Wednesday, September 25, 2019

🍃🌸 တူသောအကျိုး ပေးတယ် 🌸🍃 ကိုယ်ကျေနပ်သလောက် ... မကျေနပ်တဲ့ အချိန်ုဆိုတာ လာတော့မယ်။ သင်္ခါရ နယ်ထဲမှာ ... ဘာမှ မြဲတာ မရှိပါဘူး။ . ကိုယ့် ဘာသာ ဇွတ်လိမ်ညာပြီးတော့မှ ... သူများအိုပေမဲ့ ... ငါမအိုသေးပါဘူး။ သူများနာပေမဲ့ငါ ... မနာပါဘူး။ သူများသေပေမဲ့ ... ငါ မသေနိုင်သေးပါဘူး။ သူများ ဒုက္ခ ရောက်ပေမဲ့ ... ငါဒုက္ခမရောက်ပါဘူး။ သူများဆင်းရဲပေမဲ့ ... ငါမဆင်းရဲပါဘူး။ သူများပညာမတတ်ပေမဲ့ ... ငါပညာတတ်တယ်။ ဆိုပြီးတော့မှ ... ကိုယ့်ကိုယ်ကို ဇွတ်လိမ်ညာပြီးတော့မှ ... ဒီလိမ်ညာချင်တဲ့ ကိလေသာကို မသတ်နိုင်တော့ ဒီ အမှန်တရားကို မသိတာပါ။ . အရသာ အာရုံတွေလဲ ဒီအတိုင်းပါပဲ ။ ကိုယ်ပေါ်မှာ ပူတဲ့ အပူအအေး အာရုံတွေလဲ ဒီအတိုင်းပါပဲ။ တွေးစရာ အာရုံတွေလဲ ဒီအတိုင်းပါပဲ။ . ဒီအာရုံတွေ ငြိတွယ်နေရင် ငြိတွယ်နေသလောက် ဒီအာရုံတွေကြောင့်ဒုက္ခရောက်တယ်။ အစားမက်ရင် ... အစားနဲ့ ဒုက္ခ ရောက်တယ်။ အလှမက်ရင် ... အလှနဲ့ ဒုက္ခရောက်မယ်။ ဘာလို့ ဆိုတော့ ... မြဲတာ မဟုတ်လို့ ။ . အလှကြောင့် မာန်တက်ရင် ... ဒီအလှကြောင့်ပဲ မာန်ကျရလိမ့်မယ်။ ပညာကြောင့် မာန်တက်ရင် ... ဒီပညာကြောင့်ပဲ မာန်ကျရလိမ့်မယ်။ ငွေကြေးကြောင့် မာန်တက်ရင် ... ဒီငွေကြေးကြောင့်ပဲ မာန်ကျရလိမ့်မယ်။ ရာထူး အာဏာ ပါဝါတွေကြောင့် မာန်တက်ရင် ... ဒီရာထူး အာဏာ ပါဝါတွေကြောင့်ပဲ မာန်ကျရလိမ့်မယ်။ . ကိုယ်အားကိုးတဲ့ လက်နက်နဲ့ပဲ ... ကိုယ်သေရမှာပါ။ ဘာလို့ ဆိုတော့ ... ဒါတွေက အားကိုးရာ အစစ် မဟုတ်လို့ ။ . ပညာကိုအားကိုးရင် ... ဒီပညာကြောင့်ပဲ ဒုက္ခရောက်လိမ့်မယ်။ ငွေကြေးကိုအားကိုးရင် ... ဒီငွေကြေးကြောင့်ပဲ ဒုက္ခရောက်လိမ့်မယ်။ ရာထူး အာဏာ ပါဝါတွေကို အားကိုးရင် ... ဒီရာထူး အာဏာ ပါဝါတွေကြောင့်ပဲ ဒုက္ခရောက်လိမ့်မယ်။ ဆေးဝါးတွေကိုအားကိုးရင် ... ဒီဆေးဝါးတွေကြောင့်ပဲ ဒုက္ခရောက်လိမ့်မယ်။ . ကိုယ်အားကိုးတာကပဲ ... ဆေးဝါးတွေကပဲ ... ကိုယ်တက်တဲ့ ပညာကပဲ ... ကိုယ့်ရဲ့ ငွေကြေးကပဲ ... ကိုယ့်ရဲ့ ရာထူး အာဏာ ပါဝါတွေကပဲ ... ကိုယ့်ကိုနှိပ်စက်တာ ပြန်ခံရတတ်တယ်။ . သားမယားကို အားကိုးရင်လဲ ... သားမယားရဲ့ နှိပ်စက်တာကိုခံရပြီး ဒီသားမယားကြောင့်ပဲ ဒုက္ခရောက်ပါလိမ့်မယ်။ ဆွေမျိုးတွေကို အားကိုးရင်လဲ ... ဆွေမျိုးတွေရဲ့ နှိပ်စက်တာကိုခံရပြီး ဒီဆွေမျိုးတွေကြောင့်ပဲ ဒုက္ခရောက်ရပါလိမ့် မယ်။ ဒါတွေက ဘာမှမဟုတ်လို့  အားကိုး ရာ အစစ်မဟုတ်လို့။ . အားကစားစိတ်ဝင်စားရင် ... အားကစားကြောင့် ဘ၀ပျက်ရမယ်။ လောင်းကစားစိတ်ဝင်စားရင် ... လောင်းကစားကြောင့် ဘ၀ပျက်မှာပဲ။ ကိုယ့်အစွဲနဲ့ ကိုယ် ဒုက္ခရောက်မှာပဲ။ . သူများကို စိတ်ဆင်းရဲအောင် လုပ်ရင် ... ကိုယ်စိတ်ဆင်းရဲမယ်။ သူများကို မကျေနပ်အောင် လုပ်ရင် ... ကိုယ်မကျေမနပ်ဖြစ်ရမယ်။ သူများကို ထိတ်လန့်အောင် လုပ်ရင် ... ကိုယ်ထိတ်လန့် ရမယ်။ သူများကို ပျက်စီးစေချင်ရင် ... ကိုယ်ပျက်စီးမယ်။ သူများကို ဒုက္ခရောက်စေချင်ရင် ... ကိုယ်ဒုက္ခရောက်မယ်။ သူများရောက်တာ မရောက်တာတော့ ... မသေချာဘူး။ . ဘုရား ရဟန္တာ ကို ဒုက္ခပေးရင်တော့ ... ဘုရား ရဟန္တာကတော့ ဒုက္ခရောက်စရာမရှိဘူး။ ကိုယ်ဒုက္ခ ရောက်မှာကတော့ ... သေချာတယ်။ . တူသောအကျိုး ... သူများကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ဖြစ်ပါတယ်။ သူများကို မနာလိုရင် ... သူများကတော့ မပြောတက်ဘူး မနာလိုတဲ့ ကိုယ်ကတော့ ဆင်းရဲနေတာ သေချာပါတယ်။ . သူများကို ဒုက္ခရောက်အောင်လုပ်ရင် ... သူများကတော့ မပြောတက်ဘူး သူများကို ဒုက္ခရောက်အောင်လုပ်တဲ့ အတွက်ကြောင့် ကိုယ်မှာကတော့ ဆင်းရဲနေတာ သေချာပါတယ်။ . အများအကျိုးဆောင်ရင် ... အများကို ကျေနပ်အောင်လုပ်ရင် ... အများကို ပူစရာမရှိအောင်လုပ်ရင် ... ကိုယ့်အတွက် ပူစရာမရှိဖြစ်မယ်။ . အများအတွက် ကြည့်နေကတည်းကိုက အများကို ကောင်းစေချင်ရင် တဲ့စိတ်ရှိနေတော့  အများကောင်းတာ မကောင်းတာ အသာထား လောလောဆယ်တော့ ကိုယ်တော့ ကောင်းနေပြီ ။ အဲ့ဒီစေတနာကြောင့် ကိုယ့်မှာ ပိုပိုပြီးတော့ ပြည့်စုံစေပါတယ်။ . ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး အရှင်ဥတ္တမသာရ သဘာဝတရားရိပ်သာ တရား page မှကူးယူဖော်ပြသည် မေသဲဝါ


via အလင်းရောင် ဓမ္မ https://ift.tt/2mDrnEV