Friday, November 8, 2019

☆“ပိုးလောက်တွေနဲ့ ပြည့်နေတဲ့ ခန္ဓာအိမ်”☆ ▬▬▬▬▬▬▬▬▬▬▬▬▬ ☆ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် ဖေဏပိဏ္႑ူပမသုတ္တန်အဋ္ဌကထာမှာ ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ ခန္ဓာအိမ်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာ၀နာကို ရှုပွားရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဒီခန္ဓာအိမ်ကြီးဟာ ပိုးလောက် အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကြီးသာ ဖြစ်ပါတယ်။ ဒီပိုးလောက် တွေဟာ ဒီခန္ဓာအိမ်ကြီးထဲမှာပဲ ကျင်ကြီးစွန့်ကြတယ်၊ ကျင်ငယ်စွန့်ကြတယ်၊ အိမ်ထောင်ပြုကြတယ်၊ သားမွေးကြတယ်၊ ဖျားလျှင်နာလျှင် ဆေးကုကြတယ်၊ သေလျှင်လည်း ဒီခန္ဓာအိမ်ကြီးထဲမှာပဲ အသုဘချကြတယ်၊ အလောင်းကောင် တွေကို စွန့်ပစ်ကြတယ်။ ဒါကြောင့် ဒီခန္ဓာအိမ်ကြီးဟာ ဒီပိုးလောက်တွေရဲ့ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာအိမ်လည်း ဟုတ်တယ်၊ အိမ်ထောင်ပြုရာ သားမွေးရာအိမ်လည်း ဟုတ်တယ်၊ ဆေးကုဖို့ရာ လူနာရုံလည်း ဟုတ်တယ်၊ အသုဘချဖို့ရာ သုသာန်သင်္ချိုင်းလည်း ဟုတ်တယ်။ ☆ ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာပဲ ဒီလို ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလို ရွံရှာစက်ဆုပ်ဖွယ် အခြင်း အရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ “အသုဘ အသုဘ”လိ့ု ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုနေပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ထပ်ကာ ထပ်ကာ ရှုပါ။ ဒီလို ရှုနေတဲ့အခါမှာလည်း .. ၀ိပဿ နာဘာ၀နာကို အဝါး၀စွာ လေ့လာထားပြီးဖြစ်တဲ့အတွက် မကြာမီအချိန်ကာလအတွင်းမှာပဲ ပိုးလောက်တွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကို မတွေ့တော့ဘဲ ရုပ်ကလာပ် တွေရဲ့ အစုအပုံတွေကိုသာ ဉာဏ်နဲ့ တွေ့မြင်နေပါလိမ့်မည်။ အဲဒီအခါမှာ ရုပ်ကလာပ်တွေမှာ တည်ရှိနေကြတဲ့ ရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ ယင်းရုပ်ပရမတ်တရားတွေကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ၀ိပဿ နာဘာ၀နာကို ဆက်လက်ကာ ရှုပွားပါ။ ဒီလို ၀ိပဿ နာရှုတဲ့အပိုင်းရောက်လျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း- ကျိုး ( = သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ၀ိပဿနာ ရှုနေပါ။ ☆ ရုပ်ပရမတ်တရားတို့ရဲ့အသုဘ အခြင်း်းအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ သံယုတ်ပါဠိတော် ဖေဏပိဏ္႑ူပမသုတ္တန်အဋ္ဌကထာနှင့် အာသီ၀ိသော ပမသုတ္တန်အဋ္ဌကထာတို့မှာ ရုပ်ပရမတ်တရားတွေရဲ့ အသုဘဘာ၀နာ ရှုကွက်ကိုလည်း ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။ ရုပ်ပရမတ်တရားတွေမှာလည်း .. ၁။ ဒုဂ္ဂန္ဓ = မကောင်းတဲ့ ပုပ်သိုးတဲ့ အနံ့ ရှိခြင်း, ၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အရောင်အဆင်း ရှိခြင်း, ၃။ ဗျာဓိ = ဖျားနာတဲ့သဘော ရှိခြင်း, ၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း, ၅။ မရဏ = သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း --- ☆ ဒီလို ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတွေ ရှိကြပါတယ်။ ဒီလို ရုပ်ပရမတ်တရားတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ “အသုဘ အသုဘ”လို့ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဒီလို အသုဘဘာ၀နာ ရှုနိုင်တဲ့အပိုင်းကို ရောက်ရှိနေလျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ် နာမ်-ကြောင်း-ကျိုး ( = သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆက်လက်ကာ ၀ိပဿနာ ရှုနေပါ။ ဒီနေရာမှာတော့ ဒီသင်္ခါရတရား တွေကို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ ..လေးမျိုးသော အခြင်း အရာတို့ဖြင့် ၀ိပဿနာ ရှုပွားရမည့်အပိုင်း ဖြစ်ပါတယ်။ ☆ နာမ်ပရမတ်တရားတို့ရဲ့ အသုဘအခြင်းအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ စက္ခုဒွါရ၀ီထိစတဲ့ ဒွါရ (၆)မျိုးစလုံးတို့မှာ --- ရူပါရုံစတဲ့ ဆိုင်ရာအာရုံ တွေကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်မှု အယောနိသောမနသိကာရကို အကြောင်းခံကာ အကုသိုလ်ဇောနာမ်တရားစုတို့လည်း ထင်ရှားဖြစ်ပေါ်လာ တတ်ကြပါတယ်။ ထိုအကုသိုလ်နာမ်တရားစုတို့ကား