အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 6, 2019
တစ်ခုခုတော့ ချန်ထားခဲ့ရမယ် 🙏🙏🙏🙏🙏🙏🙏 လွန်ခဲ့သော တပေါင်းလပြည့်နေ့က သီတဂူဆရာတော်ဘုရားကို သွားရောက်ဖူးမျှော်စဉ် ဆရာတော်ကြီးက "ငါ့တပည့်ရေ မသေခင်အချိန်လေးမှာ အလုပ်လုပ်ရမယ်ကွ၊ ငါ အသက် ၈၀- ရှိပြီ၊ မနားသေးဘူး၊ သေမှ နားမယ်ကွာ၊ ဒါမှ နောင်လာ နောက်သားတွေ အတွက် အများကြီး ချန်ထားလို့ ရမယ်" ဟု မိန့်ကြားခဲ့ပါသည်။ ဘာတွေ ချန်ထားမလဲ ---------------- အကောင်းဆုံး စံပြအဖြစ်နေထိုင်ခြင်းဟာ နောင်လာနောက်သား တွေကို အမွေပေးနေခြင်းပါပဲ။ ဒါကြောင့် အနာဂတ်လူငယ်များအတွက် တစ်ခုခုတော့ ချန်ထားခဲ့ရမယ်။ လယ်တီဆရာတော်ကြီး မရှိတော့ဘူး၊ ဒါပေမဲ့ ဒီပနီကျမ်းစာအုပ်တွေ ချန်ထားခဲ့တယ်။ မဟာဂန္ဓာရုံဆရာတော် မရှိတော့ဘူး၊ ဒါပေမဲ့ ဘာသာဋီကာ ကျမ်းစာအုပ်တွေ ချန်ထားခဲ့တယ်။ မင်းကွန်းဆရာတော်ကြီး မရှိတော့ဘူး၊ ဒါပေမဲ့ တိပိဋက နိကာယကျောင်းတိုက်ကြီး ချန်ထားခဲ့တယ်။ မင်းတုန်းမင်းကြီး မရှိတော့ဘူး၊ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး (ကုသိုလ်တော်ဘုရားရှိ ကျောက်စာများ) ချန်ထားခဲ့တယ်။ ဒေါ်ဦးဇွန်း မရှိတော့ဘူး၊ ဒါပေမဲ့ လူအိုရုံတွေ ချန်ထားခဲ့တယ်။ သူဋ္ဌေးကြီး ဆာဦးသွင် မရှိတော့ဘူး၊ ဒါပေမဲ့ နိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး (ယခု -သာသနာရေးဝန်ကြီးဋ္ဌာန) ချန်ထားခဲ့တယ်။ လူကြီးသူမတွေ မိဘဘိုးဘွားတွေ မရှိကြတော့ဘူး။ ဒါပေမဲ့ ကျောင်းကန်ဘုရားတွေ ချန်ထားခဲ့တယ်၊ သစ်ပင်တွေ ချန်ထားခဲ့တယ်၊ ရေတွင်းရေကန်တွေ ချန်ထားခဲ့တယ်။ ကဲ ဒါဆိုရင် ... မိမိတို့လည်း ဘာတွေ ချန်ထားခဲ့မလဲ? ___________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ တစ္ခုခုေတာ့ ခ်န္ထားခဲ့ရမယ္ 🙏🙏🙏🙏🙏🙏🙏 လြန္ခဲ့ေသာ တေပါင္းလျပည့္ေန႕က သီတဂူဆရာေတာ္ဘုရားကို သြားေရာက္ဖူးေမွ်ာ္စဥ္ ဆရာေတာ္ႀကီးက "ငါ့တပည့္ေရ မေသခင္အခ်ိန္ေလးမွာ အလုပ္လုပ္ရမယ္ကြ၊ ငါ အသက္ ၈၀- ရွိၿပီ၊ မနားေသးဘူး၊ ေသမွ နားမယ္ကြာ၊ ဒါမွ ေနာင္လာ ေနာက္သားေတြ အတြက္ အမ်ားႀကီး ခ်န္ထားလို႔ ရမယ္" ဟု မိန့္ၾကားခဲ့ပါသည္။ ဘာေတြ ခ်န္ထားမလဲ ---------------- အေကာင္းဆုံး စံျပအျဖစ္ေနထိုင္ျခင္းဟာ ေနာင္လာေနာက္သား ေတြကို အေမြေပးေနျခင္းပါပဲ။ ဒါေၾကာင့္ အနာဂတ္လူငယ္မ်ားအတြက္ တစ္ခုခုေတာ့ ခ်န္ထားခဲ့ရမယ္။ လယ္တီဆရာေတာ္ႀကီး မရွိေတာ့ဘူး၊ ဒါေပမဲ့ ဒီပနီက်မ္းစာအုပ္ေတြ ခ်န္ထားခဲ့တယ္။ မဟာဂႏၶာ႐ုံဆရာေတာ္ မရွိေတာ့ဘူး၊ ဒါေပမဲ့ ဘာသာဋီကာ က်မ္းစာအုပ္ေတြ ခ်န္ထားခဲ့တယ္။ မင္းကြန္းဆရာေတာ္ႀကီး မရွိေတာ့ဘူး၊ ဒါေပမဲ့ တိပိဋက နိကာယေက်ာင္းတိုက္ႀကီး ခ်န္ထားခဲ့တယ္။ မင္းတုန္းမင္းႀကီး မရွိေတာ့ဘူး၊ ဒါေပမဲ့ ကမၻာ့အႀကီးဆုံး စာအုပ္ႀကီး (ကုသိုလ္ေတာ္ဘုရားရွိ ေက်ာက္စာမ်ား) ခ်န္ထားခဲ့တယ္။ ေဒၚဦးဇြန္း မရွိေတာ့ဘူး၊ ဒါေပမဲ့ လူအို႐ုံေတြ ခ်န္ထားခဲ့တယ္။ သူ႒ေးႀကီး ဆာဦးသြင္ မရွိေတာ့ဘူး၊ ဒါေပမဲ့ နိုင္ငံေတာ္ ဗုဒၶသာသနာႏုဂၢဟအဖြဲ႕ႀကီး (ယခု -သာသနာေရးဝန္ႀကီး႒ာန) ခ်န္ထားခဲ့တယ္။ လူႀကီးသူမေတြ မိဘဘိုးဘြားေတြ မရွိၾကေတာ့ဘူး။ ဒါေပမဲ့ ေက်ာင္းကန္ဘုရားေတြ ခ်န္ထားခဲ့တယ္၊ သစ္ပင္ေတြ ခ်န္ထားခဲ့တယ္၊ ေရတြင္းေရကန္ေတြ ခ်န္ထားခဲ့တယ္။ ကဲ ဒါဆိုရင္ ... မိမိတို႔လည္း ဘာေတြ ခ်န္ထားခဲ့မလဲ? ___________ သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ
via အလင္းေရာင္ ဓမၼ https://ift.tt/2PRDsD2
Newer Post
Older Post
Home