အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, August 6, 2019
ချစ်သား.... 🌷ဒီလူက...ငါ့ကို ဆဲဆို ကဲ့ရဲ့တယ်... 🌻ဟိုလူက..ငါ့ကို..ထိုးကြိတ်..ရိုက်ပုတ်တယ်.. 🌹ဒီလူကတော့..ငါ့ကို..အောင်နိုင်ဘူးတယ်.. (ယနေ့ခေတ်အလိုဆို..ကျော်တယ်.ခွတယ်ပေါ့).. 🌾ငါ့ဥစ္စာကို...ခိုးသွားတယ်..အဓမ္မယူသွားတာ.ဒီလူဘဲ..... စသည်တို့ဖြင့်..အမြဲမပြတ် အဖန်ဖန် အောက်မေ့ ကြံစည် နှလုံးသွင်းခြင်းကို... မပြုအပ်ဘူး... အဲဒီလို..နှစ်လုံးသွင်းမှားခဲ့မယ် ဆိုရင်.. ခိုက်ရန်ဖြစ်ပွားခြင်း...ဒေါသထွက်ခြင်း.. မငြိမ်းမပျောက်ဘဲ...ချမ်းသာခြင်းကို မရနှိုင်ဘူး..... အောက်မေ့ကြံစည်ခြင်းကို..မပြု ဂရုမထားဘဲ..ပယ်ရှားနိုင်သောသူမှသာလျှင်..ဘေးရန်မှန်သမျှ မကောင်းသောအရာတို့မှ ကင်းဝေးပြီး ချမ်းသာခြင်းကို..ရနှိုင်ပါတယ်တဲ့.. မြတ်စွာဘုရားရှင်က..တိဿမထေရ်ကို ဆုံးမတဲ့ တရားတော်ပါ..သူတော်ကောင်းတို့.. ဒေသနာအဆုံးမှာတော့..ဘေးမှ..တရားနာနေကြတဲ့.ရဟန်းတော်ပေါင်း တစ်သိန်း.ကတော့....သောတာပတ္တိဖိုလ်တည်ကြပါတယ်... တိုက်ရိုက်ဆုံးမခံရတဲ့...ပြောမရ..ဆိုမရတဲ့.တိဿကိုယ်တော်ကတော့...စာထဲမှာ.. ပြောဆို လွယ်ကူလာပါတော့တယ်တဲ့...ခင်ဗျာ။ ယမကဝဂ် တိဿမထေရ်ဝတ္ထု မောင်ချမ်းသာ (ဧဝံ မေ သုတံ) CR#သဲအင်း ဇွဲတင်း အမြဲလင်း
via အလင်းရောင် ဓမ္မ https://ift.tt/2T8R7Fm
Newer Post
Older Post
Home