အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 8, 2019
ယထာဘူတကျသောဉာဏ် •••••••••••••••••••••••• လူသည် ဘဝရှိနေသ၍ ကာလပတ်လုံး ဘဝကို ထပ်ကာ ထပ်ကာ တည်ဆောက် နေရမည် ဖြစ်၏။ ထိုသို့တည်ဆောက်ရာတွင် ဘဝ၏အနက် ဘဝ၏အဓိပ္ပါယ် ဘဝ၏ပန်းတိုင်နှင့် လျော်ညီစွာ တည်ဆောက်နိုင်ရန် ကြိုးပမ်းအပ်၏။ သို့မှသာ ရခဲလှစွာသော လူ့ဘဝကို ရကျိုး နပ်ပေမည်။ လူပီသသော လူဖြစ်လိမ့်မည်။ လူ့ဘဝကိုရ၍ လူဖြစ်လာသည််နှင့်တပြိုင်နက် လူ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် မလွဲမသွေ ပါဝင်လာရ၏။ လူ့အဖွဲ့အစည်းတွင်ရှိသော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ပညာရေး လူမှုရေး ဘာသာရေးစသော အရေးအရာများနှင့် မလွဲမသွေ ကြုံကြိုက်ရ၏။ ထိုသို့ကြုံကြိုက်ရာတွင် နိုင်ငံရေး၌လည်း နိုင်ငံသားအချင်းချင်း ဆက်ဆံရ၏။ အုပ်ချုပ်ရေး၌လည်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူအချင်းချင်း ဆက်ဆံရ၏။ စီးပွားရေး၌လည်း ရောင်းသူနှင့် ဝယ်သူ အချင်းချင်း ဆက်ဆံရ၏။ ပညာရေး၌လည်း သင်ကြားပေးသူနှင့် သင်ကြားခံရသူ အချင်းချင်း ဆက်ဆံရ၏။ လူမှုရေး၌လည်း လူသားအချင်းချင်း ဆက်ဆံရ၏။ ဘာသာရေး၌မူ ထိုကဲ့သို့ မဟုတ်။ ဘာသာရေး၌ တစ်ဦးတည်း တစ်ယောက်တည်း လုပ်ရ၏။ တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှပဲ ပို၍ ထိရောက်၏။ ထို့ကြောင့် ဘာသာရေးသည် အခြား တစ်ဖက်ကိုမငဲ့သော ဆက်ဆံရေးနှင့် မပတ်သက်သော ပုဂ္ဂလိကလုပ်ငန်း ဖြစ်၏။ ထို့ကြောင့် အချင်းချင်းဆက်ဆံရေးပေါ်၌ အခြေခံသော လူ့အဖွဲ့အစည်းမှ အချင်းချင်း ဆက်ဆံရေးပေါ်၌ အခြေမခံသော ဘာသာရေးကို လူ့အဖွဲ့အစည်း၌ အရေးကြီးသော ကဏ္႑မှ ပါဝင်ခြင်းမရှိဟု ထင်မှား၍ ဘေးဖယ်ထား တတ်ကြသည်။ အမှန်အားဖြင့် ဘာသာရေးသည် လူ့အဖွဲ့အစည်း၌ အရေးကြီးသော ကဏ္႑မှပါဝင်သည်။ ဘာသာရေးသည် တစ်ဦးချင်းစီ၏ ကိုယ်ကျင့် တရားကို