အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 28, 2019
“တောင့်တ၍ မရကောင်းသောအရာ (၅) မျိုး” 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ရဟန်းတို့ သမဏဖြစ်စေ ဗြဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မဖြစ်စေ လောက၌ မည်သူမဆို ၁။ အိုတတ်သောသဘောတရားသည် “မအိုပါစေလင့်” ဟူ၍၄င်းး၊ ၂။ နာတတ်သောသဘောတရားသည် “မနာဖျားစေလင့်” ဟူ၍၄င်း၊ ၃။ သေတတ်သော သဘောတရားသည် “မသေပါစေလင့်” ဟူ၍၄င်း၊ ၄။ ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်” ဟူ၍၄င်း၊ ၅။ ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်”ဟူ၍၄င်း၊ တောင့်တ၍ မရကောင်းသောအရာများ ဖြစ်ပေသည်။ ကြည်ညိုမဆုံး နှလုံးအေးမြ မြတ်ဗုဒ္ဓ (အဂုင်္တ္တိရ်၊ ပဉ္စက၊ ဌာနသုတ်) Cr# တရားအလင်းရပြီး ဒါန သီလ ဘာဝနာ နေ့စဉ်အားထုတ်နိုင်ကြလို့ ကျန်းမာချမ်းသာကြပါစေ
via အလင်းရောင် ဓမ္မ https://ift.tt/2noIg6R
Newer Post
Older Post
Home