမှမမြင်တော့ဘူး။ အကြိုက်ကြီးရင် မရှက်တော့ဘူး။ ရှက်ရကောင်းမှန်းကိုမသိတော့တာ။ ဒို့ လောဘနဲ့ ကြံစည်တယ်။ ကြံစည်ပြီးရင် ... အကြံအစည် အားကြီးလာလို့ စေတနာပြင်းထန်လာရင် နှုတ်ကနေ လောဘထွက်လာမှာပဲ။ နှုတ်ကနေ လောဘထွက်လို့မှ အားမရရင် ကိုယ်ထိလက်ရောက်လုပ်မှာပဲ။ မနောက စတာ ဟုတ်နော်။ မနောက အားမရရင် နှုတ်နဲ့။ ဒါနဲ့အားမရရင် ကိုယ်ထိလက်ရောက်ထိ သွားတာထင်တယ်။ ကံသုံးချက်နော် ပြန်စစ်ကြည့်ပါ။ ဒို့ တစ်မနက် တစ်မနက် လောဘအကြိမ်ပေါင်း ဘယ်လောက်ဖြစ်သလဲ။ တွက်ကြည့်။ ပြီးတော့ တစ်နေ့ တစ်နေ့ လောဘအကြိမ်ပေါင်း ဘယ်လောက်ဖြစ်သလဲ။ တွက်ကြည့်။ လောဘဆိုတာက အလိုကျရင်ကျသလောက် ဖြစ်မှာနော် ။ ပြီးတော့ အဲဒီအလိုကျတာတွေ လိုက်လုပ်ရင်းနဲ့ အလိုမကျရင် ... ဒေါသ လာမှာပဲ။ ဒေါသ သီးခြားမဟုတ်ဘူး။ ဒေါသက လောဘရဲ့ဆန့်ကျင်ဘက်ပဲ။ လောဘရှိရင် ဒေါသရှိတယ်။ လောဘမရှိရင် ဒေါသမရှိဘူး ဟုတ်နော်။ အဲ့ဒီတော့ ဒို့ တစ်နေ့ တစ်နေ့ အလိုကျတာလုပ်ရင်းနဲ့ အလိုမကျလို့ဖြစ်တဲ့ ဒေါသစိတ် ဘယ်လောက်ရှိသလဲ။ စစ်ပြီးပြီလား။ အလိုမကျ နှလုံးမသာယာမှုမှန်သမျှ ဒေါသ ပဲ။ အဲဒီအလိုမကျတဲ့ စိတ်ဖြစ်သလောက် အလိုမက်တဲ့စကား ဘယ်နှစ်ခွန်းပြောပြီးပြီလဲ။ အလိုမကျတဲ့ အလုပ်တွေရော ဘယ်လောက် လုပ်ပြီးပြီလဲ။ တစ်နေ့ တစ်နေ့ ... စစ်နော်။ ပြီးတော့ ... ဒို့ ဘယ်အာရုံမှမမိဘဲနဲ့ တွေဝေနေတဲ့ စိတ်တွေလည်း အများကြီး။ အာရုံတစ်ခုကိုဖမ်းတဲ့နေရာမှာ မမိတဲ့အတွက် ချီတုံချတုံလည်း ရှိနိုင်တာပဲနော်။ အဲဒါလည်း မောဟပဲ။ ပြီးတော့ ပြန့်နေတာလည်း မောဟပဲ။ မောဟ နယ် ... အကြီးဆုံး။ မောဟက ရွာထဲကအတိုင်းဆို ပြောတာဆိုတာကအစ အမေကသင်ပေးတဲ့ ဟောဒါ ကြက် ... ဟောဒါ ဝက် ... အဲဒီ သညာသိ သညာနဲ့ မှတ်ထားတာတွေမှန်သမျှ မောဟသိ။ အဲ့ဒီတော့ ဒို့ သေခါနီး နောက်ဆုံးစိတ်ဟာ လာမယ့်ဘဝ တာဝန်ယူမှာ။ ဒါက ငါ့သား ငါ့သမီး ... ဒီလောက်စွဲရင် ဒို့ သွားမယ် ... တိရစ္ဆာန်။ အဲဒီမောဟသိနဲ့ သေရင် ဒို့ တိရစ္ဆာန်ဘဝသွားမှာ။ အဲ ... ဘယ်သူလေးတော့ စိတ်ချတယ်။ ဘယ်သူလေးတော့ စိတ်မချဘူး။ သေခါနီးကာလ ကိုယ်ရထားတဲ့ ဘဝ ကိုယ်ရထားတဲ့ အခြံအရံ အဲဒါတွေအပေါ် ခင်မင်စိတ် လောဘနဲ့သေရင် သွားမယ် ပြိတ္တာ။ ဒီကြားထဲ သေခါနီး သားသမီးပြုစုတာမကျေနပ်လို့ တောက်ခေါက် ပြီးရင် နင်တို့ ငါကျန်းမာမှ သိမယ် ... ဆို သွားမယ် ငရဲ။ သေခါနီးကာလ ကိုယ့်ကိုယ်ကို