အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 26, 2019
နှလုံးသားမှာ ဓမ္မ ပြည့်ပါစေ … 🙏🌻🙏🌻🙏🌻🙏🌻🙏 လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ဘဝခရီးကို ဓမ္မ နှင့် အဆုံးသတ်နိုင်အောင် ကြိုးစားရမယ်။ အနာဂတ် သွားရမည့်ခရီးကို ဘယ်သူမှ မမျှော်မှန်းနိုင်ဘူး။ ဒီဘဝမှာ ဓမ္မကို တစ်လုံးလောက်မျှ သင်မထားလိုက်ဖူးဆိုရင် အနာဂတ် ဘဝခရီးဟာ ဘယ်လောက် ကြမ်းတမ်းမယ်ဆိုတာ မပြောနိုင်ဘူး။ ဒီလောက်ကောင်းတဲ့ ဘဝမျိုး နောက်ပြန်ရဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဓမ္မကို မကြားရ မကျင့်ရ မနာရတဲ့ ဘဝဟာ ဘဝကောင်းလို့ မခေါ်နိုင်ဘူး။ ဒီလောက်ကောင်းတဲ့ ဘဝကို ဆုံးရှုံးမှု့မဖြစ်အောင် ဒီထက်ကောင်းတဲ့ ဘဝကိုလည်း ရနိုင်အောင် နှလုံးသားမှာ ဓမ္မပြည့်အောင် တည်ဆောက်ကြရမယ်။ 🏵သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ🏵 credit : သောတုဇန ကောဝိဒ
via အလင်းရောင် ဓမ္မ https://ift.tt/2lgT7is
Newer Post
Older Post
Home