အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 8, 2019
#အလှူရဲ့ အကျိုး လူတစ်ယောက်ဟာ ဘုန်ကြီးကျောင်းဝင်းတံခါးဝကို ရောက်လာတယ်။ ရဟန်းတစ်ပါးက တံခါးကို လာဖွင့်ပေးတယ်။ အဲဒီလူက ရဟန်းကို သူ့လက်ထဲမှာ ကိုင်လာတဲ့ စပျစ်သီးတစ်ခိုင်ကို ကပ်ပြီး ခုလို ပြောလိုက်တယ်။ "ဒီစပျစ်သီးက တပည့်တော်ခြံမှာ စိုက်ထားတဲ့ အသီးတွေထဲက အလှဆုံး အကောင်းဆုံးပါ။အရှင်ဘုရားကို လက်ဆောင်ပေးတာပါ ဘုရား" "အေးကွာ၊ တကာတော်ရဲ့ စပျစ်သီးတွေဟာ အရသာရှိပုံရတယ်။ ငါ ဆရာတော်ကို ကပ်လိုက်မယ်" "မဟုတ်ဘူး ဘုရား။ ဒီအသီးတွေဟာ အရှင်ဘုရားအတွက်ပါ။ တပည့်တော် ကျောင်းကို လာတိုင်း အရှင်ဘုရားပဲ တံခါးလာဖွင့်ပေးတယ်။ မနှစ်က ရေကြီးပြီး တပည့်တော် စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးသွားလို့ တပည့်တော်မှာ စားစရာမရှိတုန်း အရှင်ဘုရားရဲ့ ဆွမ်းထဲက တပည့်တော်ကို ခွဲဝေကျွေးတယ်။ အဲဒီအတွက် ကျေးဇူးတင်လွန်းလို့ အရှင်ဘုရားကို ပေးတာပါ ဘုရား" "ဒါဆိုလည်း ကောင်းပါပြီ။ ဘုန်းကြီးယူထားလိုက်မယ်" ရဟန်းလည်း စပျစ်ခိုင်ကို သူ့အခန်းထဲက နံရံမှာ ချိတ်ဆွဲထားပြီး မစားရက်ဘဲ တစိမ့်စိမ့်ကြည့်နေတယ်။ ပြီးတော့ သူ့ကို စာသင်ပေးတဲ့ ဆရာတော်ကို စားစေချင်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ဆရာတော်ထံ ကပ်လိုက်တယ်။ ဆရာတော်လည်း ရဟန်းကပ်တဲ့ စပျစ်ခိုင်ကို ကြည့်ရင်း စားချင်စိတ်ပေါ်လာတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်နေတဲ့ ကပ္ပိယကြီးကို သတိရပြီး သူအစားအသောက် ပျက်နေရှာတယ်။ သူ စပျစ်သီးစားရရင် ဝမ်းသာသွားမယ်လို့ စဉ်းစားပြီး ကပ္ပိယကြီး ကို စပျစ်ခိုင်စွန့်ကြဲလိုက်တယ်။ ကပ္ပိယကြီးလည်း အလွန်လှပပြီး အရသာရှိမယ့် စပျစ်သီးတွေကို စားခါနီးမှ တစ်ခုကို သတိရလိုက်တယ်။ ကျောင်းက ထမင်းချက်ဟာ သူ့အပေါ် အလွန်ကောင်းတယ်။ သူနေမကောင်းတုန်း စားစရလေးတွေကို ကြံဖန်ချက်ကျွေးရှာတယ်။ ဒါကြောင့် ဒီစပျစ်သီးကို သူစားပါစေဆိုပြီး စပျစ်ခိုင်ကို