Tuesday, August 6, 2019

ငိုခဲ့သောမျက်ရည် စို့ခဲ့သောနို့ရည် ရခဲသောလူ့ဘဝ 🌷🌷🌷🌷🌷 🌷ချစ်သားတို့ သမုဒ္ဒရာတွင် မျောနေသော အပေါက် တစ်ခုပါသော တံပိုးတုံးအပေါက်အတွင်းသို့  နှစ်တစ်ရာလျှင် တစ်ကြိမ်သာပေါ်သော မျက်မမြင် လိပ်ကန်းကြီး၏ဦးခေါင်းနှင့် စွမ်မိဖို့ရန်လွယ်သေး၏။ ထို့ ထက် လူ့ ဘဝရဖို့ က သာ၍ခဲယဉ်း၏။ 🌷ပုဂ္ဂိုလ်တစ်ယောက် သံသရာ၌ ငို၍ထွက်သော မျက်ရည်သည် သမုဒ္ဒရာ လေးစင်းထဲက ရေထက် များ၏။ 🌷ပုဂ္ဂိုလ်တစ်ယောက် သံသရာ၌ စို့ ခဲ့သော အမေ့နို့  ရည်သည် သမုဒ္ဒရာလေးစင်းထဲကရေထက်များ၏။ ( အဿုသုတ် ဆိဂ္ဂဠယုဂသုတ် ခီရသုတ်)


via အလင်းရောင် ဓမ္မ https://ift.tt/2KxmxBp