Monday, November 4, 2019

❝ ကံပြုတဲ့နေရာက စေတနာ ❞ ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက - “စတေနာဟံ ဘိက်ခဝေ ကမ်မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်”လို့ မိန့်ကြားထားတာပါ။ အဲဒီ စတေနာနဲ့ ကံ၊ ကံနဲ့ စတေနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။ ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ … ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ။ ဆွမ်းလောင်းပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့- “ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ”ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။ ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ် - ဌီ - ဘင် ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလိုပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။ စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင်… မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီ ကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။ အဲဒီ ကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။ ဒါကို စာမှာ … ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီးသွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ … မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်။ အဓိကတော့… မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ … အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။ အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ… စေတနာပါတဲ့။ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ… ကမ္မသတ္တိပါတဲ့။ သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို … လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။ ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ- ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ- ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း စတဲ့… မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထ အကျိုးပေးတာပါ။ ဒီလိုပါပဲ … မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း "အယောနိသောမနသိကာရ" အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ… ထ အကျိုးပေးမှာပါ။ အဲဒီတော့… ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ … ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက် ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။ ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ … ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။ ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး… ကံကို အထင်သေးနေလို့လည်း မရပါဘူး။ ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့… တစ်မျိုးပေါ့လေ။ ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။ ကျမ်းကိုး - ၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။ ၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။ အရှင်ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ** ဓမ္မလက်ဆောင် CRD ☆အဘယ်ကြောင့် စေတနာ ခေါ်သနည်း။ ကိုယ်အင်္ဂါ၊ စိတ်အင်္ဂါတို့ကိုအုံလုံးဆူကြွတစ်ပြိုင် နက်တည်း၊ ထကြွအောင် ချီကြွလှုံ့ဆော်သမားကြီး ဖြစ်သောကြောင့် စေတနာ ခေါ်သည်။ ☆အဘယ့်ကြောင့် (ကံ) ခေါ်သနည်း။ လောက၌ ထိုင်မှု၊ ထမှု၊ သွားလာမှု၊ ပြောဆိုမှု၊ ကြံ မှု၊ ဖန်မှု၊ လူမှုတန်းမှု၊ သတ်မှုဖြတ်မှု အ စရှိကုန် သော၊ အလုံးစုံသော အရေးကိစ္စတို့သည် သူမပြုက၊ ဘယ်ကိစ္စ တစ်ခုမျှ ပြီးစီးသည် မရှိကြကုန်။ သူပြုမှ ပြီးစီးနိုင်ကြကုန်၏။ သူထလျှင် ...စိတ်၏ အင်္ဂါ ဖြစ်ကုန်သော ဝိဘတ်၊ ဝီရိယ၊ လောဘ၊ ဒေါသ၊ သဒ္ဓါ၊ ပညာ အစရှိကုန်သော ဓာတ်တို့သည်ကိုယ့်ကိစ္စ နှင့်ကိုယ် ပြုကြကုန်၏။ ထို့ကြောင့် ခပ်သိမ်းသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ် အမှု တို့မှာ၊ သူသာလျှင် အမှုသည်ရင်းကြီး မှန်ပေ၏။ အမှုဆောင်ကြီး မှန်ပေ၏။ ထို့ကြောင့် ကမ္မံ = ကံ ဟူ၍ ခေါ်သည်။ (လယ်တီဆရာတော်ဘုရားကြီး) CRD ❝ ကံပွုတဲ့နရောက စတေနာ ❞ ကံပွုတဲ့နရောမှာ ဘာအရေးကွီးဆုံးလဲဆိုရငျ စတေနာပါ။ ဒါကွောငျ့ မွတျစှာဘုရားက - “စတနောဟံ ဘိကျခဝေ ကမျမံဝဒါမိ၊ ရဟနျးတို့ စတေနာကို ကံလို့ ငါဘုရား ဟောတယျ”လို့ မိနျ့ကွားထားတာပါ။ အဲဒီ စတနောနဲ့ ကံ၊ ကံနဲ့ စတနော ဘာထူးသလဲမေးရငျ ပွုလုပျဆဲ အမှုတှဟော စတေနာပါ။ ပွီးပွီးသှားတာက ကံပါ။ ဥပမာ - ဝကျတဈကောငျကို သတျနတေယျ။ သတျနဆေဲကာလဟာ စတေနာပါ။ သတျပွီးလို့ သသှေားတဲ့အခါ၊ သတျခွငျးကိစ်စ ပွီးသှားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ … ရဟနျးတဈပါးကို ဆှမျးလောငျးနဆေဲဟာ စတေနာပါ။ ဆှမျးလောငျးပွီးသှားတဲ့ အခြိနျဟာ ကံပါ။ ဒါကို ယောဆရာတောျဘုရားရဲ့- “ပွုလုပျဆဲမှာ စတေနာ၊ ပွီးခါ ကံဟုသိ”ဆိုတဲ့ လငျ်ကာလေးနဲ့ ကပျမှတျထားလို့ ရပါတယျ။ ကောငျးမှု ပွုလုပျဆဲမှာပဲ ဖွဈဖွဈ၊ မကောငျးမှု ပွုလုပျနဆေဲမှာပဲ ဖွဈဖွဈ စတေနာလေးတှေ ဆငျ့ကဲဆငျ့ကဲ ဖွဈနပေါတယျ။ အဲဒီ စတေနာလေးတှကေ အကွာကွီး တညျမနပေါဘူး။ ဥပါဒျ - ဌီ - ဘငျ ဖွဈ တညျ ပကြျ ဆိုပွီး ပကြျပကြျသှားပါတယျ။ စာလိုပွောရငျတော့ ခြုပျခြုပျသှားတာပါ။ ကောငျးတာ ပွုနတေဲ့အခြိနျမှာ ကောငျးတဲ့ စတေနာလေးတှကေ ဖွဈ တညျ ပကြျ ဆိုပွီး ခဏလေး တညျပွီး ခြုပျခြုပျသှား၊ အဲဒီလို ခြုပျသှားပမေယျ့ ဘာလေးတှေ ကနြျခဲ့သလဲဆိုတော့ ကမ်မသတ်တိလေးတှပေါ။ စတေနာလေးတှေ ခြုပျခြုပျသှားလိုကျ၊ ကမ်မသတ်တိလေးတှေ ကနြျခဲ့လိုကျ၊ ကွာလာတော့ ကမ်မသတ်တိလေးတှကေ မြားလာပါတယျ။ ကမ်မသတ်တိလေးတှဟော ကောငျးတာပွုခဲ့ရငျ ကောငျးတဲ့ ကမ်မသတ်တိလေးတှေ၊ မကောငျးတာ ပွုခဲ့ရငျ… မကောငျးတဲ့ ကမ်မသတ်တိလေးတှေ ကနြျနခေဲ့ပါတယျ။ လူတဈယောကျကို အကြိုးပေးတယျဆိုတာလညျး အဲဒီ ကမ်မသတ်တိလေးတှကေ အကြိုးပေးတာပါ။ အဲဒီ ကမ်မသတ်တိလေးတှကေ ခကြျခငြျးထ အကြိုးပေးသလားဆိုတော့ ခကြျခငြျးတော့ ထ အကြိုးမပေးသေးပါဘူး။ အကွောငျးတိုကျဆိုငျတဲ့အခါမှသာ ထ အကြိုးပေးတာပါ။ ဒါကို စာမှာ … ဘယျလို ဥပမာပေးထားသလိုဆိုတော့ သရကျသီးမှညျ့ကို စားပွီးသှားတဲ့အခါ သရကျစေ့လေး ကနြျခဲ့ပါတယျ။ အဲဒီ သရကျစေ့မှာ အပငျပေါကျနိုငျတဲ့ ဗီဇသတ်တိလေး ရှိနပေါတယျ။ အပငျပေါကျနိုငျတဲ့ ဗီဇသတ်တိလေးရှိနတေဲ့ သရကျစေ့ဟာ … မွကွေီးနဲ့လညျး ထိတှေ့ခှငျ့ ရမယျ၊ မိုးဥတုနဲ့လညျး ထိတှေ့ခှငျ့ရမယျဆိုရငျ သရကျပငျလေး ထပေါကျလာပါတယျ။ အဓိကတော့… မွကွေီးရယျ၊ မိုးဥတုရယျနဲ့ ကွုံကွိုကျဖို့ပါပဲ။ အဲဒီ အငျ်ဂါနှဈခကြျနဲ့ မညီသေးရငျ သရကျစေ့လေးဟာ … အပငျပေါကျနိုငျတဲ့ သတ်တိလေး ရှိနပေမေယျ့ မပေါကျနိုငျသေးပါဘူး။ အဲဒီ သရကျသီးမှညျ့နဲ့ သရကျစေ့လေးရဲ့ ဥပမာ အတိုငျးပါပဲတဲ့။ သရကျသီးမှညျ့ကို စားနဆေဲ စားနတေဲ့ အခြိနျဟာ… စတေနာပါတဲ့။ စားပွီး အပငျပေါကျနိုငျတဲ့ သရကျစေ့ ကနြျခဲ့တာဟာ… ကမ်မသတ်တိပါတဲ့။ သရကျစေ့ဟာ ခကြျခငြျးထပွီး အပငျမပေါကျနိုငျသေးဘဲ မွကွေီး မိုးဥတုနဲ့ ထိတှေ့ခှငျ့ရမှ အပငျပေါကျနိုငျသလို … လူတဈယောကျရဲ့ ကမ်မသတ်တိဟာလညျး ခကြျခငြျး အကြိုးမပေးနိုငျသေးပါဘူး။ ကောငျးတဲ့ ကမ်မသတ်တိတှကေ ယောနိသောမန သိကာရ- ဆိုတဲ့ ကုသိုလျဖွဈအောငျ နှလုံးသှငျးတဲ့အခါ၊ ကလြာဏမိတ်တ- ဆိုတဲ့ ဘုရား၊ ပစ်စကေဗုဒ်ဓါ၊ ရဟန်တာ၊ ဆရာကောငျး စတဲ့… မိတျဆှကေောငျးနဲ့ တှေ့ဆုံတဲ့အခါမှ ထ အကြိုးပေးတာပါ။ ဒီလိုပါပဲ … မကောငျးတဲ့ ကမ်မသတ်တိလေးတှကေလညျး "အယောနိသောမနသိကာရ" အကုသိုလျဖွဈအောငျ နှလုံးသှငျးတဲ့အခါ ပါပမိတ်တ မိတျဆှဆေိုး မိတျဆှယေုတျနဲ့ တှေ့ဆုံတဲ့အခါကမြှ… ထ အကြိုးပေးမှာပါ။ အဲဒီတော့… ကိုယျ့သန်တာနျမှာ ရှိနတေဲ့ ကမ်မသတ်တိတှဟော … ခကြျခငြျးတော့ ထ အကြိုးမပေးသေးပါဘူး။ ခွောကျလကွာမှ အကြိုးပေးခငြျ ပေးမယျ၊ ဆယျနှဈကွာမှ အကြိုးပေးခငြျ ပေးမယျ၊ နောကျဘဝကမြှပဲ အကြိုးပေးခငြျ ပေးမယျ။ နှဈဘဝမွောကျ၊ သုံးဘဝမွောကျ ဆယျဘဝမွောကျ ကမြှလညျး အကြိုးပေးခငြျ ပေးမယျ။ ပေးမှာတော့ ဧကနျမုခပြါ။ ကောငျးတဲ့ ကမ်မသတ်တိပဲ ဖွဈဖွဈ၊ မကောငျးတဲ့ ကမ်မသတ်တိပဲ ဖွဈဖွဈ ကိုယျ့သန်တာနျမှာ ကမ်မသတ်တိ မွောကျသှားပွီဆိုရငျတော့ ဘဝတဈခုမှာ … ဧကနျမုခြ အကြိုးပေးတော့မှာပါ။ အကြိုးပေး နီးတာနဲ့ ဝေးတာပဲ ကှာမှာပါ။ ကောငျးတာပွုပွီး အကြိုးမပေးသေးလို့ ဘာမှ စိတျအားလြော့စရာ မလိုသလို၊ မကောငျးတာပွုပွီး အကြိုးမပေးသေးဘူး ဆိုပွီး… ကံကို အထငျသေးနလေို့လညျး မရပါဘူး။ ကံဆိုတာ ပွုပွီးသှားရငျ ကမ်မသတ်တိ မွောကျသှားတာဆိုတော့ ကောငျးတဲ့ ကံအတှကျ ပွူနာ မရှိပမေယျ့ မကောငျးတဲ့ ကံအတှကျကတြော့ မပွုခငျ သခြောစဉျးစားဖို့ လိုပါတယျ။ ဘဝတှကေ ကငြျလညျရဦး မှာပါ။ တဈဘဝထဲနဲ့ မပွီးသေးပါဘူး။ တဈဘဝထဲနဲ့ ပွီးပွတျအောငျ လုပျနိုငျရငျတော့… တဈမြိုးပေါ့လေ။ ဘာပဲလုပျလုပျ ကံဆိုတာ လုပျပွီးရငျ ကမ်မသတ်တိကတော့ မွောကျသှားတာပါပဲ။ မလုပျခငျ သခြောစဉျးစားဖို့ပဲ လိုတာပါပဲလေ။ ကမြျးကိုး - ၁။ ဓမ်မပဒ အဋ်ဌကထာ (ဒု)တှဲ ဥဂ်ဂသနေဝတ်ထု။ ၂။ မငျးကှနျးဆရာတောျကွီး၏ ဓမ်မဒသေနာ ပေါငျးခြုပျ အတှဲ (၁)။ အရှငျရာဇိန်ဒ (ရဝနှေယျ၊ အငျးမ) ** ဓမ်မလကျဆောငျ CRD ☆အဘယျကွောင့ျ စတေနာ ခေါျသနညျး။ ကိုယျအငျ်ဂါ၊ စိတျအငျ်ဂါတို့ကိုအုံလုံးဆူကွှတဈပွိုငျ နကျတညျး၊ ထကွှအောငျ ခြီကွှလှုံ့ဆောျသမားကွီး ဖွဈသောကွောင့ျ စတေနာ ခေါျသညျ။ ☆အဘယ့ျကွောင့ျ (ကံ) ခေါျသနညျး။ လောက၌ ထိုငျမှု၊ ထမှု၊ သှားလာမှု၊ ပွောဆိုမှု၊ ကွံ မှု၊ ဖနျမှု၊ လူမှုတနျးမှု၊ သတျမှုဖွတျမှု အ စရှိကုနျ သော၊ အလုံးစုံသော အရေးကိစ်စတို့သညျ သူမပွုက၊ ဘယျကိစ်စ တဈခုမြှ ပွီးစီးသညျ မရှိကွကုနျ။ သူပွုမှ ပွီးစီးနိုငျကွကုနျ၏။ သူထလြှငျ ...စိတျ၏ အငျ်ဂါ ဖွဈကုနျသော ဝိဘတျ၊ ဝီရိယ၊ လောဘ၊ ဒေါသ၊ သဒ်ဓါ၊ ပညာ အစရှိကုနျသော ဓာတျတို့သညျကိုယ့ျကိစ်စ နှင့ျကိုယျ ပွုကွကုနျ၏။ ထို့ကွောင့ျ ခပျသိမျးသော ကိုယျအမှု၊ နှုတျအမှု၊ စိတျ အမှု တို့မှာ၊ သူသာလြှငျ အမှုသညျရငျးကွီး မှနျပေ၏။ အမှုဆောငျကွီး မှနျပေ၏။ ထို့ကွောင့ျ ကမ်မံ = ကံ ဟူ၍ ခေါျသညျ။ (လယျတီဆရာတောျဘုရားကွီး) CRD


via အလင်းရောင် ဓမ္မ https://ift.tt/2JMivpc