Friday, November 8, 2019

မြတ်စွာဘုရားက “ရာဟုလာ မင်း မေတ္တာပွားရလိမ့်မယ်တဲ့၊ မေတ္တာတွေပွားပေးပါတဲ့၊ အများရဲ့ ကောင်းကျိုးကို လိုလားတဲ့စိတ်ဓာတ်ကို တည်ဆောက်ပါ။ အဲဒီလို မေတ္တာပွားမယ်ဆိုရင် မင်းသန္တာန်မှာဖြစ်တဲ့ အလိုမကျတဲ့ဒေါသဆိုတာ လာမှာ မဟုတ်တော့ဘူး၊ ကြည့်လေ လူတွေက မျက်စိကမြင်ရင် မြင်လာရင် ကိုယ်မကြိုက်တာဆို ဒေါသဖြစ်တယ်၊ အသံကြားတယ် မကြိုက်တဲ့ အသံဆို ဒေါသဖြစ်တယ်။ အဲဒါမျိုးတွေ မလာရအောင် မေတ္တာပွားတဲ့။ ဒေါသကိုဖယ်ရှားနိုင်ဖို့အတွက် မေတ္တာပွားတဲ့၊ ဟော ပိုပြီးတော့ ခိုင်မာလာပြီ။ အဲဒါလိုပဲ လူတွေရဲ့ စိတ်ထဲမှာ။ တစ်ခါတစ်ရံကျတော့ သူတစ်ပါးကို ညှဉ်းဆဲချင်ကြတယ်၊ နှိပ်စက်ချင်ကြတယ်၊ ရက်စက်ချင်တယ်၊ အဲဒီ ရက်စက်ချင်တယ် ဆိုတဲ့ အတွေးတွေ ပျောက်ဖို့ရာအတွက် ကရုဏာပွားပါ၊ အကြင်နာတရား ကိုယ့်ရဲ့နှလုံးသားထဲမှာ ဖြစ်ပွားအောင်လုပ်၊ အဲဒါမှ သူတစ်ပါးကို ညှဉ်းဆဲလိုတယ် ရက်စက်လိုတယ် ဆိုတဲ့ စိတ်တွေ ပျောက်သွားနိုင်တယ်။ ဟောနောက်တစ်ခု မုဒိတာပွား၊ သူများကြီးပွားတာ ဝမ်းသာနိုင်ရမယ် သို့မဟုတ် ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ကျေနပ်နှစ်ခြိုက်မှု ရှိစေရမယ်ပေါ့။ အဲဒါ အကယ်၍ မုဒိတာတရား မပွားဘူး ဆိုလို့ရှိရင် သူတစ်ပါးကြီးပွားလို့ရှိရင် စိတ်ထဲမှာ မနာလို မုန်းတီးမှုတွေ ဖြစ်တယ်တဲ့ " အာရတီ” ဆိုတဲ့ သဘာဝတရားတွေဖြစ်တယ်။ ဒါကြောင့်မို့ အဲဒါတွေမဖြစ်ရအောင် မုဒိတာပွားပါတဲ့။ နောက်တစ်ခုကျတော့ မြတ်စွာဘုရားက ရာဟုလာ ဥပေက္ခာလည်း ပွားရမယ်။ ဥပေက္ခာဆိုတာ ဘယ်လိုပွားတာတုန်းဆိုတာ “ သဗေ္ဗသတ္တာ ကမ္မဿ ကာ” လူတွေဟာ ကိုယ့်ကံနဲ့ကိုယ်၊ မုန်းနေလို့လည်း အလကားပဲ၊ ချစ်နေလို့လည်း အလကားပဲ၊ ဟော သူ့ကံနဲ့သူလာတာ အချိန်တန်ရင် ပြန်ကြရမှာချည်းပဲပေါ့။ အဲဒီလို စိတ်ထဲမှာ နှလုံးသွင်းထားနိုင်လို့ရှိရင် စိတ်ရဲ့ ထိခိုက်မှုဆိုတာတွေ မလာတော့ဘူး၊ စိတ်ဟာ တည်ငြိမ်သွားတယ်။ ဒါကြောင့်မို့ ဥပေက္ခာပွားရမယ်။ ဟော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာ ပွားပြီးတော့ နောက် ဘာပွားခိုင်းတုန်းဆိုတော့ အရေးကြီးတာ တစ်ခုကဘာလဲ။ လူငယ်လူရွယ်တွေဆိုတာ လှပတာကိုကြည့်ချင်တယ် နှစ်သက်တယ် စွဲလမ်းတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ အေး ကိုယ့်ရုပ်ခန္ဓာရော သူများရဲ့ ရုပ်ခန္ဓာရော ဘယ်သူ့ရုပ်ခန္ဓာမှ မလှဘူး မတင့်တယ်ဘူး ရွံရှာစက်ဆုပ်စရာကောင်းတယ် ဆိုတဲ့ အနေအထားမျိုးတွေ မင်းသဘောကျလာအောင်၊ စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား။ ပွားတယ်ဆိုတာ အဲဒီစိတ် ထပ်တလဲလဲ ဖြစ်နေရမယ်၊ တွေးပေးရမယ်နော်။ ဒီ “ဝိဇယ” သုတ်မှာ တွေးပုံတွေးနည်းလေး ပြောထားတာ ရှိတယ်။ ခန္ဓာကိုယ်ကကြည့်ရင် ကိုးပေါက်ဒွါရ အမာဝက ထွက်တာရှိတယ်၊ မျက်လုံးထဲက ဘာထွက်တုန်း၊ မျက်ချေး ထွက်တယ်နော်၊ နားထဲက ဘာထွက် နားဖာချေး ထွက်တယ်နော်၊ နှာခေါင်းထဲက ဘာထွက်တုန်း နှာချေး၊ ကဲ- ကောင်းတာ ဘာတစ်ခုမှ မရှိဘူး သိမ်းထားစရာများ ရှိလား။ ပါးစပ်က တံတွေး ဘယ်အရာမှ ကောင်းတာမရှိဘူး၊ အဲဒါတွေကို စဉ်းစားကြည့်ရင် လူ့ခန္ဓာ ကိုယ်ကထွက်တာ တန်ဖိုးရှိတာဆိုလို့ တစ်ခုမှ မရှိဘူးနော်။ မြေကြီးထဲက ထွက်လာတာမှ စိန်တို့ ကျောက်တို့ သိမ်းရသေးတယ်။ လူ့ခန္ဓာ ကိုယ်ကထွက်တာ တစ်ခုမှ သိမ်းစရာမရှိဘူးတဲ့၊ အဲဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးဟာ မတင့်တယ်ဘူးဆိုတာ အင်မတန်မှ ထင်ရှားတယ်။ သို့သော်လည်း လူတွေက ဇွတ်ဖုံးကွယ်ပြီးတော့ တင့်တယ်အောင် လုပ်နေကြတယ်၊ လှပအောင် လုပ်နေကြတယ်တဲ့၊ လှအောင်လုပ်ပြီးတော့ တွယ်တာနေကြတယ်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက အသုဘ မတင့်တယ်တဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားပါတဲ့၊ စိတ်ထဲမှာ အမြဲထားပါ။ အဲဒီလိုထားနိုင်မှ ရာဂဆိုတာ ဖယ်ရှားနိုင်မယ်၊ နို့မို့ဆိုရင် ရာဂတွေဟာ လာနေမှာပဲ၊ ဪ နှစ်သက်စရာ ကောင်းလိုက်တာ လှလိုက်တာနဲ့ဆိုပြီးတော့ တွယ်တာမှုတွေ ဖြစ်လာလိမ့်မယ်တဲ့။ ဟော၊ နောက်တစ်ခုက ဘာတုန်းဆိုရင် ရာဟုလာ သင်္ခါရတရားတွေဟာ ဘယ်သင်္ခါရတရားမှ မမြဲဘူးဆိုတာ၊ မင်းအမြဲ နှလုံးသွင်းဖို့လိုအပ်တယ်။ အဲဒီမမြဲတာတွေကိုကြည့်မှ ငါဆိုတဲ့ ဒီလက်မထောင်မှုတွေဟာ ပျောက်သွားမယ်၊ လောကလူတွေက ငါဆိုတာလေးက အမြဲရှိကြတယ်နော်၊ လူတွေက ကိုယ့်ကိုယ်ကိုယ် မာနမကြီးဘူးလို့ထင်တယ်၊ သူ့ဂုဏ်လေးကို ထိခိုက်မယ့်စကားပြောကြည့်လိုက် မာနလေးက ငေါက်ခနဲ ထလာတယ်၊ ဟုတ်ကဲ့လား။ မခံဘူးဟေ့ ဆိုတာမျိုးဖြစ်လာတယ်။ အဲကျတော့မှ ငါက ထပေါ်လာတာနော်၊ အဲတော့ “အသိ္မိမာန” ငါလို့ဆိုတဲ့ ဒီအတွေးဟာ၊ မာန်မာနတရားဟာ အနိစ္စသညာနဲ့ ဖယ်ရှားပစ်ရမယ်လို့ ဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကမ္မဋ္ဌာန်းတရားတွေကို ဟောထားတယ်၊ ဒါက ရာဟုလာအတွက် သီးသန့်ဟောပေးတာ။ အဂ္ဂမဟာပဏ္႑ိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D) #Credit ..Thant Gyi Thantgyi Words of Buddha မှ။ မျှဝေ လှူဒါန်း ပါ၏ ျမတ္စြာဘုရားက “ရာဟုလာ မင္း ေမတၱာပြားရလိမ့္မယ္တဲ့၊ ေမတၱာေတြပြားေပးပါတဲ့၊ အမ်ားရဲ႕ ေကာင္းက်ဳိးကို လိုလားတဲ့စိတ္ဓာတ္ကို တည္ေဆာက္ပါ။ အဲဒီလို ေမတၱာပြားမယ္ဆိုရင္ မင္းသႏၲာန္မွာျဖစ္တဲ့ အလိုမက်တဲ့ေဒါသဆိုတာ လာမွာ မဟုတ္ေတာ့ဘူး၊ ၾကည့္ေလ လူေတြက မ်က္စိကျမင္ရင္ ျမင္လာရင္ ကိုယ္မႀကိဳက္တာဆို ေဒါသျဖစ္တယ္၊ အသံၾကားတယ္ မႀကိဳက္တဲ့ အသံဆို ေဒါသျဖစ္တယ္။ အဲဒါမ်ဳိးေတြ မလာရေအာင္ ေမတၱာပြားတဲ့။ ေဒါသကိုဖယ္ရွားႏိုင္ဖို႔အတြက္ ေမတၱာပြားတဲ့၊ ေဟာ ပိုၿပီးေတာ့ ခိုင္မာလာၿပီ။ အဲဒါလိုပဲ လူေတြရဲ႕ စိတ္ထဲမွာ။ တစ္ခါတစ္ရံက်ေတာ့ သူတစ္ပါးကို ညွဥ္းဆဲခ်င္ၾကတယ္၊ ႏွိပ္စက္ခ်င္ၾကတယ္၊ ရက္စက္ခ်င္တယ္၊ အဲဒီ ရက္စက္ခ်င္တယ္ ဆိုတဲ့ အေတြးေတြ ေပ်ာက္ဖို႔ရာအတြက္ က႐ုဏာပြားပါ၊ အၾကင္နာတရား ကိုယ့္ရဲ႕ႏွလံုးသားထဲမွာ ျဖစ္ပြားေအာင္လုပ္၊ အဲဒါမွ သူတစ္ပါးကို ညွဥ္းဆဲလိုတယ္ ရက္စက္လိုတယ္ ဆိုတဲ့ စိတ္ေတြ ေပ်ာက္သြားႏိုင္တယ္။ ေဟာေနာက္တစ္ခု မုဒိတာပြား၊ သူမ်ားႀကီးပြားတာ ဝမ္းသာႏိုင္ရမယ္ သို႔မဟုတ္ ကုသုိလ္ေကာင္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကိုယ့္စိတ္ထဲမွာ ေက်နပ္ႏွစ္ၿခိဳက္မႈ ရွိေစရမယ္ေပါ့။ အဲဒါ အကယ္၍ မုဒိတာတရား မပြားဘူး ဆိုလို႔ရွိရင္ သူတစ္ပါးႀကီးပြားလို႔ရွိရင္ စိတ္ထဲမွာ မနာလို မုန္းတီးမႈေတြ ျဖစ္တယ္တဲ့ " အာရတီ” ဆိုတဲ့ သဘာဝတရားေတြျဖစ္တယ္။ ဒါေၾကာင့္မို႔ အဲဒါေတြမျဖစ္ရေအာင္ မုဒိတာပြားပါတဲ့။ ေနာက္တစ္ခုက်ေတာ့ ျမတ္စြာဘုရားက ရာဟုလာ ဥေပကၡာလည္း ပြားရမယ္။ ဥေပကၡာဆိုတာ ဘယ္လိုပြားတာတုန္းဆိုတာ “ သေဗၺသတၱာ ကမၼႆ ကာ” လူေတြဟာ ကိုယ့္ကံနဲ႔ကိုယ္၊ မုန္းေနလို႔လည္း အလကားပဲ၊ ခ်စ္ေနလို႔လည္း အလကားပဲ၊ ေဟာ သူ႔ကံနဲ႔သူလာတာ အခ်ိန္တန္ရင္ ျပန္ၾကရမွာခ်ည္းပဲေပါ့။ အဲဒီလို စိတ္ထဲမွာ ႏွလံုးသြင္းထားႏိုင္လို႔ရွိရင္ စိတ္ရဲ႕ ထိခိုက္မႈဆိုတာေတြ မလာေတာ့ဘူး၊ စိတ္ဟာ တည္ၿငိမ္သြားတယ္။ ဒါေၾကာင့္မို႔ ဥေပကၡာပြားရမယ္။ ေဟာ ေမတၱာ၊ ကရုဏာ၊ မုဒိတာ၊ ဥေပကၡာ ဆိုတာ ပြားၿပီးေတာ့ ေနာက္ ဘာပြားခိုင္းတုန္းဆိုေတာ့ အေရးႀကီးတာ တစ္ခုကဘာလဲ။ လူငယ္လူရြယ္ေတြဆိုတာ လွပတာကိုၾကည့္ခ်င္တယ္ ႏွစ္သက္တယ္ စြဲလမ္းတယ္။ အဲဒီလိုျဖစ္မွာစိုးလို႔ ေအး ကိုယ့္႐ုပ္ခႏၶာေရာ သူမ်ားရဲ႕ ႐ုပ္ခႏၶာေရာ ဘယ္သူ႔႐ုပ္ခႏၶာမွ မလွဘူး မတင့္တယ္ဘူး ရြံရွာစက္ဆုပ္စရာေကာင္းတယ္ ဆိုတဲ့ အေနအထားမ်ဳိးေတြ မင္းသေဘာက်လာေအာင္၊ စိတ္ထဲမွာ ျဖစ္ပြားေအာင္ႀကိဳးစား။ ပြားတယ္ဆိုတာ အဲဒီစိတ္ ထပ္တလဲလဲ ျဖစ္ေနရမယ္၊ ေတြးေပးရမယ္ေနာ္။ ဒီ “ဝိဇယ” သုတ္မွာ ေတြးပံုေတြးနည္းေလး ေျပာထားတာ ရွိတယ္။ ခႏၶာကိုယ္ကၾကည့္ရင္ ကိုးေပါက္ဒြါရ အမာဝက ထြက္တာရွိတယ္၊ မ်က္လံုးထဲက ဘာထြက္တုန္း၊ မ်က္ေခ်း ထြက္တယ္ေနာ္၊ နားထဲက ဘာထြက္ နားဖာေခ်း ထြက္တယ္ေနာ္၊ ႏွာေခါင္းထဲက ဘာထြက္တုန္း ႏွာေခ်း၊ ကဲ- ေကာင္းတာ ဘာတစ္ခုမွ မရွိဘူး သိမ္းထားစရာမ်ား ရွိလား။ ပါးစပ္က တံေတြး ဘယ္အရာမွ ေကာင္းတာမရွိဘူး၊ အဲဒါေတြကို စဥ္းစားၾကည့္ရင္ လူ႔ခႏၶာ ကိုယ္ကထြက္တာ တန္ဖိုးရွိတာဆိုလို႔ တစ္ခုမွ မရွိဘူးေနာ္။ ေျမႀကီးထဲက ထြက္လာတာမွ စိန္တို႔ ေက်ာက္တို႔ သိမ္းရေသးတယ္။ လူ႔ခႏၶာ ကိုယ္ကထြက္တာ တစ္ခုမွ သိမ္းစရာမရွိဘူးတဲ့၊ အဲဒါေၾကာင့္မို႔ ခႏၶာကိုယ္ႀကီးဟာ မတင့္တယ္ဘူးဆိုတာ အင္မတန္မွ ထင္ရွားတယ္။ သို႔ေသာ္လည္း လူေတြက ဇြတ္ဖံုးကြယ္ၿပီးေတာ့ တင့္တယ္ေအာင္ လုပ္ေနၾကတယ္၊ လွပေအာင္ လုပ္ေနၾကတယ္တဲ့၊ လွေအာင္လုပ္ၿပီးေတာ့ တြယ္တာေနၾကတယ္၊ အဲဒါေၾကာင့္မို႔ ျမတ္စြာဘုရားက အသုဘ မတင့္တယ္တဲ့ သေဘာေတြကို ဆင္ျခင္စဥ္းစားပါတဲ့၊ စိတ္ထဲမွာ အၿမဲထားပါ။ အဲဒီလိုထားႏိုင္မွ ရာဂဆိုတာ ဖယ္ရွားႏိုင္မယ္၊ ႏို႔မို႔ဆိုရင္ ရာဂေတြဟာ လာေနမွာပဲ၊ ဪ ႏွစ္သက္စရာ ေကာင္းလိုက္တာ လွလိုက္တာနဲ႔ဆိုၿပီးေတာ့ တြယ္တာမႈေတြ ျဖစ္လာလိမ့္မယ္တဲ့။ ေဟာ၊ ေနာက္တစ္ခုက ဘာတုန္းဆိုရင္ ရာဟုလာ သခၤါရတရားေတြဟာ ဘယ္သခၤါရတရားမွ မၿမဲဘူးဆိုတာ၊ မင္းအၿမဲ ႏွလံုးသြင္းဖို႔လိုအပ္တယ္။ အဲဒီမၿမဲတာေတြကိုၾကည့္မွ ငါဆိုတဲ့ ဒီလက္မေထာင္မႈေတြဟာ ေပ်ာက္သြားမယ္၊ ေလာကလူေတြက ငါဆိုတာေလးက အၿမဲရွိၾကတယ္ေနာ္၊ လူေတြက ကိုယ့္ကိုယ္ကိုယ္ မာနမႀကီးဘူးလို႔ထင္တယ္၊ သူ႔ဂုဏ္ေလးကို ထိခိုက္မယ့္စကားေျပာၾကည့္လိုက္ မာနေလးက ေငါက္ခနဲ ထလာတယ္၊ ဟုတ္ကဲ့လား။ မခံဘူးေဟ့ ဆိုတာမ်ဳိးျဖစ္လာတယ္။ အဲက်ေတာ့မွ ငါက ထေပၚလာတာေနာ္၊ အဲေတာ့ “အသိၼိမာန” ငါလို႔ဆိုတဲ့ ဒီအေတြးဟာ၊ မာန္မာနတရားဟာ အနိစၥသညာနဲ႔ ဖယ္ရွားပစ္ရမယ္လို႔ ဒီလို ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္က ကမၼ႒ာန္းတရားေတြကို ေဟာထားတယ္၊ ဒါက ရာဟုလာအတြက္ သီးသန္႔ေဟာေပးတာ။ အဂၢမဟာပ႑ိတ အရွင္နႏၵမာလာဘိဝံသ(Ph. D) #Credit ..Thant Gyi Thantgyi Words of Buddha မွ။ မ်ွေဝ လႉဒါန္း ပါ၏


via အလင္းေရာင္ ဓမၼ https://ift.tt/2quNXlp