အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 4, 2019
အကြင်သူသည် မိတ်ကောင်း ဆွေကောင်းနှင့် အတူတကွ နေထိုင်ရ၏။ စကားပြောဆိုရ၏။ ဆွေးနွေးတိုင်ပင်ရ၏။ ထိုသူလောက် ကံကောင်းသူ ဤလောက၌ မရှိတော့ပေ။ လူမိုက်နှင့် အတူတကွ ရန်လည်းမပြုသင့်ပေ။ ချစ်ခင်ပေါင်းသင်းခြင်းလည်း မပြုသင့်ပေ။ မီးကျီခဲသည် ပူခိုက်ဖြစ်မူ ကိုင်သောလက်ကို လောင်တတ်သည်။ အေးခိုက်ဖြစ်မူ မည်းညစ် စွန်းပေတတ်သည်။ ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာ သည် ဆုတ်ယုတ်သွားမည်သာ ဖြစ်၏။ တန်းတူသူနှင့် ပေါင်းသင်းလျှင် မိမိပညာ တိုးတက်ခြင်း မရှိနိုင်ပေ။ မိမိထက် ပညာသာသူနှင့် ပေါင်းမှ မိမိပညာက တိုးတက်နိုင်သည်။ ရွှေနှင့် ပေါင်းဖက်မိခြင်းကြောင့် ဖန်သည် မြရောင်ထွက်သကဲ့သို့ ပညာရှိနှင့် ပေါင်းဖက်မိလျှင် လူမိုက်သည် လူလိမ္မာ ဖြစ်လာနိုင်သည်။ ပိုးကောင်သည် ပန်းပွင့်နှင့်အတူနေခြင်းကြောင့် လူကြီးလူကောင်းတို့၏ ဦးခေါင်းထက်သို့ ရောက်ရလေ၏။ ကျောက်တုံး ကျောက်ခဲသည် လူကြီးလူကောင်း တို့ တည်ထား ကိုးကွယ်ခြင်းကြောင့် ဘုရား ဆင်းတု အဖြစ်သို့ ရောက်ရလေသည်။ ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ပညာကထာ ပညာကဗျာ #Via - Paral Lel >>> thank
via အလင်းရောင် ဓမ္မ https://ift.tt/2YFCRFA
Newer Post
Older Post
Home