တည်ဆောက်ရေး၌ တာဝန်ယူ၏။ ထိုတာဝန်အရ တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်၏။ အသိအလိမ္မာသည် ပညာရေး၌ အခြေမခံ။ ဘာသာရေး၌သာ အခြေခံသည်။ ကိုယ်ကျင့် တရား၌သာ အခြေခံသည်။ အသိအလိမ္မာသည် ထက်စွာသော ဓားနှင့်တူ၏။ ကိုယ်ကျင့်တရားမပါသော အသိအလိမ္မာ သည် လူသတ်သမားကိုင်သော ဓားသဖွယ် လူ့လောကအတွက် ကြီးစွာသော အန္တရာယ် ဖြစ်၏။ ကိုယ်ကျင့်တရားပါသော အသိအလိမ္မာသည် ဆရာဝန်ကိုင်သော ဓားသဖွယ် လူ့လောက အတွက် ကြီးစွာသော ကျေးဇူးကိုပြု၏။ အသိအလိမ္မာ (ဝိဇ္ဇာ) သည် အကျင့် (စရဏ)ပါမှ ကောင်းသည်ဟု ဆို၏။ ဆိုတိုင်းလည်း ယုံကြည်၏။ ု ထိုသို့ဖြစ်လျှင် အသိအလိမ္မာကို အကျင့်ပါအောင် မည်သို့ပြုမည်နည်း။ လူတိုင်း လူတိုင်းသည် မိမိကိုယ်ကို သူတော်ကောင်းဟု ထင်၏။ ထင်သည့် အတိုင်းလည်း ပြော၏။ မိမိကိုယ်ကို လောကအကျိုးစီးပွားအတွက် ဆောင်ရွက်နေသူဟု ထင်၏။ ထင်သည့် အတိုင်းလည်း ပြော၏။ သို့ရာတွင် ထိုအထင် ထိုအပြောသည် ယထာဘူတကျသော အထင်နှင့်အပြော ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ယထာဘူတကျသော အထင်နှင့်အပြော ဖြစ်ပါက အများအတွက် အနစ်နာခံခြင်း (အလောဘ) ကိုယ်ကျိုးအတွက် ဆောင်ရွက်ခြင်း၌ ငြီးငွေ့ခြင်း (နိဗ္ဗိဒါ ) မိမိ၏ရာထူး ဂုဏ်သိမ် စည်းစိမ်ဥစ္စာတို့၌ မတပ်မက်ခြင်း ( ဝိရာဂ) သည် ထိုအထင် အပြောနှင့် တစ်သားတည်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ထိုအထင် အပြောသည် ထိုဟာမဟုတ်သည်၌ ထိုဟာကို သိခြင်းမျိုးသာ ဖြစ်၏။ ယင်းအသိမျိုးကို အဝိဇ္ဇာဟု ခေါ်၏။ အဝိဇ္ဇာသ်ိခြင်းမျိုးနှင့် သိပါက သူများအပေါ် ကျောလိုက်ရခြင်းကိုလည်း မှန်သည်ထင်၍ ကျေနပ်၏။ မမှန်ကန်သော နည်းလမ်းများဖြင့် မယူသင့် သော အခွင့်အရေးများ အရယူနိုင်ခြင်းကိုလည်း မှန်သည်ထင်၍ ပျော်၏။ မိမိ၏ အစီးအပွားအတွက် သူများအား စတေးနိုင်ခြင်းလည်း တရားသည် ထင်၍ နှစ်သက်၏။ မိမိထက် တော်သူများအား မမှန်ကန်သော နည်းပရိယာယ်များဖြင့် ပထုတ်နိုင်ခြင်းကို လည်း တော်သည်ထင်၍ ပြုံး၏။ ထိုအမြင်များသည် ထိုပုဂ္ဂိုလ်အတွက် မှန်၏။ ထိုပုဂ္ဂိုလ်နှင့် နှလုံးသွင်းတူ စရိုက်တူ ညာဉ်တူ ဝါသနာတူ အသိုင်းအဝန်းအတွက်လည်း မှန်၏။ ထိုအမှန်မျိုးကို "ပါရိဘာသိက သစ္စာ" ဟုခေါ်၏။ "ပါရိဘာသိက သစ္စာ"သည် မိမိ၏ပရဝုဏ် မိမိ၏နယ်နမိတ်အတွင်းသာ မှန်လေ၏။ ထို့ထက် ကျော်လွန်၍ မမှန်ချေ။ "ပါရိဘာသိက သစ္စာ"ထက် ကျော်လွန်သော အမှန်မျိုးကို မြင်နိုင်ရန် ယထာဘူတကျသော ဉာဏ်ကို ရရှိရန် လိုအပ်၏။ ယထာဘူတကျသောဉာဏ် ဟူသည် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ ပေါင်းစပ်ရာမှ ရေဖြစ်လာသကဲ့သို့ အသိအလိမ္မာနှင့် အကျင့်ကိုပေါင်းစပ်ရာမှ ဓမ္မသစ်အနေဖြင့် ထွက်ပေါ်လာသောဉာဏ် ဖြစ်သည်။ ယင်းဉာဏ်သည်သာ အမြင်မှားကို အဆင့်အလိုက် ပယ်နိုင်သော အားသစ် တစ်မျိုးကို ပိုင်ဆိုင်သောဘဝ ဖြစ်၏။ ဘဝဖြစ်မှ အားသစ်ရှိသည်။ အားသစ်ရှိမှ အမြင်မှားကို ပယ်နိုင်၏။ အတ္တစွဲကို ပယ်နိုင်၏။ အမြင်မှားနှင့် အတ္တစွဲကို ပယ်နိုင်သည့် အားသစ်ရှိသော ဘဝအဆင့်သို့ ရောက်သော ယထာဘူတဉာဏ် ဖြစ်ပေါ်လာအောင် အသိ (ဝိဇ္ဇာ) နှင့် အကျင့်(စရဏ) ကို စိတ်ထားတည်ကြည်မှု (သမာဓိ) ပေါ်၌ အခြေခံ၍ တည်ဆောက်အပ်၏။ သမာဓိဖြင့် ပွားနေခြင်း မရှိပါက မိမိမျက်စိ သည် မိမိမျက်စိကို ပြန်၍ မမြင်နိုင်သကဲ့သို့ မိမိစိတ်သည် မိမိစိတ်ကို ပြန်၍ မမြင်နိုင်။ ထိုအခါ မိမိစိတ်၌ ဖြစ်ပေါ်နေသော အမှားများကို မိမိစိတ်က မမြင်ရပါဘဲလျက် အမှားဟူ၍လည်းကောင်း အမှန်ဟူ၍လည်း ကောင်း ဆုံးဖြတ်ခြင်းသည် အဘယ်သို့လျှင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်လိမ့်မည်နည်း။ ထို့ကြောင့် မိမိစိတ်ကို မိမိစိတ်က ပြန်မြင် နိုင်အောင် သမာဓိကို ပွားများရခြင်း ဖြစ်၏။ ဘာသာရေးသည် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားများ တည်ဆောက်ရေး၌ တာဝန်ယူသဖြင့် အစိတ်သဘောကို ဆောင်၏။ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး စသော အခြားရေးရာများသည် အများနှင့်ဆိုင်သဖြင့် အပေါင်းသဘောကို ဆောင်၏။ အပေါင်း၌ အစိတ်ပါဝင်၏။ အစိတ်ကောင်းမှ အပေါင်းကောင်း၏။ လူ့အဖွဲ့အစည်း၌ လူတို့သည် အချင်းချင်း မလွဲမသွေဆက်ဆံကြရ၏။ ထိုသို့ဆက်ဆံရာ၌ တစ်ဦးချင်းစီအတွက် ဘောင်ရှိ၏။ ယင်းဘောင်ကို"ကျင့်ဝတ်" ဟူ၍ ခေါ်၏။ ကျင့်ဝတ်ကို သတ်မှတ်ထားခြင်းသည် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအတွက် ဖြစ်၏။ သတ်မှတ်ထားသော ဘောင်နှင့် ကျင့်ဝတ်များကို ကျော်လွန်ဖောက်ဖျက်လျှင်မူ လူ့အဖွဲ့အစည်းသည် မည်သို့မျှ ငြိမ်းချမ်းနိုင်မည် မဟုတ်ချေ။ ဤနေရာ၌ ကျော်လွန်ဖောက်ဖျက်ခြင်း ဆိုသည်မှာ ငါ ငါ့ဥစ္စာ ငါ့အင်အားဟူ၍ ငါကို ဗဟိုပြုသော တွေးခေါ်မြော်မြင်မှုဖြင့် အနာမခံဘဲ အသာစံခြင်းပင် ဖြစ်၏။ အနာမခံဘဲ အသာစံခြင်းသည် လူအဖွဲ့အစည်းအတွင်း၌ မငြိမ်းချမ်းခြင်း၏ အကြောင်းရင်းဖြစ်၏။ ဦးရွှေအောင် ဘဝအကျဉ်းသား #Copy >>> thanks - Paral Lel ယထာဘူတက်ေသာဥာဏ္ •••••••••••••••••••••••••••• လူသည္ ဘဝရွိေနသ၍ ကာလပတ္လုံး ဘဝကို ထပ္ကာ ထပ္ကာ တည္ေဆာက္ ေနရမည္ ျဖစ္၏။ ထိုသို႔တည္ေဆာက္ရာတြင္ ဘဝ၏အနက္ ဘဝ၏အဓိပၸါယ္ ဘဝ၏ပန္းတိုင္နွင့္ ေလ်ာ္ညီစြာ တည္ေဆာက္နိုင္ရန္ ၾကိဳးပမ္းအပ္၏။ သို႔မွသာ ရခဲလွစြာေသာ လူ႔ဘဝကို ရက်ိဳး နပ္ေပမည္။ လူပီသေသာ လူျဖစ္လိမ့္မည္။ လူ႔ဘဝကိုရ၍ လူျဖစ္လာသည္္နွင့္တျပိဳင္နက္ လူ႔အဖြဲ႔အစည္းတြင္ အဖြဲ႕ဝင္အျဖစ္ မလြဲမေသြ ပါဝင္လာရ၏။ လူ႔အဖြဲ႔အစည္းတြင္ရွိေသာ နိုင္ငံေရး အုပ္ခ်ဳပ္ေရး စီးပြားေရး ပညာေရး လူမႈေရး ဘာသာေရးစေသာ အေရးအရာမ်ားနွင့္ မလြဲမေသြ ၾကဳံၾကိဳက္ရ၏။ ထိုသို႔ၾကဳံၾကိဳက္ရာတြင္ နိုင္ငံေရး၌လည္း နိုင္ငံသားအခ်င္းခ်င္း ဆက္ဆံရ၏။ အုပ္ခ်ဳပ္ေရး၌လည္း