အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 9, 2019
မလှူချင်တာလား မယူချင်တာလား-? *************************** ဖတ်ကြည့်နော်… လှူချင်ပေမဲ့ မလှူနိုင်ဘူး တဲ့။ ဒါဆိုရင်… သာသနာနဲ့ တွေ့မှ ပိုက်ဆံရှိမှ ကုသိုလ်ရမှာလား-? ဒါန သီလ သမထ ဘာဝနာ လုပ်ဖို့က ပိုက်ဆံလိုလို့လား-? ဘုရားရှင်က… ပိုက်ဆံချမ်းသာမှ ကုသိုလ်ရမယ်လို့ ဟောထားတာ တွေ့ဘူးလား-? ကြားဘူးလား-? ကိုယ့်အိမ်မှာ… ညမိုးချုပ်တာနဲ့ သောက်တော်ရေချမ်း ပန်း ( ပန်းဖိုးမတတ်နိုင်လျှင် နီးစပ်ရာ သစ်ပင်မှ အညွှန့် သစ်ခက် ရရာတစ်ခုခုကို ပန်းအမှတ်နဲ့ လှူစမ်းပါ ) ပိုက်ဆံနဲ့ ဝယ်လှူလည်း ဒီလိုကုသိုလ်ပဲ ရတာပါ။ အဲဒါ ဒါနကုသိုလ်ပါ။ ပြီးရင် ငါးပါးသီလ ဆောက်တည်ပါ။ အဲဒါ သီလကုသိုလ်ပါ။ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော် ပွားများပါ။ အဲဒါ သမထကုသိုလ်ပါ။ ပြီးရင် ဝိပဿနာဘာဝနာကို မိမိစွမ်းနိုင်သလောက် အားထုတ်ပါ။ အဲဒါ ဝိပဿနာကုသိုလ်ပါ။ သာသနာတော်ရဲ့ အမြင့်ဆုံးကုသိုလ်ဟာ… ဝိပဿနာကုသိုလ်ပါ။ အဲဒီကုသိုလ်ရဖို့ ပိုက်ဆံ လိုလို့လား-? ဒါန သီလ သမထ ဝိပဿနာ ကုသိုလ် လေးမျိုးလုံးကို မိမိအိမ်မှာ နေရင်းနဲ ့ ပိုက်ဆံတစ်ပြားမှ မကုန်ပဲ အကုန်ရပါတယ်။ ဒါကိုပဲ မရှိလို့ မလှူနိုင်ဘူးလို့ ညည်းနေရင်… မလှူနိုင်တာလား မလှူချင်တာလား ဆိုတာ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်မေးပါလို့ သတိပေးလိုက်ပါရစေ… Credit-ဦးမြင့်ခိုင် မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) မလွဴခ်င္တာလား မယူခ်င္တာလား-? *************************** ဖတ္ၾကည့္ေနာ္… လွဴခ်င္ေပမဲ့ မလွဴႏိုင္ဘူး တဲ့။ ဒါဆိုရင္… သာသနာနဲ႔ ေတြ႔မွ ပိုက္ဆံရွိမွ ကုသိုလ္ရမွာလား-? ဒါန သီလ သမထ ဘာဝနာ လုပ္ဖို႔က ပိုက္ဆံလိုလို႔လား-? ဘုရားရွင္က… ပိုက္ဆံခ်မ္းသာမွ ကုသိုလ္ရမယ္လို႔ ေဟာထားတာ ေတြ႔ဘူးလား-? ၾကားဘူးလား-? ကိုယ့္အိမ္မွာ… ညမိုးခ်ဳပ္တာနဲ႔ ေသာက္ေတာ္ေရခ်မ္း ပန္း ( ပန္းဖိုးမတတ္ႏိုင္လွ်င္ နီးစပ္ရာ သစ္ပင္မွ အညႊန္႔ သစ္ခက္ ရရာတစ္ခုခုကို ပန္းအမွတ္နဲ႔ လွဴစမ္းပါ ) ပိုက္ဆံနဲ႔ ဝယ္လွဴလည္း ဒီလိုကုသိုလ္ပဲ ရတာပါ။ အဲဒါ ဒါနကုသိုလ္ပါ။ ၿပီးရင္ ငါးပါးသီလ ေဆာက္တည္ပါ။ အဲဒါ သီလကုသိုလ္ပါ။ ဘုရားဂုဏ္ေတာ္ တရားဂုဏ္ေတာ္ သံဃာ့ဂုဏ္ေတာ္ ပြားမ်ားပါ။ အဲဒါ သမထကုသိုလ္ပါ။ ၿပီးရင္ ဝိပႆနာဘာဝနာကို မိမိစြမ္းႏိုင္သေလာက္ အားထုတ္ပါ။ အဲဒါ ဝိပႆနာကုသိုလ္ပါ။ သာသနာေတာ္ရဲ႕ အျမင့္ဆံုးကုသိုလ္ဟာ… ဝိပႆနာကုသိုလ္ပါ။ အဲဒီကုသိုလ္ရဖို႔ ပိုက္ဆံ လိုလို႔လား-? ဒါန သီလ သမထ ဝိပႆနာ ကုသိုလ္ ေလးမ်ိဳးလံုးကို မိမိအိမ္မွာ ေနရင္းနဲ ့ ပိုက္ဆံတစ္ျပားမွ မကုန္ပဲ အကုန္ရပါတယ္။ ဒါကိုပဲ မရွိလို႔ မလွဴႏိုင္ဘူးလို႔ ညည္းေနရင္… မလွဴႏိုင္တာလား မလွဴခ်င္တာလား ဆိုတာ ကိုယ့္ကိုယ္ကို ေသေသခ်ာခ်ာ ျပန္ေမးပါလို႔ သတိေပးလိုက္ပါရေစ… Credit-ဦးျမင္႔ခိုင္ ေမတၱာျဖင့္… အရွင္ပုည( ဝကုန္း )
via အလင္းေရာင္ ဓမၼ https://ift.tt/2pLA2ra
Newer Post
Older Post
Home