Thursday, August 8, 2019

☸"ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်" "ကိုယ့်ကိုကိုယ် ကောင်းအောင်နေ"☸ ➖➖➖➖➖➖➖➖➖ #ကိုယ့်သိက္ခာ_ကိုယ်ယုံရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး.. #ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာမလိုဘူး.. #ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘူး.. #ကိုယ့်စေတနာ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုဘူး.. #ကိုယ့်အကြောင်း ကိုယ်သိနေရင် ဘယ်သူ့ကိုမှ ကြွားပြောနေစရာမလိုဘူး.. #သီလမလုံတဲ့သူက လူတိုင်းကို ကြောက်နေရတတ်တယ်.. #အရည်အချင်းမရှိတဲ့သူက ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တယ်.. #ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့သူက သူများကို မယုံမကြည်ဖြစ်တတ်တယ်.. #ကိုယ့်စေတနာ မမှန်တဲ့သူက စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်.. #ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတဲ့သူက သူများသိအောင် ကြွားတတ်ကြတယ်.. #အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ပဲ.. #ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး.. ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး.. ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး.. ကိုယ်ကောင်းအောင်နေဖို့ပဲ လိုတယ်...။ မနာပဒါယီ အရှင်ဝိစိတ္တ စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်...။ Thanks: ohmarshin 🙏မင်္ဂလာပါ တရားချစ်ခင်သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..🙏


via အလင်းရောင် ဓမ္မ https://ift.tt/2MKt1Qd