Tuesday, November 5, 2019

❖ ကိုယ့်သိက္ခာ ကိုယ်ယုံရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။ ❖ ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။ ❖ ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။ ❖ ကိုယ့်စေတနာ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။ ❖ ကိုယ့်အကြောင်း ကိုယ်သိနေရင် ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။ ✿ သီလ မလုံတဲ့သူက လူတိုင်းကို ကြောက်နေရတတ်တယ်။ ✿ အရည်အချင်းမရှိတဲ့သူက ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။ ✿ ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက သူများကို မယုံမကြည် ဖြစ်တတ်တယ်။ ✿ ကိုယ့်စေတနာ မမှန်တဲ့သူက စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။ ✿ ကိုယ့်အကြောင်းကိုယ်ကာင်းကောင်းမသိတော့ သူများသိအောင် ကြွားတတ်ကြတယ်။ ❖ အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။ ❖ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။ ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။ ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။ ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။ Credit: ❄ (မနာပဒါယီ အရှင်ဝိစိတ္တ) ❄


via အလင်းရောင် ဓမ္မ https://ift.tt/33gGapz