အပါယ်သံသရာ၀ဋ် ဆင်းရဲဒုက္ခအစရှိတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်း ရင်းတရားတွေ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရား တွေသာ ဧကန်စင်စစ် ဖြစ်ကြပါတယ်။ ဒါကြောင့် ယင်းအကုသိုလ်နာမ်တရား စုတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူကာ အသုဘ အသုဘလို့ ရှုပါ။ ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေကို နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု ယောနိသော မနသိကာရကို အကြောင်းခံကာ ဖြစ်ပေါ်လာကြတဲ့ စက္ခုဒွါရ၀ီထိစတဲ့ ကုသိုလ်ဇော၀ီထိနာမ်တရားစုတို့လည်း ရှိကြပါတယ်။ အကယ်၍ ဒီကုသိုလ် နာမ်တရားစုတို့ကို အာရုံပြုပြီးတော့ ဒီကုသိုလ်နာမ်တရားစုတို့ကို အကြောင်း ပြုကာ အကုသိုလ်တရားတွေ ထပ်ဆင့်ဖြစ်ပွားလာခဲ့မည်ဆိုလျှင် ယင်းကု သိုလ်နာမ်တရားစုတွေဟာလည်းသံသရာ၀ဋ်ဆင်းရဲဒုက္ခအ၀၀ကို ဖြစ်ပေါ် စေနိုင်တဲ့ စွမ်းအားရှိတဲ့တရားတွေသာ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားတွေသာ ဖြစ်ကြပါတယ်။ ဒီကုသိုလ်နာမ်တရားစုတို့ကိုလည်း အသုဘ အသုဘလို့ ရှုပါ။ ☆ ဒီနေရာမှာ နည်းနည်းတော့ ထပ်ရှင်းဖို့ လိုလိမ့်မည်။ ☆ ဒီလို ပဋ္ဌာန်းဒေသနာတော်မှာ ဘုရားရှင် ဟောကြားထားတော်မူ ခဲ့တဲ့အတိုင်း ယောဂီပုဂ္ဂိုလ်တစ်ဦးဟာလည်း မိမိပြုစုပျိုးထောင်ထားခဲ့ပြီးတဲ့ ဒါန သီလ သမထ ၀ိပဿနာ စတဲ့ ကုသိုလ်တရားတွေကို တစ်နည်း ပြောရ လျှင်တော့ မိမိမှာ တည်ရှိခဲ့တဲ့ တည်ရှိနေဆဲဖြစ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတရားတွေကို အာရုံပြုပြီးတော့ အကြောင်းပြုပြီးတော့ ဒီကုသိုလ်တရား အမျိုးမျိုးတွေအပေါ်မှာ သာယာမှု တွယ်တာတပ်မက်မှု ရာဂတရားတွေလည်း ဖြစ်နေတတ်တယ်၊ မကျေနပ်မှု စိတ်ခက်ထန်ကြမ်းတမ်းမှု ဒေါသတရား တွေလည်း ဖြစ်နေတတ်တယ်၊ ငါပဲ သူပဲ စတဲ့ အသိမှားမှု မောဟတရားတွေ လည်း ထင်ရှားဖြစ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေအပေါ်မှာ ဂုဏ်ယူ ၀င့်ကြွားနတဲ့ မာန်မာနတရားတွေလည်း ထင်ရှား ဖြစ်နေတတ်တယ်၊ ☆ ဒီကုသိုလ်တရားတွေကို “ငါ” ပြုစုပျိုးထောင်ထားတာပဲ စတဲ့ ခံယူချက်မှားမှု ဒိဋ္ဌိတရားတွေလည်း