အုပ္ခ်ဳပ္သူနွင့္ အုပ္ခ်ဳပ္ခံရသူအခ်င္းခ်င္း ဆက္ဆံရ၏။ စီးပြားေရး၌လည္း ေရာင္းသူနွင့္ ဝယ္သူ အခ်င္းခ်င္း ဆက္ဆံရ၏။ ပညာေရး၌လည္း သင္ၾကားေပးသူနွင့္ သင္ၾကားခံရသူ အခ်င္းခ်င္း ဆက္ဆံရ၏။ လူမႈေရး၌လည္း လူသားအခ်င္းခ်င္း ဆက္ဆံရ၏။ ဘာသာေရး၌မူ ထိုကဲ႔သို႔ မဟုတ္။ ဘာသာေရး၌ တစ္ဦးတည္း တစ္ေယာက္တည္း လုပ္ရ၏။ တစ္ဦးတည္း တစ္ေယာက္တည္း လုပ္မွပဲ ပို၍ ထိေရာက္၏။ ထို႔ေၾကာင့္ ဘာသာေရးသည္ အျခား တစ္ဖက္ကိုမငဲ႔ေသာ ဆက္ဆံေရးနွင့္ မပတ္သက္ေသာ ပုဂၢလိကလုပ္ငန္း ျဖစ္၏။ ထို႔ေၾကာင့္ အခ်င္းခ်င္းဆက္ဆံေရးေပၚ၌ အေျခခံေသာ လူ႔အဖြဲ႕အစည္းမွ အခ်င္းခ်င္း ဆက္ဆံေရးေပၚ၌ အေျခမခံေသာ ဘာသာေရးကို လူ႔အဖြဲ႔အစည္း၌ အေရးၾကီးေသာ က႑မွ ပါဝင္ျခင္းမရွိဟု ထင္မွား၍ ေဘးဖယ္ထား တတ္ၾကသည္။ အမွန္အားျဖင့္ ဘာသာေရးသည္ လူ႔အဖြဲ႕အစည္း၌ အေရးၾကီးေသာ က႑မွပါဝင္သည္။ ဘာသာေရးသည္ တစ္ဦးခ်င္းစီ၏ ကိုယ္က်င့္ တရားကို တည္ေဆာက္ေရး၌ တာဝန္ယူ၏။ ထိုတာဝန္အရ တစ္ဦးခ်င္းစီ၏ ကိုယ္က်င့္တရားကို တည္ေဆာက္၏။ အသိအလိမၼာသည္ ပညာေရး၌ အေျခမခံ။ ဘာသာေရး၌သာ အေျခခံသည္။ ကိုယ္က်င့္ တရား၌သာ အေျခခံသည္။ အသိအလိမၼာသည္ ထက္စြာေသာ ဓားနွင့္တူ၏။ ကိုယ္က်င့္တရားမပါေသာ အသိအလိမၼာ သည္ လူသတ္သမားကိုင္ေသာ ဓားသဖြယ္ လူ႔ေလာကအတြက္ ၾကီးစြာေသာ အႏၲရာယ္ ျဖစ္၏။ ကိုယ္က်င့္တရားပါေသာ အသိအလိမၼာသည္ ဆရာဝန္ကိုင္ေသာ ဓားသဖြယ္ လူ႔ေလာက အတြက္ ၾကီးစြာေသာ ေက်းဇူးကိုျပဳ၏။ အသိအလိမၼာ (ဝိဇၨာ) သည္ အက်င့္ (စရဏ)ပါမွ ေကာင္းသည္ဟု ဆို၏။ ဆိုတိုင္းလည္း ယုံၾကည္၏။ ု ထိုသို႔ျဖစ္လ်ွင္ အသိအလိမၼာကို အက်င့္ပါေအာင္ မည္သို႔ျပဳမည္နည္း။ လူတိုင္း လူတိုင္းသည္ မိမိကိုယ္ကို သူေတာ္ေကာင္းဟု ထင္၏။ ထင္သည့္ အတိုင္းလည္း ေျပာ၏။ မိမိကိုယ္ကို ေလာကအက်ိဳးစီးပြားအတြက္ ေဆာင္ရြက္ေနသူဟု ထင္၏။ ထင္သည့္ အတိုင္းလည္း ေျပာ၏။ သို႔ရာတြင္ ထိုအထင္ ထိုအေျပာသည္ ယထာဘူတက်ေသာ အထင္နွင့္အေျပာ ျဖစ္ခ်င္မွ ျဖစ္လိမ့္မည္။ ယထာဘူတက်ေသာ အထင္နွင့္အေျပာ ျဖစ္ပါက အမ်ားအတြက္ အနစ္နာခံျခင္း (အေလာဘ) ကိုယ္က်ိဳးအတြက္ ေဆာင္ရြက္ျခင္း၌ ျငီးေငြ႔ျခင္း (နိဗၺိဒါ ) မိမိ၏ရာထူး ဂုဏ္သိမ္ စည္းစိမ္ဥစၥာတို႔၌ မတပ္မက္ျခင္း ( ဝိရာဂ) သည္ ထိုအထင္ အေျပာႏွင့္ တစ္သားတည္း ျဖစ္ေပလိမ့္မည္။ သို႔မဟုတ္ပါက ထိုအထင္ အေျပာသည္ ထိုဟာမဟုတ္သည္၌ ထိုဟာကို သိျခင္းမ်ိဳးသာ ျဖစ္၏။ ယင္းအသိမ်ိဳးကို အဝိဇၨာဟု ေခၚ၏။ အဝိဇၨာသ္ိျခင္းမ်ိဳးနွင့္ သိပါက သူမ်ားအေပၚ ေက်ာလိုက္ရျခင္းကိုလည္း မွန္သည္ထင္၍ ေက်နပ္၏။ မမွန္ကန္ေသာ နည္းလမ္းမ်ားျဖင့္ မယူသင့္ ေသာ အခြင့္အေရးမ်ား အရယူနိုင္ျခင္းကိုလည္း မွန္သည္ထင္၍ ေပ်ာ္၏။ မိမိ၏ အစီးအပြားအတြက္ သူမ်ားအား စေတးနိုင္ျခင္းလည္း တရားသည္ ထင္၍ နွစ္သက္၏။ မိမိထက္ ေတာ္သူမ်ားအား မမွန္ကန္ေသာ နည္းပရိယာယ္မ်ားျဖင့္ ပထုတ္နိုင္ျခင္းကို လည္း ေတာ္သည္ထင္၍ ျပဳံး၏။ ထိုအျမင္မ်ားသည္ ထိုပုဂၢိဳလ္အတြက္ မွန္၏။ ထိုပုဂၢိဳလ္နွင့္ နွလုံးသြင္းတူ စရိုက္တူ ညာဥ္တူ ဝါသနာတူ အသိုင္းအဝန္းအတြက္လည္း မွန္၏။ ထိုအမွန္မ်ိဳးကို "ပါရိဘာသိက သစၥာ" ဟုေခၚ၏။ "ပါရိဘာသိက သစၥာ"သည္ မိမိ၏ပရဝုဏ္ မိမိ၏နယ္နမိတ္အတြင္းသာ မွန္ေလ၏။ ထို႔ထက္ ေက်ာ္လြန္၍ မမွန္ေခ်။ "ပါရိဘာသိက သစၥာ"ထက္ ေက်ာ္လြန္ေသာ အမွန္မ်ိဳးကို ျမင္နိုင္ရန္ ယထာဘူတက်ေသာ ဥာဏ္ကို ရ႐ွိရန္ လိုအပ္၏။ ယထာဘူတက်ေသာဥာဏ္ ဟူသည္ ေအာက္ဆီဂ်င္နွင့္ ဟိုက္ဒရိုဂ်င္တို႔ ေပါင္းစပ္ရာမွ ေရျဖစ္လာသကဲ႔သို႔ အသိအလိမၼာနွင့္ အက်င့္ကိုေပါင္းစပ္ရာမွ ဓမၼသစ္အေနျဖင့္ ထြက္ေပၚလာေသာဥာဏ္ ျဖစ္သည္။ ယင္းဥာဏ္သည္သာ အျမင္မွားကို အဆင့္အလိုက္ ပယ္နိုင္ေသာ အားသစ္ တစ္မ်ိဳးကို ပိုင္ဆိုင္ေသာဘဝ ျဖစ္၏။ ဘဝျဖစ္မွ အားသစ္ရွိသည္။ အားသစ္ရွိမွ အျမင္မွားကို ပယ္နိုင္၏။ အတၲစြဲကို ပယ္နိုင္၏။ အျမင္မွားနွင့္ အတၲစြဲကို ပယ္နိုင္သည့္ အားသစ္ရွိေသာ ဘဝအဆင့္သို႔ ေရာက္ေသာ ယထာဘူတဥာဏ္ ျဖစ္ေပၚလာေအာင္ အသိ (ဝိဇၨာ) နွင့္ အက်င့္(စရဏ) ကို စိတ္ထားတည္ၾကည္မႈ (သမာဓိ) ေပၚ၌ အေျခခံ၍ တည္ေဆာက္အပ္၏။ သမာဓိျဖင့္ ပြားေနျခင္း မရွိပါက မိမိမ်က္စိ သည္ မိမိမ်က္စိကို ျပန္၍ မျမင္နိုင္သကဲ႔သို႔ မိမိစိတ္သည္ မိမိစိတ္ကို ျပန္၍ မျမင္နိုင္။ ထိုအခါ မိမိစိတ္၌ ျဖစ္ေပၚေနေသာ အမွားမ်ားကို မိမိစိတ္က မျမင္ရပါဘဲလ်က္ အမွားဟူ၍လည္းေကာင္း အမွန္ဟူ၍လည္း ေကာင္း ဆုံးျဖတ္ျခင္းသည္ အဘယ္သို႔လ်ွင္ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ ျဖစ္လိမ့္မည္နည္း။ ထို႔ေၾကာင့္ မိမိစိတ္ကို မိမိစိတ္က ျပန္ျမင္ နိုင္ေအာင္ သမာဓိကို ပြားမ်ားရျခင္း ျဖစ္၏။ ဘာသာေရးသည္ လူတစ္ဦးခ်င္းစီ၏ ကိုယ္က်င့္တရားမ်ား တည္ေဆာက္ေရး၌ တာဝန္ယူသျဖင့္ အစိတ္သေဘာကို ေဆာင္၏။ နိုင္ငံေရး အုပ္ခ်ဳပ္ေရး စီးပြားေရး စေသာ အျခားေရးရာမ်ားသည္ အမ်ားနွင့္ဆိုင္သျဖင့္ အေပါင္းသေဘာကို ေဆာင္၏။ အေပါင္း၌ အစိတ္ပါဝင္၏။ အစိတ္ေကာင္းမွ အေပါင္းေကာင္း၏။ လူ႔အဖြဲ႕အစည္း၌ လူတို႔သည္ အခ်င္းခ်င္း မလြဲမေသြဆက္ဆံၾကရ၏။ ထိုသို႔ဆက္ဆံရာ၌ တစ္ဦးခ်င္းစီအတြက္ ေဘာင္ရွိ၏။ ယင္းေဘာင္ကို"က်င့္ဝတ္" ဟူ၍ ေခၚ၏။ က်င့္ဝတ္ကို သတ္မွတ္ထားျခင္းသည္ လူ႔အဖြဲ႔အစည္း ျငိမ္းခ်မ္းေရးအတြက္ ျဖစ္၏။ သတ္မွတ္ထားေသာ ေဘာင္နွင့္ က်င့္ဝတ္မ်ားကို ေက်ာ္လြန္ေဖာက္ဖ်က္လ်ွင္မူ လူ႔အဖြဲ႔အစည္းသည္ မည္သို႔မ်ွ ျငိမ္းခ်မ္းနိုင္မည္ မဟုတ္ေခ်။ ဤေနရာ၌ ေက်ာ္လြန္ေဖာက္ဖ်က္ျခင္း ဆိုသည္မွာ ငါ ငါ့ဥစၥာ ငါ့အင္အားဟူ၍ ငါကို ဗဟိုျပဳေသာ ေတြးေခၚေျမာ္ျမင္မႈျဖင့္ အနာမခံဘဲ အသာစံျခင္းပင္ ျဖစ္၏။ အနာမခံဘဲ အသာစံျခင္းသည္ လူအဖြဲ႔အစည္းအတြင္း၌ မျငိမ္းခ်မ္းျခင္း၏ အေၾကာင္းရင္းျဖစ္၏။ ဦးေရႊေအာင္ ဘဝအက်ဥ္းသား #Copy >>> thanks - Paral Lel
via အလင္းေရာင္ ဓမၼ https://ift.tt/2NrQWno
Newer Post
Older Post
Home