Thursday, November 7, 2019

အတွေးနဲ့ ယောဂီ •••••••••••••••••• အတွေးနဲ့ပတ်သက်ရင် အကြီးမားဆုံး အခက်အခဲတစ်ခုက … ဘဝထဲမှာ မတွေးဘဲ မနေနိုင်တာ ဒါမှမဟုတ် မတွေးလို့ကို မဖြစ်တဲ့ အကြောင်းကိစ္စတွေ ရှိနေတဲ့ အဖြစ်ပါပဲ။ အဓိဋ္ဌာန်တရားစခန်းတွေမှာ အားထုတ်နေမယ် ဆိုရင်တောင် … နေ့စဉ်ပြုဖွယ်ကိစ္စတွေမှာ မတွေးပဲ မစဉ်းစားပဲ လုပ်လို့မရပါဘူး။ " ရေသောက်အုံးမှ။ ထမင်းစားအုံးမှ။ ဓမ္မာရုံသွားမယ်။ ရေချိုးမယ်။ အလေး အပေါ့သွားမယ်" စတဲ့ … ထင်ရှားတဲ့ ကိစ္စတွေမှာတောင် တွေးပြီးမှ ဆောင်ရွက်ကြရတာပါ။ စိတ်မဖြစ်ပဲ အတွေးမဖြစ်ပဲ ဘယ်လိုမှကို ဒီအလုပ်တွေကို လုပ်လို့ မဖြစ်နိုင်ပါဘူး။ တစ်နေ့တစ်နေ့ ကိုယ်မသိလိုက်တဲ့ အတွေးတွေ ဆိုတာလည်း … ကိုယ်က သတိဥာဏ်အားနည်းလို့ မသိ လိုက်တာသာ ရှိချင်ရှိမယ်။ အတွေးက တော့ တစ်ချိန်လုံးဖြစ်နေတာပါ။ နဂိုကထဲက အဲဒီလိုအတွေးတွေ များရတဲ့ အထဲမှာ ကိုယ်ကကို တွေးရတာကို နှစ်သက် စွဲလန်းနေတာတွေ ပေါင်းစပ်လိုက်တော့ သူသူကိုယ်ကိုယ် အတွေးကို စွဲနေတဲ့ သူတွေ ဖြစ်မှန်းမသိ ဖြစ်လာရပါတယ်။ ဘယ်အာရုံနဲ့ပဲဆုံဆုံ ဖြတ်ဆို အလွန်လျင်မြန်စွာ တွေးလိုက်ပြီးသား ဖြစ်နေလောက်အောင်ကို တွေးတဲ့နေရာမှာ အသားကျနေပါတယ်။ အဲဒီလောက်အကျင့်ပါပြီး အားကောင်းနေ တတ်တဲ့ အတွေးတွေကို မတွေးရဘူးလို့ ပိတ်ပင်လို့ မရနိုင်ပါဘူး။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ဘုရားရှင်လည်း တွေးပါတယ်။ အတိတ်အကြောင်းတွေကို ကမ္ဘာပေါင်း များစွာ တွေးပြီး ဇာတ်ကြောင်းတွေနဲ့ ဟောတတ်ပါတယ်။ အနာဂါတ်ကိုလည်း ဘယ်သူတော့ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုပြီး ကြိုတွေးလို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒါပေမဲ့ ဘုရားရှင်အနေနဲ့ ကိလေသာနဲ့ အကုသိုလ်နဲ့ မတွေးပါဘူး။ ကိလေသာကင်းစင်တဲ့ စိတ်ဓာတ်တော်နဲ့ တွေးစရာရှိတာတွေကို တွေးတော ဆင်ခြင် တော်မူပါတယ်။ ကျန်တဲ့ အရိယာအရှင်သူမြတ်တွေလည်း သာသနာ့ကိစ္စ သံဃာကိစ္စတွေ တရားဟော စရာ အကြောင်းကိစ္စတွေကို ဆောင်ရွက်ဖို့ တွေးတာပါပဲ။ အရိယာ လူပုဂ္ဂိုလ်တွေလည်း စီးပွားရေး လူမှုရေး ကုသိုလ်အရေးတွေကို မတွေးပဲ ဆောင်ရွက်လို့ရမှ မရတာ။ တွေးသင့်တဲ့ အချိန်မှာ တွေးကို တွေးရမှာပါပဲ။ ထမင်စားတာ သွားတာ လာတာ ပြောတာ ဆိုတာ လုပ်ကိုင်ဆောင်ရွက်တာ ဟူသမျှ မတွေးပဲ လုပ်လို့မရပါဘူး။ ဒီတော့ "ဘဝထဲမှာ မတွေးရ" ဆိုတဲ့ တားမြစ်ချက်တွေကို လိုက်နာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ။ မဖြစ်သင့်တာလို့ပဲ မိမိအနေနဲ့ သဘောရမိပါတယ်။ ဘုရားရှင်လက်ထက်တော်က လူကြားသူကြား ထဲမှာ သွားလာနေထိုင် အားထုတ်ရင်း တရားရ သွားတဲ့ ကုရုတိုင်းသားတွေကို သက်သေပြုလို့ သဘောပေါက်စေချင်ပါတယ်။ ဒါကိုလည်း အကြောင်းအကျိုး ဆီလျော်စွာ စဉ်းစားစေချင်ပါတယ်။ ကဲ.....မိမိတို့အနေနဲ့လည်း မတွေးဘဲ နေလို့မရ မတွေးရ မနေနိုင်ဖြစ်နေကြ တာချင်း အတူတူ … တတ်နိုင်သလောက် အကုသိုလ် အတွေး တွေ မဖြစ်အောင် ကြိုးစားကြရအောင်ပါ။ ပြောသာပြောရတယ်။ ခက်နေတာက ကိုယ် ကိုယ်တိုင်ကိုက အကုသိုလ်အတွေးတွေ များနေတတ်တာပါ။ ဘာဝနာနဲ့ ယဉ်ကျေးအောင် ဆုံးမ မထား နိုင်ခဲ့တဲ့အတွက် အတွေးတွေ မယဉ်ကျေး တာလည်း ဆန်းတော့ မဆန်းလှပါဘူး။ အတိတ်ကို စဉ်းစားလိုက်တော့လည်း အလို မပြည့်ခဲ့တာတွေ မရရှိခဲ့တာတွေ အတွက် မကျေမနပ် ဖြစ်တတ်သလို… မရောက်သေးတဲ့ အနာဂတ်အတွက်လည်း တွေးတော စိတ်မောလို့ ပူပန်နေမိတာပါပဲ။ လိုအပ်လို့ တွေးပူတာပါ။ စားဝတ်နေရေးမို့ သားရေးသမီးရေးမို့ ပူတော့ ပူနေရအုံးမှာပဲလို့့ … ဘယ်လိုပဲ ဆင်ခြေတွေ ပေးနေပေမဲ့ ကိလေသာကတော့ ကိလေသာပါပဲ။ အဲဒီလိုပဲ သူတစ်ပါးအပေါ် လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေနဲ့ အတွေးတွေတွေးပြီး ပူလောင်နေမယ်ဆိုရင် လည်း … သူကောင်းတာ မကောင်းတာက သူ့ကိစ္စ ကိုယ်ကတော့ အကုသိုလ်စိတ်တွေ များစွာ ဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။ တစ်နာရီ တစ်မနက် တစ်ရက်လောက် "ငါ ဘယ်သူ့အပေါ်မှာမှ ကိလေသာတွေ အရင်းခံလို့ အကုသိုလ်စိတ်နဲ့ မပြုဘဲ မပြောဘဲ မကြံဘဲ နေမယ်"လို့ သံဓိဌာန်ချပြီး နေကြည့် စေချင်ပါတယ်။ အရင်ဆုံးတော့ ကာယကံ ဝစီကံက စကျင့်ရမှာပါပဲ။ အဲဒီကတဆင့် ကိလေသာနဲ့ ပူလောင်စွာ မတွေးဘူးဆိုတဲ့ အထိတော့ ဖြစ်အောင် ကျင့်ရမှာပါ။ ကိလေသာတွေ အလွန်နည်းပါစွာ လုံးဝ ကင်းစင်စွာ ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဒီနေရာမှာ သီလဆောက်တည်သလို ကိုယ့်ရဲ့ အပြု အပြော အကြံတွေကို အကုသိုလ် မဖြစ်အောင် ကန့်သတ်ထားလိုက်တာပါ။ ဘယ်လိုနည်းကိုဘဲသုံးသုံး အဓိကက အကုသိုလ်စိတ် မဖြစ်ဖို့ပါ။ တခါတလေမှာ သူတော်ကောင်းဖြစ်ချင်တဲ့ သူဆိုတာ အကုသိုလ်စိတ် ဖြစ်နေရင် ရှက်စရာကြီးလို့ စဉ်းစားပြီး … အကုသိုလ် မဖြစ်အောင် ကိုယ့်စိတ်ကို ကန့်သတ်ထား လို့ပဲဖြစ်ဖြစ် … ဒီလိုလူတွေ ဒီလိုအကြောင်းအရာတွေ လောက်နဲ့ အကုသိုလ်ဖြစ်ရမှာ မတန်ဘူးလို့ ကြိုတင်ဆုံးဖြတ်ထားလို့ပဲ ဖြစ်ဖြစ်… အကုသိုလ်အတွေးတွေ မတွေးမိအောင် ကျင့်လို့ ရနိုင်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်သတ်မှတ် ရည်စူးထားတဲ့အတိုင်း အကုသိုလ်မဖြစ်ဖို့ပါ။ ကိုယ်မကြိုက်တာ ကြိုက်တာတွေနဲ့ ပတ်သက်ရင်လည်း အခုလိုပဲ ကျင့်ရမှာပါ။ ကြိုက်တာ မကြိုက်တာတွေ ရှိနေတတ်တဲ့ ပုထုဇဉ်တွေဆိုပေမဲ့ … အဲဒီအာရုံတွေနဲ့ ဆုံခဲ့ရင်လည်း ပြင်းထန်စွာ အတွေးတွေနဲ့ မပူလောင်မိအောင်တော့ ကြိုးစား ရမှာပါ။ အခုအချိန်ထိ မတွေးရဘူးလို့ တစ်ခွန်းမှ မပြောဘူးနော်။ တွေးပါ။ ကုသိုလ်အတွေးဆို တွေးဖြစ်အောင် တွေးပါ။ တတ်နိုင်ရင် တစ်နေကုန် တွေးလို့ရပါတယ်။ ဒါပေမဲ့ အကုသိုလ် အတွေးတွေကိုတော့ တတ်နိုင်သလောက် လျှော့ချရပါမယ်။ ဒီလောက်တော့ ကျင့်ဖို့လိုပါတယ်။ တကယ်တော့ ဒါတွေဟာ လူက တမင်တကာ ကြောင့်ကြစိုက်ပြီး ကြိုးစားအားထုတ်ရတဲ့ ပုဂ္ဂလဗျာပါရတွေပါ။ အတွေးတွေကို တိုက်ရိုက် မရှုမှတ်နိုင် သေးတဲ့ သူတွေအတွက် ဒီလောက်ကပဲ စကျင့်ရတာပါ။ မူလတန်းအဆင့်ဟာ မူလတန်း လောက်သာ စွမ်းဆောင်နိုင်ပါတယ်။ ဒါတောင် တကယ်တမ်းပြောရရင် မလွယ်ပါဘူး။ "ထစ်ကနဲဆို ထောင်းကနဲ" မဖြစ်အောင် မနည်းကြိုးစားရမှာပါ။ ငါးပါးသီလကို တကယ်လုံအောင် စောင့်ထိမ်းဖို့ ခက်သလိုပါပဲ။ နေရာတကာ Auto ဖြစ်နေတတ်တဲ့ ကိလေသာက အလွန်မြန်လှပါတယ်။ သူ့ရဲ့အရှိန်ကို ထိမ်းနိုင်ဖို့အတွက် နည်းမျိုးစုံအောင် ကျင့်နေရတာပါ။ အဲဒီလိုနဲ့ လေ့ကျင့်ရင်း တဖြည်းဖြည်း အကုသိုလ်အတွေး တွေနည်းလာတာ ဖြစ်ရင်တောင်မှ အရင်တုံးကလောက် မပြင်းထန်တော့တာတွေကိုလည်း သတိထားကြည့်ရင် သိသာနိုင်ပါတယ်။ စိတ်မှာ ပြင်းထန်စွာ ပူလောင်ရတာတွေ နည်းလာတဲ့အခါ အရင်ကထက် စိတ်အေး လက်အေးလည်း ပိုရှိလာမှာ အသေချာပါပဲ။ အရင်က ဝုန်းဒိုင်းကြဲလောက်အောင် အကုသိုလ်အတွေးတွေ ဆက်ကာ ဆက်ကာ ဖြစ်တတ်တဲ့ နေရာတွေမှာ အရင်လောက် မပြင်းထန်တဲ့သဘောတွေ ကိုလည်း သတိထားမိလာမှာပါ။ အဲဒီလို မိမိစိတ်မှာ အကုသိုလ် အတွေးတွေ နည်းလာ ပါးလာမှလည်း ကုသိုလ်အတွေးတွေ ဝင်ခွင့်ရမှာပါ။ အကုသိုလ်အတွေးတွေ အဖြစ်များနေသ၍ ကုသိုလ်အတွေးတွေ ဖြစ်ခွင့်မရှိတာဟာ ဓမ္မသဘာဝပါပဲ။ အဲဒီသဘောတရား အတိုင်းပါပဲလေ။ ကုသိုလ်အတွေးတွေ အချိန်များစွာ နေရာယူ နိုင်လေလေ အကုသိုလ်အတွေးတွေ နည်းပါး လေလေပါပဲ။ တစ်နာရီ တစ်မနက် တစ်ရက်လုံးလုံး ကုသိုလ်အတွေးတွေ ကုသိုလ်စိတ်တွေသာ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဘာပဲပြောပြော တဖြည်းဖြည်းနဲ့ အကုသိုလ် အတွေးတွေရဲ့ အပြစ်မကင်းတဲ့သဘော ဆင်းရဲတဲ့သဘော ပူလောင်တဲ့သဘောတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုနားလည် လာသလို… ကုသိုလ်အတွေးတွေရဲ့ အပြစ်ကင်းတဲ့သဘော ချမ်းသာတဲ့သဘော အေးချမ်းတဲ့သဘောတွေကို လေ့ကျင့်ရင်း ပိုပိုပြီး နားလည်လာမှာအမှန်ပါ။ တရားအားထုတ်တဲ့ လမ်းကြောင်းတစ်ခုမှာ အဲဒီနားလည်မှုဟာ အလွန်တန်ဖိုးကြီး လှပါတယ်။ ကုသိုလ် အကုသိုလ်ရဲ့ သဘာဝတွေကို မိမိတို့သေချာ မသိခဲ့လို့သာ … အပြစ်တွေများစွာ အမှားအယွင်းတွေ များစွာ သီလပျက်ယွင်းမှု များစွာကို လွန်ကြူးမိခဲ့ကြ တာပါ။ တကယ်နားလည်ရင် အကုသိုလ် ဆိုတာ ပြုရဲစရာ မရှိပါဘူး။ အဲဒီလိုနဲ့ပဲ လေ့ကျင့်ရင်းနဲ့ အတွေ့အကြုံ တွေကို အကြောင်းပြုပြီး ကုသိုလ် အကုသိုလ် အတွေးတွေအကြောင်း ပိုမိုနားလည်လာတဲ့ "အတွေးနဲ့ယောဂီ" ရဲ့ သန္တာန်မှာ… ဓမ္မသဘာဝ တစ်ခုဟာ မသိမသာ တဖြည်းဖြည်းနဲ့ အားကောင်းလို့ လာပါတော့တယ်။ အဲဒါကတော့ "ယောနိသော မနသိကာရ" ပါပဲ။ အလင်းရောင်ဓမ္မ တရားလေးတစ်ပုဒ်ကြောင့် ဘဝအမှောင်တွေကင်းပျောက်ပါစေ Cr# Dr.Pe Thet Tun အေတြးနဲ႕ ေယာဂီ •••••••••••••••••• အေတြးနဲ႕ပတ္သက္ရင္ အႀကီးမားဆုံး အခက္အခဲတစ္ခုက … ဘဝထဲမွာ မေတြးဘဲ မေနနိုင္တာ ဒါမွမဟုတ္ မေတြးလို႔ကို မျဖစ္တဲ့ အေၾကာင္းကိစၥေတြ ရွိေနတဲ့ အျဖစ္ပါပဲ။ အဓိ႒ာန္တရားစခန္းေတြမွာ အားထုတ္ေနမယ္ ဆိုရင္ေတာင္ … ေန႕စဥ္ျပဳဖြယ္ကိစၥေတြမွာ မေတြးပဲ မစဥ္းစားပဲ လုပ္လို႔မရပါဘူး။ " ေရေသာက္အုံးမွ။ ထမင္းစားအုံးမွ။ ဓမၼာ႐ုံသြားမယ္။ ေရခ်ိဳးမယ္။ အေလး အေပါ့သြားမယ္" စတဲ့ … ထင္ရွားတဲ့ ကိစၥေတြမွာေတာင္ ေတြးၿပီးမွ ေဆာင္႐ြက္ၾကရတာပါ။ စိတ္မျဖစ္ပဲ အေတြးမျဖစ္ပဲ ဘယ္လိုမွကို ဒီအလုပ္ေတြကို လုပ္လို႔ မျဖစ္နိုင္ပါဘူး။ တစ္ေန႕တစ္ေန႕ ကိုယ္မသိလိုက္တဲ့ အေတြးေတြ ဆိုတာလည္း … ကိုယ္က သတိဥာဏ္အားနည္းလို႔ မသိ လိုက္တာသာ ရွိခ်င္ရွိမယ္။ အေတြးက ေတာ့ တစ္ခ်ိန္လုံးျဖစ္ေနတာပါ။ နဂိုကထဲက အဲဒီလိုအေတြးေတြ မ်ားရတဲ့ အထဲမွာ ကိုယ္ကကို ေတြးရတာကို ႏွစ္သက္ စြဲလန္းေနတာေတြ ေပါင္းစပ္လိုက္ေတာ့ သူသူကိုယ္ကိုယ္ အေတြးကို စြဲေနတဲ့ သူေတြ ျဖစ္မွန္းမသိ ျဖစ္လာရပါတယ္။ ဘယ္အာ႐ုံနဲ႕ပဲဆုံဆုံ ျဖတ္ဆို အလြန္လ်င္ျမန္စြာ ေတြးလိုက္ၿပီးသား ျဖစ္ေနေလာက္ေအာင္ကို ေတြးတဲ့ေနရာမွာ အသားက်ေနပါတယ္။ အဲဒီေလာက္အက်င့္ပါၿပီး အားေကာင္းေန တတ္တဲ့ အေတြးေတြကို မေတြးရဘူးလို႔ ပိတ္ပင္လို႔ မရနိုင္ပါဘူး။ နားလည္လြယ္ေအာင္ ေျပာရမယ္ဆိုရင္ ဘုရားရွင္လည္း ေတြးပါတယ္။ အတိတ္အေၾကာင္းေတြကို ကမၻာေပါင္း မ်ားစြာ ေတြးၿပီး ဇာတ္ေၾကာင္းေတြနဲ႕ ေဟာတတ္ပါတယ္။ အနာဂါတ္ကိုလည္း ဘယ္သူေတာ့ ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္ဆိုၿပီး ႀကိဳေတြးလို႔ ဗ်ာဒိတ္ေပးေတာ္မူပါတယ္။ ဒါေပမဲ့ ဘုရားရွင္အေနနဲ႕ ကိေလသာနဲ႕ အကုသိုလ္နဲ႕ မေတြးပါဘူး။ ကိေလသာကင္းစင္တဲ့ စိတ္ဓာတ္ေတာ္နဲ႕ ေတြးစရာရွိတာေတြကို ေတြးေတာ ဆင္ျခင္ ေတာ္မူပါတယ္။ က်န္တဲ့ အရိယာအရွင္သူျမတ္ေတြလည္း သာသနာ့ကိစၥ သံဃာကိစၥေတြ တရားေဟာ စရာ အေၾကာင္းကိစၥေတြကို ေဆာင္႐ြက္ဖို႔ ေတြးတာပါပဲ။ အရိယာ လူပုဂၢိုလ္ေတြလည္း စီးပြားေရး လူမႈေရး ကုသိုလ္အေရးေတြကို မေတြးပဲ ေဆာင္႐ြက္လို႔ရမွ မရတာ။ ေတြးသင့္တဲ့ အခ်ိန္မွာ ေတြးကို ေတြးရမွာပါပဲ။ ထမင္စားတာ သြားတာ လာတာ ေျပာတာ ဆိုတာ လုပ္ကိုင္ေဆာင္႐ြက္တာ ဟူသမွ် မေတြးပဲ လုပ္လို႔မရပါဘူး။ ဒီေတာ့ "ဘဝထဲမွာ မေတြးရ" ဆိုတဲ့ တားျမစ္ခ်က္ေတြကို လိုက္နာဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္နိုင္တာ။ မျဖစ္သင့္တာလို႔ပဲ မိမိအေနနဲ႕ သေဘာရမိပါတယ္။ ဘုရားရွင္လက္ထက္ေတာ္က လူၾကားသူၾကား ထဲမွာ သြားလာေနထိုင္ အားထုတ္ရင္း တရားရ သြားတဲ့ ကု႐ုတိုင္းသားေတြကို သက္ေသျပဳလို႔ သေဘာေပါက္ေစခ်င္ပါတယ္။ ဒါကိုလည္း အေၾကာင္းအက်ိဳး ဆီေလ်ာ္စြာ စဥ္းစားေစခ်င္ပါတယ္။ ကဲ.....မိမိတို႔အေနနဲ႕လည္း မေတြးဘဲ ေနလို႔မရ မေတြးရ မေနနိုင္ျဖစ္ေနၾက တာခ်င္း အတူတူ … တတ္နိုင္သေလာက္ အကုသိုလ္ အေတြး ေတြ မျဖစ္ေအာင္ ႀကိဳးစားၾကရေအာင္ပါ။ ေျပာသာေျပာရတယ္။ ခက္ေနတာက ကိုယ္ ကိုယ္တိုင္ကိုက အကုသိုလ္အေတြးေတြ မ်ားေနတတ္တာပါ။ ဘာဝနာနဲ႕ ယဥ္ေက်းေအာင္ ဆုံးမ မထား နိုင္ခဲ့တဲ့အတြက္ အေတြးေတြ မယဥ္ေက်း တာလည္း ဆန္းေတာ့ မဆန္းလွပါဘူး။ အတိတ္ကို စဥ္းစားလိုက္ေတာ့လည္း အလို မျပည့္ခဲ့တာေတြ မရရွိခဲ့တာေတြ အတြက္ မေက်မနပ္ ျဖစ္တတ္သလို… မေရာက္ေသးတဲ့ အနာဂတ္အတြက္လည္း ေတြးေတာ စိတ္ေမာလို႔ ပူပန္ေနမိတာပါပဲ။ လိုအပ္လို႔ ေတြးပူတာပါ။ စားဝတ္ေနေရးမို႔ သားေရးသမီးေရးမို႔ ပူေတာ့ ပူေနရအုံးမွာပဲလို႔့ … ဘယ္လိုပဲ ဆင္ေျခေတြ ေပးေနေပမဲ့ ကိေလသာကေတာ့ ကိေလသာပါပဲ။ အဲဒီလိုပဲ သူတစ္ပါးအေပၚ ေလာဘ ေဒါသ မာန ဣႆာ မစ္ဆရိယစတဲ့ ကိေလသာေတြနဲ႕ အေတြးေတြေတြးၿပီး ပူေလာင္ေနမယ္ဆိုရင္ လည္း … သူေကာင္းတာ မေကာင္းတာက သူ႕ကိစၥ ကိုယ္ကေတာ့ အကုသိုလ္စိတ္ေတြ မ်ားစြာ ျဖစ္ရတာပဲ အဖတ္တင္ပါလိမ့္မယ္။ တစ္နာရီ တစ္မနက္ တစ္ရက္ေလာက္ "ငါ ဘယ္သူ႕အေပၚမွာမွ ကိေလသာေတြ အရင္းခံလို႔ အကုသိုလ္စိတ္နဲ႕ မျပဳဘဲ မေျပာဘဲ မႀကံဘဲ ေနမယ္"လို႔ သံဓိဌာန္ခ်ၿပီး ေနၾကည့္ ေစခ်င္ပါတယ္။ အရင္ဆုံးေတာ့ ကာယကံ ဝစီကံက စက်င့္ရမွာပါပဲ။ အဲဒီကတဆင့္ ကိေလသာနဲ႕ ပူေလာင္စြာ မေတြးဘူးဆိုတဲ့ အထိေတာ့ ျဖစ္ေအာင္ က်င့္ရမွာပါ။ ကိေလသာေတြ အလြန္နည္းပါစြာ လုံးဝ ကင္းစင္စြာ ဆိုရင္ေတာ့ အေကာင္းဆုံးပဲေပါ့။ ဒီေနရာမွာ သီလေဆာက္တည္သလို ကိုယ့္ရဲ႕ အျပဳ အေျပာ အႀကံေတြကို အကုသိုလ္ မျဖစ္ေအာင္ ကန့္သတ္ထားလိုက္တာပါ။ ဘယ္လိုနည္းကိုဘဲသုံးသုံး အဓိကက အကုသိုလ္စိတ္ မျဖစ္ဖို႔ပါ။ တခါတေလမွာ သူေတာ္ေကာင္းျဖစ္ခ်င္တဲ့ သူဆိုတာ အကုသိုလ္စိတ္ ျဖစ္ေနရင္ ရွက္စရာႀကီးလို႔ စဥ္းစားၿပီး … အကုသိုလ္ မျဖစ္ေအာင္ ကိုယ့္စိတ္ကို ကန့္သတ္ထား လို႔ပဲျဖစ္ျဖစ္ … ဒီလိုလူေတြ ဒီလိုအေၾကာင္းအရာေတြ ေလာက္နဲ႕ အကုသိုလ္ျဖစ္ရမွာ မတန္ဘူးလို႔ ႀကိဳတင္ဆုံးျဖတ္ထားလို႔ပဲ ျဖစ္ျဖစ္… အကုသိုလ္အေတြးေတြ မေတြးမိေအာင္ က်င့္လို႔ ရနိုင္ပါတယ္။ အေရးႀကီးတဲ့အခ်က္က ကိုယ္သတ္မွတ္ ရည္စူးထားတဲ့အတိုင္း အကုသိုလ္မျဖစ္ဖို႔ပါ။ ကိုယ္မႀကိဳက္တာ ႀကိဳက္တာေတြနဲ႕ ပတ္သက္ရင္လည္း အခုလိုပဲ က်င့္ရမွာပါ။ ႀကိဳက္တာ မႀကိဳက္တာေတြ ရွိေနတတ္တဲ့ ပုထုဇဥ္ေတြဆိုေပမဲ့ … အဲဒီအာ႐ုံေတြနဲ႕ ဆုံခဲ့ရင္လည္း ျပင္းထန္စြာ အေတြးေတြနဲ႕ မပူေလာင္မိေအာင္ေတာ့ ႀကိဳးစား ရမွာပါ။ အခုအခ်ိန္ထိ မေတြးရဘူးလို႔ တစ္ခြန္းမွ မေျပာဘူးေနာ္။ ေတြးပါ။ ကုသိုလ္အေတြးဆို ေတြးျဖစ္ေအာင္ ေတြးပါ။ တတ္နိုင္ရင္ တစ္ေနကုန္ ေတြးလို႔ရပါတယ္။ ဒါေပမဲ့ အကုသိုလ္ အေတြးေတြကိုေတာ့ တတ္နိုင္သေလာက္ ေလွ်ာ့ခ်ရပါမယ္။ ဒီေလာက္ေတာ့ က်င့္ဖို႔လိုပါတယ္။ တကယ္ေတာ့ ဒါေတြဟာ လူက တမင္တကာ ေၾကာင့္ၾကစိုက္ၿပီး ႀကိဳးစားအားထုတ္ရတဲ့ ပုဂၢလဗ်ာပါရေတြပါ။ အေတြးေတြကို တိုက္ရိုက္ မရႈမွတ္နိုင္ ေသးတဲ့ သူေတြအတြက္ ဒီေလာက္ကပဲ စက်င့္ရတာပါ။ မူလတန္းအဆင့္ဟာ မူလတန္း ေလာက္သာ စြမ္းေဆာင္နိုင္ပါတယ္။ ဒါေတာင္ တကယ္တမ္းေျပာရရင္ မလြယ္ပါဘူး။ "ထစ္ကနဲဆို ေထာင္းကနဲ" မျဖစ္ေအာင္ မနည္းႀကိဳးစားရမွာပါ။ ငါးပါးသီလကို တကယ္လုံေအာင္ ေစာင့္ထိမ္းဖို႔ ခက္သလိုပါပဲ။ ေနရာတကာ Auto ျဖစ္ေနတတ္တဲ့ ကိေလသာက အလြန္ျမန္လွပါတယ္။ သူ႕ရဲ႕အရွိန္ကို ထိမ္းနိုင္ဖို႔အတြက္ နည္းမ်ိဳးစုံေအာင္ က်င့္ေနရတာပါ။ အဲဒီလိုနဲ႕ ေလ့က်င့္ရင္း တျဖည္းျဖည္း အကုသိုလ္အေတြး ေတြနည္းလာတာ ျဖစ္ရင္ေတာင္မွ အရင္တုံးကေလာက္ မျပင္းထန္ေတာ့တာေတြကိုလည္း သတိထားၾကည့္ရင္ သိသာနိုင္ပါတယ္။ စိတ္မွာ ျပင္းထန္စြာ ပူေလာင္ရတာေတြ နည္းလာတဲ့အခါ အရင္ကထက္ စိတ္ေအး လက္ေအးလည္း ပိုရွိလာမွာ အေသခ်ာပါပဲ။ အရင္က ဝုန္းဒိုင္းႀကဲေလာက္ေအာင္ အကုသိုလ္အေတြးေတြ ဆက္ကာ ဆက္ကာ ျဖစ္တတ္တဲ့ ေနရာေတြမွာ အရင္ေလာက္ မျပင္းထန္တဲ့သေဘာေတြ ကိုလည္း သတိထားမိလာမွာပါ။ အဲဒီလို မိမိစိတ္မွာ အကုသိုလ္ အေတြးေတြ နည္းလာ ပါးလာမွလည္း ကုသိုလ္အေတြးေတြ ဝင္ခြင့္ရမွာပါ။ အကုသိုလ္အေတြးေတြ အျဖစ္မ်ားေနသ၍ ကုသိုလ္အေတြးေတြ ျဖစ္ခြင့္မရွိတာဟာ ဓမၼသဘာဝပါပဲ။ အဲဒီသေဘာတရား အတိုင္းပါပဲေလ။ ကုသိုလ္အေတြးေတြ အခ်ိန္မ်ားစြာ ေနရာယူ နိုင္ေလေလ အကုသိုလ္အေတြးေတြ နည္းပါး ေလေလပါပဲ။ တစ္နာရီ တစ္မနက္ တစ္ရက္လုံးလုံး ကုသိုလ္အေတြးေတြ ကုသိုလ္စိတ္ေတြသာ ျဖစ္နိုင္ရင္ေတာ့ အေကာင္းဆုံးပဲေပါ့။ ဘာပဲေျပာေျပာ တျဖည္းျဖည္းနဲ႕ အကုသိုလ္ အေတြးေတြရဲ႕ အျပစ္မကင္းတဲ့သေဘာ ဆင္းရဲတဲ့သေဘာ ပူေလာင္တဲ့သေဘာေတြကို တစ္ေန႕ထက္တစ္ေန႕ ပိုမိုနားလည္ လာသလို… ကုသိုလ္အေတြးေတြရဲ႕ အျပစ္ကင္းတဲ့သေဘာ ခ်မ္းသာတဲ့သေဘာ ေအးခ်မ္းတဲ့သေဘာေတြကို ေလ့က်င့္ရင္း ပိုပိုၿပီး နားလည္လာမွာအမွန္ပါ။ တရားအားထုတ္တဲ့ လမ္းေၾကာင္းတစ္ခုမွာ အဲဒီနားလည္မႈဟာ အလြန္တန္ဖိုးႀကီး လွပါတယ္။ ကုသိုလ္ အကုသိုလ္ရဲ႕ သဘာဝေတြကို မိမိတို႔ေသခ်ာ မသိခဲ့လို႔သာ … အျပစ္ေတြမ်ားစြာ အမွားအယြင္းေတြ မ်ားစြာ သီလပ်က္ယြင္းမႈ မ်ားစြာကို လြန္ၾကဴးမိခဲ့ၾက တာပါ။ တကယ္နားလည္ရင္ အကုသိုလ္ ဆိုတာ ျပဳရဲစရာ မရွိပါဘူး။ အဲဒီလိုနဲ႕ပဲ ေလ့က်င့္ရင္းနဲ႕ အေတြ႕အႀကဳံ ေတြကို အေၾကာင္းျပဳၿပီး ကုသိုလ္ အကုသိုလ္ အေတြးေတြအေၾကာင္း ပိုမိုနားလည္လာတဲ့ "အေတြးနဲ႕ေယာဂီ" ရဲ႕ သႏၱာန္မွာ… ဓမၼသဘာဝ တစ္ခုဟာ မသိမသာ တျဖည္းျဖည္းနဲ႕ အားေကာင္းလို႔ လာပါေတာ့တယ္။ အဲဒါကေတာ့ "ေယာနိေသာ မနသိကာရ" ပါပဲ။ Dr.Pe Thet Tun


via အလင္းေရာင္ ဓမၼ https://ift.tt/2Nolkz2