နှလုံးမသာယာတဲ့ စိတ် သို့မဟုတ် မိသားစုလေးထားခဲ့ရမယ်ဆိုတဲ့ နှလုံးမသာယာတဲ့ စိတ် အဲဒီစိတ်တွေနဲ့ သေရင် ဒို့ ငရဲသွားရမှာ။ မောဟနဲ့ သေရင် ... တိရစ္ဆာန်။ လိုချင်မှု စွဲလန်းမှု လောဘနဲ့ သေရင် ... ပြိတ္တာ။ နှလုံးမသာယာတဲ့စိတ်၊ မကျေချမ်းစိတ် ဒေါသနဲ့ သေရင် ... ငရဲ။ မာန်မာနက ... အသူရကာယ်။ ခင်ဗျားတို့ အထက်ဆန်မှာလား ... အောက်ပြန်မှာလား ... ပြန်ဖို့ လုပ်ထားသလား ... ဆန်ဖို့ လုပ်ထားသလား ... အပြန်နဲ့အဆန် ဘယ်ဟာကများလဲ ... တွက်နော် ကိုယ်လုပ်ခဲ့တာတွေကလေ။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး . . 🙏 မူရင်းဓမ္မဒါနပြုသူများအား လေးစား ကျေးဇူးတင်လျက် ပြန်လည်ရိုက်ကူးပူဇော်၍ ဓမ္မဒါန ပြုပါသည်။ 🎗 သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ 🎗
via အလင်းရောင် ဓမ္မ https://ift.tt/30PhW4l

ပြည်ရွှေဆံတော်ဘုရား စိန်ဖူးတော်မြတ်🙏🙏🙏 ဓမ္မမိတ်ဆွေများပြန်လည်ဖူးမျှော်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်
via အလင်းရောင် ဓမ္မ https://ift.tt/2XVq71S

"နှလုံးသွင်းမှန်မှ တရားရမယ်" 🙏🙏🙏🙏🙏🙏🙏🙏 ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှအစာဟာ အားဖြစ်စေသလို" "နှလုံးသွင်းကောင်းတဲ့သူအတွက်လည်း ကြုံသမျှအာရုံဟာ တရားဖြစ်စေတယ်" ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းအရင်းတွေမှာ ဘာအဓိကကျသလဲဆိုရင် နှလုံးသွင်းမှုက အဓိကကျပါတယ်.. နှလုံးသွင်းမှန်တာကို ထမင်းစားတာနဲ့ပတ်သက်လို့ ပြောပြပါမယ်.. ထမင်းပွဲရှေ့မှာ စားမယ်လို့ပြင်တုန်း ထမင်းကပျော့ဖတ်နေတာမြင်လိုက်တာနဲ့ "ငါ့များ ဒါမျိုးကျွေးလို့ရမလား" "အိမ်မှာနေပြီး ထမင်းလေးတစ်အိုးတောင် ကောင်းကောင်းမချက်ထားဘူး" ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့.. ကဲ..နှလုံးသွင်းမှန်သလား မှားသွားသလား.. အဲ့လိုမဟုတ်ပဲ "တော်သေးတာပေါ့" "ငါ ဒီနေ့ သွားနာနေသလိုဖြစ်နေတာ""ပင်ပန်းနေတာ" "ချက်ထားလိုက်တာက ဝါးရတာတောင် သက်သာသေးတယ်" လို့ နှလုံးသွင်းလိုက်တာနဲ့ ကုသိုလ်မဖြစ်ဘူးလား.. ကုသိုလ်ဖြစ်သွားပြီ.. ကုသိုလ်ဆိုတာ ဟိုဟာလုပ်မှကုသိုလ် ဒီဟာလုပ်မှကုသိုလ်လို့ မထင်လိုက်ကြပါနဲ့.. ကုသိုလ်ဖြစ်လိုတဲ့ပုဂ္ဂိုလ်သည် အဓိကလက်ကိုင်ထားရမှာက နှလုံးသွင်းမှန်ဆိုတဲ့ ယောနိသောမနသိကာရပါ.. တစ်ခါတစ်လေ ထမင်းချက်တာက ရေနည်းသွားလို့ ထမင်းက မာသွားတယ်.. "အောင်မယ်လေး ကျောက်ခဲတုန်းကျနေတာပဲ..