အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 6, 2019
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ 👵👵👵👴👴👴👴👴👴 ကောင်းလွန်းလို့ပြန်တင်ပေးလိုက်ပါတယ် အချိန် သွားနေတယ်၊ အသက်အရွယ် ပြောင်းနေတယ်။ ကလေးအရွယ်ကနေ ဆယ်ကျော်သက်အရွယ်က အပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။ ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်က ဘာလုပ်လုပ် စိတ်အားထက်သန်တယ်။ လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့ စိတ်ပျက်လက်မှိုင်ချရတာတွေ များလာခဲ့တယ်။ ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။ ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာတယ်။ အရံကနေ ခေါင်းဆောင်သရုပ်ဆောင်ဖြစ်လာတယ်။ အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။ မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်၊ တည်ငြိမ်လာခဲ့တယ်။ အရာတော်တော်များများကိုလည်း သဘောပေါက် နားလည်လာခဲ့တယ်။ လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။ စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။ စစချင်းမှာ ကြည့်မရတဲ့အရာတွေက နောက်ပိုင်းမှာ ထားလိုက်တော့လို့ဖြစ်သွားတယ်။ ဒီဘဝခရီးလမ်းက ပြောင်းလဲမှုမြန်ဆန်နေတယ်။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။ မိဘတွေ ဖြစ်ကုန်ကြပြီ။ ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။ အမှားလုပ်မိရင် တာဝန်ယူရပြီ။ မိသားစုရှိလာတော့ တာဝန်ကိုထမ်းပိုးရပြီ။ အရင်ကလို အဖေတို့ အမေတို့လုပ်လိုက်မယ်ဆိုတာမျိုး မရတော့ဘူး။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။ ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။ ဗိုက်ပူလာပြီ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့ပြီ။ အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။ ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။ ကျန်းမာရေးကိုပထမလို့ ထားတတ်လာခဲ့ပြီ။ ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်းပေါ့လာခဲ့ပြီ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။ မောတဲ့အခါ နားသင့်ရင်နားပါ.. ခန္ဓာကိုယ်က အဓိကပါ။ နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ.. အိပ်ရေးတွေ အပျက်မခံနဲ့တော့။ ဆာတဲ့အခါ စားသင့်ရင်စားပါ... ချေွတာမနေနဲ့တော့။ တစ်သက်တာက တိုလွန်းပါတယ်.. မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။ ကောင်းတဲ့အရာကို နောက်ဆုံးသိမ်းမထားပါနဲ့။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက်မဟုတ်ဘူးဖြစ်သွားလိမ့်မယ်။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။ **** credit. မသိမသာနဲ႔ ငါတို႔အိုမင္းလာခဲ့ၿပီ 👵👵👵👴👴👴👴👴👴 အခ်ိန္ သြားေနတယ္၊ အသက္အရြယ္ ေျပာင္းေနတယ္။ ကေလးအရြယ္ကေန ဆယ္ေက်ာ္သက္အရြယ္က အပူအပင္မဲ့ ေပ်ာ္စရာအရြယ္ေပါ့။ ဆယ္ေက်ာ္သက္ကေန လူငယ္လူရြယ္အရြယ္က ဘာလုပ္လုပ္ စိတ္အားထက္သန္တယ္။ လူရြယ္ကေန လူလတ္ပိုင္းအရြယ္ေရာက္ေတာ့ စိတ္ပ်က္လက္မႈိင္ခ်ရတာေတြ မ်ားလာခဲ့တယ္။ ဘဝဆိုတာ ႐ုပ္ရွင္႐ိုက္သလိုပါပဲ။ ျဖတ္ေလွ်ာက္ဘဝကေန အရံသ႐ုပ္ေဆာင္ ငါတို႔ျဖစ္လာတယ္။ အရံကေန ေခါင္းေဆာင္သ႐ုပ္ေဆာင္ျဖစ္လာတယ္။ အတိုက္အခိုက္ အထိုးအႏွက္ၾကားမွာ သင္ခန္းစာယူၿပီး အခက္အခဲၾကားမွာ အေတြ႕အၾကံဳကို ငါတို႔ယူခဲ့တယ္။ မသိမသာနဲ႔ ငါတို႔ ရင့္က်က္လာခဲ့တယ္၊ တည္ၿငိမ္လာခဲ့တယ္။ အရာေတာ္ေတာ္မ်ားမ်ားကိုလည္း သေဘာေပါက္ နားလည္လာခဲ့တယ္။ လူ႔စိတ္ လူ႔မေႏွာကိုလည္း သိလာခဲ့တယ္။ စစခ်င္းမွာရွိတဲ့ မခံခ်င္စိတ္ ေဒါသေတြက ေနာက္ပိုင္းမွာ ၿငိမ္သက္လာတယ္။ စစခ်င္းမွာ ၾကည့္မရတဲ့အရာေတြက ေနာက္ပိုင္းမွာ ထားလိုက္ေတာ့လို႔ျဖစ္သြားတယ္။ ဒီဘဝခရီးလမ္းက ေျပာင္းလဲမႈျမန္ဆန္ေနတယ္။ မသိမသာနဲ႔ ငါတို႔အိုမင္းလာခဲ့ၿပီ။ မိဘေတြ ျဖစ္ကုန္ၾကၿပီ။ ဦးဦးေဒၚေဒၚေတြ ျဖစ္ကုန္ၾကၿပီ။ အမွားလုပ္မိရင္ တာဝန္ယူရၿပီ။ မိသားစု႐ွိလာေတာ့ တာဝန္ကိုထမ္းပိုးရၿပီ။ အရင္ကလို အေဖတို႔ အေမတို႔လုပ္လိုက္မယ္ဆိုတာမ်ဳိး မရေတာ့ဘူး။ မသိမသာနဲ႔ ငါတို႔အိုမင္းလာခဲ့ၿပီ။ ခႏၶာကိုယ္ ပံုေျပာင္းစျပဳလာၿပီ။ ဗိုက္ပူလာၿပီ။ အက်င့္စ႐ိုက္ေတာင္မွ တည္တည္ၿငိမ္ၿငိမ္ျဖစ္လာခဲ့ၿပီ။ အိမ္ကို ပိုပိုသံေယာဇဥ္႐ွိလာခဲ့ၿပီ။ ဘုရားတရားရိပ္ကို ပိုတပ္မက္လာခဲ့ၿပီ။ က်န္းမာေရးကိုပထမလို႔ ထားတတ္လာခဲ့ၿပီ။ ေငြေၾကးဥစၥာအေပၚ အျမင္တျဖည္းျဖည္းေပါ့လာခဲ့ၿပီ။ မသိမသာနဲ႔ ငါတို႔အိုမင္းလာခဲ့ၿပီ။ ေမာတဲ့အခါ နားသင့္ရင္နားပါ.. ခႏၶာကိုယ္က အဓိကပါ။ ႏြမ္းတဲ့အခါ အိပ္သင့္ရင္အိပ္ပါ.. အိပ္ေရးေတြ အပ်က္မခံနဲ႔ေတာ့။ ဆာတဲ့အခါ စားသင့္ရင္စားပါ... ေခၽြတာမေနနဲ႔ေတာ့။ တစ္သက္တာက တိုလြန္းပါတယ္.. မ်က္စိတစ္မွိတ္တြင္းမွာ ေက်ာ္ျဖတ္ကုန္ၾကတာပါပဲ။ ေကာင္းတဲ့အရာကို ေနာက္ဆံုးသိမ္းမထားပါနဲ႔။ သိမ္းရင္း သိမ္းရင္း ကိုယ့္အတြက္မဟုတ္ဘူးျဖစ္သြားလိမ့္မယ္။ မသိမသာနဲ႔ ငါတို႔အိုမင္းလာခဲ့ၿပီ။ **** credit.
via အလင္းေရာင္ ဓမၼ https://ift.tt/33lhfkM
Newer Post
Older Post
Home