အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 8, 2019
ဘုရားရှင်၏ ဆန္ဒကို နားလည်ပါ ■■■■■■■■■■■■■ ♀ချစ်သားရဟန်းတို့  ငါဘုရားရှင်ကိုဖူးမြှော်ယုံနဲ့  ကျေနပ်မနေကြနဲ့ ။ ငါဘုရားရှင်ကိုချစ်ရင် ငါဘုရားရှင်ရဲ့ ကျေးဇူးကိုဆပ်ချင်ရင် ဝိပဿနာကိုသာ ပွားများအားထုတ်ကြ တဲ့..။ တကယ်တော့ ဒါန သီလ သမထ ဆိုတာတွေဟာ သာသနာပမှာလည်း ရနိုင်ပါတယ် ♀ဒေဝီလရသေ့တို့  ဥဒကရသေ့တို့ ဟာ ဘုရားမပွင့်ခင်ကတည်းကရှိနေသူတွေပါ သူတိုဟာ ရှေ့  နောက် ကမ္ဘာလေးဆယ်ကိုတောင် မြင်နိုင်ကြတယ် တဲ့..။ ဒါဟာ ဘုရားရှင်မပွင့်ပေမဲ့လည်း သာသနာပမှာ ရနိုင်တယ်ဆိုတဲ့သက်သေတွေပါပဲ သတ္တဝါတွေကိုသာ ကယ်တင်လိုစိတ်မရှိခဲ့ဘူးဆိုရင် သုမေဓါ ရသေ့ဘဝ ကတည်းက တပါးတည်းနိဗ္ဗါန်ကို ကူးမြောက်သွားမှာပါ။ ♀အခုက..သတ္တဝါတွေကို ကယ်တင်ချင်လို့  လေးသင်္ချေ ကမ္ဘာတစ်သိန်းတောင်ပါရမီဖြည့်ခဲ့ရတာ ဘုရားရှင်ရဲ့ ဆန္ဒတော်ကသတ္တဝါတွေကို ဝိပဿနာ အားထုတ်စေချင်တာပါ။ ဘုရားရှင်ရဲ့ဆန္ဒတော်ကိုနားလည်ပြီး အကောင်းဆုံးကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ မိတ်ဆွေတို့ လည်း အကောင်းဆုံးကျေးဇူးဆပ်နိုင်ကြပါစေ...။ #Credit ---Than Bula Acc share Credit မူရင်းရေးသားပူဇော်သူ
via အလင်းရောင် ဓမ္မ https://ift.tt/2YU1deO
Newer Post
Older Post
Home