အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 8, 2019
လူပြည်ရောက်ရတာ နတ်ပြည်ရောက်ရတာထက်ပိုကံကောင်းအောင် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အရမ်းကောင်းလို့ဖက်ပေးပါ မမေ့နဲ့ ကျောက်ဂူ ဆရာတော်ဘုရားကြီးမှ ... မိန့်မှာခဲ့ဘူးပါတယ် ခင်ဗျာ... လူ့ဘဝရောက်ရတာ ကံကောင်းတယ်.. နတ်ပြည်ရောက်ခဲ့ရင်...လူ့ပြည့် လူ့ဘဝလောက် ကံမကောင်းဘူး ဘာလို့လဲဆိုရင် အလှူခံပုဂ္ဂိုလ်မရှိလို့ပါ... ကံကောင်းလွန်းလို့ လူ့ပြည်မှာလူဖြစ်ပြီး အလှူခံပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့် လှူခွင့်ရတာ... ကံဆိုးရင် အလှူခံမတွေ့ရ မလှူရတော့ဘူးတဲ့ ဒါကြောင့် အလှူခံပုဂ္ဂိုလ်များတို့နှင့် တွေ့တိုင်း တွေ့တိုင်း နည်းနည်း များများ လှူဖြစ်အောင်လှူကြရမယ်.. လူ့ဘဝကိုရောက်လာတာ ကောင်းမှုကုသိုလ်တွေ လုပ်ခွင့်ရလို့ မြတ်တယ်... အမြတ်နဲ့ခရီဆက်ပီး မရှုံးအောင်နေထိုင်ကြ..တဲ့။ #ရွှေလက်ကောက် တစ်တောင်ဆစ်အထိ ဝတ်ထားသည် ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့် ဇလုံကြီးထဲက ငါးများကို ဓါးမဖြင့် ခုတ်နေသော ငါးသည်မရှေ့သို့ အသက် ၆၀ အရွယ် သီလရှင်ကြီးတစ်ပါး ဆွမ်းဆန် သွားရပ်သည်။ ငါးသည်မက သူ့ရှေ့နားလေးက ငါးဆယ်တန်တစ်ရွက်ကို ယူ၍ ခဏခဏလာရပ်ရန်ကော ဟူသော မျက်နှာဘေးဖြင့် စောင့်အောင့်၍ ဆရာကြီး၏ ဆွမ်းဆန်မောင်းထောင်ခွက်ထဲ အားဖြင့်ထည့်လိုက်ရာ လက်ကအရှိန် မထိန်းနိုင်တော့သဖြင့် မောင်းထောင်ခွက်ကို ပုတ်ချသလို ဖြစ်သွားလေသည် ။ ဆရာကြီးရပ်လာသော ဆွမ်းဆန်များနှင့် တစ်ရာတန် ငါးဆယ်တန်လေးတို့သည် မြေပေါ်ပြန့်ကြဲသွားခိုက် ' ခဏခဏ လာကြတယ် ဈေးကိုကောင်းကောင်း မရောင်းရဘူး အားတိုင်းသင်္ကန်းဝတ် အခုတော့ ဆိုင်ရှေ့လာရှုပ် ဒုက္ခတွေပေးလိုက်တာ'' ငါးသည်မ၏ ဆိုးရွားစွာ အော်ဟစ်သံ ထွက်လာသည်။ ဆရာကြီးကတော့ မျက်နှာတွင် ပကတိ ဖြူစင်လျက် ဤအော်ဟစ်သံတို့ကြားမှ သူ့အားလောင်းလှူလိုက်သော အကြွေလေးများအား ကောက်ယူ၍ သာဓု သာဓု သာဓု လို့ခေါ်၍ လှည့်ထွက်သွားလေတော့သည် ။ နောက်သုံးနှစ်လောက်ကြာတော့ အဲဒီငါးသည်မကို