Tuesday, September 24, 2019

`` သီတင်းကျွတ်တိုင်း မျက်ရည်ဝိုင်း ´´ ___________________________ မြတ်စွာဘုရားလက်ထက်က သီဟိုဠ်ကျွန်းမှာ မဟာသီဝမထေရ်ကြီးဆိုတာ ရှိခဲ့ဘူးလေတယ်။ ပညာလည်းတတ်သလို အဟောအပြောကောင်းတော့ ကျောင်းပေါင်းငါးရာလောက်ကို စာချပါတယ်။ သူတရားဟောလို့  အသိတရားရသွားပြီး တရားအားထုတ်ကြတည့်အခါ တပည့်ရဟန္တာပေါင်း ၃-သောင်းရှိခဲ့ဘူးလေတယ်။ ထိုတပည့်ရဟန္တာ ၃-သောင်းအတွင်းမှ တစ်ပါးသော အရှင်မြတ်က ဒို့ကိုတရားဟောပေးတဲ့ ဆရာအရှင်မြတ်တရားဘယ်အဆင့် ရောက်နေသလဲလို့ ကြည့်တော်မူတဲ့အခါ ပုထုဇဉ်အဆင့်မှာပဲရှိနေပါသေးလား သွားပြီးသတိပေးမှပဲဆိုပြိး မထေရ်ကြီးထံရောက်သွားပါတယ် တရားနာချင်လို့ ပါလို့ လျှောက်တော့ မထေရ်ကြီး မအားဘူးလို့  ပြောလွှတ်ပါတယ် ဘာပဲလျှောက်လျှောက် မအားဘူးပဲ ပြောနေတာ့ သတိပေး အောင်လာတဲ့ ရဟန္တာအရှင်မြတ်က ပြောလိုက်ပါတယ်။ " အရှင်ဘုရား သေတာတောင် အားပါ့ မလား လို့  ပြောလိုက်တော့ " မထေရ်ကြီး တွေဝေသွားပါတယ် ငါ့ကို တရားအားထုတ်စေချင်လို့ လာရောက် သတိပေးတာပါ့လားလို့ တွေးမိလိုက်ပါတယ်။ ငါ့တပည့်တွေတောင် ငါသင်ပေးလိုက်တဲ့ နည်းစနစ်နဲ့ တစ်မဂ်တစ်ဖိုလ် ရ စေခဲ့တာပဲ ငါလို ဆရာတစ်ပါးအနေနဲ့ ၂ ရက် ၃ ရက် အားထုတ်လိုက်ရုံမျှနဲ့ ရဟန်းကိစ္စ ပြီးစေရမယ်ဟု တွေးကာ တောထွက် တရားအားထုတ်လိုက်တာ နှစ် ၃၀ ကြာသွားပေမယ့် ပုထုဇဉ်အဖြစ်က ရှေ့မတက်နိုင်ခဲ့။ ထိုအခါမှ မထေရ်ကြီးက တွေးပါတယ် ငါဟာတရား မရနိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်နေပြီးလား ဆိုပြိး သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း မျက်ရည်လေးတွေ ဝိုင်းခဲ့ရပါတယ် နောက်ဆုံးတော့ နတ်သမီးလည်း လာပြိးတော့သူလဲငိုပါတယ် ဘာလို့ငိုတာလဲ ဟု မေးသောအခါ ငိုရင်တရားရမယ် ထင်လို့ပါ ဆိုပြိးမထေရ်ကြီးကို လျှောက်တော့ " သြော် ငါ့ကို နတ်တွေကတောင်လှောင်နေပါ ပေါ့လားဆိုပြိး သတိ ပညာ ဝီရိယတို့ကို ပြန်တင်းတော်မူကာ ခြေ လက် မဆေး ကြောမချတော့ပဲ ပြင်းထန်စွာ အားထုတ်သောအခါ ရဟန္တာဖြစ်သွားခဲ့လေတယ်။ မဟာသီဝမထေရ် တရားမရလို သီ့တင်းကျွတ်တိုင်း ကျခဲ့ရသော မျက်ရည်တို့သည် ကျကောင်းသောမျက်ရည်ဟု ဆုံးဖြတ်မိလေ၏-- ယနေ့ တို့တစ်တွေ ကျသော မျက်ရည်တို့သည်ကား ----------- ( အကျယ်ကို မဟာဝဂ္ဂအဌကထာ၊ သက္ကပဥှသုတ်အဖွင့်ကို ရှု၍ လေ့လာနိုင်ပါသည် ) credit ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တရားစာပေများကို ဖတ်ရှုခြင်းသည် အသံတိတ် တရားနာခြင်းဖြစ်ပြီး၊ ရေးသူသည် အသံတိတ် တရားဟောခြင်း မည်ပါတယ်။ မိမိရသော အသိဉာဏ်ကို တစ်ဆင့် ပြန်(share)ခြင်း ဖြန့်ဝေခြင်းသည်လည်း အသံတိတ် တရားဟောခြင်း မည်ပါတယ်။ အပြင်မှာ ဟောတာက လူထောင်ဂဏန်းလောက်ပဲ ဟောလို့ရပေမယ့် Facebook မှာတော့ မရေနိုင်အောင် ဟောနိုင်ပါတယ်။ (အရှင်ကဉ္စနရံသီ ကလေးဝ) သူတစ်ပါးကို ထမင်းချက်ကျွေး၊ ရေခပ်ပေးနေသူဟာ ထမင်းမငတ်၊ ရေမငတ်သလို သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာလည်း ဘဝသံသရာမှာ အောက်ကျနောက်ကျ မဖြစ်နိုင်ပါ။ (အရှင်ဇနကာဘိဝံသ) တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ ထိန်လင်းနေတဲ့ သစ္စာဉာဏ်အလင်းကို သူများဘဝ၊ သူများကမ္ဘာမှာလည်း ထိန်လင်းသွားအောင် ထွန်းညှိပေးနေတာပါ။ ဝေငှနေတာပါ။ (အရှင်ဆန္ဒာဓိက) <><><> အောက်က လင့်တွေကိုနှိပ်ပြီး Page ကို Like လုပ်ထားပြီ ဦးဇင်းအကောင့်တွေကို #Add ထား #Follow လုပ်ထားရင် တရား စာပေတွေ တစ်သက်စာ ဖတ်လို့ရပါတယ်။ ---------------------------------------- ၁။ဓမ္မ ရောင်ခြည် https://ift.tt/2mR5YIK ~~~ အရှင် တေဇာ နန္ဒ https://ift.tt/2mrPer2 ~~~ ဓမ္မ ရောင်ခြည် https://ift.tt/2mSmyYJ ~~~ ဓမ္မဘဏ် https://ift.tt/2laE9uy ~~~


via အလင်းရောင် ဓမ္မ https://ift.tt/2lmotEj