အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 26, 2019
❝ ကိုယ့်ဘ၀ကို ကိုယ်လက်ထဲမှာပဲထားပါ ❞ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (ဓမ္မအမေးအဖြေ) မေး ။ ။အရှင်ဘုရား ယနေ့ခေတ်လူတော်တော်များများဟာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ "မှန် လိုကျင့်" ဆိုပြီး ပြောကြပါတယ်ဘုရား။ mirror မှန်။ သူပြုံးမှ ကိုယ်ပြုံးမယ်၊ သူရွဲ့ရင် ကိုယ်ရွဲ့မယ်ဆိုပြီး ပြောတတ်ကြပါတယ်။ အဲလို ကျင့်တာ ဘယ်လိုအပြစ်ကို ဖြစ်ပါစေလဲ ဘုရား။ ဖြေ ။ ။ သူပြုံးလို့ ကိုယ်လိုက်ပြုံးရတယ်၊ သူရွဲ့လို့ ကိုယ်လိုက်ရွဲ့ရတယ်ဆိုတာ ကိုယ့်ဘ၀ကို ကိုယ်မပိုင်တော့ဘူး။ သူက ကြိုးဆွဲနေတာ။ ကိုယ်ရဲ့ပျော်ရွှင်မူသော့ချက် သူ့လက်ထဲမှာပဲ ရှိတယ်။ ကိုယ်ရဲ့စိတ်ဆင်းရဲမှု သော့ချက်ကလဲပဲ သူ့လက်ထဲမှာပဲ ရှိတယ်။ သူများလက်ထဲမှာ ကိုယ့်သော့ သွားအပ်မထားနဲ့။ ကိုယ်လက်ထဲမှာပဲထား ကိုယ်လက်ထဲမှာပဲထား။ သူပြုံးမှ ကိုယ်ပြုံးမယ်ဆိုတာ သူက ကိုယ့်ကိုပြုံးပြမှ ကိုယ်က ပြုံးပြမယ်ဆိုတာ တချို့ဟာတွေကတော့ protocol အရ လုပ်ရတာ။ အဲဒါတော့ တစ်ကဏ္ဍ။ ဒါပေမဲ့ တကယ့်ဘ၀မှာ တခြားလူက စိတ်ချမ်းသာမှ ကိုယ်ကလည်း စိတ်ချမ်းသာအောင် နေမယ်ဆိုရင် ဒါကတော့ မဟုတ်တော့ဘူး။ သူပြုံးမှ ကိုယ်ပြုံးမယ် ဒါကတော့ မဟုတ်တော့ဘူး။ ကိုယ်ရဲ့ဘ၀ကို သူ့လက်ထဲမှာ သွားထည့်ထားတယ်။ ကိုယ့်ဘ၀ကို ကိုယ်ပိုင်ဆိုင်အောင် လုပ်နိုင်တယ်၊ လုပ်ရတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ “ဝမ်းမြောက်ဂုဏ်ယူစရာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာအစဉ်အလာ (တတိယပိုင်း - ၅.၆.၂၀၁၈)” တရားတော်မှ ရေးသားပူဇော်ပါသည်။ အပ္ပမာဒေန သမ္မာဒေထ။
via အလင်းရောင် ဓမ္မ https://ift.tt/2niquC8
Newer Post
Older Post
Home