နင်ပဲဝါးပါလား" "ဒီလောက်ကြီးမာအောင်ချက်ထားတာ ဘယ်သူကမျိုမှာတုန်း ဆို့မှာတုန်း" အဲလို ဒေါသဖြစ်တာမျိုးရှိတယ်.. အဲ့လိုမဟုတ်ပဲ "သြော်..တော်သေးတာပေါ့ ဘယ်လောက်တောင်အစာခံမလဲ" "ခါတိုင်း နို့ဆီဗူးတစ်လုံးစာလောက်စားရင် အခုနို့ဆီဗူးတစ်ဝက်စာလောက်နဲ့ ပြီးတယ် အစာခံတယ်"လို့ ဒီလိုနှလုံးသွင်းမှန်မှန်လေးနဲ့ စိတ်ကောင်းထားလိုက်ရင် အကုသိုလ်ဆိုတာ မလာတော့ဘူး.. "ကြည့်စမ်းပါဦး..ဟင်းရည်က သောက်ကြည့်ပါဦး" "ပေါ့ရွှတ်လို့ ဘာမှလည်း အရသာမရှိဘူး" "သွား..သွန်သာပစ်လိုက်ချည်တော့"လို့ဆိုရင် အကုသိုလ်ကဖြစ်သွားပြီ.. အဲ့လိုမဟုတ်ပဲ "ဆားမပါတာဟာ ငါတို့သွေးတိုးရောဂါသည်နဲ့ကတော့ အဆင်ပြေတယ် ရောဂါလည်းပျောက်တယ်" သွေးတိုးမရှိရင်လည်း "ဟင်းကဆားပေါ့တော့ ငါသွေးတိုးမဖြစ်နိုင်ဘူးပေါ့"ဆိုပြီး နှလုံးသွင်းလိုက်ရင် ကုသိုလ်ကဖြစ်သွားပြီ.. ကဲ ဘယ်လောက်ကောင်းလိုက်သလဲ.. အရာရာကို ကြည့်လိုက်ကြစမ်းပါ.. ဘယ်ဟာနဲ့ပဲတွေ့တွေ့ ဘာနဲ့ပဲဆုံဆုံ နှလုံးသွင်းမှန်ရင် ကုသိုလ်ဖြစ်တယ်.. ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတဆရာတော်ကြီးက ဒီလိုပြောထားတယ်.. "ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှအစာ အားဖြစ်တယ်"တဲ့.. "နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ်အတွက် ကြုံသမျှအာရုံ တရားဖြစ်တယ်"တဲ့.. ကဲ တရားမဖြစ်ချင်ဘူးလား..ဖြစ်ချင်လား.. ဖြစ်ချင်ရင် နှလုံးသွင်းကောင်းလိုက်ကြစမ်းပါ.. ကြုံသမျှအာရုံကို တရားဖြစ်အောင် နေလိုက်ကြစမ်းပါ.. ဓမ္မဒူတ အရှင်ဆေကိန္ဒ Credit... ohmarshin
via အလင်းရောင် ဓမ္မ https://ift.tt/2YZL9sR

═════════ ကံကောင်းလိုသော် ═════════ . ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များများ လုပ်ဖို့လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှလုပ်ပေးလို့ ဖြစ်လာခြင်းမဟုတ်ပဲ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာ မှမလိုပဲ ကုသိုလ် ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုအပ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်.....။ မနာပဒါယီ အရှင်ဝိစိတ္တ( ဒိုက်ဦး ) . . {ပဋ္ဌာန်းပူဇော်ကြသူမျာ} .
via အလင်းရောင် ဓမ္မ https://ift.tt/2SooMuo

Friday, July 19, 2019
⚜️⚜️ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ⚜️⚜️ ⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️ # အဆင်မပြေတာတွေ သိပ်မအော်နဲ့။ ကြိတ်ပျော်နေတဲ့သူတွေ ရှိတတ်တယ်။ # အဆင်ပြေတာတွေလည်း သိပ်မကြွားနဲ့။ မအိပ်မစားနိုင်သူတွေလည်း ရှိတတ်တယ်။ # လောကကြီးကိုလည်း အရွဲ့မတိုက်နဲ့။ ဖဲ့ပလိုက်မယ်ဆိုသူတွေလည်း အများကြီးရှိတယ်။ # သူများသနားအောင်လည်း ပြောမနေနဲ့။ သနားပေးတဲ့သူထက် အမှားပေးတဲ့သူက ပိုများလိမ့်မယ်။ # ဘယ်သူ့ဘယ်သူကိုမှလည်း တအားမယုံနဲ့။ ယုံရသူတွေကပဲ အကုန်ချပြတာတွေ လုပ်ကြလိမ့်မယ်။ # သေချာပါတယ် လောကသားတွေက မောဟအားတွေ များနေကြတော့ ပြောသမျှစကားတွေကအစ သောကပွားစရာပဲလေ။ #အမှားတစ်ခုအတွက် အားပြုပေးဖို့ထက် ဝိုင်းထုကြမယ်ဆိုတဲ့ သူတွေက ခပ်များများရယ်။ #ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် မယုံရတဲ့ အနေအထားမှာ သူများတွေကို ယုံရမလားဆိုပြီး အကုန်ချမပြမိစေနဲ့ပေါ့။ အားလုံးက အုံကြွပြီး ဖိကြမယ်ဆိုတာချည်းပဲလေ။ # ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်လောကနဲ့ကိုယ်ဆိုတော့ ကိုယ့်သောကလည်း ကိုယ်ပဲဖြေရမှာပေါ့။ #အဖြေရဖို့အတွက်တော့ အများရှေ့မှာ ဖြေချပြလို့မရဘူး။ အသေချမယ်ဆိုတဲ့သူတွေက အများသားမဟုတ်လား။ #ကိုယ့်တစ်ယောက်ရဲ့ အကုသိုလ်ဟာ အများအကုသိုလ်တော့ မဖြစ်စေနဲ့ပေါ့။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ
via အလင်းရောင် ဓမ္မ https://ift.tt/2YbD3Qu
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4H6p
via အလင်းရောင် ဓမ္မ https://ift.tt/2Sss3sW
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4Gzn
via အလင်းရောင် ဓမ္မ https://ift.tt/2Sp6j0R
via အလင်းရောင် ဓမ္မ https://ift.tt/2LupVjs
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4Neh
via အလင်းရောင် ဓမ္မ https://ift.tt/2SolWFG
via အလင်းရောင် ဓမ္မ https://ift.tt/2LsmPg4
via အလင်းရောင် ဓမ္မ https://ift.tt/2Sp6jhn
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4IHv
via အလင်းရောင် ဓမ္မ https://ift.tt/2SmmlZz
via အလင်းရောင် ဓမ္မ https://ift.tt/2LtwSBE
via အလင်းရောင် ဓမ္မ https://ift.tt/2SpCUDQ
via အလင်းရောင် ဓမ္မ https://ift.tt/2LrOUEj
via အလင်းရောင် ဓမ္မ https://ift.tt/2Sm4C4r
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4H6p
via အလင်းရောင် ဓမ္မ https://ift.tt/2Sss3sW
via အလင်းရောင် ဓမ္မ https://ift.tt/2Lq4Gzn
via အလင်းရောင် ဓမ္မ https://ift.tt/2Sp6j0R
via အလင်းရောင် ဓမ္မ https://ift.tt/2LupVjs