ဆေးရုံအရေးပေါ်ဌာနမှာ ပါးစပ်မှသွေးများအန်၍ တွန့်လိမ်ကာ လူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍ ကယ်ပါ ကယ်ပါအော်ဟစ်၍ ဝေဒနာပြင်း ထန်နေသည်ကို အမှတ်မထင် တွေ့ခဲ့ရသည် သေတော့မည့် လူနာအဖြစ်ပေါ့။ ဆရာကြီးကိုတော့ ရိပ်သာတစ်ခုမှာ ဆုံဖြစ်ခဲ့ပြန်သည်။ အဲတုန်းကအဖြစ်ကို ဘယ်လိုစိတ်နဲ့ကျော်ဖြတ်ခဲ့သလဲ မေးမိရာ သားရေ အမေက သတ္တဝါတွေကို အမြဲမေတ္တာ ပို့တယ် ။ အကုသိုလ်နဲ့ အသက်မွေးတဲ့လူများဆို ဆွမ်းဆန်မကြာခဏ သွားရပ်ပေးတယ် ရလာတဲ့လှူဖွယ်တွေကို သံဃာတွေကို ဆွမ်းပြန်ကပ်လောင်းလှူပေးတယ်သား ဘာလို့ အကုသိုလ်အလုပ်နဲ့ အသက်မွေး နေသူတွေကိုမှ သွားဆွမ်းရပ်ရတာလဲ မေးခဲ့လျင် သူတို့ကို ဘုရားသာသနာနှင့်ကြုံတုန်း သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို လှူခဲ့ဖူးတဲ့ ကုသိုလ်လေးတော့ သံသရာပါသွားစေချင်လို့ပါ သားရယ်တဲ့ ။ ဒီစကားတွေကြားတော့ ကျောချမ်းသွားသည် ဒါကြောင့်လေ အလှူခံပုဂ္ဂိုလ်ဆိုတာ သူရလိုလို့လား ကိုယ့်ကိုရစေချင်လို့ အလှုလာခံသလား မိမိတို့ စဉ်းစားကြပါကုန်။ #Credit း မျှဝေ လှူဒါန်း ပါ၏ နတ္ျပည္ထက္ လူျပည္ေရာက္ရတာပိုကံေကာင္းေအာင္ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အရမ္းေကာင္းလို႔ဖက္ေပးပါ မေမ့နဲ႔ ေက်ာက္ဂူ ဆရာေတာ္ဘုရားႀကီးမွ ... မိန္႔မွာခဲ့ဘူးပါတယ္ ခင္ဗ်ာ... လူ႔ဘဝေရာက္ရတာ ကံေကာင္းတယ္.. နတ္ျပည္ေရာက္ခဲ့ရင္...လူ႔ျပည့္ လူ႔ဘဝေလာက္ ကံမေကာင္းဘူး ဘာလို႔လဲဆိုရင္ အလႉခံပုဂၢိဳလ္မ႐ွိလို႔ပါ... ကံေကာင္းလြန္းလို႔ လူ႔ျပည္မွာလူျဖစ္ၿပီး အလႉခံပုဂၢဳိလ္ေတြနဲ႔ ေတြ႔ခြင့္ လႉခြင့္ရတာ... ကံဆိုးရင္ အလႉခံမေတြ႕ရ မလႉရေတာ့ဘူးတဲ့ ဒါေၾကာင့္ အလႉခံပုဂၢိဳလ္မ်ားတို႔ႏွင့္ ေတြ့တိုင္း ေတြ႕တိုင္း နည္းနည္း မ်ားမ်ား လႉျဖစ္ေအာင္လႉၾကရမယ္.. လူ႔ဘဝကိုေရာက္လာတာ ေကာင္းမႈကုသိုလ္ေတြ လုပ္ခြင့္ရလို႔ ျမတ္တယ္... အျမတ္နဲ႔ခရီဆက္ပီး မ႐ႈံးေအာင္ေနထိုင္ၾက..