Thursday, August 8, 2019

တကယ်ဉာဏ်ရှိတဲ့သူဟာ ဗေဒင် မမေးဘူး 🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿 " နက္ခတ်ကို စောင့်မျှော်နေသော လူမိုက်ကို အကျိုးစီးပွားသည် စွန့်ပစ်သွားပြီ " နက္ခတ်ကို မျှော်ရင်းနဲ့ နက္ခတ် မကောင်းသေး လို့ နက္ခတ်ကောင်းမယ့်ရက်ကို စောင့်ရင်းနဲ့ နေတဲ့ လူမိုက်ဟာ သူလုပ်ရမည့်အလုပ်ကို အချိန်မီ မလုပ်လို့ သူလိုချင်တဲ့အကျိုးကို မရ တော့ဘူး။ အဲဒါကိုပဲ အကျိုးစီးပွားက သူ့ကို စွန့်ပစ်သွားပြီလို့ ပြောတာ။ " အလိုရှိအပ်သော အကျိုးစီးပွားသည် အလိုရှိသူ၏ နက္ခတ်ပင်တည်း " ဆိုတာက ကိုယ်လို ချင်နေတာက ကောင်းတာဖြစ်ရင် ကိုယ့်နက္ခတ် ကောင်းတယ်လို့ ပြောတာ။ ကောင်းတာလုပ် ချင်ရင် နက္ခတ်ကောင်းသလားလို့ မေးနေဖို့ မလိုဘူး။ နက္ခတ်အမြဲကောင်းတယ်။ မကောင်း တာလုပ်ချင်ရင် နေ့တိုင်းဟာ နက္ခတ် မကောင်းတဲ့နေ့တွေပဲ။ နေ့ကောင်းရက်ကောင်း ရွေးနေဖို့ မလိုဘူးလို့ ပြောတာ။ ကိုယ်လုပ်ချင်တဲ့အလုပ် ဟာ ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့ အလုပ်လား ဆိုတာပဲ စဉ်းစားဖို့ လိုတယ်။ " ကောင်းကင်၌ လှည့်သွားနေသော နက္ခတ် တို့သည် အဘယ်ကို ပြုနိုင်ပါအံ့နည်း " ဆိုတာ က အဓိပ္ပာယ် ရှင်းပါတယ်။ နက္ခတ်က ကောင်း တာလည်း လုပ်မပေးနိုင်ဘူး၊ မကောင်းတာ လည်း မလုပ်နိုင်ဘူးလို့ ဆိုလိုတယ်။ ဒီဂါထာ အရ ဗေဒင်မေးနေတာဟာ လူမိုက်တွေ ဉာဏ် ပညာနည်းတဲ့သူတွေ လုပ်တဲ့အလုပ်လို့ ဆိုလို တယ်။ " နက္ခတ္တံ ပဋိမာနေန္တံ အတ္ထော ဗာလံ ဥပစ္စဂါ အတ္ထော အတ္ထဿ..... နက္ခတ္တံ ကိံကရိဿ.... န္တိ တာရကာ။ " ဒီပါဠိဂါထာဟာ ဗေဒင်ကို ဘုရားလက်မခံဘူး ဆိုတာကို ပြတဲ့ ခိုင်မာတဲ့ အထောက်အထား ဖြစ်တယ်။ #ဆရာတော်ဦးဇောတိက #Posted_by_Words_of_Buddha {လွတ်လပ်သောစိတ်မှ} မှ။


via အလင်းရောင် ဓမ္မ https://ift.tt/2GX3tLY