အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 5, 2019
စိတ်နေစိတ်ထား နဲ့ ပျော်ရွှင်မူ _____________________ မျက်မမြင်များက ပြောကြတယ်။ မြင်နိုင်ခြင်းဟာ အကြီးမားဆုံး ဘဝပျော်ရွှင်မူ၊ သူဆင်းရဲများက ပြောကြတယ်။ ပိုက်ဆံရှိခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မူ၊ သူတောင်းစားများက ပြောကြတယ်။ ထ္မင်းနပ်မှန်အောင် စားရရင် အကြီးမားဆုံးသော ဘဝပျော်ရွှင်မူ အသဲအသန်လူနာများက ပြောကြတယ်။ အသက်ရှင်နိုင်ခြင်းကိုက အကြီးမားဆုံး ပျော်ရွှင်မူ မသန်စွမ်းသူများက ပြောကြတယ်။ ပုံမှန်သွားလာနိုင်ခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မူ သူတို့ တတွေ အလိုပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ အကြာကြီး မပျော်ရွှင်လိုက်ကြပါ။ ရှိပြီးသားဟာထက် ပိုပို လိုချင်လာလို့ ဖြစ်တယ်။ ဒါဆိုရင် ဘ၀ ပျော်ရွှင်မူ အစစ်ဆိုတာ ဘာလဲ၊ ပျော်ရွှင်မူ ဆိုတာ စိတ်နေစိတ်ထား တစ်မျိုးဖြစ်သလို၊ ပီတိကျေနပ်မူ တစ်မျိုးလည်း ဖြစ်ပါတယ်။ ထိုးထွင်းသိမြင်မူ တစ်မျိုးဖြစ်သလို၊ လေဒဏ်မိုးဒဏ် ကြားက စိတ်ငြိမ်သက်မူ တစ်မျိုးလည်း ဖြစ်ပါတယ်။ ရောင့်ရဲမူတစ်မျိုးဖြစ်သလို၊ ဘ၀ အတွေ့အကြုံ အနယ်ထိုင်မူ တစ်မျိုးလည်း ဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့...ပျော်ရွှင်မူ စိတ်ထား ပိုင်ဆိုင်သူများဟာ ဘာမဆို အကောင်းဘက်ကနေ မြင်တတ်သူများဖြစ်ကြတယ်။ ရလဒ်ကောင်းကို အမြဲမျော်လင့်ပြီး ရွေးချယ်ခံစားတတ်သူများဖြစ်ကြတယ်။ ရှာကြံပြီး ကျေးဇူးတင်တတ်သူများဖြစ်ကြပါတယ်။ ဘ၀င်မမြင့်ကြသလို ဘ၀လည်း မမေ့သူများ ဖြစ်ကြပါတယ်။ အကောင်းဆုံးကြိုးစားပြီး ဝေဖန်ချက်ကိုလစ်လျူရူ့ နိုင်သူများဖြစ်ကြတယ်။ တောင့်တမူ နည်းပါးပြီး ရောင့်ရဲနိုင်သူများ ဖြစ်ကြပါတယ်။ နောက်ဆုံးတော့ စိတ်နေစိတ်ထားကောင်း တစ်ခု ပိုင်ဆိုင်ရင် ပျော်ရွှင်မူ ပိုင်ဆိုင်သွားမှာပါ။ Credit...ဆရာအောင်ကိုလတ်
via အလင်းရောင် ဓမ္မ https://ift.tt/2WHQjt8
Newer Post
Older Post
Home