Monday, August 5, 2019

သတိတရား အရေးကြီးပုံ ( ၁ ) 🌷🌷🌷🌷🌷🌷🌷🌷 သတိ ဆိုတာ ဒီအာရုံကို ထင်ထင်ရှားရှား မှန်မှန်ကန်ကန် ဖွင့်ပြတဲ့ သဘောပေါ့ … အခု ဖြစ်နေတာလေးကို သူ အမှန်အကန်သိတာကို ပြောတာ … အရပ်ထဲမှာ သုံးနူန်းနေတဲ့ သတိရဲ့ အဓိပ္ပါယ်နဲ့ မတူဘူး … အရပ်ထဲမှာ ပြောနေတဲ့ သတိရဲ့ အဓိပ္ပါယ်က - " ဖြစ်ခဲ့တာတွေကို အမှတ်ရနေတာကို သတိလို့ ပြောတာ " … ဟုတ်တယ် အဲဒီ သတိလည်းပဲ သတိပါပဲ … သို့သော် … တရားအားထုတ်တဲ့ နေရာမှာ လိုအပ်တဲ့ သတိက ထင်ရှားဖြစ်နေတဲ့ , လက်တွေ့ ဖြစ်နေတဲ့ အာရုံကို အမှန်အကန် သိနေတဲ့ သဘောလေးကို သတိလို့ ပြောတာ … အခုဖြစ်နေတာလေးကို သိနေတယ် အမှန်အတိုင်း သိနေတယ် … အဲဒီ သတိရှိတဲ့ အချိန်တိုင်း အချိန်တိုင်းဟာ - ကိုယ့်စိတ်ကို စောင့်စည်းပြီးသား ဖြစ်တယ် - ကိုယ့်စိတ်ကို စောင့်ရှောက်ပြီးသား ဖြစ်တယ် - ကိုယ့်စိတ်ကို ဆုံးမပြီးသား ဖြစ်တယ် - သတိရှိခြင်းသည် စိတ်ကို ဆုံးမခြင်းပဲ - သတိရှိခြင်းသည် စိတ်ကို စောင့်ရှောက်ခြင်းပဲ - သတိရှိခြင်းသည် စိတ်ကို စောင့်စည်းခြင်းပဲ အထူးသဖြင့် သတိရှိလို့ရှိရင် ပညာရမယ် … #သစ္စာရွှေစည်_ဆရာတော်_ဘုရား


via အလင်းရောင် ဓမ္မ https://ift.tt/31kyjpQ