ဖြစ်ပေါ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေကြောင့် နောင်အနာဂတ်မှာ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရေး စတဲ့ တောင့်တမှု ပတၳနာအမျိုးမျိုးတွေလည်း ဖြစ်ပေါ်နေတတ်တယ်။ ဒီပတၳနာ ဆိုတာကတော့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသ၀ဋ်တရား စုတွေပဲ ဖြစ်ပါတယ်။ လူတော်လူကောင်း နတ်ကောင်း နတ်မြတ်လို့ အသိမှား နေတဲ့သဘောက အ၀ိဇ္ဇာ၊ ယင်းလူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဘ၀ကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ၊ ယင်းဘ၀ကို စိတ်ကပ် ရောက်စွဲနေတဲ့သဘောက ဥပါဒါန်တို့ ဖြစ်ကြပါတယ်။ ☆ အလားတူပဲ ပဋိသမ်ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာတို့မှာလည်း .. အချို့အချို့သော ယောဂီပုဂ္ဂိုလ်တွေဟာ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ၀ိပဿနာဉာဏ်တွေအပေါ်မှာသော်လည်း ပဲ နှစ်သက်သာယာမှု တွယ်တာမက်မောမှု နိကန္တိလို့ ခေါ်ဆိုတဲ့ တဏှာလော ဘတရားတွေ ထင်ရှားဖြစ်ပေါ်လာနိုင်ကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်၊ ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။ ဒီလို သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သာယာနေတဲ့ တွယ်တာမက်မောနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ သူ ထူထောင်ထားတဲ့ ကံတွေထဲမှာ ဒီသင်္ခါရုပေက္ခာဉာဏ်လို့ခေါ်ဆိုတဲ့ ၀ိပဿနာ ကံဟာ အားအကောင်းဆုံး ဗလ၀ကုသိုလ်ကံတစ်ခု ဖြစ်နေပါတယ်။ ဒီလို နှစ် သက်သာယာမှု တွယ်တာမက်မောမှု တဏှာလောဘရဲ့ အားပေးထောက်ပ့ံမှု ကို ရရှိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ နောင်တစ်ဖန် ဘ၀သစ်မှာပဋိသနေ္ဓ အကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကုသိုလ်ကံတစ်မျိုး ဖြစ်လာပါတယ်၊ ပဋိသနေ္ဓအကျိုးကို ပေးလည်းပေးပါတယ်။ နောင်တစ်ဖန် ဘ၀သစ်မှာ ပဋိသနေ္ဓတည်နေရခြင်း အိုခြင်း နာခြင်း သေခြင်းစတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ ကုသိုလ်ကံမျိုး ဖြစ်သွားပါတယ်။ ☆ ဒါကြောင့် ကုသိုလ်ကံတစ်ခုခုကို အမှီပြုပြီးတော့ အကုသိုလ်အမျိုးမျိုး တွေ ထင်ရှားဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း