Tuesday, November 5, 2019

ပျင်းလို့ဘုန်းကြီးဝတ်တာဆိုရင် တစ်နေ့(၆)ကြိမ်တရားထိုင်ရမယ်စရိတ်ငြိမ်းလာဝတ်ပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဆု မတောင်းလေနဲ့ တဲ့ ဘုန်းကြီးဘဝဖြစ်ဖို့ဆိုတာလည်း ပညာတတ်လူငယ်တွေအတွက် အခက်သား။ ရည် ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ကင်းမဲ့တဲ့သူမှသာ ရဟန်းဝတ်ကြတယ်လို့ ယူဆကြသလားတော့မသိပါ။ တစ်ချို့ဒကာမ လေးတွေ အပျင်းကြီးတဲ့ သူတို့မောင်ကို အပြစ်တင်ချင်ရင် သူတို့မောင် ကို ဘယ်လို ပြောသလဲဆိုရင် နင် ဒီလောက်တောင် အပျင်းထူရင် ဘုန်းကြီးသာလုပ်စားပေ တော့တဲ့။ "ကောင်းလိုက်တဲ့ ဆုံးမစကား" ပျင်းလို့ဘုန်းကြီးဝတ်တယ်အယူရှိသူများကို ဖိတ်ခေါ်ပါတယ်။ ဖားအောက် ရိပ်သာမှာ တစ် နေ့ကို (၆)ချိန် ၊ တစ်ချိန်လျှင် တစ်နာရီခွဲ တရားထိုင် ရပါတယ်။ စားရေး၊ သောက်ရေး၊ နေ ရေး ၊ ထိုင် ရေးစရိတ်ငြိမ်းပါ။ ဝတ်ချင်သပဆို ရာသက်ပန်တောင် နေနိုင်ပါတယ် လာဝတ်ကြည့်ကြည့်လှည့်ပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။ တစ်ခါက ဒကာတစ်ယောက်လျှောက်တာရှိသေးတယ်။ သူက ခုမှ ဆရာဝန်ဖြစ်ခါစ ပူပူနွေးနွေးဖြစ်တဲ့ သူ့သားကို ဘုန်းကြီးဝတ်စေလိုတဲ့သူ့ရည် ရွယ်ချက်ကို ပြောသေးတယ်။ ဒီကောင် ဒီအတိုင်းဆက်နေရင် သူအိမ်ထောင်ပြူအုံးမှာ။အိမ်ထောင်ပြုရင် သားတွေသမီးတွေရလာ ဒီကောင် ကောင်းကောင်းကြီးဒုက္ခတွေ့မှာဘုရား။ တပည့်တော်က ဒီဒုက္ခတွေ တွေ့ထားပြီးတော့ တပည့်တော်သားကို ဒုက္ခ မ ရောက်စေချင် လို့ပါဘုရားတဲ့ လျှောက်သေးတယ်။ ပျင်းရင် ဘုန်းကြီးဝတ်ပါလား လို့ပြောတဲ့ဒကာမ လေးနဲ့စာရင် ဒီဒကာရဲ့ အ တွေးအ ခေါ်က သိပ်မဆိုးသေးဘူး ပြောရမယ်။ ဒါပေမယ့် ရဟန်းတစ်ပါး စောင့်ထိန်းရတဲ့ ကျင့်ဝတ်သက္ခာ၊ ချုပ်တည်းထားရတဲ့ စိတ်ခံစားချက်တွေကိုတော့ ဒီဒကာ ကောင်းကောင်းမသိရှာသေးဘူး။ နောက် သံဃာလေးငါးရာ ရှိတဲ့ မတစ်ထောင် သားသမီးတွေကိုအုပ်ချုပ် ရတဲ့ ကျောင်းထိုင်ဆရာတော်တွေရဲ့ ဒုက္ခကို ဒီဒကာ သေချာမသိဘူး။ * ဖားအောက်ဆရာတော်ဘုရား ဖားအောက်တောရမှာ သီတင်းသုံးတုန်းက မကြာမကြာ မိန့်တဲ့စကားရှိတယ်။ ဆရာတော်က ဘုန်းကြီးရဲ့ဘဝမျိုးကို ဘယ်တော့မှ ဆု မတောင်းကြနဲ့ ကြားလား။ နားချင် ရင်တောင်မနားရ။ တစ် မှေးလောက်မှေးချင် ရင် တောင် မ မှေးရ"တဲ့ ဘဝတဲ့ ပင် ပန်းတဲ့အခါ ဆရာတော်ကြီးက အဲလို အမိန့်ရှိသံကြားဘူးတယ်။ (ဆရာတော်ကြီးကတော့ တပည့်ဒကာဒကာမ တွေအ ပေါ် မေတ္တာအားကြီးလွန်းတာရယ် - သာသနာတော်ထွန်းကားပြန့်ပွားစေဖို့ ဆန္ဒကြီးမားတာရယ် - စသည်အတွက်တို့ကြောင့် ကိုယ့်ကိုယ်ကိုတောင် မငဲ့ဘဲ အလွန် ပင်ပန်းခံပြီး ခုထိ သာသနာပြုနေတယ်။) အ ရှင် ဓမ္မသာရ(အိမ်မဲ) - ပြင်ဆင် ပ်င္းလို႔ဘုန္းႀကီးဝတ္တာဆိုရင္ တစ္ေန႕(၆)ႀကိမ္တရားထိုင္ရမယ္စရိတ္ၿငိမ္းလာဝတ္ပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဆု မေတာင္းေလနဲ႕ တဲ့ ဘုန္းႀကီးဘဝျဖစ္ဖို႔ဆိုတာလည္း ပညာတတ္လူငယ္ေတြအတြက္ အခက္သား။ ရည္ ႐ြယ္ခ်က္ေတြ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့တဲ့သူမွသာ ရဟန္းဝတ္ၾကတယ္လို႔ ယူဆၾကသလားေတာ့မသိပါ။ တစ္ခ်ိဳ႕ဒကာမ ေလးေတြ အပ်င္းႀကီးတဲ့ သူတို႔ေမာင္ကို အျပစ္တင္ခ်င္ရင္ သူတို႔ေမာင္ ကို ဘယ္လို ေျပာသလဲဆိုရင္ နင္ ဒီေလာက္ေတာင္ အပ်င္းထူရင္ ဘုန္းႀကီးသာလုပ္စားေပ ေတာ့တဲ့။ "ေကာင္းလိုက္တဲ့ ဆုံးမစကား" ပ်င္းလို႔ဘုန္းႀကီးဝတ္တယ္အယူရွိသူမ်ားကို ဖိတ္ေခၚပါတယ္။ ဖားေအာက္ ရိပ္သာမွာ တစ္ ေန႕ကို (၆)ခ်ိန္ ၊ တစ္ခ်ိန္လွ်င္ တစ္နာရီခြဲ တရားထိုင္ ရပါတယ္။ စားေရး၊ ေသာက္ေရး၊ ေန ေရး ၊ ထိုင္ ေရးစရိတ္ၿငိမ္းပါ။ ဝတ္ခ်င္သပဆို ရာသက္ပန္ေတာင္ ေနနိုင္ပါတယ္ လာဝတ္ၾကည့္ၾကည့္လွည့္ပါလို႔ ဖိတ္ေခၚပါတယ္ဗ်ာ။ တစ္ခါက ဒကာတစ္ေယာက္ေလွ်ာက္တာရွိေသးတယ္။ သူက ခုမွ ဆရာဝန္ျဖစ္ခါစ ပူပူႏြေးႏြေးျဖစ္တဲ့ သူ႕သားကို ဘုန္းႀကီးဝတ္ေစလိုတဲ့သူ႕ရည္ ႐ြယ္ခ်က္ကို ေျပာေသးတယ္။ ဒီေကာင္ ဒီအတိုင္းဆက္ေနရင္ သူအိမ္ေထာင္ျပဴအုံးမွာ။အိမ္ေထာင္ျပဳရင္ သားေတြသမီးေတြရလာ ဒီေကာင္ ေကာင္းေကာင္းႀကီးဒုကၡေတြ႕မွာဘုရား။ တပည့္ေတာ္က ဒီဒုကၡေတြ ေတြ႕ထားၿပီးေတာ့ တပည့္ေတာ္သားကို ဒုကၡ မ ေရာက္ေစခ်င္ လို႔ပါဘုရားတဲ့ ေလွ်ာက္ေသးတယ္။ ပ်င္းရင္ ဘုန္းႀကီးဝတ္ပါလား လို႔ေျပာတဲ့ဒကာမ ေလးနဲ႕စာရင္ ဒီဒကာရဲ႕ အ ေတြးအ ေခၚက သိပ္မဆိုးေသးဘူး ေျပာရမယ္။ ဒါေပမယ့္ ရဟန္းတစ္ပါး ေစာင့္ထိန္းရတဲ့ က်င့္ဝတ္သကၡာ၊ ခ်ဳပ္တည္းထားရတဲ့ စိတ္ခံစားခ်က္ေတြကိုေတာ့ ဒီဒကာ ေကာင္းေကာင္းမသိရွာေသးဘူး။ ေနာက္ သံဃာေလးငါးရာ ရွိတဲ့ မတစ္ေထာင္ သားသမီးေတြကိုအုပ္ခ်ဳပ္ ရတဲ့ ေက်ာင္းထိုင္ဆရာေတာ္ေတြရဲ႕ ဒုကၡကို ဒီဒကာ ေသခ်ာမသိဘူး။ * ဖားေအာက္ဆရာေတာ္ဘုရား ဖားေအာက္ေတာရမွာ သီတင္းသုံးတုန္းက မၾကာမၾကာ မိန့္တဲ့စကားရွိတယ္။ ဆရာေတာ္က ဘုန္းႀကီးရဲ႕ဘဝမ်ိဳးကို ဘယ္ေတာ့မွ ဆု မေတာင္းၾကနဲ႕ ၾကားလား။ နားခ်င္ ရင္ေတာင္မနားရ။ တစ္ ေမွးေလာက္ေမွးခ်င္ ရင္ ေတာင္ မ ေမွးရ"တဲ့ ဘဝတဲ့ ပင္ ပန္းတဲ့အခါ ဆရာေတာ္ႀကီးက အဲလို အမိန့္ရွိသံၾကားဘူးတယ္။ (ဆရာေတာ္ႀကီးကေတာ့ တပည့္ဒကာဒကာမ ေတြအ ေပၚ ေမတၱာအားႀကီးလြန္းတာရယ္ - သာသနာေတာ္ထြန္းကားျပန့္ပြားေစဖို႔ ဆႏၵႀကီးမားတာရယ္ - စသည္အတြက္တို႔ေၾကာင့္ ကိုယ့္ကိုယ္ကိုေတာင္ မငဲ့ဘဲ အလြန္ ပင္ပန္းခံၿပီး ခုထိ သာသနာျပဳေနတယ္။) အ ရွင္ ဓမၼသာရ(အိမ္မဲ) - ျပင္ဆင္


via အလင္းေရာင္ ဓမၼ https://ift.tt/2WRWw5S