အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 9, 2019
❀ ❀ လူ့ဘဝထဲမှာ ရွေးချယ်စရာ ❀ ❀ #ဘဝတစ်ခုရလာရင် ဘဝရပ်တည်ဖို့အတွက် အသက်မွေးကျောင်း ဆိုတာ ရှိလာတယ်။ အသက်မွေးဝမ်းကျောင်းပြုတဲ့အခါ ပတ်ဝန်းကျင် ဟာ သိပ်အရေးကြီးသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက (၂၄)ပစ္စည်းထဲမှာ "ဥပနိဿယ ပစ္စယော " ဆိုတာ အင်မတန်မှ အားကြီးတဲ့မှီရာတစ်ခုပဲလို့ ပြောတာ။ "ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော " ဒါက အင်မတန်မှ အရေးကြီးတယ်။ #ဘဝတစ်ခုရောက်လာတယ်ဆိုတာ တစ်ကိုယ်တည်းလာကြတာ မဟုတ်ဘူး။ မိသားစုတစ်ခုထဲရောက်လာတာ။ အဲဒီအချိန်လေးမှာ မိမိရောက်လာတဲ့မိသားစုရဲ့ စိတ်ဓာတ်တွေ၊ မိမိရောက်လာတဲ့ ပတ်ဝန်းကျင်တွေ၊ မိမိရောက်လာတဲ့ မိသားစုရဲ့အနေအထားတွေ အတိုင်း လူတွေဖြစ်သွားကြတာပဲ။ အများအားဖြင့် မိသားစုအတွေး အခေါ်၊ မိသားစုအလုပ်အကိုင်၊ မိသားစုအသက်မွေးဝမ်းကျောင်းအတိုင်း မှီတည်လုပ်ကိုင်ကြတာ။ #လူသတ္တဝါတွေပဲလားဆိုတော့ မဟုတ်ဘူး။ တခြားသတ္တဝါတွေ မှန်သမျှလည်း ဒီပုံစံပဲပေါ့။ ဥပမာ တောထဲက ရိုင်းစိုင်းတဲ့ ခြင်္သေ့တို့၊ ကျားတို့ အသိုင်းအဝိုင်းထဲ ရောက်သွားတယ်ဆိုရင် ဘာလုပ်မလဲ ??? သားကောင်းတွေဖမ်းပြီး ကိုက်ဖြတ်စားသောက်တဲ့အလုပ်ပဲ သူတို့ လုပ်ကြတော့မှာ။ သူတို့အသက်မွေးဝမ်းကျောင်းက ဒီအတိုင်းပဲ။ ကျွဲ နွားတွေရဲ့အသိုင်းအဝိုင်းထဲ ရောက်သွားလို့ ရှိရင်တော့ မြက်စားပြီး ကျား ခြင်္သေ့တွေရဲ့ ကိုက်စားမှုအန္တရာယ်ကနေ မလွတ်နိုင်တဲ့ သနားစရာ သတ္တဝါတွေ ဖြစ်ကုန်ကြပြန်တာပေါ့။ #အဲဒီတော့ အသိုင်းအဝိုင်းကို ရှောင်ကွင်းဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်။ လူ့ဘဝရောက်လာတဲ့အခါ ရှောင်လို့ရတာတွေ အများကြီးရှိတယ်။ မကောင်းတဲ့အသက်မွေးမှုနဲ့ မိသားစုထဲ ရောက်လာဦးတော့ ကိုယ်အရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိတယ်။ သတ္တဝါတွေမှာတော့ ရွေးချယ်နိုင်စွမ်း မရှိဘူးပေါ့။ ဒါကြောင့် လူ့ဘဝ ကိုယ်ပိုင်အသိဥာဏ်လေးနဲ့ ဆင်ခြင်စဉ်းစားပြီး လုပ်ကြရမှာပေါ့။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ #Posted_by_Words_of_Buddha Words of Buddha page မှ❀ ❀ လူ႕ဘဝထဲမွာ ေ႐ြးခ်ယ္စရာ ❀ ❀ #ဘဝတစ္ခုရလာရင္ ဘဝရပ္တည္ဖို႔အတြက္ အသက္ေမြးေက်ာင္း ဆိုတာ ရွိလာတယ္။ အသက္ေမြးဝမ္းေက်ာင္းျပဳတဲ့အခါ ပတ္ဝန္းက်င္ ဟာ သိပ္အေရးႀကီးသြားတယ္။ ဒါေၾကာင့္ ျမတ္စြာဘုရားက (၂၄)ပစၥည္းထဲမွာ "ဥပနိႆယ ပစၥေယာ " ဆိုတာ အင္မတန္မွ အားႀကီးတဲ့မွီရာတစ္ခုပဲလို႔ ေျပာတာ။ "ပုဂၢေလာပိ ဥပနိႆယပစၥေယန ပစၥေယာ " ဒါက အင္မတန္မွ အေရးႀကီးတယ္။ #ဘဝတစ္ခုေရာက္လာတယ္ဆိုတာ တစ္ကိုယ္တည္းလာၾကတာ မဟုတ္ဘူး။ မိသားစုတစ္ခုထဲေရာက္လာတာ။ အဲဒီအခ်ိန္ေလးမွာ မိမိေရာက္လာတဲ့မိသားစုရဲ႕ စိတ္ဓာတ္ေတြ၊ မိမိေရာက္လာတဲ့ ပတ္ဝန္းက်င္ေတြ၊ မိမိေရာက္လာတဲ့ မိသားစုရဲ႕အေနအထားေတြ အတိုင္း လူေတြျဖစ္သြားၾကတာပဲ။ အမ်ားအားျဖင့္ မိသားစုအေတြး အေခၚ၊ မိသားစုအလုပ္အကိုင္၊ မိသားစုအသက္ေမြးဝမ္းေက်ာင္းအတိုင္း မွီတည္လုပ္ကိုင္ၾကတာ။ #လူသတၱဝါေတြပဲလားဆိုေတာ့ မဟုတ္ဘူး။ တျခားသတၱဝါေတြ မွန္သမွ်လည္း ဒီပုံစံပဲေပါ့။ ဥပမာ ေတာထဲက ရိုင္းစိုင္းတဲ့ ျခေသၤ့တို႔၊ က်ားတို႔ အသိုင္းအဝိုင္းထဲ ေရာက္သြားတယ္ဆိုရင္ ဘာလုပ္မလဲ ??? သားေကာင္းေတြဖမ္းၿပီး ကိုက္ျဖတ္စားေသာက္တဲ့အလုပ္ပဲ သူတို႔ လုပ္ၾကေတာ့မွာ။ သူတို႔အသက္ေမြးဝမ္းေက်ာင္းက ဒီအတိုင္းပဲ။ ကြၽဲ ႏြားေတြရဲ႕အသိုင္းအဝိုင္းထဲ ေရာက္သြားလို႔ ရွိရင္ေတာ့ ျမက္စားၿပီး က်ား ျခေသၤ့ေတြရဲ႕ ကိုက္စားမႈအႏၱရာယ္ကေန မလြတ္နိုင္တဲ့ သနားစရာ သတၱဝါေတြ ျဖစ္ကုန္ၾကျပန္တာေပါ့။ #အဲဒီေတာ့ အသိုင္းအဝိုင္းကို ေရွာင္ကြင္းဖို႔ဆိုတာ အင္မတန္မွ ခဲယဥ္းတယ္။ လူ႕ဘဝေရာက္လာတဲ့အခါ ေရွာင္လို႔ရတာေတြ အမ်ားႀကီးရွိတယ္။ မေကာင္းတဲ့အသက္ေမြးမႈနဲ႕ မိသားစုထဲ ေရာက္လာဦးေတာ့ ကိုယ္အ႐ြယ္ေရာက္လာတဲ့အခါ ကိုယ္ပိုင္ ေ႐ြးခ်ယ္ခြင့္ေတြ ရွိတယ္။ သတၱဝါေတြမွာေတာ့ ေ႐ြးခ်ယ္နိုင္စြမ္း မရွိဘူးေပါ့။ ဒါေၾကာင့္ လူ႕ဘဝ ကိုယ္ပိုင္အသိဥာဏ္ေလးနဲ႕ ဆင္ျခင္စဥ္းစားၿပီး လုပ္ၾကရမွာေပါ့။ #ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ #Posted_by_Words_of_Buddha Words of Buddha page မွ
via အလင္းေရာင္ ဓမၼ https://ift.tt/36NxdX9
Newer Post
Older Post
Home