အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 10, 2019
လာချင်ရာလာစမ်းပါစေ သူ့ခြေလှမ်းသာဖမ်းကြည့် သင်၏ရှုကွက်တွင်း သတိခေါင်းစင်းလျ က်က မှတ်ချ က်ယူနေစဉ် ကာယ၊ဝေဒနာ၊စိတ် ထိုသုံးမျိုးကိုမှီ၍ ထိုအတွေးများ တစ်ခုမဟုတ်တစ်ခု ဝင်ရောက်လာသော် ကာယမှတ်နေစဉ် ကာယကိုလည်းကောင်း၊ ဝေဒနာမှတ်နေစဉ် ခံစားမှုကိုလည်းကောင်း၊ စိတ်တွေးမှတ်နေစဉ် သိမှုကိုလည်းကောင်း သတိလွှတ်၍ ထိုတားဆီးစိတ်များဖြစ်ကြသော ရလိုစိတ်ဖြစ်နေက လိုချ င်စိတ်၊ သည့်အတူ မကျေ ချ မ်းစိတ်၊ ထိုင်းမှိုင်းစိတ်၊ပျံ့  ပူစိတ်၊ တွေဝေစိတ် ထိုငါးမျိုးထဲမှ ပေါ်ရာအတားကို သတိတင်၍ စစ်တမ်းယူကြည့်ပါလေ။ ဝက်သားဟင်းကို စားရာ၌ အသား၊အဆီ၊အဆီပါး၊အခေါက် လေးမျိုးစုံ အကုန်ထပ်ဆင့်နေလေရာ တစ်ဆင့်ရောက်လျှ င် ထိုတစ်ဆင့်၏ အရသာကို တီးခေါက်လျ က်က စားသုံးနေသူသို့ သင်သည်လည်း ဦးစွာကာယကိုမှတ်၊ ထိုကာယစိုက်ကြည့်ရာမှ ဝေဒနာပေါ်သောအခါ ထိုဝေဒနာပေါ်ပြောင်း၍ စိုက်ကြည့်ပါလေ။ တစ်ဖန် ဝေဒနာစိုက်ကြည့်နေဆဲ သိစိတ်ကလေးတွေ့သော် ထိုသိစိတ်ကလေးကိုပင် စစ်ဆေးပါလေ။ တစ်ဖန် ထိုအသိလေးကိုပင် ထပ်၍စိုက်ကြည့်နေသော် ရလိုခြင်းနှင့်သိခြင်းတို့ ပေါင်းစပ်နေသော် လိုချ င်စိတ်၌ စိတ်ကားတခြား၊ လိုချ င်မှုကားတခြား ဆိုသည်ကို ကွဲပြားလာရာ၏။ တစ်ဖန်ထိုလိုချ င်မှုကိုပင် သတိစူးစိုက်အားကောင်းပြီး သူ့သဘောရိပ်မိလာချေ သော် အရိပ်၌အဆိပ်မရှိ၊ အရိပ်ကား အရောင်မျှ သာ၊ သဘောမျှ သာ၊ကွဲပြားလာရာ၏။ သည့်အတူ မကျေ ချမ်းမှုနှင့် မကျေ ချ မ်းစိတ်စသည့် အတားတို့ကို စစ်ရာ၌လည်း အကြမ်း၊အလတ်၊အနု၊ အညံ့တို့မှ အရိပ်သဘောသို့ ဆိုက်အောင်စိုက်ကြည့်ပါလေ၊ သူ့ဘက်အာရုံပေါ်သို့ ကျ ရောက်ပြီး အတားပေါ်ရာ၌လည်း ထိုအာရုံ၏ အရိပ်အငွေ့နှင့် အတားတို့၏အရိပ်အငွေ့တို့ကို ကွဲသွား ကွာသွားသည်အထိ သတိစိုက်ချ အား၊ အောက်မေ့အား ကောင်းကောင်းဖြင့် မောင်းတင်ကြည့်ပါလေ။ အတားငါးချ က်သူ့ဘက်အာရုံ၊ ကိုယ့်ဘက်ခန္ဓာ မည်သည့်ဘက်မှပေါ်ပေါ် တစ်ဖန်ကိုယ့်ဘက်ရှိသည့် အနုပဿ နာများနှင့် ထိုအနုပဿ နာရှိသည့် ကပ်မြှောင်အတားများ မည်သည့်ဘက်မှပေါ်ပေါ် သင့်ထံရှိ အမာခံကာယ၏ ဖြစ်စဉ်အတိုင်းသာ ဖွားဖွားရိပ်ရိပ် ပြချ က်ပေါ်စေပြီး ဖြစ်-တည်-ပျော က် သဘောမျှ သို့ သက်စေသော် ထိုသဘောမျှ သာသို့ ထိုးစိုက်သွားသည်အထိ ရိပ်မိစေရန်သည် ဤဓမ္မာနုပဿ နာ၏ တာဝန်ပင်တည်း။ သင်သည် ထိုသို့ သဘောမှန်ကို ဧကန်သိ;သိလာချေ သော် အကြို က်တွန်းလှဲ၍လည်း မလဲတော့ပါပြီ။ မကြို က်တွန်းလှဲ၍လည်း မလဲတော့ပါပြီ။ဘာပေါ်ပေါ် ခန္ဓာဖြစ်စဉ်၏သဘော၊ အစွဲ၏သဘော၊ အရိပ်အငွေ့မျှ သဘောကို နောကြေသွားပြီ ဖြစ်သောကြောင့်တည်း။ သည့်အတူ အကောင်းတွေ့လည်း မတုန်ပြီ၊ အဆိုးတွေ့လည်းမဖြု န်ပြီ၊ ဇာတ်ခုံမှပြသော သရုပ်သည် အဟုတ်;မဟုတ်သည်ကို အထာ ပေါက်နေပြီ ဖြစ်သောကြောင့်တည်း။ ဤအပိုင်းကား အနုပဿ နာလေးမျိုးထဲသို့ ရောနှောနေသော အတားတို့၏သဘောကို စစ်တမ်းကောက် ကြည့်လျ က်က မိမိခန္ဓာ ဖြစ်ပျ က်သဘောကို လေ့လာကြည့်နေခြင်းတည်း။ ဤကား သဘောအငွေ့အသက်မျှ သာရှိသော အတားအကြောင်း။ အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး ဝနဝါသီဉေယျ ဓမ္မသာမိထေရ်
via အလင်းရောင် ဓမ္မ https://ift.tt/31A2lGd
Newer Post
Older Post
Home