တဲ့။ #ေရႊလက္ေကာက္ တစ္ေတာင္ဆစ္အထိ ဝတ္ထားသည္ ပါးစပ္က ကြမ္းတံေတြး တဗ်စ္ဗ်စ္ျဖင့္ ဇလံုႀကီးထဲက ငါးမ်ားကို ဓါးမျဖင့္ ခုတ္ေနေသာ ငါးသည္မေရွ႕သို႔ အသက္ ၆၀ အရြယ္ သီလရွင္ၾကီးတစ္ပါး ဆြမ္းဆန္ သြားရပ္သည္။ ငါးသည္မက သူ႔ေရွ႕နားေလးက ငါးဆယ္တန္တစ္ရြက္ကို ယူ၍ ခဏခဏလာရပ္ရန္ေကာ ဟူေသာ မ်က္နွာေဘးျဖင့္ ေစာင့္ေအာင့္၍ ဆရာႀကီး၏ ဆြမ္းဆန္ေမာင္းေထာင္ခြက္ထဲ အားျဖင့္ထည့္လိုက္ရာ လက္ကအရွိန္ မထိန္းနိုင္ေတာ့သျဖင့္ ေမာင္းေထာင္ခြက္ကို ပုတ္ခ်သလို ျဖစ္သြားေလသည္ ။ ဆရာႀကီးရပ္လာေသာ ဆြမ္းဆန္မ်ားနွင့္ တစ္ရာတန္ ငါးဆယ္တန္ေလးတို႔သည္ ေျမေပၚျပန္႔ႀကဲသြားခိုက္ ' ခဏခဏ လာၾကတယ္ ေစ်းကိုေကာင္းေကာင္း မေရာင္းရဘူး အားတိုင္းသကၤန္းဝတ္ အခုေတာ့ ဆိုင္ေရွ႕လာရႈပ္ ဒုကၡေတြေပးလိုက္တာ'' ငါးသည္မ၏ ဆိုးရြားစြာ ေအာ္ဟစ္သံ ထြက္လာသည္။ ဆရာႀကီးကေတာ့ မ်က္နွာတြင္ ပကတိ ျဖဴစင္လ်က္ ဤေအာ္ဟစ္သံတို႔ၾကားမွ သူ႔အားေလာင္းလွဴလိုက္ေသာ အေၾကြေလးမ်ားအား ေကာက္ယူ၍ သာဓု သာဓု သာဓု လို႔ေခၚ၍ လွည့္ထြက္သြားေလေတာ့သည္ ။ ေနာက္သံုးနွစ္ေလာက္ၾကာေတာ့ အဲဒီငါးသည္မကို ေဆးရံုအေရးေပၚဌာနမွာ ပါးစပ္မွေသြးမ်ားအန္၍ တြန္႔လိမ္ကာ လူတစ္ကိုယ္လံုး ဖ်တ္ဖ်တ္လူး၍ ကယ္ပါ ကယ္ပါေအာ္ဟစ္၍ ေဝဒနာျပင္း ထန္ေနသည္ကို အမွတ္မထင္ ေတြ႔ခဲ႔ရသည္ ေသေတာ့မည့္ လူနာအျဖစ္ေပါ့။ ဆရာႀကီးကိုေတာ့ ရိပ္သာတစ္ခုမွာ ဆံုျဖစ္ခဲ႔ျပန္သည္။ အဲတုန္းကအျဖစ္ကို ဘယ္လိုစိတ္နဲ႔ေက်ာ္ျဖတ္ခဲ႔သလဲ ေမးမိရာ သားေရ အေမက သတၱဝါေတြကို အျမဲေမတၱာ ပို႕တယ္ ။ အကုသိုလ္နဲ႔ အသက္ေမြးတဲ႔လူမ်ားဆို ဆြမ္းဆန္မၾကာခဏ သြားရပ္ေပးတယ္ ရလာတဲ႔လွဴဖြယ္ေတြကို သံဃာေတြကို ဆြမ္းျပန္ကပ္ေလာင္းလွဴေပးတယ္သား ဘာလို႔ အကုသိုလ္အလုပ္နဲ႔ အသက္ေမြး ေနသူေတြကိုမွ သြားဆြမ္းရပ္ရတာလဲ ေမးခဲ႔လ်င္ သူတို႔ကို ဘုရားသာသနာနွင့္ႀကံဳတုန္း သီလ သမာဓိနဲ႔ ျပည့္စံုတဲ႔ ပုဂၢိဳလ္ကို လွဴခဲ႔ဖူးတဲ႔ ကုသိုလ္ေလးေတာ့ သံသရာပါသြားေစခ်င္လို႔ပါ သားရယ္တဲ႔ ။ ဒီစကားေတြၾကားေတာ့ ေက်ာခ်မ္းသြားသည္ ဒါေၾကာင့္ေလ အလွဴခံပုဂၢိဳလ္ဆိုတာ သူရလိုလို႔လား ကိုယ့္ကိုရေစခ်င္လို႔ အလႈလာခံသလား မိမိတို႔ စဥ္းစားၾကပါကုန္။ #Credit း မ်ွေဝ လႉဒါန္း ပါ၏
via အလင္းေရာင္ ဓမၼ https://ift.tt/2pQDvEI
Newer Post
Older Post
Home