အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 7, 2019
အပေါင်းအသင်းဆိုတာ.... 🌷🌷🌷🌷🌷🌷 🌷အပေါင်းအသင်း ဆိုတာ..! ဆင်းရဲချမ်းသာ ၊ ရုပ်ဆိုးရုပ်လှဖို့ မလိုပါဘူး။ အဓိကလိုအပ်ချက်က ရိုးသားဖို့ လိုပါတယ်။ 🌷အပေါင်းအသင်း ဆိုတာ..! ရာထူးဂုဏ်တွေ ၊ ပညာတတ်တာမတတ်တာ မလိုပါဘူး။ အဓိကလိုအပ်ချက်က ကိုယ်ကျင့်တရား ကောင်းဖို့လိုပါတယ်။ 🌷အပေါင်းအသင်း ဆိုတာ..! ကိုယ်လိုအပ်နေချိန်မှာ ကူညီချင်မှ ကူညီနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သစ္စာရှိဖို့တော့လိုတယ်။ 🌷အပေါင်းအသင်းဆိုတာ...! လူမျိုး ၊ ဘာသာ သာသနာ တူဖို့မလိုပါဘူး။ ဒါပေမယ့် စိတ်ချင်းတူဖို့တော့ လိုပါတယ်။ 🌷အပေါင်းအသင်း ဆိုတာ...! ကိုယ်ဝမ်းနည်းနေချိန်မှာ မထွေးပွေ့နိုင်ရင်တောင် မလှောင်ပြောင်ဖို့ လိုပါတယ်။ 🌷အပေါင်းအသင်းဆိုတာ..! လိုရင်တစ်မျိုး မလိုရင်တစ်မျိုး မဖြစ်သင့်ဘဲ မျက်ရည်သုတ်ပေးတဲ့ လက်တစ်ချောင်းမဖြစ်ခဲ့ရင်တောင် မကြာမကြာ ပေါ်လာတတ်တဲ့ ကြယ်လေးတစ်ပွင့်တော့ ဖြစ်ဖို့လိုတယ်။ 🌷အပေါင်းအသင်းဆိုတာ...! တကယ်ကို စိတ်ရင်းနဲ့ ပေါင်းသင်းရင် ဘုရားကပေးတဲ့ ဆုလာဘ်တစ်ခုလို့ပြောလို့ရအောင် တန်ဖိုးကြီးလွန်းလှပါတယ်။ လေးစားစွာဖြင့် ♥ ♥ ♥ ဇင်းနစ် မကွေး
via အလင်းရောင် ဓမ္မ https://ift.tt/2OEUl4T
Newer Post
Older Post
Home