ထမင်းချက်ကို ပေးလိုက်ပြန်တယ်။ ထမင်းချက်လည်း စပျစ်သီးကို စားခါနီးမှ ကျောင်း မှာ အငယ်ဆုံးဖြစ်တဲ့ ကိုရင်လေးကို သတိရလိုက်တယ်။ သူဟာ ကိုရင်လေးကို အလွန်ချစ်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ကိုရင်လေးကို ပေးလိုက်ပြန်တယ်။ ကိုရင်လေးဟာ အပြင်က ပြန်လာတိုင်း ကျောင်းတံခါးကို လာဖွင့်ပေးတဲ့ ရဟန်းကို သတိရလိုက်ပြန်တယ်။ ရဟန်းဟာ သူ့ကို ကျောင်းမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုပြီး အမြဲလမ်းညွှန်ဆုံးမတယ်။ ရဟန်းကို သူ အလွန်လေးစားတယ်။ ဒါကြောင့် စပျစ်သီးကို မစားဘဲ ရဟန်းကို ပေးလိုက်တယ်။ ရဟန်းလည်း သူ ဆရာတော်ကို ကပ်လိုက်တဲ့ စပျစ်သီး သူ့ဆီပြန်ရောက်လာတာဟာ သူစားထိုက်လို့ပဲဆိုပြီး စပျစ်သီးတွေကို အားရပါးရ စားလိုက်တယ်။ ဒီအဖြစ်အပျက်လေးဟာ ဘာကိုပြလိုက်သလဲ။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာ အကျိုးမမျှော်ကိုးပဲ အလှူအတန်းပြုလိုက်ရင် လှူရတဲ့ အကျိုးဟာ မိမိဆီ မလွဲမသွေ ရောက်လာမယ်ဆိုတာပါ။ ဗန်းမော်သိန်းဖေ Bamaw Thein Pe ၀၇-၁၁-၂၀၁၉ #အလႉရဲ႕ အက်ိဳး လူတစ္ေယာက္ဟာ ဘုန္ႀကီးေက်ာင္းဝင္းတံခါးဝကို ေရာက္လာတယ္။ ရဟန္းတစ္ပါးက တံခါးကို လာဖြင့္ေပးတယ္။ အဲဒီလူက ရဟန္းကို သူ႕လက္ထဲမွာ ကိုင္လာတဲ့ စပ်စ္သီးတစ္ခိုင္ကို ကပ္ၿပီး ခုလို ေျပာလိုက္တယ္။ "ဒီစပ်စ္သီးက တပည့္ေတာ္ၿခံမွာ စိုက္ထားတဲ့ အသီးေတြထဲက အလွဆုံး အေကာင္းဆုံးပါ။အရွင္ဘုရားကို လက္ေဆာင္ေပးတာပါ ဘုရား" "ေအးကြာ၊ တကာေတာ္ရဲ႕ စပ်စ္သီးေတြဟာ အရသာရွိပုံရတယ္။ ငါ ဆရာေတာ္ကို ကပ္လိုက္မယ္" "မဟုတ္ဘူး ဘုရား။ ဒီအသီးေတြဟာ အရွင္ဘုရားအတြက္ပါ။ တပည့္ေတာ္ ေက်ာင္းကို လာတိုင္း အရွင္ဘုရားပဲ တံခါးလာဖြင့္ေပးတယ္။ မႏွစ္က ေရႀကီးၿပီး တပည့္ေတာ္ စိုက္ထားတဲ့ သီးႏွံေတြ ပ်က္စီးသြားလို႔ တပည့္ေတာ္မွာ စားစရာမရွိတုန္း အရွင္ဘုရားရဲ႕ ဆြမ္းထဲက တပည့္ေတာ္ကို ခြဲေဝေကြၽးတယ္။ အဲဒီအတြက္ ေက်းဇူးတင္လြန္းလို႔ အရွင္ဘုရားကို ေပးတာပါ ဘုရား" "ဒါဆိုလည္း