Tuesday, November 5, 2019

" ဝီရိယတံခွန် " ~~~~~~~ တရားသမားဟာ ဝီရိယလက်စွဲတော်ကြီး အားကိုးပြီး ကြိုးစားရာမှာ..... ငါသည်ဘုရားမဲ့မဲ့၊ တရားမဲ့မဲ့၊ သံဃာမဲ့မဲ့ဖြင့် ဘဝဆက်ဆက်ကျင်လည်ရစဉ် အခါတုန်းက မသိမိုက်မဲ မဝေခွဲနိုင်သည့်အလျောက် မကောင်းမှု ဒုစရိုက်များ ကျူးလွန်မိခဲ့ချေ၏။ ထို ကံဟောင်းကံကြွင်းများ ငါ့၌ရှိနေသေး၏။ ယခုတစ်ထိုင်အတွင်းမှာပင် အကြွင်းမဲ့ကျေအေးစေရမည်။ ငါသည်ဘုရားအနီး၊ တရားအနီး၊ သံဃာ၏အနီးသို့ ယခုရောက်ရှိနေချိန်မှသည် နောင်သံသရာအဆုံးသို့တိုင် တစ်ဖက်သားတို့မကျေနပ်မည့်၊ တစ်ဖက်သားတို့ နှလုံးစိတ်ဝမ်း မအေးချမ်းမည့် အကုသိုလ်ကမ္မပထမျိုး ဇွတ်မတိုးမိစေရန် ဤ တစ်ထိုင်အတွင်းမှာပင် အပြီးသတ်ခဲ့မည်။ ငါသည် လောကပါလတရားဟု ဆိုအပ်သော လူတို့အားစောင့်ရှောက်တတ်သည့် ပဉ္စသီလကိုယ်ကျင့်တရားများကိုလည်း ယခုအချိန်ကစ နောင်သံသရာအဆုံးသို့တိုင်အောင် မကျိုးမပေါက်မပြောက်မကြားစေရအောင် ငါ့ဦးထိပ်ပြင်ဝယ် တင်ထားသောဆံပင်ကဲ့သို့ အမြဲတည်နေရမည်။ ငါသည် ဤသာသနာတော်အတွင်း မရောက်ဖူး၊ မရဖူးသေးသော ကုသိုလ်မျိုးတို့ကို ဤတစ်ထိုင်အတွင်း၌ပင် လက်ငင်းချက်ခြင်း ရစေရမည်။ သို့မဟုတ် နေ့ချင်း ညချင်း လချင်းအတွင်းရစေရမည်။ အဲဒီလို ဝီရိယတံခွန်လွှင့်ထူပြီး တကယ်လုပ် အဟုတ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ထားရှိရပါတယ်။ သာသနာဆိုတာ ဝီရိယထားကြိုးစားသူတွေအတွက် တမင်ထားခဲ့တယ်လို့ ယုံကြည်ရမယ်။ ဝီရိယကြီးသူအတွက် ဘာမဆိုအောင်မြင်မြဲဖြစ်ကြောင်းလည်း ယုံကြည်ရပါလိမ့်မယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး လက်မိလက်ရသြဝါဒများ [၁၃၅၄ခုနှစ်၊ ပျဉ်းမနား လက်လုပ်တောင်သြဝါဒ] ဓမ္မဒါန " ဝီရိယတံခြန္ " ~~~~~~~ တရားသမားဟာ ဝီရိယလက္စြဲေတာ္ႀကီး အားကိုးၿပီး ႀကိဳးစားရာမွာ..... ငါသည္ဘုရားမဲ့မဲ့၊ တရားမဲ့မဲ့၊ သံဃာမဲ့မဲ့ျဖင့္ ဘဝဆက္ဆက္က်င္လည္ရစဥ္ အခါတုန္းက မသိမိုက္မဲ မေဝခြဲနိုင္သည့္အေလ်ာက္ မေကာင္းမႈ ဒုစရိုက္မ်ား က်ဴးလြန္မိခဲ့ေခ်၏။ ထို ကံေဟာင္းကံႂကြင္းမ်ား ငါ့၌ရွိေနေသး၏။ ယခုတစ္ထိုင္အတြင္းမွာပင္ အႂကြင္းမဲ့ေက်ေအးေစရမည္။ ငါသည္ဘုရားအနီး၊ တရားအနီး၊ သံဃာ၏အနီးသို႔ ယခုေရာက္ရွိေနခ်ိန္မွသည္ ေနာင္သံသရာအဆုံးသို႔တိုင္ တစ္ဖက္သားတို႔မေက်နပ္မည့္၊ တစ္ဖက္သားတို႔ ႏွလုံးစိတ္ဝမ္း မေအးခ်မ္းမည့္ အကုသိုလ္ကမၼပထမ်ိဳး ဇြတ္မတိုးမိေစရန္ ဤ တစ္ထိုင္အတြင္းမွာပင္ အၿပီးသတ္ခဲ့မည္။ ငါသည္ ေလာကပါလတရားဟု ဆိုအပ္ေသာ လူတို႔အားေစာင့္ေရွာက္တတ္သည့္ ပၪၥသီလကိုယ္က်င့္တရားမ်ားကိုလည္း ယခုအခ်ိန္ကစ ေနာင္သံသရာအဆုံးသို႔တိုင္ေအာင္ မက်ိဳးမေပါက္မေျပာက္မၾကားေစရေအာင္ ငါ့ဦးထိပ္ျပင္ဝယ္ တင္ထားေသာဆံပင္ကဲ့သို႔ အၿမဲတည္ေနရမည္။ ငါသည္ ဤသာသနာေတာ္အတြင္း မေရာက္ဖူး၊ မရဖူးေသးေသာ ကုသိုလ္မ်ိဳးတို႔ကို ဤတစ္ထိုင္အတြင္း၌ပင္ လက္ငင္းခ်က္ျခင္း ရေစရမည္။ သို႔မဟုတ္ ေန႕ခ်င္း ညခ်င္း လခ်င္းအတြင္းရေစရမည္။ အဲဒီလို ဝီရိယတံခြန္လႊင့္ထူၿပီး တကယ္လုပ္ အဟုတ္ျဖစ္တယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး ထားရွိရပါတယ္။ သာသနာဆိုတာ ဝီရိယထားႀကိဳးစားသူေတြအတြက္ တမင္ထားခဲ့တယ္လို႔ ယုံၾကည္ရမယ္။ ဝီရိယႀကီးသူအတြက္ ဘာမဆိုေအာင္ျမင္ၿမဲျဖစ္ေၾကာင္းလည္း ယုံၾကည္ရပါလိမ့္မယ္။ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး လက္မိလက္ရၾသဝါဒမ်ား [၁၃၅၄ခုႏွစ္၊ ပ်ဥ္းမနား လက္လုပ္ေတာင္ၾသဝါဒ] ဓမၼဒါန


via အလင္းေရာင္ ဓမၼ https://ift.tt/2WKRhVs