ယင်းကုသိုလ်တရားတွေဟာ ရွံရှာ စက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရားတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီကုသိုလ်တရားစုမျိုးကိုလည်း အသုဘ အသုဘလို့ ရှုနိုင်ပါတယ်။ ¤ ဖားအောက်တောရဆရာတော် ¤ ════════════════ ☆“ပိုးေလာက္ေတြနဲ့ ျပည့္ေနတဲ့ ခႏၶာအိမ္”☆ ▬▬▬▬▬▬▬▬▬▬▬▬▬ ☆ ခႏၶ၀ဂၢသံယုတ္ပါဠိေတာ္ ေဖဏပိ႑ဴပမသုတၱန္အ႒ကထာမွာ ပိုးေလာက္အမ်ဳိးမ်ဳိးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မိမိ သူတစ္ပါး ႏွစ္ဦးသားတို႔ရဲ႕ ခႏၶာအိမ္ရဲ႕ ရြံရွာစက္ဆုပ္ဖြယ္သေဘာကို အာ႐ုံယူကာ အသုဘဘာ၀နာကို ႐ႈပြားရန္ ၫႊန္ၾကားထားေတာ္မူခဲ့ပါတယ္။ ဒီခႏၶာအိမ္ႀကီးဟာ ပိုးေလာက္ အမ်ဳိးမ်ဳိးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ခႏၶာအိမ္ႀကီးသာ ျဖစ္ပါတယ္။ ဒီပိုးေလာက္ ေတြဟာ ဒီခႏၶာအိမ္ႀကီးထဲမွာပဲ က်င္ႀကီးစြန္႔ၾကတယ္၊ က်င္ငယ္စြန္႔ၾကတယ္၊ အိမ္ေထာင္ျပဳၾကတယ္၊ သားေမြးၾကတယ္၊ ဖ်ားလွ်င္နာလွ်င္ ေဆးကုၾကတယ္၊ ေသလွ်င္လည္း ဒီခႏၶာအိမ္ႀကီးထဲမွာပဲ အသုဘခ်ၾကတယ္၊ အေလာင္းေကာင္ ေတြကို စြန္႔ပစ္ၾကတယ္။ ဒါေၾကာင့္ ဒီခႏၶာအိမ္ႀကီးဟာ ဒီပိုးေလာက္ေတြရဲ႕ က်င္ႀကီးစြန္႔ရာ က်င္ငယ္စြန္႔ရာအိမ္လည္း ဟုတ္တယ္၊ အိမ္ေထာင္ျပဳရာ သားေမြးရာအိမ္လည္း ဟုတ္တယ္၊ ေဆးကုဖို႔ရာ လူနာ႐ုံလည္း ဟုတ္တယ္၊ အသုဘခ်ဖို႔ရာ သုသာန္သခၤ်ဳိင္းလည္း ဟုတ္တယ္။ ☆ ေယာဂီပုဂၢိဳလ္တစ္ဦးဟာ အဇၩတၱ ဗဟိဒၶ သႏၲာန္ႏွစ္မ်ဳိးစလုံးမွာပဲ ဒီလို ပိုးေလာက္အမ်ဳိးမ်ဳိးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဒီလို ရြံရွာစက္ဆုပ္ဖြယ္ အျခင္း အရာကို ဉာဏ္ျဖင့္ ျမင္ေအာင္ၾကည့္ၿပီးေတာ့ “အသုဘ အသုဘ”လိ႔ု ႀကိမ္ဖန္ မ်ားစြာ ထပ္ကာထပ္ကာ ႐ႈေနပါ၊ အဇၩတၱတစ္လွည့္ ဗဟိဒၶတစ္လွည့္ ထပ္ကာ ထပ္ကာ ႐ႈပါ။ ဒီလို ႐ႈေနတဲ့အခါမွာလည္း .. ၀ိပႆ နာဘာ၀နာကို အ၀ါး၀စြာ ေလ့လာထားၿပီးျဖစ္တဲ့အတြက္ မၾကာမီအခ်ိန္ကာလအတြင္းမွာပဲ ပိုးေလာက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ခႏၶာအိမ္ကို မေတြ႕ေတာ့ဘဲ ႐ုပ္ကလာပ္ ေတြရဲ႕ အစုအပုံေတြကိုသာ ဉာဏ္နဲ႔ ေတြ႕ျမင္ေနပါလိမ့္မည္။ အဲဒီအခါမွာ ႐ုပ္ကလာပ္ေတြမွာ တည္ရွိေနၾကတဲ့ ႐ုပ္ပရမတ္တရားေတြကို