ေကာင္းပါၿပီ။ ဘုန္းႀကီးယူထားလိုက္မယ္" ရဟန္းလည္း စပ်စ္ခိုင္ကို သူ႕အခန္းထဲက နံရံမွာ ခ်ိတ္ဆြဲထားၿပီး မစားရက္ဘဲ တစိမ့္စိမ့္ၾကည့္ေနတယ္။ ၿပီးေတာ့ သူ႕ကို စာသင္ေပးတဲ့ ဆရာေတာ္ကို စားေစခ်င္တယ္။ ဒါေၾကာင့္ စပ်စ္ခိုင္ကို ဆရာေတာ္ထံ ကပ္လိုက္တယ္။ ဆရာေတာ္လည္း ရဟန္းကပ္တဲ့ စပ်စ္ခိုင္ကို ၾကည့္ရင္း စားခ်င္စိတ္ေပၚလာတယ္။ ဒါေပမဲ့ ေနမေကာင္းျဖစ္ေနတဲ့ ကပၸိယႀကီးကို သတိရၿပီး သူအစားအေသာက္ ပ်က္ေနရွာတယ္။ သူ စပ်စ္သီးစားရရင္ ဝမ္းသာသြားမယ္လို႔ စဥ္းစားၿပီး ကပၸိယႀကီး ကို စပ်စ္ခိုင္စြန႔္ႀကဲလိုက္တယ္။ ကပၸိယႀကီးလည္း အလြန္လွပၿပီး အရသာရွိမယ့္ စပ်စ္သီးေတြကို စားခါနီးမွ တစ္ခုကို သတိရလိုက္တယ္။ ေက်ာင္းက ထမင္းခ်က္ဟာ သူ႕အေပၚ အလြန္ေကာင္းတယ္။ သူေနမေကာင္းတုန္း စားစရေလးေတြကို ႀကံဖန္ခ်က္ေကြၽးရွာတယ္။ ဒါေၾကာင့္ ဒီစပ်စ္သီးကို သူစားပါေစဆိုၿပီး စပ်စ္ခိုင္ကို ထမင္းခ်က္ကို ေပးလိုက္ျပန္တယ္။ ထမင္းခ်က္လည္း စပ်စ္သီးကို စားခါနီးမွ ေက်ာင္း မွာ အငယ္ဆုံးျဖစ္တဲ့ ကိုရင္ေလးကို သတိရလိုက္တယ္။ သူဟာ ကိုရင္ေလးကို အလြန္ခ်စ္တယ္။ ဒါေၾကာင့္ စပ်စ္ခိုင္ကို ကိုရင္ေလးကို ေပးလိုက္ျပန္တယ္။ ကိုရင္ေလးဟာ အျပင္က ျပန္လာတိုင္း ေက်ာင္းတံခါးကို လာဖြင့္ေပးတဲ့ ရဟန္းကို သတိရလိုက္ျပန္တယ္။ ရဟန္းဟာ သူ႕ကို ေက်ာင္းမွာ ဘယ္လိုေနရမယ္၊ ဘယ္လိုထိုင္ရမယ္ဆိုၿပီး အၿမဲလမ္းၫႊန္ဆုံးမတယ္။ ရဟန္းကို သူ အလြန္ေလးစားတယ္။ ဒါေၾကာင့္ စပ်စ္သီးကို မစားဘဲ ရဟန္းကို ေပးလိုက္တယ္။ ရဟန္းလည္း သူ ဆရာေတာ္ကို ကပ္လိုက္တဲ့ စပ်စ္သီး သူ႕ဆီျပန္ေရာက္လာတာဟာ သူစားထိုက္လို႔ပဲဆိုၿပီး စပ်စ္သီးေတြကို အားရပါးရ စားလိုက္တယ္။ ဒီအျဖစ္အပ်က္ေလးဟာ ဘာကိုျပလိုက္သလဲ။ ကြၽန္ေတာ္တို႔ဟာ တစ္စုံတစ္ရာ အက်ိဳးမေမွ်ာ္ကိုးပဲ အလႉအတန္းျပဳလိုက္ရင္ လႉရတဲ့ အက်ိဳးဟာ မိမိဆီ မလြဲမေသြ ေရာက္လာမယ္ဆိုတာပါ။ ဗန္းေမာ္သိန္းေဖ Bamaw Thein Pe ၀၇-၁၁-၂၀၁၉
via အလင္းေရာင္ ဓမၼ https://ift.tt/2CtS3wx
Newer Post
Older Post
Home