မေတ္တ္တာဘာဝနာ(၁၁)မျိုး 🙏🙏🙏🙏🙏🙏 ၁ ။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၂ ။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၃ ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ၊သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၄ ။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၅ ။ ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၆ ။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၇ ။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၈ ။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ၉ ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ ၁၀ ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ၁၁ ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ 🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2XVHH68

Thursday, July 18, 2019
- မည်သူ့ ကိုမှ စိတ်ဆိုးပြီး ညမအိပ်ပါနဲ့ ၊ - မည်သူ့ ကိုမှလဲ စိတ်ဆိုးအောင်လုပ်ပြီး ညမအိပ်ပါနဲ့ ။ - မနက်ဖြန် အိပ်ယာပြန်ထလာပါ့မလား - မည်သူမှမသိနိုင်ဘူး။ ဒါ့ကြောင့် - စိတ်ဆိုးနေရင် ခွင့်လွှတ်လိုက်ပါ။ - စိတ်ဆိုးအောင်လုပ်ထားမိရင် ပြန်တောင်းပန်လိုက်ပါ။ (ကမ္ဘာပေါ်မှာအကောင်းဆုံးနေထိုင်ခြင်း) Credit
via အလင်းရောင် ဓမ္မ https://ift.tt/2O102tH

'' အပေါင်းအသင်း '' ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မကျွေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မကူညီနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ခိုင်းသ၍ လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သူခိုင်းသ၍ သင်မလုပ်ပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ ချေး ငှါး နိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ သင်မချေး မငှါးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ တကယ်တော့ သူငယ်ချင်းဆိုတာ ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့ ရယူမှုနဲ့ မရင်းနှီးပါနဲ့ မေတ္တာနဲ့ရင်းနှီးပါ နားလည်မှုနဲ့ ပေါင်းသင်းပါ စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ ညာတာစိတ်နဲ့ လက်တွဲပါ အစားကောင်းစားရတိုင်း သတိရပါ အသိတရားကောင်းရရှိတိုင်း ဝေငှပါ ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ သူဆီက ဆိုတဲ့ ရလိုမှုတွေ ဖျောက်ပစ်ပါ ဘာတွေ ဘယ်လိုကြုံကြုံ ဘဝက ခဏလေးပါ ကိုယ့်ရဲ့ အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့် သူငယ်ချင်းကောင်းတွေကိုတော့ လက်မလွတ်လိုက်ရပါစေနဲ့........ #Credit;
via အလင်းရောင် ဓမ္မ https://ift.tt/2JRFPRK

ထိုးထွန်းသိဖို့လိုတယ်
via အလင်းရောင် ဓမ္မ https://ift.tt/30BbGNt

