Thursday, August 8, 2019

နိဗ္ဗာန်ရဖို့ကံပါပေမယ့် တရားမနာပဲထွက်ခွာသွားလို့"မဂ်ဖိုလ်နှင့်လွဲခဲ့သူ" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗုဒ္ဓဘုရားရှင်လက်ထက်တော်တွင် ဆင်ထိန်း၏သား "ပေဿ"သည်တစ်ရက်တွင် ဘုရားရှင်ထံရောက် လာ၏။သူသည် ထူးခြားသော အတွေးအခေါ်တစ်ခုကို ဤသို့လျှောက်ထား၏။ "အရှင်မြတ်ဘုရား များသောအားဖြင့် လူတို့သည် ကောက်ကျစ်၍ ,တိရစ္ဆာန်တို့သည်ရိုးဖြောင့်ကြပါသည်" "မှန်ပေသည် ပေဿ" ထိုအချိန်မှာပင် ပေဿ၏ အသိဥာဏ်ပါရမီသည် ရင့်ကျက်ခြင်းသို့ ရောက်ပြီဖြစ်၍ သစ္စာလေးပါးနှင့် စပ်သောတရားကို နာကြားလျှင် မဂ်ဖိုလ်ရတော့မည်ဖြစ် ၏။ယင်းအချက်ကို သိ၍ ဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုး အကြောင်းအား ယခုလိုမေးမြန်းတော်မူ၏။ "ဒကာ ပေဿ ပုဂ္ဂိုလ်လေးမျိုးရှိသည်"ယင်းတို့ကား ၁။ မိမိကို ပူပန်စေတတ်သူ ၂။ သူတစ်ပါးကို ပူပန်စေတတ်သူ ၃။ မိမိ သူတစ်ပါး နှစ်ဦးလုံး ပူပန်စေတတ်သူ ၄။ မိမိ သူတစ်ပါး နှစ်ဦးလုံး မပူပန်စေတတ်သူ ထိုလေးမျိုးတွင် သင်သည် မည်သည့်ပုဂ္ဂိုလ်ကို နှစ်သက်သနည်း" "မိမိ သူတစ်ပါးနှစ်ဦးလုံးကို မပူပန်စေတတ်သူ"ကို နှစ်သက်ပါသည်ဘုရား" "အဘယ့်ကြောင့်နှစ်သက်သနည်း" "မိမိကို၎င်း သူတစ်ပါးကို၎င်း မိမိသူတစ်ပါးနှစ်ဦးလုံးကို သော်၎င်း ပူပန်စေခြင်းသည် မကောင်းပါ။မိမိသူတစ်ပါး မပူပန်စေခြင်းကသာ ကောင်းပါသည်။ထို့ကြောင့် နှစ်သက်ခြင်းဖြစ်ပါသည်" "မှန်ပေသည် ပေဿ-ယခု ငါသည်သင့်အား ယင်းပုဂ္ဂိုလ်လေးမျိုးတို့၏ အဓိပ္ပါယ် အကျယ်ကို ဟောအံ့။ရိုသေစွာနာယူလော့" ထိုအခါ ပေဿက- "မြတ်စွာဘုရား တပည့်တော်မှာ အလုပ်ကိစ္စလေးတွေ ရှိသေးသည့်အတွက် အိမ်ကိုပြန်ပါဦးမည်။နောင်ကြုံ သောအခါ မြတ်စွာဘုရားတရားတော်ကို ဆက်၍နာယူ ပါမည်"ဟု လျှောက်ပြီး ပြန်သွားလေသည်။ မြတ်စွာဘုရားသည် ကျောခိုင်းထွက်ခွါသွားသော ပေဿကို ညွှန်ပြလျှက် သံဃာတော်များအား ယခုလို မိန့်ကြားတော်မူ၏။ "ရဟန်းတို့ ပေဿဒကာသည် တရားတော်ကို ဆုံးခန်း တိုင်အောင် နာယူခဲ့လျှင် သံသရာ၌ ထောက်တည်ရာ ရမည်ဖြစ်၏။နာယူသင့်သည့်တရားကို ဆုံးခန်းတိုင် အောင်မနာယူသည့်အတွက် ပေဿသည် သံသရာ ဒုက္ခမှကျွတ်လွတ်ခွင့် မရတော့ဘဲ အို နာ သေ ဆင်းရဲ ကိုအဖန်ဖန်ခံစားရတော့မည်။မပျက်မစီးသာ တည်ရှိ နေလျှင်သူ၏အရိုးများသည်တောင်ကြီးတစ်တောင် ကဲ့သို့ အပုံကြီးရှိနေလိမ့်မည်"ဟု ဟောပြတော်မူ၏။ ထို့ကြောင့် ယခုအခါတွင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ရနိုင် သည့် အချိန်အခါကောင်းရှိနေပါလျှက် မရလျှင် ပေဿ ကဲ့သို့ အဖန်ဖန်သေပြီး သံသရာတွင်ကျင်လည်ရဦးမည် ဖြစ်၍ ကျိုးစားအားထုတ်ကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပေသည်။ =========တရား ရတနာ=========


via အလင်းရောင် ဓမ္မ https://ift.tt/2YyZbFo