အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 6, 2019
“ကပ်သုံးပါး ကင်းဝေးလိုလျှင်…” ▬▬▬▬▬▬▬▬▬▬▬ (၁)။ သူတကာ လောဘကြီးသော်လည်း မိမိက လောဘ မကြီးအောင်နေ။ ထိုသို့နေလျှင် သူတကာခေါင်းပါးခြင်း(ဒုဗ္ဘိက္ခအန္တရာယ်) ဘေးသင့်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။ (၂)။ သူတကာ ဒေါသကြီးသော်လည်း မိမိက ဒေါသမကြီးအောင်နေ။ ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး (သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။ (၃)။ သူတကာ မောဟကြီးသော်လည်း မိမိက မောဟမကြီးအောင်နေ။ ထိုသို့နေလျှင် သူတကာ ရောဂါဘေးဆိုး (ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။ ဤကား ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။ ယနေ့သည် ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ … (၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှ စွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။ (၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကို အချိန်ရသမျှ ဆင်ခြင်ပါ။ -【တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး】 CRD “ကပ္သုံးပါး ကင္းေဝးလိုလွ်င္…” ▬▬▬▬▬▬▬▬▬▬▬ (၁)။ သူတကာ ေလာဘႀကီးေသာ္လည္း မိမိက ေလာဘ မႀကီးေအာင္ေန။ ထိုသို႔ေနလွ်င္ သူတကာေခါင္းပါးျခင္း(ဒုဗၻိကၡအႏၱရာယ္) ေဘးသင့္ေရာက္ေသာ္လည္း မိမိမွာ ထိုေဘးမွ လြတ္ေျမာက္မည္။ (၂)။ သူတကာ ေဒါသႀကီးေသာ္လည္း မိမိက ေဒါသမႀကီးေအာင္ေန။ ထိုသို႔ေနလွ်င္ သူတကာ လက္နက္ေဘးဆိုး (သတၱႏၱရကပ္)ဆိုက္ေရာက္ေသာ္လည္း မိမိမွာ ထိုေဘးမွ လြတ္ေျမာက္မည္။ (၃)။ သူတကာ ေမာဟႀကီးေသာ္လည္း မိမိက ေမာဟမႀကီးေအာင္ေန။ ထိုသို႔ေနလွ်င္ သူတကာ ေရာဂါေဘးဆိုး (ေရာဂႏၱရကပ္)ဆိုက္ေရာက္ေသာ္လည္း မိမိမွာ ထိုကပ္ေဘးမွ လြတ္ေျမာက္မည္။ ဤကား ေက်းဇူးေတာ္ရွင္ မစိုးရိမ္ဆရာေတာ္ဘုရားႀကီး အၿမဲမျပတ္ ဆိုဆုံးမေလ့ရွိေသာ ၾသဝါဒ ျဖစ္သည္။ ယေန႕သည္ ထိုၾသဝါဒအတိုင္း လိုက္နာက်င့္သုံးရန္ အခ်ိန္တန္ေနၿပီျဖစ္၍ … (၁)။ ေလာဘမႀကီးရန္ မိမိတတ္နိုင္သမွ် စြန့္ႀကဲ ေပးကမ္း လႉဒါန္းပါ။ (၂)။ ေဒါသမႀကီးရန္ သတၱဝါအားလုံးတို႔အား ေမတၱာတရား ပြားမ်ားပို႔သပါ။ (၃)။ ေမာဟမႀကီးရန္ ႐ုပ္နာမ္ဓမၼ သခၤါရတို႔၏ အနိစၥ ၊ ဒုကၡ၊ အနတၱ သေဘာကို အခ်ိန္ရသမွ် ဆင္ျခင္ပါ။ -【တိပိဋကဓရ၊တိပိဋကေကာဝိဒ ဓမၼဘ႑ာဂါရိက ေက်းဇူးေတာ္ရွင္ မင္းကြန္းဆရာေတာ္ဘုရားႀကီး】 CRD
via အလင္းေရာင္ ဓမၼ https://ift.tt/2JVxehI
Newer Post
Older Post
Home