Friday, August 9, 2019

ကုသိုလ်အပြည့်နဲ့ ပြန်နိုင်အောင်ကြိုးစားထားပါ။ လာတုန်းကလည်း ကောင်းမှုကုသိုလ်တရားနဲ့ ဒီလို လူ့ဘဝကို ရောက်လာကြတာ။ နေတုန်းလည်း ကောင်းမှုကုသိုလ်တရားနဲ့ နေနိုင်အောင့့်  ကန့်သတ်ချိန်ပြည့်လို့ ပြန်သွားတော့လည်း ကောင်းမှုကုသိုလ်တရား အပြည့်အဝနဲ့ ပြန်သွားနိုင်အောင် ကြိုးစားအားထုတ်ကြဗျ။ လူ့ဘဝမှာ အရေးကြီးတာက နေတတ်ဖို့ ဖြေတတ်ဖို့ သေတတ်ဖို့ ဒါဟာ အရေးကြီးတယ်။ ယခုရောက်နေဆဲ ပစ္စုပ္ပန်အချိန်မှာ ဘယ်သူနဲ့ပဲ တွေ့တွေ့ ဘယ်အာရုံနဲ့ပဲ တွေ့တွေ့ တွေ့သမျှအာရုံနဲ့ အဆင်ပြေအောင် တရားစွမ်းအားနဲ့ တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ နေတတ်ရမယ်။ မလွှဲသာ မရှောင်သာ အဆိုးလောကဓံများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ တရားစွမ်းအားနဲ့ တည်ငြိမ်စွာ ဖြေရှင်းတတ်ရမယ်။ ကန့်သတ်ချိန်စေ့လို့ ဘဝတစ်ပါး ကူးပြောင်းချိန်မှာ အတိတ်ကိုလည်း အမျှင်မတန်း အနာဂါတ်ကိုလည်း မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ စွမ်းအားအပြည့်နဲ့ ဘဝကူးပြောင်းနိုင်အောင် စိတ်ကို တရားစွမ်းအားနဲ့ မွှမ်းထုံထားဖို့ လိုမယ်။ ဒါဟာ လူ့ဘဝအတွက် အရေးကြီးဆုံးပေါ့။ (တိပိဋက ယောဆရာတော်ဘုရားကြီး) ဦးဓမ္မသာရ(ဆေးသဲ့တောင်)


via အလင်းရောင် ဓမ္မ https://ift.tt/2GX0gfq