ဉာဏ္ျဖင့္ ပိုင္းျခားယူၿပီးေတာ့ ယင္း႐ုပ္ပရမတ္တရားေတြကို လကၡဏာေရးသုံးတန္သို႔ တစ္လွည့္စီ တင္ကာ ၀ိပႆ နာဘာ၀နာကို ဆက္လက္ကာ ႐ႈပြားပါ။ ဒီလို ၀ိပႆ နာ႐ႈတဲ့အပိုင္းေရာက္လွ်င္လည္း အဇၩတၱတစ္လွည့္ ဗဟိဒၶတစ္လွည့္ အတိတ္တစ္လွည့္ အနာဂတ္တစ္လွည့္ လွည့္လည္ကာ ႐ုပ္-နာမ္-ေၾကာင္း- က်ဳိး ( = သခၤါရ)တရားေတြကို ဉာဏ္ျဖင့္ ပိုင္းျခားယူၿပီးေတာ့ လကၡဏာေရး သုံးတန္သို႔ တစ္လွည့္စီ တင္ကာ ႀကိမ္ဖန္မ်ားစြာ ထပ္ကာထပ္ကာ ၀ိပႆနာ ႐ႈေနပါ။ ☆ ႐ုပ္ပရမတ္တရားတို႔ရဲ႕အသုဘ အျခင္း္းအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ သံယုတ္ပါဠိေတာ္ ေဖဏပိ႑ဴပမသုတၱန္အ႒ကထာႏွင့္ အာသီ၀ိေသာ ပမသုတၱန္အ႒ကထာတို႔မွာ ႐ုပ္ပရမတ္တရားေတြရဲ႕ အသုဘဘာ၀နာ ႐ႈကြက္ကိုလည္း ဖြင့္ဆိုထားေတာ္မူခဲ့ပါတယ္။ ႐ုပ္ပရမတ္တရားေတြမွာလည္း .. ၁။ ဒုဂၢႏၶ = မေကာင္းတဲ့ ပုပ္သိုးတဲ့ အနံ႔ ရွိျခင္း, ၂။ အသုစိ = မစင္မၾကယ္ ရြံရွာစက္ဆုပ္ဖြယ္ အေရာင္အဆင္း ရွိျခင္း, ၃။ ဗ်ာဓိ = ဖ်ားနာတဲ့သေဘာ ရွိျခင္း, ၄။ ဇရာ = အုိမႈ ရွိျခင္း = ရင့္က်က္မႈဌီကာလ ရိွျခင္း, ၅။ မရဏ = ေသေက်ပ်က္စီးမႈ ရွိျခင္း = ပ်က္မႈဘင္ကာလ ရွိျခင္း --- ☆ ဒီလို ရြံရွာစက္ဆုပ္ဖြယ္ အသုဘသေဘာေတြ ရွိၾကပါတယ္။ ဒီလို ႐ုပ္ပရမတ္တရားေတြရဲ႕ ရြံရွာစက္ဆုပ္ဖြယ္ အသုဘအျခင္းအရာေတြကို ဉာဏ္ျဖင့္ ျမင္ေအာင္ ၾကည့္ၿပီးေတာ့ “အသုဘ အသုဘ”လို႔ ႐ႈပါ။ အဇၩတၱ တစ္လွည့္ ဗဟိဒၶတစ္လွည့္ ႀကိမ္ဖန္မ်ားစြာ ထပ္ကာထပ္ကာ ႐ႈပါ။ ဒီလို အသုဘဘာ၀နာ ႐ႈႏိုင္တဲ့အပိုင္းကို ေရာက္ရွိေနလွ်င္လည္း အဇၩတၱတစ္လွည့္ ဗဟိဒၶတစ္လွည့္ အတိတ္တစ္လွည့္ အနာဂတ္တစ္လွည့္ လွည့္လည္ကာ ႐ုပ္ နာမ္-ေၾကာင္း-က်ဳိး ( = သခၤါရ)တရားေတြကို ဉာဏ္ျဖင့္ ပိုင္းျခားယူၿပီးေတာ့ လကၡဏာေရးသုံးတန္သို႔ တစ္လွည့္စီ တင္ကာ ႀကိမ္ဖန္မ်ားစြာ ထပ္ကာ ထပ္ကာ ဆက္လက္ကာ ၀ိပႆနာ ႐ႈေနပါ။ ဒီေနရာမွာေတာ့ ဒီသခၤါရတရား ေတြကို အနိစၥလို႔ ဒုကၡလို႔ အနတၱလို႔ အသုဘလို႔ ..