မင်္ဂလာညချမ်းပါ ဓမ္မမိတ်ဆွေအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2O0qFz3

ဘာကြောင့် စိတ်ညစ်ရသလဲ ————————————— "ဘုန်းဘုန်းဘုရား တပည့်တော် စိတ်အရမ်းညစ်နေလို့၊ အဲဒါတရားစကားလေး မိန့်ပေးပါဘုရား"ဆိုပြီး တပည့်မလေးတစ်ယောက်က လျှောက်ပါတယ်။ "ဘာကြောင့် စိတ်ညစ်တာလဲ"ဆိုတော့ ... "တပည့်တော်အထက် အရာရှိကြောင့်ပါဘုရား"လို့ အဖြေပေးရင်း ဒကာမလေးက သူနဲ့အဆင်မပြေတဲ့သူအကြောင်းကို ပြောပါတော့တယ်။ သူပြောတာတွေ နားထောင်ပြီတော့မှ ... "သမီးရေ အမှန်တော့ သမီးစိတ်ညစ်တာ အဲဒီသူကြောင့် မဟုတ်ဘူး၊ ကိလေသာတွေကြောင့်ညစ်တာ၊ သမီးကို စိတ်ညစ်အောင်လုပ်တာ သူကလုပ်တာမဟုတ်ဘူး၊ သမီးမှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာတရားတွေက လုပ်တာပါ"လို့ ပြန်ပြောရင်း သတ္တဝါတွေ စိတ်ညစ်ရခြင်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြပေးဖြစ်ပါတယ်။ ဟုတ်တယ်။ တကယ်တော့ လူတွေကို စိတ်ညစ်စေတာ ဘယ်သူကြောင့်၊ ဘာကြောင့်မှ မဟုတ်ဘူး။ ကိလေသာတွေကြောင့်ဖြစ်တာ။ ကိလေသာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက "စိတ်ကိုပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်တဲ့ တရား"လို့ အဓိပ္ပါယ်ရတယ်။ စိတ်ကလေးက သူဟာသူဖြူစင်နေတာပါ။ အဲဒါကို လောဘတွေက ညစ်အောင်လုပ်တာ၊ ဒေါသက ညစ်အောင်လုပ်တာ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ စတဲ့ ကိလေသာ တရားတွေက ညစ်အောင်လုပ်တာပါ။ တပ်မက်မှုများတော့ ပူလောင်ရတယ်။ ဒေါသအာဃာတတွေကြောင့် ပူလောင်ရတယ်။ ဘာမှမမြင်နိုင်လောက်အောင် ဖြစ်နေတဲ့ မောဟတွေကြောင့် ပူလောင်ရတယ်၊ မာန်တက်နေလို့ ခံစားရတယ်။ စသဖြင့် ဒီကိလေသာ တရားတွေကပဲ ကိုယ့်စိတ်ကို ညစ်နွမ်းစေတာ၊ ပူလောင်စေတာ၊ လောင်မြိုက်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ညစ်တာတွေ လျော့ချင်ရင် ... လောဘတွေကို လျှော့ရမယ်၊ ဒေါသတွေကို လျှော့ရမယ်၊ မောဟမာနစတာတွေကို လျှော့ရမယ်။ ပုထုဇဉ်မို့ အကုန်မဖယ်ရှားနိုင်သေးလည်း ကိလေသာ တရားတွေ ကိုယ်သန္တာမှာ အကြာကြီး၊ အကြီးကြီး မဖြစ်အောင်တော့ သတိတရားလေးနဲ့ လျှော့ပေးရမှာပေါ့။ သတိရှိနေရင် ကိလေသာ မဝင်ဘူး၊ ဝင်လည်းအကြာကြီး မရှိဘူး၊ ကိလေသာရှိနေတာကို သိလိုက်တာနဲ့ သူကမရှိတော့ဘူး။ ကိလေသာက ကိုယ့်ကိုလောင်နေတာကို မသိလို့သာ သူကဆက်ပြီး လောင်မြိုက်နေတာဖြစ်တယ်။ သတိကပ်ပြီး သိလိုက်တော့ ကိလေသာက ပျောက်သွားပြီး သိတဲ့စိတ်ကလေးက နေရာယူသွားတော့တာပါပဲ။ ကိလေသာမဝင်တော့ ညစ်နေတဲ့စိတ်အစဉ်လည်း ဖြူစင်သွားတာပေါ့။ ဒါဆိုရင် စိတ်ညစ်တာတွေလည်း မရှိတော့ဘူးပေါ့။ သတိတရားလက်ကိုင်ထား ချမ်းသာသုခ များပါစေ။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏 #Credit.
via အလင်းရောင် ဓမ္မ https://ift.tt/2LrknGB
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)