အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 7, 2019
"ကောင်းသော ရက်၊ လ၊ နှစ်တွေ ဖြစ်လာအောင်ဆိုရင်" ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊ လ၊ နှစ်တွေ ဖြစ်လာအောင်ဆိုရင် - နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်းဟာ… ကောင်းသောနံနက်ခင်းပါ။ နေ့လည်ခင်းမှာ - ကောင်းတာပြောတယ်၊ ကောင်းတာတွေးတယ်၊ ကောင်းတာလုပ်တယ် ဆိုလို့ရှိရင်လည်း… ကောင်းသော နေ့လည်ခင်း ဖြစ်ပါတယ်။ ညနေခင်းမှာလည်းပဲ အပြစ်ကင်းတဲ့ အတွေးတွေတွေးတယ်၊ အပြစ်ကင်းတဲ့ စကားတွေပြောတယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်လို့ရှိရင် ကောင်းသော ညနေခင်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ … ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် နက္ခတ်က အကောင်းပါပဲ။ အဆိုးမရှိပါ။ သို့သော်… လူတွေက အကောင်း အဆိုးဆိုတာ နက္ခတ်ကိုပဲ သွားရှာကြတယ်။ ဗေဒင်ကိုပဲ သွားမေးကြတယ်။ ကိုယ့်ရင်ထဲက အရာကိုတော့ မေ့နေကြပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ လောဘတွေ၊ ဒေါသတွေ မာန်မာနတွေ၊ ဣဿာတွေကိုတော့ အကောင်းထင်နေကြပါတယ်။ လောကမှာ လူဆိုးဖြစ်တယ်၊ ရာဇ၀တ်မှုကို … ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ သူ့စိတ်ကပဲ ကျူးလွန်တာပါ။ သူ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တရားတွေက ဒီအလုပ်ကို လုပ်စေတာပါ။ ဆွဲခေါ်သွားတာက - ကိုယ့်ရင်ထဲဖြစ်တဲ့ လောဘ၊ ဒေါသတွေက ဆွဲခေါ်သွားတာပါ။ ခံရတော့လည်း ကိုယ်ပဲ ခံရတာပါ။ အဲဒါကြောင့်မို့ … ကိုယ့်ရင်ထဲမှာဖြစ်တဲ့ အရာတွေဟာ၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မကောင်းတဲ့… သဘောထားတွေဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ အပါယ်ငရဲဆိုတာ အပြင်က လာမချဘူး။ ကိုယ်လုပ်တော့ ကိုယ်ကပဲ ချတာပါ။ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေက အပါယ်ချတာပါ။ အဲဒီတော့ ကိုယ့်သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ မောဟတွေ နည်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီလို လောဘ၊ ဒေါသ မောဟတွေနည်းအောင် ကြိုးစားတဲ့အချိန်ဟာ… “သုနက္ခတ္တံ” ကောင်းသောနက္ခတ်ပါပဲ။ ကိုယ့်အတွက် “သုမင်္ဂလံ” မင်္ဂလာအရှိဆုံး အချိန်ပါ။ စိတ်ဆိုးနေတဲ့အချိန်ဟာ မင်္ဂလာမရှိပါ …။ စိတ်မဆိုးဘူး၊ မေတ္တာဘာ၀နာ ပွားနေတယ်၊ တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ် ရှိနေတယ်၊ မိတ်ဆွေမပျက်ဘူးဆိုရင် မင်္ဂလာရှိတဲ့ အချိန်ပါပဲ။ ဒါကြောင့်မို့ မနက်မိုးသောက် အလင်းရောက်တဲ့ အချိန်မှာဖြစ်စေ၊ နေ့လယ်အခါမှာဖြစ်စေ၊ ညနေအခါမှာဖြစ်စေ၊ မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ်အတိုင်း … ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ်ဆိုရင် - ကောင်းသောနံနက်ခင်း၊ ကောင်းသောနေ့လယ်ခင်း၊ ကောင်းသောညနေခင်း ဆိုတဲ့ အချိန်ပိုင်းတွေနဲ့ ကြုံတွေ့ပြီးတော့ ကောင်းသောဘ၀ကြီး တစ်ခုလုံးကို ဖြတ်သန်းပြီး နောက်ဆုံးမှာ … သံသရာ၀ဋ်ကလွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့… ကိုယ်စီ ကိုယ်စီ သဘောကျပြီး … "ပုဗ္ဗဏှသုတ်"လာ ကျင့်စဉ်အတိုင်း မိမိဘ၀ တိုးတက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေ ကုန်သတည်း …။ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော "ပုဗ္ဗဏှသုတ် အနှစ်ချုပ်" တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ (နေလင်း) "ေကာင္းေသာ ရက္၊ လ၊ ႏွစ္ေတြ ျဖစ္လာေအာင္ဆိုရင္" ဗုဒၶျမတ္စြာဘုရားက ပုဗၺဏွသုတ္မွာ အတိအလင္း ေဟာထားပါတယ္။ ေကာင္းေသာ ရက္၊ လ၊ ႏွစ္ေတြ ျဖစ္လာေအာင္ဆိုရင္ - နံနက္ခင္းမွာ အျပစ္ကင္းတဲ့ အေတြးေတြေတြးမယ္၊ အျပစ္ကင္းတဲ့ အေျပာေတြေျပာမယ္၊ အျပစ္ကင္းတဲ့ အလုပ္ေတြလုပ္မယ္။ ဆိုလိုတာက မနက္ခင္းမွာ ကာယသုစရိုက္၊ ၀စီသုစရိုက္၊ မေနာသုစရိုက္ဆိုတဲ့ အက်င့္တရားေတြ က်င့္ႀကံႀကိဳးကုတ္ အားထုတ္မယ္ဆိုရင္ အဲဒီနံနက္ခင္းဟာ… ေကာင္းေသာနံနက္ခင္းပါ။ ေန႔လည္ခင္းမွာ - ေကာင္းတာေျပာတယ္၊ ေကာင္းတာေတြးတယ္၊ ေကာင္းတာလုပ္တယ္ ဆိုလို႔ရွိရင္လည္း… ေကာင္းေသာ ေန႔လည္ခင္း ျဖစ္ပါတယ္။ ညေနခင္းမွာလည္းပဲ အျပစ္ကင္းတဲ့ အေတြးေတြေတြးတယ္၊ အျပစ္ကင္းတဲ့ စကားေတြေျပာတယ္၊ အျပစ္ကင္းတဲ့ အလုပ္ေတြလုပ္လို႔ရွိရင္ ေကာင္းေသာ ညေနခင္း ျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ … ေကာင္းတာလုပ္တဲ့ပုဂၢိဳလ္အဖို႔ ဘယ္ေတာ့ျဖစ္ျဖစ္ နကၡတ္က အေကာင္းပါပဲ။ အဆိုးမရွိပါ။ သို႔ေသာ္… လူေတြက အေကာင္း အဆိုးဆိုတာ နကၡတ္ကိုပဲ သြားရွာၾကတယ္။ ေဗဒင္ကုိပဲ သြားေမးၾကတယ္။ ကိုယ့္ရင္ထဲက အရာကိုေတာ့ ေမ့ေနၾကပါတယ္။ ကိုယ့္ဟာကိုယ္ စဥ္းစားၾကည့္ပါ။ ကိုယ့္သႏၱာန္မွာျဖစ္ေနတဲ့ ေလာဘေတြ၊ ေဒါသေတြ မာန္မာနေတြ၊ ဣႆာေတြကိုေတာ့ အေကာင္းထင္ေနၾကပါတယ္။ ေလာကမွာ လူဆိုးျဖစ္တယ္၊ ရာဇ၀တ္မွဳကို … က်ဴးလြန္တယ္ဆိုတဲ့ လူေတြဟာ သူ႔စိတ္ကပဲ က်ဴးလြန္တာပါ။ သူ႔သႏၱာန္မွာျဖစ္တဲ့ အကုသိုလ္တရားေတြက ဒီအလုပ္ကို လုပ္ေစတာပါ။ ဆြဲေခၚသြားတာက - ကိုယ့္ရင္ထဲျဖစ္တဲ့ ေလာဘ၊ ေဒါသေတြက ဆြဲေခၚသြားတာပါ။ ခံရေတာ့လည္း ကိုယ္ပဲ ခံရတာပါ။ အဲဒါေၾကာင့္မို႔ … ကိုယ့္ရင္ထဲမွာျဖစ္တဲ့ အရာေတြဟာ၊ ကိုယ့္စိတ္ထဲမွာျဖစ္တဲ့ မေကာင္းတဲ့… သေဘာထားေတြဟာ အင္မတန္မွ ေၾကာက္စရာေကာင္းပါတယ္။ အပါယ္ငရဲဆိုတာ အျပင္က လာမခ်ဘူး။ ကိုယ္လုပ္ေတာ့ ကိုယ္ကပဲ ခ်တာပါ။ ကိုယ့္ရင္ထဲမွာျဖစ္တဲ့ ေလာဘ၊ ေဒါသ၊ ေမာဟဆိုတဲ့ ဒီတရားေတြက အပါယ္ခ်တာပါ။ အဲဒီေတာ့ ကိုယ့္သႏၱာန္မွာ ေလာဘေတြ၊ ေဒါသေတြ ေမာဟေတြ နည္းေအာင္ ဂရုစိုက္ဖို႔ လိုပါတယ္။ အဲဒီလို ေလာဘ၊ ေဒါသ ေမာဟေတြနည္းေအာင္ ႀကိဳးစားတဲ့အခ်ိန္ဟာ… “သုနကၡတၱံ” ေကာင္းေသာနကၡတ္ပါပဲ။ ကိုယ့္အတြက္ “သုမဂၤလံ” မဂၤလာအရွိဆံုး အခ်ိန္ပါ။ စိတ္ဆိုးေနတဲ့အခ်ိန္ဟာ မဂၤလာမရွိပါ …။ စိတ္မဆိုးဘူး၊ ေမတၱာဘာ၀နာ ပြားေနတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ သင့္သင့္ျမတ္ျမတ္ ရွိေနတယ္၊ မိတ္ေဆြမပ်က္ဘူးဆိုရင္ မဂၤလာရွိတဲ့ အခ်ိန္ပါပဲ။ ဒါေၾကာင့္မို႔ မနက္မိုးေသာက္ အလင္းေရာက္တဲ့ အခ်ိန္မွာျဖစ္ေစ၊ ေန႔လယ္အခါမွာျဖစ္ေစ၊ ညေနအခါမွာျဖစ္ေစ၊ ျမတ္စြာဘုရား ေဟာၾကားထားတဲ့ လမ္းစဥ္အတိုင္း … က်င့္ႀကံႀကိဳးကုတ္ အားထုတ္သြားၾကမယ္ဆိုရင္ - ေကာင္းေသာနံနက္ခင္း၊ ေကာင္းေသာေန႔လယ္ခင္း၊ ေကာင္းေသာညေနခင္း ဆိုတဲ့ အခ်ိန္ပိုင္းေတြနဲ႔ ႀကံဳေတြ႔ျပီးေတာ့ ေကာင္းေသာဘ၀ႀကီး တစ္ခုလံုးကို ျဖတ္သန္းၿပီး ေနာက္ဆံုးမွာ … သံသရာ၀ဋ္ကလြတ္ေျမာက္တဲ့ နိဗၺာန္ခ်မ္းသာသုခကို မ်က္ေမွာက္ျပဳႏိုင္ၾကမွာ ျဖစ္တယ္လို႔… ကိုယ္စီ ကိုယ္စီ သေဘာက်ၿပီး … "ပုဗၺဏွသုတ္"လာ က်င့္စဥ္အတိုင္း မိမိဘ၀ တိုးတက္ေအာင္ က်င့္ႀကံႀကိဳးကုတ္ အားထုတ္ေတာ္ မူႏိုင္ၾကပါေစ ကုန္သတည္း …။ အရွင္နႏၵမာလာဘိ၀ံသ(Ph.D) ေဟာၾကားေသာ "ပုဗၺဏွသုတ္ အႏွစ္ခ်ဳပ္" တရားေတာ္မွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။ (ေနလင္း)
via အလင္းေရာင္ ဓမၼ https://ift.tt/2Nm1gNP
Newer Post
Older Post
Home