ေလးမ်ဳိးေသာ အျခင္း အရာတို႔ျဖင့္ ၀ိပႆနာ ႐ႈပြားရမည့္အပိုင္း ျဖစ္ပါတယ္။ ☆ နာမ္ပရမတ္တရားတို႔ရဲ့ အသုဘအျခင္းအရာ ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ စကၡဳဒြါရ၀ီထိစတဲ့ ဒြါရ (၆)မ်ဳိးစလုံးတို႔မွာ --- ႐ူပါ႐ုံစတဲ့ ဆိုင္ရာအာ႐ုံ ေတြကို နည္းမွန္လမ္းမွန္ ႏွလုံးမသြင္းတတ္မႈ အေယာနိေသာမနသိကာရကို အေၾကာင္းခံကာ အကုသိုလ္ေဇာနာမ္တရားစုတို႔လည္း ထင္ရွားျဖစ္ေပၚလာ တတ္ၾကပါတယ္။ ထိုအကုသိုလ္နာမ္တရားစုတို႔ကား အပါယ္သံသရာ၀ဋ္ ဆင္းရဲဒုကၡအစရွိတဲ့ ဆင္းရဲဒုကၡအမ်ဳိးမ်ဳိးကို ျဖစ္ေပၚေစတတ္တဲ့ အေၾကာင္း ရင္းတရားေတြ ျဖစ္ျခင္းေၾကာင့္ ရြံရွာစက္ဆုပ္ဖြယ္ေကာင္းတဲ့ အသုဘတရား ေတြသာ ဧကန္စင္စစ္ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ယင္းအကုသိုလ္နာမ္တရား စုတို႔ကိုလည္း ဉာဏ္ျဖင့္ ပိုင္းျခားယူကာ အသုဘ အသုဘလို႔ ႐ႈပါ။ ႐ူပါ႐ုံစတဲ့ ဆိုင္ရာအာ႐ုံေတြကို နည္းမွန္လမ္းမွန္ ႏွလုံးသြင္းတတ္မႈ ေယာနိေသာ မနသိကာရကို အေၾကာင္းခံကာ ျဖစ္ေပၚလာၾကတဲ့ စကၡဳဒြါရ၀ီထိစတဲ့ ကုသိုလ္ေဇာ၀ီထိနာမ္တရားစုတို႔လည္း ရွိၾကပါတယ္။ အကယ္၍ ဒီကုသိုလ္ နာမ္တရားစုတို႔ကို အာ႐ုံျပဳၿပီးေတာ့ ဒီကုသိုလ္နာမ္တရားစုတို႔ကို အေၾကာင္း ျပဳကာ အကုသိုလ္တရားေတြ ထပ္ဆင့္ျဖစ္ပြားလာခဲ့မည္ဆိုလွ်င္ ယင္းကု သိုလ္နာမ္တရားစုေတြဟာလည္းသံသရာ၀ဋ္ဆင္းရဲဒုကၡအ၀၀ကို ျဖစ္ေပၚ ေစႏိုင္တဲ့ စြမ္းအားရွိတဲ့တရားေတြသာ ျဖစ္ျခင္းေၾကာင့္ ရြံရွာစက္ဆုပ္ဖြယ္ အသုဘတရားေတြသာ ျဖစ္ၾကပါတယ္။ ဒီကုသိုလ္နာမ္တရားစုတို႔ကိုလည္း အသုဘ အသုဘလို႔ ႐ႈပါ။ ☆ ဒီေနရာမွာ နည္းနည္းေတာ့ ထပ္ရွင္းဖို႔ လိုလိမ့္မည္။ ☆ ဒီလို ပ႒ာန္းေဒသနာေတာ္မွာ ဘုရားရွင္ ေဟာၾကားထားေတာ္မူ ခဲ့တဲ့အတိုင္း ေယာဂီပုဂၢိဳလ္တစ္ဦးဟာလည္း မိမိျပဳစုပ်ဳိးေထာင္ထားခဲ့ၿပီးတဲ့ ဒါန သီလ သမထ ၀ိပႆနာ စတဲ့ ကုသိုလ္တရားေတြကို တစ္နည္း ေျပာရ လွ်င္ေတာ့ မိမိမွာ တည္ရွိခဲ့တဲ့ တည္ရွိေနဆဲျဖစ္တဲ့ သဒၶါ သီလ သုတ စာဂ ပညာတရားေတြကို အာ႐ုံျပဳၿပီးေတာ့ အေၾကာင္းျပဳၿပီးေတာ့ ဒီကုသိုလ္တရား အမ်ဳိးမ်ဳိးေတြအေပၚမွာ သာယာမႈ တြယ္တာတပ္မက္မႈ ရာဂတရားေတြလည္း ျဖစ္ေနတတ္တယ္၊ မေက်နပ္မႈ စိတ္ခက္ထန္ၾကမ္းတမ္းမႈ ေဒါသတရား ေတြလည္း ျဖစ္ေနတတ္တယ္၊ ငါပဲ သူပဲ စတဲ့ အသိမွားမႈ ေမာဟတရားေတြ လည္း ထင္ရွားျဖစ္ေနတတ္တယ္၊ ဒီကုသိုလ္တရားေတြအေပၚမွာ ဂုဏ္ယူ ၀င့္ႂကြားနတဲ့ မာန္မာနတရားေတြလည္း ထင္ရွား ျဖစ္ေနတတ္တယ္၊ ☆ ဒီကုသိုလ္တရားေတြကို “ငါ” ျပဳစုပ်ဳိးေထာင္ထားတာပဲ စတဲ့ ခံယူခ်က္မွားမႈ ဒိ႒ိတရားေတြလည္း ျဖစ္ေပၚေနတတ္တယ္၊ ဒီကုသိုလ္တရားေတြေၾကာင့္ ေနာင္အနာဂတ္မွာ လူေတာ္လူေကာင္း နတ္ေကာင္းနတ္ျမတ္ ျဖစ္ေရး စတဲ့ ေတာင့္တမႈ ပတၳနာအမ်ဳိးမ်ဳိးေတြလည္း ျဖစ္ေပၚေနတတ္တယ္။ ဒီပတၳနာ ဆိုတာကေတာ့ အ၀ိဇၨာ တဏွာ ဥပါဒါန္ဦးေဆာင္ေနတဲ့ ကိေလသ၀ဋ္တရား စုေတြပဲ ျဖစ္ပါတယ္။ လူေတာ္လူေကာင္း နတ္ေကာင္း နတ္ျမတ္လို႔ အသိမွား ေနတဲ့သေဘာက အ၀ိဇၨာ၊ ယင္းလူေတာ္လူေကာင္း နတ္ေကာင္းနတ္ျမတ္ ဘ၀ကို တြယ္တာမက္ေမာေနတဲ့သေဘာက တဏွာ၊ ယင္းဘ၀ကို စိတ္ကပ္ ေရာက္စြဲေနတဲ့သေဘာက ဥပါဒါန္တို႔ ျဖစ္ၾကပါတယ္။ ☆ အလားတူပဲ ပဋိသမၻိဒါမဂ္ပါဠိေတာ္ႏွင့္ အ႒ကထာတို႔မွာလည္း .. အခ်ဳိ႕အခ်ဳိ႕ေသာ ေယာဂီပုဂၢိဳလ္ေတြဟာ သခၤါ႐ုေပကၡာဉာဏ္ကဲ့သို႔ေသာ အလြန္အဆင့္အတန္း ျမင့္မားေနတဲ့ ၀ိပႆနာဉာဏ္ေတြအေပၚမွာေသာ္လည္း ပဲ ႏွစ္သက္သာယာမႈ တြယ္တာမက္ေမာမႈ နိကႏၲိလို႔ ေခၚဆိုတဲ့ တဏွာေလာ ဘတရားေတြ ထင္ရွားျဖစ္ေပၚလာႏိုင္ေၾကာင္းကို ေဟာၾကားထားေတာ္ မူခဲ့ပါတယ္၊ ဖြင့္ဆိုထားေတာ္မူခဲ့ပါတယ္။ ဒီလို သခၤါ႐ုေပကၡာဉာဏ္ကို ႏွစ္သက္သာယာေနတဲ့ တြယ္တာမက္ေမာေနတဲ့ ေယာဂီပုဂၢိဳလ္အဖို႔ သူ ထူေထာင္ထားတဲ့ ကံေတြထဲမွာ ဒီသခၤါ႐ုေပကၡာဉာဏ္လို႔ေခၚဆိုတဲ့ ၀ိပႆနာ ကံဟာ အားအေကာင္းဆုံး ဗလ၀ကုသိုလ္ကံတစ္ခု ျဖစ္ေနပါတယ္။ ဒီလို ႏွစ္ သက္သာယာမႈ တြယ္တာမက္ေမာမႈ တဏွာေလာဘရဲ႕ အားေပးေထာက္ပ့ံမႈ ကို ရရွိေနတဲ့ သခၤါ႐ုေပကၡာဉာဏ္ဟာ ေနာင္တစ္ဖန္ ဘ၀သစ္မွာပဋိသေႏၶ အက်ဳိးကို ေပးႏိုင္တဲ့ စြမ္းအားရွိတဲ့ ကုသိုလ္ကံတစ္မ်ဳိး ျဖစ္လာပါတယ္၊ ပဋိသေႏၶအက်ဳိးကို ေပးလည္းေပးပါတယ္။ ေနာင္တစ္ဖန္ ဘ၀သစ္မွာ ပဋိသေႏၶတည္ေနရျခင္း အိုျခင္း နာျခင္း ေသျခင္းစတဲ့ ဆင္းရဲဒုကၡအမ်ဳိးမ်ဳိးကို ျဖစ္ေပၚေစတဲ့ ကုသိုလ္ကံမ်ဳိး ျဖစ္သြားပါတယ္။ ☆ ဒါေၾကာင့္ ကုသိုလ္ကံတစ္ခုခုကို အမွီျပဳၿပီးေတာ့ အကုသိုလ္အမ်ဳိးမ်ဳိး ေတြ ထင္ရွားျဖစ္ေပၚခဲ့မည္ဆိုလွ်င္လည္း ယင္းကုသိုလ္တရားေတြဟာ ရြံရွာ စက္ဆုပ္ဖြယ္ေကာင္းတဲ့ အသုဘတရားေတြသာ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ဒီကုသိုလ္တရားစုမ်ဳိးကိုလည္း အသုဘ အသုဘလို႔ ႐ႈႏိုင္ပါတယ္။ ¤ ဖားေအာက္ေတာရဆရာေတာ္ ¤ ════════════════


via အလင္းေရာင္ ဓမၼ https://ift.tt/2CnjJDp